အာဆင်နယ်အတွက် ပြင်းပြတဲ့ဆန္ဒတစ်ခုကို ဝန်ခံခဲ့တဲ့ ဒီကလန် ရိုက် 1024 690 coyg

အာဆင်နယ်အတွက် ပြင်းပြတဲ့ဆန္ဒတစ်ခုကို ဝန်ခံခဲ့တဲ့ ဒီကလန် ရိုက်

ဒီကလန် ရိုက်ဟာ ကွင်းထဲမှာ ရည်ရွယ်ချက်အသစ်နဲ့ စိတ်ခွန်အားအသစ်ပေးစွမ်းနိုင်စေတဲ့ သွင်းဂိုးတွေ ထပ်မံသွင်းယူချင်တဲ့ ဆန္ဒပြင်းပြနေတယ်လို့ ဝန်ခံ ပြောကြားခဲ့ပါတယ်။

အာဆင်နယ်ရဲ့ ပေါင် ၁၀၅ သန်းတန် စံချိန်တင် ပြောင်းရွှေ့ကြေးရှင်ဟာ ဝက်စ်ဟမ်းမှာ ကစားခဲ့တဲ့အချိန်ကတည်းက ဂိုးရှေ့က ကိန်းဂဏန်းတွေကို အမြဲတမ်း တိုးတက်အောင် လုပ်ချင်ခဲ့တယ်လို့ ပြောဆိုခဲ့ပါတယ်။

“ကျွန်တော့် ဝက်စ်ဟမ်းကစားသမားဘဝ အဆုံးမှာ ကျွန်တော် ဂိုးတွေ ပိုပြီး စတင်သွင်းယူလာနိုင်ခဲ့တယ်။ အဲဒါက ကျွန်တော့်ကို ပိုပြီး ဂိုးတွေ သွင်းယူဖို့အတွက် ဆာလောင်လာစေခဲ့ပါတယ်။”

အင်္ဂလန်ကွင်းလယ်ကြယ်ပွင့်က အာဆင်နယ်ရဲ့ တိုက်စစ်ကို ကူညီပေးရတာကို ဘယ်လောက်အထိ စိတ်လှုပ်ရှားမိခဲ့လဲဆိုတာကိုလည်း ထုတ်ဖော်ပြောဆိုခဲ့ပြီး ခံစစ်တာဝန်တွေကို ထမ်းဆောင်ရုံတင်မဟုတ်ဘဲ တိုက်စစ်မှာပါ အကျိုးသက်ရောက်မှု ပြသရတာကို ပျော်ရွှင်နေတာဖြစ်ပါတယ်။

ဒီကလန် ရိုက်က ဒီရည်ရွယ်ချက်အသစ်က သူ့ကို ပုံမှန်ထက် စိတ်ဓာတ်ခွန်အား ပိုမို ရရှိစေခဲ့တယ်ဆိုတာကို သိရှိနေတာကြောင့် အခုဆိုရင် ကိုယ့်ဘာသာကိုယ် ပစ်မှတ်တွေ ချမှတ်ထားတာဖြစ်ပါတယ်။

“ကျွန်တော် စပြီး ဂိုးတွေသွင်းနိုင်၊ ဂိုးတွေ ဖန်တီးနိုင်တော့ တကယ်ကို ပျော်ရွှင်မိခဲ့တယ်။ အဲဒါက စိတ်လှုပ်ရှားစရာကောင်းပြီး ကျွန်တော့်ကို ပိုပြီးတော့ လုပ်ချင်စိတ်ဖြစ်လာစေတယ်။ ကျွန်တော် ရအောင် လုပ်ရမယ့် ပစ်မှတ်တွေကို သတ်မှတ်ချင်စိတ်ဖြစ်လာစေခဲ့တယ်။”လို့ ပြောဆိုခဲ့ပါတယ်။

ပေါင်သန်း ၁၀၀ ကျော်ဆိုတဲ့ ပြောင်းရွှေ့ကြေးနဲ့ အာဆင်နယ်က ခေါ်ယူခဲ့ရတာကြောင့် အထင်ကြီးအောင် လုပ်ပြဖို့ ဝန်ထုပ်ဝန်ပိုးကလည်း တစ်ခါတည်း တွဲပါလာခဲ့ပေမယ့်လည်း အခြားကစားသမားတွေနဲ့ မတူတာက ဒီကလန် ရိုက်က မကျရှုံးဘဲ အောင်မြင်ခဲ့တာဖြစ်ပါတယ်။

ဒီကလန် ရိုက်ဟာ ပေးရတဲ့စျေးတောင် နည်းသွားသလို ခံစားရအောင် ပွဲစဉ်တိုင်းမှာ အသင်းအတွက် အစွမ်းကုန် ပေးဆပ်ကစားပေးနေပြီး ဒီရာသီ အာဆင်နယ်ရဲ့ မှတ်တမ်းကောင်းတွေဟာ အင်္ဂလန်ကြယ်ပွင့်ရဲ့ အကျိုးသက်ရောက်မှုကြောင့်ဆိုတာ ပရိသတ်တွေအားလုံးလည်း အသိပဲဖြစ်ပါတယ်။

ခံစစ်ပိုင်းတင်မကဘဲ တိုက်စစ်ကိုပါ လိုက်ပါချင်တဲ့ စိတ်ဆန္ဒကြောင့် ဒီကလန် ရိုက်ဟာ ဒီရာသီမှာ ပရီးမီးယားလိဂ်မှာ သွင်းဂိုး ၄ ဂိုးနဲ့ ဂိုးဖန်တီးမှု ၅ ကြိမ်အထိ ပြုလုပ်ထားပြီး ဝက်စ်ဟမ်းမှာ ၁၀ နှစ်ကြာ ကစားခဲ့တဲ့ ဘယ်လိုရာသီမျိုးထက်မဆို သာလွန်နေတဲ့ ကိန်းဂဏန်းတွေဖြစ်ပါတယ်။

အင်္ဂလန်ကွင်းလယ်ကစားသမားဟာ ဒီကိန်းဂဏန်းတွေကို ပိုမို မြင့်တက်လာအောင် ပြုလုပ်ဖို့အတွက် ကိုယ့်ဘာသာ ရည်မှန်းချက်တွေ ချမှတ်ထားပြီး အောင်မြင်အောင် လုပ်နိုင်မယ်ဆိုတာ သံသယဖြစ်စရာမရှိပါဘူး။

Arsenal Myanmar

Ref: Internet

ZAWGYI: ဒီကလန္ ႐ိုက္ဟာ ကြင္းထဲမွာ ရည္႐ြယ္ခ်က္အသစ္နဲ႔ စိတ္ခြန္အားအသစ္ေပးစြမ္းႏိုင္ေစတဲ့ သြင္းဂိုးေတြ ထပ္မံသြင္းယူခ်င္တဲ့ ဆႏၵျပင္းျပေနတယ္လို႔ ဝန္ခံ ေျပာၾကားခဲ့ပါတယ္။

အာဆင္နယ္ရဲ႕ ေပါင္ ၁၀၅ သန္းတန္ စံခ်ိန္တင္ ေျပာင္းေ႐ႊ႕ေၾကးရွင္ဟာ ဝက္စ္ဟမ္းမွာ ကစားခဲ့တဲ့အခ်ိန္ကတည္းက ဂိုးေရွ႕က ကိန္းဂဏန္းေတြကို အၿမဲတမ္း တိုးတက္ေအာင္ လုပ္ခ်င္ခဲ့တယ္လို႔ ေျပာဆိုခဲ့ပါတယ္။

“ကြၽန္ေတာ့္ ဝက္စ္ဟမ္းကစားသမားဘဝ အဆုံးမွာ ကြၽန္ေတာ္ ဂိုးေတြ ပိုၿပီး စတင္သြင္းယူလာႏိုင္ခဲ့တယ္။ အဲဒါက ကြၽန္ေတာ့္ကို ပိုၿပီး ဂိုးေတြ သြင္းယူဖို႔အတြက္ ဆာေလာင္လာေစခဲ့ပါတယ္။”

အဂၤလန္ကြင္းလယ္ၾကယ္ပြင့္က အာဆင္နယ္ရဲ႕ တိုက္စစ္ကို ကူညီေပးရတာကို ဘယ္ေလာက္အထိ စိတ္လႈပ္ရွားမိခဲ့လဲဆိုတာကိုလည္း ထုတ္ေဖာ္ေျပာဆိုခဲ့ၿပီး ခံစစ္တာဝန္ေတြကို ထမ္းေဆာင္႐ုံတင္မဟုတ္ဘဲ တိုက္စစ္မွာပါ အက်ိဳးသက္ေရာက္မႈ ျပသရတာကို ေပ်ာ္႐ႊင္ေနတာျဖစ္ပါတယ္။

ဒီကလန္ ႐ိုက္က ဒီရည္႐ြယ္ခ်က္အသစ္က သူ႔ကို ပုံမွန္ထက္ စိတ္ဓာတ္ခြန္အား ပိုမို ရရွိေစခဲ့တယ္ဆိုတာကို သိရွိေနတာေၾကာင့္ အခုဆိုရင္ ကိုယ့္ဘာသာကိုယ္ ပစ္မွတ္ေတြ ခ်မွတ္ထားတာျဖစ္ပါတယ္။

“ကြၽန္ေတာ္ စၿပီး ဂိုးေတြသြင္းႏိုင္၊ ဂိုးေတြ ဖန္တီးႏိုင္ေတာ့ တကယ္ကို ေပ်ာ္႐ႊင္မိခဲ့တယ္။ အဲဒါက စိတ္လႈပ္ရွားစရာေကာင္းၿပီး ကြၽန္ေတာ့္ကို ပိုၿပီးေတာ့ လုပ္ခ်င္စိတ္ျဖစ္လာေစတယ္။ ကြၽန္ေတာ္ ရေအာင္ လုပ္ရမယ့္ ပစ္မွတ္ေတြကို သတ္မွတ္ခ်င္စိတ္ျဖစ္လာေစခဲ့တယ္။”လို႔ ေျပာဆိုခဲ့ပါတယ္။

ေပါင္သန္း ၁၀၀ ေက်ာ္ဆိုတဲ့ ေျပာင္းေ႐ႊ႕ေၾကးနဲ႔ အာဆင္နယ္က ေခၚယူခဲ့ရတာေၾကာင့္ အထင္ႀကီးေအာင္ လုပ္ျပဖို႔ ဝန္ထုပ္ဝန္ပိုးကလည္း တစ္ခါတည္း တြဲပါလာခဲ့ေပမယ့္လည္း အျခားကစားသမားေတြနဲ႔ မတူတာက ဒီကလန္ ႐ိုက္က မက်ရႈံးဘဲ ေအာင္ျမင္ခဲ့တာျဖစ္ပါတယ္။

ဒီကလန္ ႐ိုက္ဟာ ေပးရတဲ့ေစ်းေတာင္ နည္းသြားသလို ခံစားရေအာင္ ပြဲစဥ္တိုင္းမွာ အသင္းအတြက္ အစြမ္းကုန္ ေပးဆပ္ကစားေပးေနၿပီး ဒီရာသီ အာဆင္နယ္ရဲ႕ မွတ္တမ္းေကာင္းေတြဟာ အဂၤလန္ၾကယ္ပြင့္ရဲ႕ အက်ိဳးသက္ေရာက္မႈေၾကာင့္ဆိုတာ ပရိသတ္ေတြအားလုံးလည္း အသိပဲျဖစ္ပါတယ္။

ခံစစ္ပိုင္းတင္မကဘဲ တိုက္စစ္ကိုပါ လိုက္ပါခ်င္တဲ့ စိတ္ဆႏၵေၾကာင့္ ဒီကလန္ ႐ိုက္ဟာ ဒီရာသီမွာ ပရီးမီးယားလိဂ္မွာ သြင္းဂိုး ၄ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၅ ႀကိမ္အထိ ျပဳလုပ္ထားၿပီး ဝက္စ္ဟမ္းမွာ ၁၀ ႏွစ္ၾကာ ကစားခဲ့တဲ့ ဘယ္လိုရာသီမ်ိဳးထက္မဆို သာလြန္ေနတဲ့ ကိန္းဂဏန္းေတြျဖစ္ပါတယ္။

အဂၤလန္ကြင္းလယ္ကစားသမားဟာ ဒီကိန္းဂဏန္းေတြကို ပိုမို ျမင့္တက္လာေအာင္ ျပဳလုပ္ဖို႔အတြက္ ကိုယ့္ဘာသာ ရည္မွန္းခ်က္ေတြ ခ်မွတ္ထားၿပီး ေအာင္ျမင္ေအာင္ လုပ္ႏိုင္မယ္ဆိုတာ သံသယျဖစ္စရာမရွိပါဘူး။

Arsenal Myanmar

Ref: Internet