အာတီတာ ခေါင်းကိုက်ရဦးမယ့် အိုဆီမန် အလဲအထပ်သဘောတူညီမှု
နာပိုလီဟာ လာမယ့်နှစ်မှာ ဗစ်တာ အိုဆီမန်ကို ရောင်းထုတ်ဖို့ ကြိုတင်ပြင်ဆင်နေပြီး ကြယ်ပွင့်တိုက်စစ်မှူးကို အာဆင်နယ်အသင်းဆီ ပြောင်းရွှေ့ခွင့်ပေးသွားချင်ပေမယ့်လည်း ဂါဘရီယဲလ် ဂျေးဇုကို ပြန်လည် ရရှိမှသာဖြစ်လိမ့်မယ်လို့ သိရပါတယ်။
အိုဆီမန်ဟာ ဘိုလော့ဂ်ညာနဲ့ သရေကျခဲ့တဲ့ စီးရီးအေပွဲစဉ်မှာ ပင်နယ်တီ လွဲချော်ခဲ့ပြီးနောက်ပိုင်း နိုင်ဂျီးရီးယားကြယ်ပွင့်ကို ဟာသလုပ်ထားပုံပေါ်တဲ့ ဗီဒီယိုကို နာပိုလီက ပြီးခဲ့တဲ့လက တင်ခဲ့ပြီးနောက် အီတလီချန်ပီယံတွေကို တရားဥပဒေကြောင်းအရ စွဲဆိုသွားဖို့ စဉ်းစားနေတယ်လို့ သိရပါတယ်။
အိုဆီမန်ဟာ အဲဒီဖြစ်စဉ် နောက်ဆက်တွဲအနေနဲ့ ၂၀၂၅ ခုနှစ် နွေရာသီမှာ သက်တမ်းကုန်ဆုံးတော့မယ့် စာချုပ်ကို သက်တမ်းတိုးတော့မှာမဟုတ်ဘဲ နိုင်ဂျီးရီးယားတိုက်စစ်မှူးနဲ့အသင်းကြားမှာ ဆက်ဆံရေးက တော်တော်လေး ဆိုးရွားနေပြီဖြစ်ပြီး မကြာခင်အချိန်အတွင်း ရေဆူမှတ်ကို ရောက်ရှိတော့မယ့်ပုံပေါ်ပါတယ်။
လာမယ့်နှစ်ဟာ နာပိုလီအနေနဲ့ အိုဆီမန်အတွက် ပြောင်းရွှေ့ကြေး ရယူနိုင်ဖို့အတွက် နောက်ဆုံးအခွင့်အရေးဖြစ်ပြီး Calciomercato ရဲ့ ဖော်ပြချက်အရ နာပိုလီက ဂါဘရီယဲလ် ဂျေးဇုကို ခေါ်ယူဖို့ စိတ်ဝင်စားနေတာကြောင့် ပြောင်းရွှေ့ကြေးနဲ့ ကစားသမားအလိုက်ပေးကမ်းလှမ်းမှုနဲ့ဆိုရင် လက်ခံဖွယ်ရှိတယ်လို့ သိရပါတယ်။
ဒါပေမယ့်လည်း အာတီတာက ဘရာဇီးလ်တိုက်စစ်မှူးကို မြောက်လန်ဒန်ကနေ ထွက်ခွာခွင့်ပေးဖို့ တော်တော်လေး မဖြစ်နိုင်တဲ့အခြေအနေမှာရှိနေပြီး ဂျေးဖုဟာ ဂန်းနားတွေရဲ့ တိုက်စစ်မှာ အဓိကကျတဲ့အခန်းကဏ္ဍကနေ ပါဝင်ကစားပေးနေတာဖြစ်ပါတယ်။
အိုဆီမန်ကို ပြောင်းရွှေ့ကြေး တတ်နိုင်တဲ့ အသင်းတိုင်းက စိတ်ဝင်စားနေမယ်ဆိုတာ သံသယဖြစ်ဖွယ်မရှိဘဲ နိုင်ဂျီးရီးယားတိုက်စစ်မှူးဟာ ဂန်းနားတွေရဲ့ တိုက်စစ်ကို ကွဲပြားခြားနားတဲ့ ပုံစံကို ပေးစွမ်းနိုင်မှာဖြစ်ပါတယ်။
အိုဆီမန်ဟာ ပြီးခဲ့တဲ့ရာသီမှာ နာပိုလီအတွက် ပြိုင်ပွဲစုံမှာ သွင်းဂိုး ၃၁ ဂိုး သွင်းယူပေးခဲ့ပြီး နှစ်ပေါင်း ၃၀ ကျော်အတွင်း ပထမဆုံး စီးရီးအေဖလားကို ကိုင်မြှောက်နိုင်အောင် ကူညီပေးခဲ့တာဖြစ်ပေမယ့်လည်း ပြီးခဲ့တဲ့ ၂ ပတ်က အသင်းရဲ့ လူမှုကွန်ရက်ပေါ်မှာ တင်ခဲ့တဲ့ ဗီဒီယိုထဲမှာ ပစ်မှတ်ထားခံခဲ့ရတာဖြစ်ပါတယ်။
ဗီဒီယိုထဲမှာ ဘိုလော့ဂ်ညာနဲ့ ဂိုးမရှိသရေကျခဲ့တဲ့ ပွဲစဉ်အတွင်းက ဖြစ်စဉ်ကို အဓိကထားခဲ့ပြီး အိုဆီမန်ဟာ ပင်နယ်တီကနေ အသင်းအတွက် နိုင်ပွဲရယူပေးနိုင်မယ့် အခွင့်အရေးကို ဖြုန်းတီးခဲ့တာ ဖြစ်ပါတယ်။
ဗီဒီယိုထဲမှာ အိုဆီမန်ဟာ ပင်နယ်တီပေးဖို့ တောင်းဆိုနေတာကို ပြုပြင်ထားတဲ့ အသံနဲ့ လှောင်ပြောင်တဲ့ပုံစံ ပြသခဲ့တာဖြစ်ပြီး သိပ်မကြာခင်မှာပဲ အဲဒီဗီဒီယိုကို ပြန်ဖျက်သွားခဲ့တာဖြစ်ပါတယ်။
ဗစ်တာ အိုဆီမန်ဟာ အဲဒီပွဲအပြီး အူဒီးနီးစ်ကို ၄-၁ နဲ့ အနိုင်ရခဲ့တဲ့ ပွဲမှာ ပွဲထွက်ပါဝင်ကစားပေးပြီး ဂိုးသွင်းယူခဲ့ပေမယ့်လည်း နာပိုလီရရှိခဲ့တဲ့ ပင်နယ်တီကိုတော့ ကန်သွင်းယူခြင်းမရှိခဲ့တာ ဖြစ်ပါတယ်။
Arsenal Myanmar
Ref: Internet
ZAWGYI: နာပိုလီဟာ လာမယ့္ႏွစ္မွာ ဗစ္တာ အိုဆီမန္ကို ေရာင္းထုတ္ဖို႔ ႀကိဳတင္ျပင္ဆင္ေနၿပီး ၾကယ္ပြင့္တိုက္စစ္မႉးကို အာဆင္နယ္အသင္းဆီ ေျပာင္းေ႐ႊ႕ခြင့္ေပးသြားခ်င္ေပမယ့္လည္း ဂါဘရီယဲလ္ ေဂ်းဇုကို ျပန္လည္ ရရွိမွသာျဖစ္လိမ့္မယ္လို႔ သိရပါတယ္။
အိုဆီမန္ဟာ ဘိုေလာ့ဂ္ညာနဲ႔ သေရက်ခဲ့တဲ့ စီးရီးေအပြဲစဥ္မွာ ပင္နယ္တီ လြဲေခ်ာ္ခဲ့ၿပီးေနာက္ပိုင္း ႏိုင္ဂ်ီးရီးယားၾကယ္ပြင့္ကို ဟာသလုပ္ထားပုံေပၚတဲ့ ဗီဒီယိုကို နာပိုလီက ၿပီးခဲ့တဲ့လက တင္ခဲ့ၿပီးေနာက္ အီတလီခ်န္ပီယံေတြကို တရားဥပေဒေၾကာင္းအရ စြဲဆိုသြားဖို႔ စဥ္းစားေနတယ္လို႔ သိရပါတယ္။
အိုဆီမန္ဟာ အဲဒီျဖစ္စဥ္ ေနာက္ဆက္တြဲအေနနဲ႔ ၂၀၂၅ ခုႏွစ္ ေႏြရာသီမွာ သက္တမ္းကုန္ဆုံးေတာ့မယ့္ စာခ်ဳပ္ကို သက္တမ္းတိုးေတာ့မွာမဟုတ္ဘဲ ႏိုင္ဂ်ီးရီးယားတိုက္စစ္မႉးနဲ႔အသင္းၾကားမွာ ဆက္ဆံေရးက ေတာ္ေတာ္ေလး ဆိုး႐ြားေနၿပီျဖစ္ၿပီး မၾကာခင္အခ်ိန္အတြင္း ေရဆူမွတ္ကို ေရာက္ရွိေတာ့မယ့္ပုံေပၚပါတယ္။
လာမယ့္ႏွစ္ဟာ နာပိုလီအေနနဲ႔ အိုဆီမန္အတြက္ ေျပာင္းေ႐ႊ႕ေၾကး ရယူႏိုင္ဖို႔အတြက္ ေနာက္ဆုံးအခြင့္အေရးျဖစ္ၿပီး Calciomercato ရဲ႕ ေဖာ္ျပခ်က္အရ နာပိုလီက ဂါဘရီယဲလ္ ေဂ်းဇုကို ေခၚယူဖို႔ စိတ္ဝင္စားေနတာေၾကာင့္ ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ကစားသမားအလိုက္ေပးကမ္းလွမ္းမႈနဲ႔ဆိုရင္ လက္ခံဖြယ္ရွိတယ္လို႔ သိရပါတယ္။
ဒါေပမယ့္လည္း အာတီတာက ဘရာဇီးလ္တိုက္စစ္မႉးကို ေျမာက္လန္ဒန္ကေန ထြက္ခြာခြင့္ေပးဖို႔ ေတာ္ေတာ္ေလး မျဖစ္ႏိုင္တဲ့အေျခအေနမွာရွိေနၿပီး ေဂ်းဖုဟာ ဂန္းနားေတြရဲ႕ တိုက္စစ္မွာ အဓိကက်တဲ့အခန္းက႑ကေန ပါဝင္ကစားေပးေနတာျဖစ္ပါတယ္။
အိုဆီမန္ကို ေျပာင္းေ႐ႊ႕ေၾကး တတ္ႏိုင္တဲ့ အသင္းတိုင္းက စိတ္ဝင္စားေနမယ္ဆိုတာ သံသယျဖစ္ဖြယ္မရွိဘဲ ႏိုင္ဂ်ီးရီးယားတိုက္စစ္မႉးဟာ ဂန္းနားေတြရဲ႕ တိုက္စစ္ကို ကြဲျပားျခားနားတဲ့ ပုံစံကို ေပးစြမ္းႏိုင္မွာျဖစ္ပါတယ္။
အိုဆီမန္ဟာ ၿပီးခဲ့တဲ့ရာသီမွာ နာပိုလီအတြက္ ၿပိဳင္ပြဲစုံမွာ သြင္းဂိုး ၃၁ ဂိုး သြင္းယူေပးခဲ့ၿပီး ႏွစ္ေပါင္း ၃၀ ေက်ာ္အတြင္း ပထမဆုံး စီးရီးေအဖလားကို ကိုင္ေျမႇာက္ႏိုင္ေအာင္ ကူညီေပးခဲ့တာျဖစ္ေပမယ့္လည္း ၿပီးခဲ့တဲ့ ၂ ပတ္က အသင္းရဲ႕ လူမႈကြန္ရက္ေပၚမွာ တင္ခဲ့တဲ့ ဗီဒီယိုထဲမွာ ပစ္မွတ္ထားခံခဲ့ရတာျဖစ္ပါတယ္။
ဗီဒီယိုထဲမွာ ဘိုေလာ့ဂ္ညာနဲ႔ ဂိုးမရွိသေရက်ခဲ့တဲ့ ပြဲစဥ္အတြင္းက ျဖစ္စဥ္ကို အဓိကထားခဲ့ၿပီး အိုဆီမန္ဟာ ပင္နယ္တီကေန အသင္းအတြက္ ႏိုင္ပြဲရယူေပးႏိုင္မယ့္ အခြင့္အေရးကို ျဖဳန္းတီးခဲ့တာ ျဖစ္ပါတယ္။
ဗီဒီယိုထဲမွာ အိုဆီမန္ဟာ ပင္နယ္တီေပးဖို႔ ေတာင္းဆိုေနတာကို ျပဳျပင္ထားတဲ့ အသံနဲ႔ ေလွာင္ေျပာင္တဲ့ပုံစံ ျပသခဲ့တာျဖစ္ၿပီး သိပ္မၾကာခင္မွာပဲ အဲဒီဗီဒီယိုကို ျပန္ဖ်က္သြားခဲ့တာျဖစ္ပါတယ္။
ဗစ္တာ အိုဆီမန္ဟာ အဲဒီပြဲအၿပီး အူဒီးနီးစ္ကို ၄-၁ နဲ႔ အႏိုင္ရခဲ့တဲ့ ပြဲမွာ ပြဲထြက္ပါဝင္ကစားေပးၿပီး ဂိုးသြင္းယူခဲ့ေပမယ့္လည္း နာပိုလီရရွိခဲ့တဲ့ ပင္နယ္တီကိုေတာ့ ကန္သြင္းယူျခင္းမရွိခဲ့တာ ျဖစ္ပါတယ္။
Arsenal Myanmar
Ref: Internet
- Posted In:
- Team News
- Transfer News