အာဆင်နယ်ရဲ့ လာမယ့်ပရီးမီးယားလိဂ် ၅ ပွဲနဲ့ စီးတီး၊ လီဗာပူးလ်၊ စပါးစ်တို့ကို နှိုင်းယှဉ်ကြည့်ခြင်း 1024 504 coyg

အာဆင်နယ်ရဲ့ လာမယ့်ပရီးမီးယားလိဂ် ၅ ပွဲနဲ့ စီးတီး၊ လီဗာပူးလ်၊ စပါးစ်တို့ကို နှိုင်းယှဉ်ကြည့်ခြင်း

အာဆင်နယ်ဟာ စနေနေ့ညနေက ဖူလ်ဟမ်ကို ၂-၂ သရေကျခဲ့တာကြောင့် ရာသီအစ ၁၀၀ ရာခိုင်နှုန်းနိုင်ပွဲကို ရှေ့မဆက်နိုင်ခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်ဟာ ပါရဲရားရဲ့ အဝေးကန်ချက်ကို ရမ်းစ်ဒေးလ် မကာကွယ်နိုင်ခဲ့တာကြောင့် အဖွင့်မိနစ်မှာပဲ ဂိုးပေးခဲ့ရပြီး ဆာကာက ပင်နယ်တီကနေ ချေပဂိုး ပြန်သွင်းယူပေးသွားခဲ့ပြီးနောက် အန်ကီးတီးယားက ဦးဆောင်ဂိုး သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဖူလ်ဟမ်အတွက် အဖိုးတန်အဝေးကွင်း သရေ ၁ မှတ်ကို ပယ်လ်ဟင်ညာက ၈၇ မိနစ်မှာ နောက်ကျ ချေပဂိုးနဲ့ ရယူပေးခဲ့တာဖြစ်ပြီး လက်ရှိမှာ မန်စီးတီးတစ်သင်းတည်းသာ ၁၀၀ ရာခိုင်နှုန်း နိုင်ပွဲကို ထိန်းသိမ်းထားနိုင်တဲ့အသင်းရှိတော့တာဖြစ်ပါတယ်။

မန်စီးတီးဟာ ရှက်ဖီးယူနိုက်တက်နဲ့ ယနေ့ညနေမှာ ယှဉ်ပြိုင်ကစားသွားမှာဖြစ်ပြီး အာဆင်နယ်ရဲ့ လာမယ့် ပရီးမီးယားလိဂ်ပွဲစဉ် ၅ ပွဲကို အနီးကပ်ဆုံးပြိုင်ဘက်တွေရဲ့ ပွဲစဉ် ၅ ပွဲနဲ့ နှိုင်းယှဉ်ဖော်ပြပေးလိုက်ပါတယ်။

အာဆင်နယ်ရဲ့ လာမယ့်ပွဲစဉ် ၅ ပွဲ

မန်ချက်စတာယူနိုက်တက်(အိမ်ကွင်း)-စက်တင်ဘာ ၃

အာဆင်နယ်ရဲ့ ယခုရာသီ ပထမဆုံး အမှန်တကယ် စမ်းသပ်မှုတစ်ခုအဖြစ် မန်ချက်စတာယူနိုက်တက်က အမ်းမရိတ်စ်ကို လာရောက်ယှဉ်ပြိုင်သွားမှာဖြစ်ပြီး ပြီးခဲ့တဲ့ရာသီတုန်းက အာတီတာရဲ့အသင်းက အန်ကီးတီးယားရဲ့နောက်ကျဂိုးကြောင့် တန်ဟက်ရဲ့အသင်းကို အနိုင်ရခဲ့တာဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်ဟာ စနေနေ့က အာဆင်နယ်နည်းတူ နောက်ကနေ လိုက်ကစားခဲ့ပြီးနောက် နော်တင်ဟမ်ဖောရက်စ်ကို ၃-၂ နဲ့ အနိုင်ရရှိခဲ့တာဖြစ်ပြီး အကောင်းဆုံးပုံစံမှာ ရှိမနေပေမယ့် ရာသီကြိုမှာတုန်းက အနိုင်ယူထားတာကြောင့် လျှော့တွက်လို့တော့မရပါဘူး။

အဲဗာတန်(အဝေး)-စက်တင်ဘာ ၁၆

အာဆင်နယ်ဟာ ပြီးခဲ့တဲ့ရာသီတုန်းက ရှောင်ဒိုက်ချ်ရဲ့ အဲဗာတန်နည်းပြဘဝ ပထမဆုံးကိုင်တွယ်ခဲ့တဲ့ပွဲစဉ်မှာ အဲဗာတန်ကို ၁-၀ နဲ့ ဂွတ်ဒီဆင်ပါ့ခ်မှာ ရှုံးနိမ့်ခဲ့တာကို မေ့နိုင်ဦးမှာမဟုတ်သေးပါဘူး။ အဲဗာတန်ဟာ ယခုရာသီမှာ ဂိုးမသွင်းယူနိုင်သေးပေမယ့်လည်း ၎င်းတို့ရဲ့ ဆိုးရွားတဲ့စတင်မှုကို အလွန်ကောင်းမွန်တဲ့နိုင်ပွဲနဲ့ အဆုံးသတ်ချင်နေမှာဖြစ်ပါတယ်။

စပါးစ်(အိမ်ကွင်း)-စက်တင်ဘာ ၂၄

ယခုရာသီရဲ့ ပထမဆုံးမြောက်လန်ဒန်ဒါဘီပွဲစဉ်ဟာ စက်တင်ဘာလကုန်မှာ ကျင်းပသွားမှာဖြစ်ပြီး အာဆင်နယ်ဟာ ပြီးခဲ့တဲ့ဆယ်စုနှစ်တစ်ခုကျော်အထိ ပရီးမီးယားလိဂ်မှာ ခါးသီးပြိုင်ဘက်တွေကို အိမ်ကွင်းမှာ မရှုံးနိမ့်ခဲ့ဖူးပေမယ့် စပါးစ်နည်းပြသစ် ပိုစတီကိုဂလူက အမ်းမရိတ်စ်ကို လုံးဝကွဲပြားခြားနားတဲ့အသင်းတစ်သင်းကို ယူဆောင်လာနိုင်ဖို့ မျှော်လင့်နေမှာဖြစ်ပါတယ်။

ဘုန်းမောက်(အဝေး)-စက်တင်ဘာ ၃၀

အာဆင်နယ်ရဲ့ စက်တင်ဘာလ နောက်ဆုံးပွဲစဉ်ကတော့ ဗီတာလတီကွင်းကို သွားရောက်ပြီး ဘုန်းမောက်နဲ့ ရင်ဆိုင်သွားရမှာဖြစ်ပြီး ချယ်ရီတွေဟာ ဂယ်ရီ အိုနေးလ်နဲ့ လမ်းခွဲပြီးနောက် အန်ဒိုနီ အီရာအိုလာကို နည်းပြသစ်အဖြစ် ခန့်အပ်ခဲ့ပြီးနောက်ပိုင်း နောက်ထပ်အသင်းတစ်သင်း ပုံစံမျိုး ပေါ်နေတာကြောင့် ခက်ခဲတဲ့ပွဲတစ်ပွဲဖြစ်လာမှာပါ။

မန်စီးတီး(အိမ်ကွင်း)-အောက်တိုဘာ ၈

အောက်တိုဘာလအစမှာ ဂန်းနားတွေအတွက် ကြီးမားတဲ့ ပွဲတစ်ပွဲက စောင့်ဆိုင်းနေပြီး ပြီးခဲ့တဲ့ရာသီ ဖလားပြိုင်ဘက် ၂သင်းဟာ ယခုရာသီမစတင်ခင် ကွန်မြူနတီဒိုင်းလုပွဲမှာ တစ်ကြိမ် တွေ့ဆုံခဲ့ပြီးဖြစ်ပါတယ်။ အာဆင်နယ်က ဝင်ဘလေမှာ မန်စီးတီးကို အနိုင်ယူနိုင်ခဲ့ပြီး အာတီတာရဲ့အသင်းဟာ လအနည်းငယ်အကြာမှာ ဂွါဒီယိုလာရဲ့အသင်းကို နောက်ထပ်တစ်ကြိမ် အနိုင်ယူနိုင်ဖို့ မျှော်လင့်နေမှာဖြစ်ပါတယ်။

မန်စီးတီးရဲ့ လာမယ့်ပွဲ ၅ ပွဲ

ရှက်ဖီး(အဝေး)-ဩဂုတ် ၂၇

ဖူလ်ဟမ်(အိမ်ကွင်း)-စက်တင်ဘာ ၂

ဝက်စ်ဟမ်း(အဝေး)-စက်တင်ဘာ ၁၆

နော်တင်ဟမ်ဖောရက်စ်(အိမ်ကွင်း)-စက်တင်ဘာ ၂၃

ဝုလ်ဗ်စ်(အဝေး)-စက်တင်ဘာ ၃၀

လီဗာပူးလ်ရဲ့ လာမယ့်ပွဲ ၅ ပွဲ

နယူးကာဆယ်(အဝေး)-ဩဂုတ် ၂၇

အက်စတန်ဗီလာ(အိမ်)-စက်တင်ဘာ ၃

ဝုလ်ဗ်စ်(အဝေး)-စက်တင်ဘာ ၁၆

ဝက်စ်ဟမ်း(အိမ်)-စက်တင်ဘာ ၂၄

စပါးစ်(အဝေး)-စက်တင်ဘာ ၃၀

စပါးစ်ရဲ့ လာမယ့်ပွဲ ၅ ပွဲ

ဘန်လေ(အဝေး)-စက်တင်ဘာ ၂

ရှက်ဖီးယူနိုက်တက်(အိမ်ကွင်း)-စက်တင်ဘာ ၁၆

အာဆင်နယ်(အဝေး)-စက်တင်ဘာ ၂၄

လီဗာပူးလ်(အိမ်)-စက်တင်ဘာ ၃၀

လူတန်တောင်း(အဝေး)-အောက်တိုဘာ ၇

Arsenal Myanmar

Ref: Internet

ZAWGYI: အာဆင္နယ္ဟာ စေနေန႔ညေနက ဖူလ္ဟမ္ကို ၂-၂ သေရက်ခဲ့တာေၾကာင့္ ရာသီအစ ၁၀၀ ရာခိုင္ႏႈန္းႏိုင္ပြဲကို ေရွ႕မဆက္ႏိုင္ခဲ့တာျဖစ္ပါတယ္။

အာဆင္နယ္ဟာ ပါရဲရားရဲ႕ အေဝးကန္ခ်က္ကို ရမ္းစ္ေဒးလ္ မကာကြယ္ႏိုင္ခဲ့တာေၾကာင့္ အဖြင့္မိနစ္မွာပဲ ဂိုးေပးခဲ့ရၿပီး ဆာကာက ပင္နယ္တီကေန ေခ်ပဂိုး ျပန္သြင္းယူေပးသြားခဲ့ၿပီးေနာက္ အန္ကီးတီးယားက ဦးေဆာင္ဂိုး သြင္းယူေပးခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ဖူလ္ဟမ္အတြက္ အဖိုးတန္အေဝးကြင္း သေရ ၁ မွတ္ကို ပယ္လ္ဟင္ညာက ၈၇ မိနစ္မွာ ေနာက္က် ေခ်ပဂိုးနဲ႔ ရယူေပးခဲ့တာျဖစ္ၿပီး လက္ရွိမွာ မန္စီးတီးတစ္သင္းတည္းသာ ၁၀၀ ရာခိုင္ႏႈန္း ႏိုင္ပြဲကို ထိန္းသိမ္းထားႏိုင္တဲ့အသင္းရွိေတာ့တာျဖစ္ပါတယ္။

မန္စီးတီးဟာ ရွက္ဖီးယူႏိုက္တက္နဲ႔ ယေန႔ညေနမွာ ယွဥ္ၿပိဳင္ကစားသြားမွာျဖစ္ၿပီး အာဆင္နယ္ရဲ႕ လာမယ့္ ပရီးမီးယားလိဂ္ပြဲစဥ္ ၅ ပြဲကို အနီးကပ္ဆုံးၿပိဳင္ဘက္ေတြရဲ႕ ပြဲစဥ္ ၅ ပြဲနဲ႔ ႏႈိင္းယွဥ္ေဖာ္ျပေပးလိုက္ပါတယ္။

အာဆင္နယ္ရဲ႕ လာမယ့္ပြဲစဥ္ ၅ ပြဲ

မန္ခ်က္စတာယူႏိုက္တက္(အိမ္ကြင္း)-စက္တင္ဘာ ၃

အာဆင္နယ္ရဲ႕ ယခုရာသီ ပထမဆုံး အမွန္တကယ္ စမ္းသပ္မႈတစ္ခုအျဖစ္ မန္ခ်က္စတာယူႏိုက္တက္က အမ္းမရိတ္စ္ကို လာေရာက္ယွဥ္ၿပိဳင္သြားမွာျဖစ္ၿပီး ၿပီးခဲ့တဲ့ရာသီတုန္းက အာတီတာရဲ႕အသင္းက အန္ကီးတီးယားရဲ႕ေနာက္က်ဂိုးေၾကာင့္ တန္ဟက္ရဲ႕အသင္းကို အႏိုင္ရခဲ့တာျဖစ္ပါတယ္။ မန္ခ်က္စတာယူႏိုက္တက္ဟာ စေနေန႔က အာဆင္နယ္နည္းတူ ေနာက္ကေန လိုက္ကစားခဲ့ၿပီးေနာက္ ေနာ္တင္ဟမ္ေဖာရက္စ္ကို ၃-၂ နဲ႔ အႏိုင္ရရွိခဲ့တာျဖစ္ၿပီး အေကာင္းဆုံးပုံစံမွာ ရွိမေနေပမယ့္ ရာသီႀကိဳမွာတုန္းက အႏိုင္ယူထားတာေၾကာင့္ ေလွ်ာ့တြက္လို႔ေတာ့မရပါဘူး။

အဲဗာတန္(အေဝး)-စက္တင္ဘာ ၁၆

အာဆင္နယ္ဟာ ၿပီးခဲ့တဲ့ရာသီတုန္းက ေရွာင္ဒိုက္ခ်္ရဲ႕ အဲဗာတန္နည္းျပဘဝ ပထမဆုံးကိုင္တြယ္ခဲ့တဲ့ပြဲစဥ္မွာ အဲဗာတန္ကို ၁-၀ နဲ႔ ဂြတ္ဒီဆင္ပါ့ခ္မွာ ရႈံးနိမ့္ခဲ့တာကို ေမ့ႏိုင္ဦးမွာမဟုတ္ေသးပါဘူး။ အဲဗာတန္ဟာ ယခုရာသီမွာ ဂိုးမသြင္းယူႏိုင္ေသးေပမယ့္လည္း ၎တို႔ရဲ႕ ဆိုး႐ြားတဲ့စတင္မႈကို အလြန္ေကာင္းမြန္တဲ့ႏိုင္ပြဲနဲ႔ အဆုံးသတ္ခ်င္ေနမွာျဖစ္ပါတယ္။

စပါးစ္(အိမ္ကြင္း)-စက္တင္ဘာ ၂၄

ယခုရာသီရဲ႕ ပထမဆုံးေျမာက္လန္ဒန္ဒါဘီပြဲစဥ္ဟာ စက္တင္ဘာလကုန္မွာ က်င္းပသြားမွာျဖစ္ၿပီး အာဆင္နယ္ဟာ ၿပီးခဲ့တဲ့ဆယ္စုႏွစ္တစ္ခုေက်ာ္အထိ ပရီးမီးယားလိဂ္မွာ ခါးသီးၿပိဳင္ဘက္ေတြကို အိမ္ကြင္းမွာ မရႈံးနိမ့္ခဲ့ဖူးေပမယ့္ စပါးစ္နည္းျပသစ္ ပိုစတီကိုဂလူက အမ္းမရိတ္စ္ကို လုံးဝကြဲျပားျခားနားတဲ့အသင္းတစ္သင္းကို ယူေဆာင္လာႏိုင္ဖို႔ ေမွ်ာ္လင့္ေနမွာျဖစ္ပါတယ္။

ဘုန္းေမာက္(အေဝး)-စက္တင္ဘာ ၃၀

အာဆင္နယ္ရဲ႕ စက္တင္ဘာလ ေနာက္ဆုံးပြဲစဥ္ကေတာ့ ဗီတာလတီကြင္းကို သြားေရာက္ၿပီး ဘုန္းေမာက္နဲ႔ ရင္ဆိုင္သြားရမွာျဖစ္ၿပီး ခ်ယ္ရီေတြဟာ ဂယ္ရီ အိုေနးလ္နဲ႔ လမ္းခြဲၿပီးေနာက္ အန္ဒိုနီ အီရာအိုလာကို နည္းျပသစ္အျဖစ္ ခန႔္အပ္ခဲ့ၿပီးေနာက္ပိုင္း ေနာက္ထပ္အသင္းတစ္သင္း ပုံစံမ်ိဳး ေပၚေနတာေၾကာင့္ ခက္ခဲတဲ့ပြဲတစ္ပြဲျဖစ္လာမွာပါ။

မန္စီးတီး(အိမ္ကြင္း)-ေအာက္တိုဘာ ၈

ေအာက္တိုဘာလအစမွာ ဂန္းနားေတြအတြက္ ႀကီးမားတဲ့ ပြဲတစ္ပြဲက ေစာင့္ဆိုင္းေနၿပီး ၿပီးခဲ့တဲ့ရာသီ ဖလားၿပိဳင္ဘက္ ၂သင္းဟာ ယခုရာသီမစတင္ခင္ ကြန္ျမဴနတီဒိုင္းလုပြဲမွာ တစ္ႀကိမ္ ေတြ႕ဆုံခဲ့ၿပီးျဖစ္ပါတယ္။ အာဆင္နယ္က ဝင္ဘေလမွာ မန္စီးတီးကို အႏိုင္ယူႏိုင္ခဲ့ၿပီး အာတီတာရဲ႕အသင္းဟာ လအနည္းငယ္အၾကာမွာ ဂြါဒီယိုလာရဲ႕အသင္းကို ေနာက္ထပ္တစ္ႀကိမ္ အႏိုင္ယူႏိုင္ဖို႔ ေမွ်ာ္လင့္ေနမွာျဖစ္ပါတယ္။

မန္စီးတီးရဲ႕ လာမယ့္ပြဲ ၅ ပြဲ

ရွက္ဖီး(အေဝး)-ဩဂုတ္ ၂၇

ဖူလ္ဟမ္(အိမ္ကြင္း)-စက္တင္ဘာ ၂

ဝက္စ္ဟမ္း(အေဝး)-စက္တင္ဘာ ၁၆

ေနာ္တင္ဟမ္ေဖာရက္စ္(အိမ္ကြင္း)-စက္တင္ဘာ ၂၃

ဝုလ္ဗ္စ္(အေဝး)-စက္တင္ဘာ ၃၀

လီဗာပူးလ္ရဲ႕ လာမယ့္ပြဲ ၅ ပြဲ

နယူးကာဆယ္(အေဝး)-ဩဂုတ္ ၂၇

အက္စတန္ဗီလာ(အိမ္)-စက္တင္ဘာ ၃

ဝုလ္ဗ္စ္(အေဝး)-စက္တင္ဘာ ၁၆

ဝက္စ္ဟမ္း(အိမ္)-စက္တင္ဘာ ၂၄

စပါးစ္(အေဝး)-စက္တင္ဘာ ၃၀

စပါးစ္ရဲ႕ လာမယ့္ပြဲ ၅ ပြဲ

ဘန္ေလ(အေဝး)-စက္တင္ဘာ ၂

ရွက္ဖီးယူႏိုက္တက္(အိမ္ကြင္း)-စက္တင္ဘာ ၁၆

အာဆင္နယ္(အေဝး)-စက္တင္ဘာ ၂၄

လီဗာပူးလ္(အိမ္)-စက္တင္ဘာ ၃၀

လူတန္ေတာင္း(အေဝး)-ေအာက္တိုဘာ ၇

Arsenal Myanmar

Ref: Internet