အာဆင်နယ်ရဲ့အပြောင်းအရွှေ့ကို ဖျက်ခဲ့တဲ့အကြောင်း ပြောပြခဲ့တဲ့ ဆွာရက်ဇ်
ဘာစီလိုနာဂန္တဝင်တိုက်စစ်မှူး လူးဝစ္စ ဆွာရက်ဇ်ဟာ ၂၀၁၄ ခုနှစ်တုန်းက အပြောင်းအရွှေ့ ပြုလုပ်ချိန်မှာ နောက်ဆုံးအချိန်မှ စိတ်ပြောင်းခဲ့တဲ့အတွက် အာဆင်နယ်က ရီးရဲလ်မက်ဒရစ်ကြယ်ပွင့် ဘန်ဇီးမားကို မခေါ်ယူနိုင်ခဲ့တဲ့အကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
လွန်ခဲ့တဲ့ ၁၀ နှစ်က ဥရုဂွေးတိုက်စစ်မှူးဟာ လီဗာပူးလ်ကို စွန့်ခွာဖို့ ကြိုးပမ်းနေခဲ့ပြီး အသင်းအများအပြားက ဆွာရက်ဇ်ကို ခေါ်ယူဖို့ တန်းစီနေကြတာ ဖြစ်ပါတယ်။ လူးဝစ္စ ဆွာရက်ဇ်ကို အာဆင်နယ်က ပေါင် ပေါင် ၄၀ သန်းကို ၁ ပေါင်တိုး ကမ်းလှမ်းခဲ့တဲ့ကိစ္စက ၂၀၁၃ ခုနှစ် နွေရာသီမှာ ကမ္ဘာကျော်ခဲ့ပြီး နောက်နှစ်မှာ ဥရုဂွေးတိုက်စစ်မှူးက အငြင်းပွားစရာအဖြစ်အပျက်တွေ ဆက်တိုက်ဖြစ်ခဲ့ပြီးနောက် အင်္ဂလန်ကို စွန့်ခွာဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။
လူးဝစ္စ ဆွာရက်ဇ်ဟာ စပိန်လာလီဂါကို ပြောင်းရွှေ့ကစားချင်ခဲ့တာကြောင့် နောက်ဆုံးမှာတော့ နူးကမ့်ကို ပြောင်းရွှေ့သွားခဲ့ပြီး သမိုင်းဝင် ဖလား ၃ လုံးတပြိုင်နက်အောင်မြင်မှုနဲ့အတူ အခြား တစ်ဦးချင်း ဆုတံဆိပ်အများအပြားကိုလည်း ရရှိခဲ့တာဖြစ်ပါတယ်။
လက်ရှိမှာတော့ ဆွာရက်ဇ်က ရီးရဲလ်မက်ဒရစ်က ဘာစီလိုနာထက်အရင် ခေါ်ယူဖို့ ကြိုးပမ်းခဲ့တဲ့အကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပြီး သဘောတူညီမှုတောင် ရခဲ့ပြီးလို့ လာလီဂါထိပ်သီးအသင်းကြီးက ဘန်ဇီးမားကို အာဆင်နယ်ဆီ ရောင်းထုတ်ပြီး ငွေရှာဖို့တောင် စီစဉ်ထားခဲ့တယ်လို့ သိရပါတယ်။
ဒါပေမယ့်လည်း ဆွာရက်ဇ်က ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အီတလီနောက်ခံလူ ချီလီနီကို ကိုက်ခဲ့တဲ့ကိစ္စကြောင့် ရီးရဲလ်မက်ဒရစ်က စိတ်ဝင်စားမှု အေးစက်သွားခဲ့ပြီး ဘာစီလိုနာက ခေါ်ယူသွားခဲ့တာဖြစ်ပါတယ်။
“၂၀၁၄ ကမ္ဘာ့ဖလား မတိုင်ခင်တုန်းက ရီးရဲလ်မက်ဒရစ်က ကျွန်တော့်ကို ခေါ်ယူချင်ခဲ့ပြီး အရာအားလုံး စီစဉ်ထားပြီးပါပြီ။ သူတို့တွေ အာဆင်နယ်ဆီ ဘန်ဇီးမားကို ရောင်းထုတ်ဖို့ စီစဉ်ထားပြီး ပြင်ဆင်စရာရှိတာတွေ အားလုံးပြင်ဆင်ပြီးပြီ။ ကမ္ဘာ့ဖလားစတော့ ဘာစီလိုနာက ကျွန်တော့်ကို ခေါ်မယ့် ပြိုင်ပွဲထဲ ဝင်လာပြီး ကျွန်တော် ဘာဆာကို ပိုသဘောကျခဲ့တာ သိသာပါတယ်။ ကျွန်တော် ကမ္ဘာ့ဖလားမှာ ကိုက်ခဲ့တဲ့ကိစ္စကြောင့် ရီးရဲလ်က စိတ်ဝင်စားမှု လျော့ကျခဲ့ပြီး ဘာစီလိုနာက ကျွန်တော့်ကို ပြစ်ဒဏ်ချထားပေမယ့် စိတ်ဝင်စားမှု ပိုမြင့်တက်လာတယ်။ ကျွန်တော် အဲဒီအတွက် အမြဲတမ်း ကျေးဇူးတင်နေမှာပါ။အဆုံးမှာ ကျွန်တော် ရွေးချယ်စရာ ၂ ခုရှိခဲ့ပြီး ဘာစီလိုနာကို ရွေးချယ်ခဲ့တယ်။ ဘာလို့လဲဆိုတော့ အဲဒီမှာ ကစားဖို့က ကျွန်တော့်အိပ်မက်ဖြစ်ခဲ့လို့ပါ။”လို့ ပြောဆိုခဲ့ပါတယ်။
Arsenal Myanmar
Ref: Internet
ZAWGYI: ဘာစီလိုနာဂႏၲဝင္တိုက္စစ္မႉး လူးဝစၥ ဆြာရက္ဇ္ဟာ ၂၀၁၄ ခုႏွစ္တုန္းက အေျပာင္းအေ႐ႊ႕ ျပဳလုပ္ခ်ိန္မွာ ေနာက္ဆုံးအခ်ိန္မွ စိတ္ေျပာင္းခဲ့တဲ့အတြက္ အာဆင္နယ္က ရီးရဲလ္မက္ဒရစ္ၾကယ္ပြင့္ ဘန္ဇီးမားကို မေခၚယူႏိုင္ခဲ့တဲ့အေၾကာင္း ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။
လြန္ခဲ့တဲ့ ၁၀ ႏွစ္က ဥ႐ုေဂြးတိုက္စစ္မႉးဟာ လီဗာပူးလ္ကို စြန႔္ခြာဖို႔ ႀကိဳးပမ္းေနခဲ့ၿပီး အသင္းအမ်ားအျပားက ဆြာရက္ဇ္ကို ေခၚယူဖို႔ တန္းစီေနၾကတာ ျဖစ္ပါတယ္။ လူးဝစၥ ဆြာရက္ဇ္ကို အာဆင္နယ္က ေပါင္ ေပါင္ ၄၀ သန္းကို ၁ ေပါင္တိုး ကမ္းလွမ္းခဲ့တဲ့ကိစၥက ၂၀၁၃ ခုႏွစ္ ေႏြရာသီမွာ ကမာၻေက်ာ္ခဲ့ၿပီး ေနာက္ႏွစ္မွာ ဥ႐ုေဂြးတိုက္စစ္မႉးက အျငင္းပြားစရာအျဖစ္အပ်က္ေတြ ဆက္တိုက္ျဖစ္ခဲ့ၿပီးေနာက္ အဂၤလန္ကို စြန႔္ခြာဖို႔ ဆုံးျဖတ္ခဲ့တာျဖစ္ပါတယ္။
လူးဝစၥ ဆြာရက္ဇ္ဟာ စပိန္လာလီဂါကို ေျပာင္းေ႐ႊ႕ကစားခ်င္ခဲ့တာေၾကာင့္ ေနာက္ဆုံးမွာေတာ့ ႏူးကမ့္ကို ေျပာင္းေ႐ႊ႕သြားခဲ့ၿပီး သမိုင္းဝင္ ဖလား ၃ လုံးတၿပိဳင္နက္ေအာင္ျမင္မႈနဲ႔အတူ အျခား တစ္ဦးခ်င္း ဆုတံဆိပ္အမ်ားအျပားကိုလည္း ရရွိခဲ့တာျဖစ္ပါတယ္။
လက္ရွိမွာေတာ့ ဆြာရက္ဇ္က ရီးရဲလ္မက္ဒရစ္က ဘာစီလိုနာထက္အရင္ ေခၚယူဖို႔ ႀကိဳးပမ္းခဲ့တဲ့အေၾကာင္း ထုတ္ေဖာ္ေျပာဆိုခဲ့ၿပီး သေဘာတူညီမႈေတာင္ ရခဲ့ၿပီးလို႔ လာလီဂါထိပ္သီးအသင္းႀကီးက ဘန္ဇီးမားကို အာဆင္နယ္ဆီ ေရာင္းထုတ္ၿပီး ေငြရွာဖို႔ေတာင္ စီစဥ္ထားခဲ့တယ္လို႔ သိရပါတယ္။
ဒါေပမယ့္လည္း ဆြာရက္ဇ္က ၂၀၁၄ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ အီတလီေနာက္ခံလူ ခ်ီလီနီကို ကိုက္ခဲ့တဲ့ကိစၥေၾကာင့္ ရီးရဲလ္မက္ဒရစ္က စိတ္ဝင္စားမႈ ေအးစက္သြားခဲ့ၿပီး ဘာစီလိုနာက ေခၚယူသြားခဲ့တာျဖစ္ပါတယ္။
“၂၀၁၄ ကမာၻ႔ဖလား မတိုင္ခင္တုန္းက ရီးရဲလ္မက္ဒရစ္က ကြၽန္ေတာ့္ကို ေခၚယူခ်င္ခဲ့ၿပီး အရာအားလုံး စီစဥ္ထားၿပီးပါၿပီ။ သူတို႔ေတြ အာဆင္နယ္ဆီ ဘန္ဇီးမားကို ေရာင္းထုတ္ဖို႔ စီစဥ္ထားၿပီး ျပင္ဆင္စရာရွိတာေတြ အားလုံးျပင္ဆင္ၿပီးၿပီ။ ကမာၻ႔ဖလားစေတာ့ ဘာစီလိုနာက ကြၽန္ေတာ့္ကို ေခၚမယ့္ ၿပိဳင္ပြဲထဲ ဝင္လာၿပီး ကြၽန္ေတာ္ ဘာဆာကို ပိုသေဘာက်ခဲ့တာ သိသာပါတယ္။ ကြၽန္ေတာ္ ကမာၻ႔ဖလားမွာ ကိုက္ခဲ့တဲ့ကိစၥေၾကာင့္ ရီးရဲလ္က စိတ္ဝင္စားမႈ ေလ်ာ့က်ခဲ့ၿပီး ဘာစီလိုနာက ကြၽန္ေတာ့္ကို ျပစ္ဒဏ္ခ်ထားေပမယ့္ စိတ္ဝင္စားမႈ ပိုျမင့္တက္လာတယ္။ ကြၽန္ေတာ္ အဲဒီအတြက္ အၿမဲတမ္း ေက်းဇူးတင္ေနမွာပါ။အဆုံးမွာ ကြၽန္ေတာ္ ေ႐ြးခ်ယ္စရာ ၂ ခုရွိခဲ့ၿပီး ဘာစီလိုနာကို ေ႐ြးခ်ယ္ခဲ့တယ္။ ဘာလို႔လဲဆိုေတာ့ အဲဒီမွာ ကစားဖို႔က ကြၽန္ေတာ့္အိပ္မက္ျဖစ္ခဲ့လို႔ပါ။”လို႔ ေျပာဆိုခဲ့ပါတယ္။
Arsenal Myanmar
Ref: Internet
- Posted In:
- Rivals' Talk
- Team News