အာတီတာတောင် မသုံးရဲလို့ အနားပေးထားရတဲ့ ဆာကာကိုမှ ဘာလို့ ရွေးခေါ်လဲ ပြောပြခဲ့တဲ့ ဆောက်ဂိတ် 644 394 coyg

အာတီတာတောင် မသုံးရဲလို့ အနားပေးထားရတဲ့ ဆာကာကိုမှ ဘာလို့ ရွေးခေါ်လဲ ပြောပြခဲ့တဲ့ ဆောက်ဂိတ်

ဂါးရတ် ဆောက်ဂိတ်က အာဆင်နယ်အတွက် ကစားပေးရင်း ဒဏ်ရာရခဲ့ပေမယ့်လည်း နောက်ဆုံး အင်္ဂလန်လက်ရွေးစင်လူစာရင်းမှာ ဘူကာယို ဆာကာကို ခေါ်ယူဖို့ ဆုံးဖြတ်ခဲ့တဲ့ ဆုံးဖြတ်ချက်ကို ကာကွယ်ပြောဆိုခဲ့ပါတယ်။

ဆာကာဟာ အာဆင်နယ်က လွန်းစ်ကို ၂-၁ နဲ့ ရှုံးနိမ့်ခဲ့တဲ့ အင်္ဂါနေ့ည ချန်ပီယံလိဂ်ပွဲစဉ် ပထမပိုင်းမှာ လူစားလဲလှယ်ခြင်းခံခဲ့ရတာဖြစ်ပြီး ဂန်းနားတွေရဲ့ တနင်္ဂနွေနေ့ မန်ချက်စတာစီးတီးနဲ့ ကစားရမယ့် အရေးကြီး ပရီးမီးယားလိဂ်ပွဲစဉ်အတွက် ပါဝင်ကစားပေးဖို့ မရေမရာဖြစ်နေတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း အသက် ၂၂ နှစ်အရွယ် တောင်ပံကြယ်ပွင့်ဟာ ယခုလနှောင်းပိုင်း ဩစတြေးလျနဲ့ ခြေစမ်းပွဲ၊ အီတလီနဲ့ ယူရို ၂၀၂၄ ခြေစစ်ပွဲ ကစားရမယ့် အင်္ဂလန်လက်ရွေးစင်လူစာရင်းထဲမှာ ပါဝင်ခဲ့တာဖြစ်ပါတယ်။

ဒဏ်ရာရနေတဲ့ ဆာကာကို လူစာရင်းထဲမှာ ထည့်သွင်းခဲ့တဲ့ ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး မေးမြန်းခြင်းခံခဲ့ရချိန်မှာ ဆောက်ဂိတ်က “သူက အကဲဖြတ်နေတုန်းပါပဲ။ ဒီအပတ်မှာ သူတို့အတွက် ပွဲကြီးပွဲကောင်းရှိနေတာ သိသာပါတယ်။ ပြီးတဲ့နောက် ကျွန်တော်တို့ ဩစတြေးလျနဲ့ မကစားခင် ၇ ရက်၊ အီတလီနဲ့ မကစားခင် ၁၀ ရက်ရှိပါသေးတယ်။ အဲဒီတော့ အားလုံးက အရာအားလုံးကို စောင့်ကြည့်သွားမှာဖြစ်ပြီး ကျွန်တော်တို့ရှေ့ဆက်သွားမှာပါ။”လို့ ပြောကြားခဲ့ပါတယ်။

ဘူကာယို ဆာကာဟာ စပါးစ်နဲ့ ၂-၂ သရေကျခဲ့တဲ့ ပြီးခဲ့တဲ့လ ပွဲစဉ်မှာ ဒဏ်ရာကြောင့် ကွင်းထဲကနေ ထွက်သွားခဲ့ရပေမယ့်လည်း ဘုန်းမောက်ကို ၄-၀ နဲ့ အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ ပွဲထွက်ပါဝင်နိုင်ခဲ့ပြီး ပွဲကစားချိန် ၁၄ မိနစ်သာ ကျန်တော့တဲ့အချိန်မှာ လူစားလဲခံခဲ့ရတာကြောင့် ချန်ပီယံလိဂ်ပွဲစဉ်အတွက် စိုးရိမ်မှုတွေ ရှိခဲ့တာဖြစ်ပါတယ်။

“သူ့ကို ပွဲဆက်ကစားခွင့် မပြုဖို့အတွက် လုံလောက်ခဲ့ပြီး ဒါက ကျွန်တော်တို့အတွက် စိုးရိမ်စရာပဲ”လို့ လွန်းစ်ကို ရှုံးနိမ့်ခဲ့တဲ့ပွဲအပြီးမှာ အာတီတာက ဆာကာရဲ့ ဒဏ်ရာပြဿနာနဲ့ပတ်သက်ပြီး ပြောဆိုခဲ့တာဖြစ်ပါတယ်။

Arsenal Myanmar

Ref: Internet

ZAWGYI: ဂါးရတ္ ေဆာက္ဂိတ္က အာဆင္နယ္အတြက္ ကစားေပးရင္း ဒဏ္ရာရခဲ့ေပမယ့္လည္း ေနာက္ဆုံး အဂၤလန္လက္ေ႐ြးစင္လူစာရင္းမွာ ဘူကာယို ဆာကာကို ေခၚယူဖို႔ ဆုံးျဖတ္ခဲ့တဲ့ ဆုံးျဖတ္ခ်က္ကို ကာကြယ္ေျပာဆိုခဲ့ပါတယ္။

ဆာကာဟာ အာဆင္နယ္က လြန္းစ္ကို ၂-၁ နဲ႔ ရႈံးနိမ့္ခဲ့တဲ့ အဂၤါေန႔ည ခ်န္ပီယံလိဂ္ပြဲစဥ္ ပထမပိုင္းမွာ လူစားလဲလွယ္ျခင္းခံခဲ့ရတာျဖစ္ၿပီး ဂန္းနားေတြရဲ႕ တနဂၤေႏြေန႔ မန္ခ်က္စတာစီးတီးနဲ႔ ကစားရမယ့္ အေရးႀကီး ပရီးမီးယားလိဂ္ပြဲစဥ္အတြက္ ပါဝင္ကစားေပးဖို႔ မေရမရာျဖစ္ေနတာျဖစ္ပါတယ္။

ဒါေပမယ့္လည္း အသက္ ၂၂ ႏွစ္အ႐ြယ္ ေတာင္ပံၾကယ္ပြင့္ဟာ ယခုလေႏွာင္းပိုင္း ဩစေၾတးလ်နဲ႔ ေျခစမ္းပြဲ၊ အီတလီနဲ႔ ယူ႐ို ၂၀၂၄ ေျခစစ္ပြဲ ကစားရမယ့္ အဂၤလန္လက္ေ႐ြးစင္လူစာရင္းထဲမွာ ပါဝင္ခဲ့တာျဖစ္ပါတယ္။

ဒဏ္ရာရေနတဲ့ ဆာကာကို လူစာရင္းထဲမွာ ထည့္သြင္းခဲ့တဲ့ ဆုံးျဖတ္ခ်က္နဲ႔ပတ္သက္ၿပီး ေမးျမန္းျခင္းခံခဲ့ရခ်ိန္မွာ ေဆာက္ဂိတ္က “သူက အကဲျဖတ္ေနတုန္းပါပဲ။ ဒီအပတ္မွာ သူတို႔အတြက္ ပြဲႀကီးပြဲေကာင္းရွိေနတာ သိသာပါတယ္။ ၿပီးတဲ့ေနာက္ ကြၽန္ေတာ္တို႔ ဩစေၾတးလ်နဲ႔ မကစားခင္ ၇ ရက္၊ အီတလီနဲ႔ မကစားခင္ ၁၀ ရက္ရွိပါေသးတယ္။ အဲဒီေတာ့ အားလုံးက အရာအားလုံးကို ေစာင့္ၾကည့္သြားမွာျဖစ္ၿပီး ကြၽန္ေတာ္တို႔ေရွ႕ဆက္သြားမွာပါ။”လို႔ ေျပာၾကားခဲ့ပါတယ္။

ဘူကာယို ဆာကာဟာ စပါးစ္နဲ႔ ၂-၂ သေရက်ခဲ့တဲ့ ၿပီးခဲ့တဲ့လ ပြဲစဥ္မွာ ဒဏ္ရာေၾကာင့္ ကြင္းထဲကေန ထြက္သြားခဲ့ရေပမယ့္လည္း ဘုန္းေမာက္ကို ၄-၀ နဲ႔ အႏိုင္ရခဲ့တဲ့ပြဲစဥ္မွာ ပြဲထြက္ပါဝင္ႏိုင္ခဲ့ၿပီး ပြဲကစားခ်ိန္ ၁၄ မိနစ္သာ က်န္ေတာ့တဲ့အခ်ိန္မွာ လူစားလဲခံခဲ့ရတာေၾကာင့္ ခ်န္ပီယံလိဂ္ပြဲစဥ္အတြက္ စိုးရိမ္မႈေတြ ရွိခဲ့တာျဖစ္ပါတယ္။

“သူ႔ကို ပြဲဆက္ကစားခြင့္ မျပဳဖို႔အတြက္ လုံေလာက္ခဲ့ၿပီး ဒါက ကြၽန္ေတာ္တို႔အတြက္ စိုးရိမ္စရာပဲ”လို႔ လြန္းစ္ကို ရႈံးနိမ့္ခဲ့တဲ့ပြဲအၿပီးမွာ အာတီတာက ဆာကာရဲ႕ ဒဏ္ရာျပႆနာနဲ႔ပတ္သက္ၿပီး ေျပာဆိုခဲ့တာျဖစ္ပါတယ္။

Arsenal Myanmar

Ref: Internet