အိုးထရက်ဖို့ဒ်ကပွဲအပြီး မန်ယူနိုက်တက်ကြယ်ပွင့်ကိုခေါ်ဖို့ ဂန်းနားတွေကို ပီတစ် တိုက်တွန်း 1024 504 coyg

အိုးထရက်ဖို့ဒ်ကပွဲအပြီး မန်ယူနိုက်တက်ကြယ်ပွင့်ကိုခေါ်ဖို့ ဂန်းနားတွေကို ပီတစ် တိုက်တွန်း

အာဆင်နယ်ဂန္တဝင် အီမန်နျူရယ် ပီတစ်က မန်ချက်စတာယူနိုက်တက်အပယ်ခံ ဂျေဒန် ဆန်ချိုဟာ ဒေါ့မွန်မှာ ကစားသမားဘဝ ပြန်လည်အသက်သွင်းနိုင်ခဲ့ပြီးနောက် ဂန်းနားတွေအတွက် အရမ်းကောင်းတဲ့ ခေါ်ယူမှုဖြစ်လာလိမ့်မယ်လို့ ယုံကြည်နေပါတယ်။

အသက် ၂၃ နှစ်အရွယ်ကစားသမားဟာ နည်းပြ တန်ဟက်နဲ့ ပြဿနာတက်ခဲ့ပြီးနောက် ပထမအသင်း လူစာရင်းထဲကနေ ထုတ်ခံခဲ့ရပြီး ဇန်နဝါရီလမှာ အသင်းဟောင်း ဒေါ့မွန်ကို အငှားနဲ့ ပြန်သွားကစားခဲ့တာဖြစ်ပါတယ်။ ဂျာမနီကို ပြန်ရောက်ခဲ့ချိန်ကတည်းက ဆန်ချိုက အကောင်းဆုံးပုံစံ ပြန်လည်ရရှိလာပြီး ပီအက်စ်ဂျီကို ဖြုတ်ပြီး ဒေါ့မွန်ကို ချန်ပီယံလိဂ်ဗိုလ်လုပွဲတက်ရောက်နိုင်အောင်ပါ ကူညီပေးနိုင်ခဲ့တာဖြစ်ပါတယ်။

အဆာင်နယ်ဟာ ဒီနွေရာသီမှာ တောင်ပံကစားသမားသစ်ရှာဖွေသွားဖို့ သတင်းတွေ ထွက်ပေါ်နေပြီး အာတီတာက ဆာကာအတွက် ပြိုင်ဆိုင်မှုရော၊ အရန်သင့်သုံးနိုင်အောင်ပါ ကစားသမားသစ် ခေါ်ယူချင်နေတာဖြစ်ပါတယ်။ ပီတစ်က ပြန်လည်သက်ဝင်လာတဲ့ ဆန်ချိုက အာဆင်နယ်တောင်ပံနေရာအတွက် သင့်တော်တဲ့ကစားသမားဖြစ်လိမ့်မယ်လို့ ခံစားနေရတာဖြစ်ပါတယ်။

“ချန်ပီယံလိဂ်ပွဲကြေညာနေတုန်းက ဆန်ချိုနဲ့ပတ်သက်ပြီး ကျွန်တော် အရမ်းကို အထင်ကြီးခဲ့မိတယ်။ သူ့ပုံစံက ကစားသမားသစ်တစ်ယောက်လိုပဲ။ အရမ်းကို ကြံ့ခိုင်တယ်။ ပါးလှပ်ပြီး ပေါက်ကွဲအားပြင်းထန်တယ်။ သူက ကွင်းထဲမှာ ဒိုင်းနမိုက်တစ်လုံးလိုပဲ။ ဘောလုံးနဲ့ အရမ်းကို ထိုးဖောက်နိုင်စွမ်းရှိပြီး ဘယ်တောင်ပံမှာလည်း အဒီယီမီက ဖမ်းဖို့ခက်တယ်။ သူက အကောင်းဆုံးပုံစံကို ပြန်ရနေပြီး မန်ချက်စတာယူနိုက်တက်က ပြန်ခေါ်မယ့်ပုံမပေါ်ဘူး။ အဲဒီတော့ အာဆင်နယ်က သူ့ကို ခေါ်ချင်ရင် ဘာလို့ မခေါ်ဘဲနေရမှာလဲ။ ခင်ဗျား အခုအချိန် အကောင်းဆုံးကစားသမားဆိုတဲ့ကစားသမားကို မန်ချက်စတာယူနိုက်တက်ကို ပို့လိုက်။ ၂ လအတွင်း သူလိုကိုယ်လိုကစားသမားမျိုး ပုံစံဖြစ်သွားလိမ့်မယ်။

ဒီမန်ချက်စတာယူနိုက်တက်က ကျွန်တော်မြင်ဖူးသမျှထဲမှာ အဆိုးရွားဆုံးပဲ။ သာမန်ခြေပဲ ရှိတဲ့ကစားသမားတွေအများကြီးနဲ့ ကက်စမီရိုတောင် ဆိုးရွားတဲ့ပုံစံပေါ်နေတယ်။ သူအရင်တုန်းက ကွင်းလယ်မှာ ဆရာကြီးဆိုတာတောင် ကျွန်တော် မမှတ်မိတော့လောက်အောင်ပဲ။ အသင်းသမိုင်းကြောင်းအရဆိုရင် မန်ချက်စတာယူနိုက်တက်ပရိသတ်ဖြစ်ရတာ တော်တော်ခက်မှာပဲ။ သူတို့တွေအနေနဲ့ ဘာတွေဖြစ်ကုန်တာလဲလို့ တွေးနေမှာပါ။ သူတို့ရဲ့ ကိုယ်ဟန်အမူအရာကို မြင်ရင်လည်း တစ်ယောက်နဲ့တစ်ယောက် ဆက်ဆံတဲ့ပုံစံကလည်း ကောင်းသင့်သလောက် မကောင်းတာ မြင်နိုင်ပါတယ်။”လို့ ပြောဆိုခဲ့ပါတယ်။

Arsenal Myanmar

Ref: Internet

ZAWGYI:
အာဆင္နယ္ဂႏၲဝင္ အီမန္န်ဴရယ္ ပီတစ္က မန္ခ်က္စတာယူႏိုက္တက္အပယ္ခံ ေဂ်ဒန္ ဆန္ခ်ိဳဟာ ေဒါ့မြန္မွာ ကစားသမားဘဝ ျပန္လည္အသက္သြင္းႏိုင္ခဲ့ၿပီးေနာက္ ဂန္းနားေတြအတြက္ အရမ္းေကာင္းတဲ့ ေခၚယူမႈျဖစ္လာလိမ့္မယ္လို႔ ယုံၾကည္ေနပါတယ္။

အသက္ ၂၃ ႏွစ္အ႐ြယ္ကစားသမားဟာ နည္းျပ တန္ဟက္နဲ႔ ျပႆနာတက္ခဲ့ၿပီးေနာက္ ပထမအသင္း လူစာရင္းထဲကေန ထုတ္ခံခဲ့ရၿပီး ဇန္နဝါရီလမွာ အသင္းေဟာင္း ေဒါ့မြန္ကို အငွားနဲ႔ ျပန္သြားကစားခဲ့တာျဖစ္ပါတယ္။ ဂ်ာမနီကို ျပန္ေရာက္ခဲ့ခ်ိန္ကတည္းက ဆန္ခ်ိဳက အေကာင္းဆုံးပုံစံ ျပန္လည္ရရွိလာၿပီး ပီအက္စ္ဂ်ီကို ျဖဳတ္ၿပီး ေဒါ့မြန္ကို ခ်န္ပီယံလိဂ္ဗိုလ္လုပြဲတက္ေရာက္ႏိုင္ေအာင္ပါ ကူညီေပးႏိုင္ခဲ့တာျဖစ္ပါတယ္။

အဆာင္နယ္ဟာ ဒီေႏြရာသီမွာ ေတာင္ပံကစားသမားသစ္ရွာေဖြသြားဖို႔ သတင္းေတြ ထြက္ေပၚေနၿပီး အာတီတာက ဆာကာအတြက္ ၿပိဳင္ဆိုင္မႈေရာ၊ အရန္သင့္သုံးႏိုင္ေအာင္ပါ ကစားသမားသစ္ ေခၚယူခ်င္ေနတာျဖစ္ပါတယ္။ ပီတစ္က ျပန္လည္သက္ဝင္လာတဲ့ ဆန္ခ်ိဳက အာဆင္နယ္ေတာင္ပံေနရာအတြက္ သင့္ေတာ္တဲ့ကစားသမားျဖစ္လိမ့္မယ္လို႔ ခံစားေနရတာျဖစ္ပါတယ္။

“ခ်န္ပီယံလိဂ္ပြဲေၾကညာေနတုန္းက ဆန္ခ်ိဳနဲ႔ပတ္သက္ၿပီး ကြၽန္ေတာ္ အရမ္းကို အထင္ႀကီးခဲ့မိတယ္။ သူ႔ပုံစံက ကစားသမားသစ္တစ္ေယာက္လိုပဲ။ အရမ္းကို ႀကံ့ခိုင္တယ္။ ပါးလွပ္ၿပီး ေပါက္ကြဲအားျပင္းထန္တယ္။ သူက ကြင္းထဲမွာ ဒိုင္းနမိုက္တစ္လုံးလိုပဲ။ ေဘာလုံးနဲ႔ အရမ္းကို ထိုးေဖာက္ႏိုင္စြမ္းရွိၿပီး ဘယ္ေတာင္ပံမွာလည္း အဒီယီမီက ဖမ္းဖို႔ခက္တယ္။ သူက အေကာင္းဆုံးပုံစံကို ျပန္ရေနၿပီး မန္ခ်က္စတာယူႏိုက္တက္က ျပန္ေခၚမယ့္ပုံမေပၚဘူး။ အဲဒီေတာ့ အာဆင္နယ္က သူ႔ကို ေခၚခ်င္ရင္ ဘာလို႔ မေခၚဘဲေနရမွာလဲ။ ခင္ဗ်ား အခုအခ်ိန္ အေကာင္းဆုံးကစားသမားဆိုတဲ့ကစားသမားကို မန္ခ်က္စတာယူႏိုက္တက္ကို ပို႔လိုက္။ ၂ လအတြင္း သူလိုကိုယ္လိုကစားသမားမ်ိဳး ပုံစံျဖစ္သြားလိမ့္မယ္။

ဒီမန္ခ်က္စတာယူႏိုက္တက္က ကြၽန္ေတာ္ျမင္ဖူးသမွ်ထဲမွာ အဆိုး႐ြားဆုံးပဲ။ သာမန္ေျခပဲ ရွိတဲ့ကစားသမားေတြအမ်ားႀကီးနဲ႔ ကက္စမီ႐ိုေတာင္ ဆိုး႐ြားတဲ့ပုံစံေပၚေနတယ္။ သူအရင္တုန္းက ကြင္းလယ္မွာ ဆရာႀကီးဆိုတာေတာင္ ကြၽန္ေတာ္ မမွတ္မိေတာ့ေလာက္ေအာင္ပဲ။ အသင္းသမိုင္းေၾကာင္းအရဆိုရင္ မန္ခ်က္စတာယူႏိုက္တက္ပရိသတ္ျဖစ္ရတာ ေတာ္ေတာ္ခက္မွာပဲ။ သူတို႔ေတြအေနနဲ႔ ဘာေတြျဖစ္ကုန္တာလဲလို႔ ေတြးေနမွာပါ။ သူတို႔ရဲ႕ ကိုယ္ဟန္အမူအရာကို ျမင္ရင္လည္း တစ္ေယာက္နဲ႔တစ္ေယာက္ ဆက္ဆံတဲ့ပုံစံကလည္း ေကာင္းသင့္သေလာက္ မေကာင္းတာ ျမင္ႏိုင္ပါတယ္။”လို႔ ေျပာဆိုခဲ့ပါတယ္။

Arsenal Myanmar

Ref: Internet