အာဖရိကဖလားလူစာရင်းထဲ ပါဝင်ခဲ့တဲ့ ဂန်းနားကြယ်ပွင့်ကြောင့် ခြိမ်းခြောက်မှု ၃ ခုနဲ့ ရင်ဆိုင်ရမယ့် အာတီတာ 696 456 coyg

အာဖရိကဖလားလူစာရင်းထဲ ပါဝင်ခဲ့တဲ့ ဂန်းနားကြယ်ပွင့်ကြောင့် ခြိမ်းခြောက်မှု ၃ ခုနဲ့ ရင်ဆိုင်ရမယ့် အာတီတာ

အာဖရိကဖလားပြိုင်ပွဲကျင်းပဖို့ တဖြည်းဖြည်း နီးကပ်လာပြီဖြစ်တာကြောင့် ပရီးမီးယားလိဂ်ကလပ်အသင်းအများအပြားဟာ ဇန်နဝါရီလမှာ အဓိကကစားသမားအချို့ မပါဝင်ဘဲ ကစားသွားရတော့မှာဖြစ်ပါတယ်။

အသင်းအများစုဟာ ရာသီလယ် ပြိုင်ပွဲရဲ့ အကျိုးသက်ရောက်မှု ခံရမှာဖြစ်ပြီး အာဆင်နယ်ကလည်း အဓိကကစားသမား ၃ ဦးအထိ မပါဝင်ဘဲ ကစားသွားရနိုင်တယ်လို့ မျှော်မှန်းခြင်း ခံထားရတာ ဖြစ်ပါတယ်။

အိုင်ဗရီကို့စ်ဟာ ၃၄ ကြိမ်မြောက် အာဖရိကဖလားပြိုင်ပွဲကို ဇန်နဝါရီ ၁၃ ကနေ ဖေဖော်ဝါရီ ၁၁ ရက်နေ့အထိ အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမှာဖြစ်ပြီး အာဖရိကဖလားအပြင် အာရှဖလားပြိုင်ပွဲကလည်း ကာတာမှာ တစ်ချိန်တည်းဆိုသလို ကျင်းပသွားဦးမှာ ဖြစ်ပါတယ်။

နှစ်သစ်ကို ကူးပြောင်းခါနီးမှာ လက်ရွေးစင်အသင်းအများအပြားဟာ ၎င်းတို့ရဲ့ ပဏာမလူစာရင်းကို ထုတ်ပြန်ကြေညာနေကြပြီး အာဆင်နယ်ကတော့ မိုဟာမက် အယ်လ်နန်နီကို အီဂျစ်က ခေါ်ယူထားတာကြောင့် အီဂျစ်ကွင်းလယ်လူမပါဘဲ ဇန်နဝါရီကို ဖြတ်သန်းရမယ်ဆိုတာ သိထားပြီးသားဖြစ်ပါတယ်။

ကျန်တဲ့အသင်းတွေအတွက် လူစာရင်းအပြီးသတ်ကြေညာဖို့ နောက်ဆုံးရက်က ဇန်နဝါရီ ၃ ရက်နေ့ဖြစ်ပြီး ပါတေးရဲ့ ဂါနာက လူစာရင်းကို မကြေညာသေးတဲ့အသင်းတွေထဲမှာ တစ်သင်းအပါအဝင် ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ခရစ္စ ဟုချ်တန်အနေနဲ့ သောမတ်စ် ပါတေးကို မခေါ်ဘဲ မနေဘူးဆိုတာ အားလုံးလည်း အသိပဲဖြစ်ပြီး နိုဝင်ဘာလတုန်းကလည်း ကြံ့ခိုင်မှုမပြည့်ဝတဲ့ အာဆင်နယ်ကွင်းလယ်လူကို မရမကခေါ်သုံးခဲ့လို့ နှစ်ကုန်တဲ့အထိ အနားယူနေရတဲ့ ဒဏ်ရာရလာခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း အာတီတာက မကြာသေးမီက အသက် ၃၀ အရွယ်ကွင်းလယ်ကစားသမားရဲ့ ပြန်လည်ကုစားမှုအခြေအနေကို သတင်းသစ်ပေးခဲ့ပြီး လာမယ့်အပတ် လီဗာပူးလ်နဲ့ ကစားရမယ့် အက်ဖ်အေဖလားပွဲမှာ ပါဝင်ကစားပေးနိုင်ဖွယ်ရှိတယ်လို့ သဲလွန်စပေးခဲ့ပါတယ်။

ဒဏ်ရာကနေ ပြန်လည်သက်သာလာပြီး ပြန်ကစားပေးနိုင်ရင် အာဆင်နယ်အတွက် ချက်ချင်း အကျိုးမဖြစ်မယ့် နောက်ထပ်ကစားသမားတစ်ဦးကတော့ တိုမိယဆုဖြစ်ပြီး ဂျပန်နောက်ခံလူဟာ လန်ဒန် ကိုလ်နီကွင်းမှာ လေ့ကျင့်ရေးပြန်ဆင်းနေပေမယ့်လည်း ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်ထဲမှာပဲ ရှိနေသေးတာလား၊ ပြန်ကစားနိုင်ပြီလားဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးတာဖြစ်ပါတယ်။

ဟာဂျိမဲ့ မိုရိယဆုရဲ့ ဂျပန်လက်ရွေးစင်အသင်းဟာ အာရှဖလားပြိုင်ပွဲအတွက် အာဆင်နယ်နောက်ခံလူ တိုမိယဆုကို ခေါ်ယူဖို့ ပြင်ဆင်နေပြီး ဂျပန်အသင်းဟာ ၂၀၁၁ ခုနှစ်ကတည်းက အာရှဖလားပြိုင်ပွဲမှာ ဗိုလ်စွဲနိုင်ခြင်းမရှိတော့တာဖြစ်ပါတယ်။

Arsenal Myanmar

Ref: Internet

ZAWGYI: အာဖရိကဖလားၿပိဳင္ပြဲက်င္းပဖို႔ တျဖည္းျဖည္း နီးကပ္လာၿပီျဖစ္တာေၾကာင့္ ပရီးမီးယားလိဂ္ကလပ္အသင္းအမ်ားအျပားဟာ ဇန္နဝါရီလမွာ အဓိကကစားသမားအခ်ိဳ႕ မပါဝင္ဘဲ ကစားသြားရေတာ့မွာျဖစ္ပါတယ္။

အသင္းအမ်ားစုဟာ ရာသီလယ္ ၿပိဳင္ပြဲရဲ႕ အက်ိဳးသက္ေရာက္မႈ ခံရမွာျဖစ္ၿပီး အာဆင္နယ္ကလည္း အဓိကကစားသမား ၃ ဦးအထိ မပါဝင္ဘဲ ကစားသြားရႏိုင္တယ္လို႔ ေမွ်ာ္မွန္းျခင္း ခံထားရတာ ျဖစ္ပါတယ္။

အိုင္ဗရီကို႔စ္ဟာ ၃၄ ႀကိမ္ေျမာက္ အာဖရိကဖလားၿပိဳင္ပြဲကို ဇန္နဝါရီ ၁၃ ကေန ေဖေဖာ္ဝါရီ ၁၁ ရက္ေန႔အထိ အိမ္ရွင္အျဖစ္ လက္ခံက်င္းပသြားမွာျဖစ္ၿပီး အာဖရိကဖလားအျပင္ အာရွဖလားၿပိဳင္ပြဲကလည္း ကာတာမွာ တစ္ခ်ိန္တည္းဆိုသလို က်င္းပသြားဦးမွာ ျဖစ္ပါတယ္။

ႏွစ္သစ္ကို ကူးေျပာင္းခါနီးမွာ လက္ေ႐ြးစင္အသင္းအမ်ားအျပားဟာ ၎တို႔ရဲ႕ ပဏာမလူစာရင္းကို ထုတ္ျပန္ေၾကညာေနၾကၿပီး အာဆင္နယ္ကေတာ့ မိုဟာမက္ အယ္လ္နန္နီကို အီဂ်စ္က ေခၚယူထားတာေၾကာင့္ အီဂ်စ္ကြင္းလယ္လူမပါဘဲ ဇန္နဝါရီကို ျဖတ္သန္းရမယ္ဆိုတာ သိထားၿပီးသားျဖစ္ပါတယ္။

က်န္တဲ့အသင္းေတြအတြက္ လူစာရင္းအၿပီးသတ္ေၾကညာဖို႔ ေနာက္ဆုံးရက္က ဇန္နဝါရီ ၃ ရက္ေန႔ျဖစ္ၿပီး ပါေတးရဲ႕ ဂါနာက လူစာရင္းကို မေၾကညာေသးတဲ့အသင္းေတြထဲမွာ တစ္သင္းအပါအဝင္ ျဖစ္ပါတယ္။

ဒါေပမယ့္လည္း ခရစၥ ဟုခ်္တန္အေနနဲ႔ ေသာမတ္စ္ ပါေတးကို မေခၚဘဲ မေနဘူးဆိုတာ အားလုံးလည္း အသိပဲျဖစ္ၿပီး ႏိုဝင္ဘာလတုန္းကလည္း ႀကံ့ခိုင္မႈမျပည့္ဝတဲ့ အာဆင္နယ္ကြင္းလယ္လူကို မရမကေခၚသုံးခဲ့လို႔ ႏွစ္ကုန္တဲ့အထိ အနားယူေနရတဲ့ ဒဏ္ရာရလာခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း အာတီတာက မၾကာေသးမီက အသက္ ၃၀ အ႐ြယ္ကြင္းလယ္ကစားသမားရဲ႕ ျပန္လည္ကုစားမႈအေျခအေနကို သတင္းသစ္ေပးခဲ့ၿပီး လာမယ့္အပတ္ လီဗာပူးလ္နဲ႔ ကစားရမယ့္ အက္ဖ္ေအဖလားပြဲမွာ ပါဝင္ကစားေပးႏိုင္ဖြယ္ရွိတယ္လို႔ သဲလြန္စေပးခဲ့ပါတယ္။

ဒဏ္ရာကေန ျပန္လည္သက္သာလာၿပီး ျပန္ကစားေပးႏိုင္ရင္ အာဆင္နယ္အတြက္ ခ်က္ခ်င္း အက်ိဳးမျဖစ္မယ့္ ေနာက္ထပ္ကစားသမားတစ္ဦးကေတာ့ တိုမိယဆုျဖစ္ၿပီး ဂ်ပန္ေနာက္ခံလူဟာ လန္ဒန္ ကိုလ္နီကြင္းမွာ ေလ့က်င့္ေရးျပန္ဆင္းေနေပမယ့္လည္း ျပန္လည္ထူေထာင္ေရးလုပ္ငန္းစဥ္ထဲမွာပဲ ရွိေနေသးတာလား၊ ျပန္ကစားႏိုင္ၿပီလားဆိုတာ ရွင္းရွင္းလင္းလင္း မသိရေသးတာျဖစ္ပါတယ္။

ဟာဂ်ိမဲ့ မိုရိယဆုရဲ႕ ဂ်ပန္လက္ေ႐ြးစင္အသင္းဟာ အာရွဖလားၿပိဳင္ပြဲအတြက္ အာဆင္နယ္ေနာက္ခံလူ တိုမိယဆုကို ေခၚယူဖို႔ ျပင္ဆင္ေနၿပီး ဂ်ပန္အသင္းဟာ ၂၀၁၁ ခုႏွစ္ကတည္းက အာရွဖလားၿပိဳင္ပြဲမွာ ဗိုလ္စြဲႏိုင္ျခင္းမရွိေတာ့တာျဖစ္ပါတယ္။

Arsenal Myanmar

Ref: Internet