အာဆင်နယ်နဲ့ဘိုင်ယန်တို့ပွဲကို အဖြေထုတ်ပေးခဲ့တဲ့ စူပါကွန်ပျူတာ 1024 504 coyg

အာဆင်နယ်နဲ့ဘိုင်ယန်တို့ပွဲကို အဖြေထုတ်ပေးခဲ့တဲ့ စူပါကွန်ပျူတာ

အာဆင်နယ်ရဲ့ ဘိုင်ယန်မြူးနစ်နဲ့ ဧပြီလအတွင်း ကစားသွားရမယ့် ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ပွဲစဉ်ဟာ ဂန်းနားပရိသတ်တွေအတွက် ရင်ခုန်စိတ်လှုပ်ရှားစရာအကောင်းဆုံးပွဲစဉ်တစ်ပွဲဖြစ်လာမှာဖြစ်ပါတယ်။

အာဆင်နယ်ဟာ ၁၄ နှစ်အတွင်း ပထမဆုံးအကြိမ် ကွာတားဖိုင်နယ်အဆင့်ကို ပြန်လည်တက်လှမ်းနိုင်ခဲ့တာဖြစ်သလို နောက်ဆုံး ၃ ကြိမ်စလုံးမှာ ၅-၁ နဲ့ ရှုံးနိမ့်ခဲ့တဲ့ ဘိုင်ယန်မြူးနစ်ကို လက်စားပြန်ချေဖို့ အခွင့်အရေးလည်း ရခဲ့တာဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ်ဟာ ဒီရာသီမှာ ပြည်တွင်းမှာရော ဥရောပမှာပါ ရုန်းကန်နေရပေမယ့်လည်း ဂုဏ်သိက္ခာကြီးမားတဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာတော့ နိုင်ပွဲ မဖြစ်မနေ ရယူသွားဖို့ စိတ်ပိုင်းဖြတ်ထားဆဲ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဘိုင်ယန်မြူးနစ်ဟာ ဒီရာသီမှာ ရပ်တန့်လို့ မရနိုင်ဖြစ်နေတဲ့ အာဆင်နယ်နဲ့ ရင်ဆိုင်သွားရမှာဖြစ်ပြီး အာတီတာရဲ့ ငယ်ရွယ်တဲ့အသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ်ဖလားကို ရရှိဖို့ ရည်မှန်းထားသလို ချန်ပီယံလိဂ်မှာလည်း အောင်မြင်မှုရရှိချင်နေကြတာဖြစ်ပါတယ်။

အာဆင်နယ်ရဲ့ ၂၀၂၄ ခုနှစ်အတွင်း အထင်ကြီးဖွယ်ခြေစွမ်းကြောင့် ဘိုင်ယန်မြူးနစ်အတွက် အန္တရာယ်ရှိတဲ့ ပြိုင်ဘက်ဖြစ်လာမှာဖြစ်ပေမယ့်လည်း အရင်တုန်းက တွေ့ဆုံခဲ့မှုတွေမှာတော့ ဂျာမန်ကလပ်က ပိုမိုသာလွန်ခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်နဲ့ ဘိုင်ယန်မြူးနစ်တို့ရဲ့ ပွဲစဉ်ဟာ ပရိသတ်တွေစိတ်ဝင်စားမှု မြင့်တက်နေတဲ့ ပွဲစဉ်ဖြစ်တာကြောင့် စူပါကွန်ပျူတာက အနိုင်ရရှိသူကို တွက်ချက်အဖြေထုတ်ပေးခဲ့ရာမှာ ဂန်းနားတွေက ၅၁.၅၁ ရာခိုင်နှုန်းနဲ့ နောက်တဆင့်တက်နိုင်ဖို့ အနည်းငယ် အားသာချက်ရှိနေတယ်လို့ အဖြေထွက်ခဲ့ပါတယ်။

အာဆင်နယ်ဟာ ဒီရာသီမှာ အဓိကဆုဖလားပြိုင်ဘက်တွေဖြစ်တဲ့ လီဗာပူးလ်နဲ့ မန်စီးတီးတို့ကို ကောင်းကောင်း ယှဉ်ပြိုင်နိုင်စွမ်းရှိတယ်ဆိုတာကို မကြာသေးမီ အချိန်တွေမှာ ပြသထားပြီးဖြစ်ပြီး စူပါကွန်ပျူတာရဲ့ ဟောကိန်းက ဘိုင်ယန်မြူးနစ်ကို အနိုင်ယူဖို့အတွက် စိတ်ဓာတ်ခွန်အားအပို ဖြစ်လာမှာ ဖြစ်ပါတယ်။

Arsenal Myanmar

Ref: Internet

ZAWGYI:
အာဆင္နယ္ရဲ႕ ဘိုင္ယန္ျမဴးနစ္နဲ႔ ဧၿပီလအတြင္း ကစားသြားရမယ့္ ခ်န္ပီယံလိဂ္ကြာတားဖိုင္နယ္ပြဲစဥ္ဟာ ဂန္းနားပရိသတ္ေတြအတြက္ ရင္ခုန္စိတ္လႈပ္ရွားစရာအေကာင္းဆုံးပြဲစဥ္တစ္ပြဲျဖစ္လာမွာျဖစ္ပါတယ္။

အာဆင္နယ္ဟာ ၁၄ ႏွစ္အတြင္း ပထမဆုံးအႀကိမ္ ကြာတားဖိုင္နယ္အဆင့္ကို ျပန္လည္တက္လွမ္းႏိုင္ခဲ့တာျဖစ္သလို ေနာက္ဆုံး ၃ ႀကိမ္စလုံးမွာ ၅-၁ နဲ႔ ရႈံးနိမ့္ခဲ့တဲ့ ဘိုင္ယန္ျမဴးနစ္ကို လက္စားျပန္ေခ်ဖို႔ အခြင့္အေရးလည္း ရခဲ့တာျဖစ္ပါတယ္။

ဘိုင္ယန္ျမဴးနစ္ဟာ ဒီရာသီမွာ ျပည္တြင္းမွာေရာ ဥေရာပမွာပါ ႐ုန္းကန္ေနရေပမယ့္လည္း ဂုဏ္သိကၡာႀကီးမားတဲ့ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာေတာ့ ႏိုင္ပြဲ မျဖစ္မေန ရယူသြားဖို႔ စိတ္ပိုင္းျဖတ္ထားဆဲ ျဖစ္ပါတယ္။

ဒါေပမယ့္လည္း ဘိုင္ယန္ျမဴးနစ္ဟာ ဒီရာသီမွာ ရပ္တန႔္လို႔ မရႏိုင္ျဖစ္ေနတဲ့ အာဆင္နယ္နဲ႔ ရင္ဆိုင္သြားရမွာျဖစ္ၿပီး အာတီတာရဲ႕ ငယ္႐ြယ္တဲ့အသင္းဟာ ဒီရာသီ ပရီးမီးယားလိဂ္ဖလားကို ရရွိဖို႔ ရည္မွန္းထားသလို ခ်န္ပီယံလိဂ္မွာလည္း ေအာင္ျမင္မႈရရွိခ်င္ေနၾကတာျဖစ္ပါတယ္။

အာဆင္နယ္ရဲ႕ ၂၀၂၄ ခုႏွစ္အတြင္း အထင္ႀကီးဖြယ္ေျခစြမ္းေၾကာင့္ ဘိုင္ယန္ျမဴးနစ္အတြက္ အႏၲရာယ္ရွိတဲ့ ၿပိဳင္ဘက္ျဖစ္လာမွာျဖစ္ေပမယ့္လည္း အရင္တုန္းက ေတြ႕ဆုံခဲ့မႈေတြမွာေတာ့ ဂ်ာမန္ကလပ္က ပိုမိုသာလြန္ခဲ့တာျဖစ္ပါတယ္။

အာဆင္နယ္နဲ႔ ဘိုင္ယန္ျမဴးနစ္တို႔ရဲ႕ ပြဲစဥ္ဟာ ပရိသတ္ေတြစိတ္ဝင္စားမႈ ျမင့္တက္ေနတဲ့ ပြဲစဥ္ျဖစ္တာေၾကာင့္ စူပါကြန္ပ်ဴတာက အႏိုင္ရရွိသူကို တြက္ခ်က္အေျဖထုတ္ေပးခဲ့ရာမွာ ဂန္းနားေတြက ၅၁.၅၁ ရာခိုင္ႏႈန္းနဲ႔ ေနာက္တဆင့္တက္ႏိုင္ဖို႔ အနည္းငယ္ အားသာခ်က္ရွိေနတယ္လို႔ အေျဖထြက္ခဲ့ပါတယ္။

အာဆင္နယ္ဟာ ဒီရာသီမွာ အဓိကဆုဖလားၿပိဳင္ဘက္ေတြျဖစ္တဲ့ လီဗာပူးလ္နဲ႔ မန္စီးတီးတို႔ကို ေကာင္းေကာင္း ယွဥ္ၿပိဳင္ႏိုင္စြမ္းရွိတယ္ဆိုတာကို မၾကာေသးမီ အခ်ိန္ေတြမွာ ျပသထားၿပီးျဖစ္ၿပီး စူပါကြန္ပ်ဴတာရဲ႕ ေဟာကိန္းက ဘိုင္ယန္ျမဴးနစ္ကို အႏိုင္ယူဖို႔အတြက္ စိတ္ဓာတ္ခြန္အားအပို ျဖစ္လာမွာ ျဖစ္ပါတယ္။

Arsenal Myanmar

Ref: Internet