အာဆင်နယ်နဲ့ပတ်သက်ပြီး နဗီးပြောခဲ့တာကို သဘောမတူဘဲ ငြင်းခုံခဲ့တဲ့ အီယန် ရိုက် 1024 504 coyg

အာဆင်နယ်နဲ့ပတ်သက်ပြီး နဗီးပြောခဲ့တာကို သဘောမတူဘဲ ငြင်းခုံခဲ့တဲ့ အီယန် ရိုက်

အီယန် ရိုက်ဟာ အရင်တုန်းက အာဆင်နယ်နဲ့ပတ်သက်ပြီး ဂယ်ရီ နဗီး ပြောဆိုခဲ့တဲ့ မှတ်ချက်နဲ့ပတ်သက်ပြီး သဘောမတူညီကြောင်း ပြောဆိုလိုက်ပါတယ်။

အာတီတာရဲ့အသင်းဟာ လက်ရှိအချိန် ပရီးမီးယားလိဂ်မှာ အလွန်ကောင်းမွန်တဲ့ ခြေစွမ်းပြသနေပြီး ပြီးခဲ့တဲ့နှစ်ကထက် ပိုမိုကောင်းမွန်တဲ့အသင်းတစ်သင်း ဖြစ်လာနိုင်တယ်ဆိုတဲ့ အတွေးက မှန်ကန်ကြောင်း ပြသနေတာဖြစ်ပါတယ်။ မန်ချက်စတာစီးတီးက ပြီးခဲ့တဲ့ရာသီနှောင်းပိုင်းမှာ အလွန်အားကောင်းခဲ့ပြီး ဝီလီယံ ဆာလီဘာ ဒဏ်ရာရရှိသွားမှုက အာဆင်နယ်တို့အတွက် ကြီးမားတဲ့ ထိုးနှက်ချက်ကြီးဖြစ်ခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဒီရာသီမှာတော့ ပိုမိုအားကောင်းတဲ့ ပွဲထွက် ၁၁ ဦးစာရင်းနဲ့ လူအင်အား ပိုမိုတောင့်တင်းလာမှုကြောင့် အာတီတာအနေနဲ့ တော်တော်လေး ယုံကြည်မှု ရှိနေပြီး အီယန် ရိုက်က ပြီးခဲ့တဲ့ရာသီ ဂန်းနားတွေရဲ့ ဆုဖလားစိန်ခေါ်မှုနဲ့ပတ်သက်ပြီး ဂယ်ရီ နဗီး ပြောခဲ့တဲ့စကားအပေါ် သဘောမတူကြောင်း လက်ရှိမှာ ထုတ်ဖော်ပြောဆိုလိုက်တာဖြစ်ပါတယ်။

အီယန် ရိုက်နဲ့ ဂယ်ရီ နဗီးတို့ဟာ Stick to Football Podcast အစီအစဉ်မှာ စကားပြောဆိုခဲ့ကြပြီး အာဆင်နယ်ဂန္တဝင်က ပြီးခဲ့တဲ့ရာသီတုန်းက ဂယ်ရီ နဗီးရဲ့ အာတီတာရဲ့အသင်းက ငွေလျှောက်ဖြုန်းတယ်လို့ ပြောဆိုမှုကို မပျော်မရွှင်ဖြစ်ခဲ့တာဖြစ်ပါတယ်။

ဂယ်ရီ နဗီးဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ကာရာဘောင်းဗိုလ်လုပွဲမှာ ချဲလ်ဆီးက လီဗာပူးလ်ကို ရှုံးနိမ့်ခဲ့ပြီးနောက် အလားတူပဲ ပြောဆိုခဲ့တာဖြစ်ပြီး အီယန် ရိုက်က ဘောလုံးပြိုင်ပွဲရဲ့ ချို့ယွင်းချက်တိုင်းကို အခုလို ပြောဆိုတာကို သဘောမကျဖြစ်ခဲ့တာဖြစ်ပါတယ်။

“အခုဆိုရင် ခင်ဗျား တစ်ခုခု မလုပ်နိုင်ဘူးဆိုတာနဲ့ အဲဒီလို အပြောခံရတော့မယ့်ပုံပဲ။ အဲဒီလိုမျိုး ခံစားရတယ်။ မနှစ်က အာဆင်နယ် ဘာဖြစ်ခဲ့လဲ ကြည့်လိုက်ပါ။”လို့ အီယန် ရိုက်က ပြောဆိုခဲ့ရာမှာ နဗီးက “မနှစ်က အာဆင်နယ်ကို သူတို့တွေ ငွေတွေသုံးပြီး ဘာမှဖြစ်လာမှာမဟုတ်ဘူးလို့ ကျွန်တော် ပြောခဲ့တယ်။ သူတို့ အဲဒီအတိုင်းဖြစ်ခဲ့တာပဲလေ။ အဲဒါက ကျွန်တော် ခံစားခဲ့ရတဲ့ ခံစားချက်အတိုင်း ပြောခဲ့တာပါ။”လို့ တုံ့ပြန်ခဲ့ပါတယ်။

အီယန်ရိုက်က “ဒါပေမယ့် ဘာကြောင့် သူတို့တွေက အဖျားရှူးသွားမယ်လို့ ခင်ဗျား ပြောလဲ။ ခင်ဗျား ဘာကြောင့် အဲဒီလိုမျိုး တံဆိပ်ကပ်ခဲ့ရတာလဲ”လို့ မေးမြန်းခဲ့ရာမှာ နဗီးက “ခင်ဗျားက ကျွန်တော်တို့ နိုင်မလိုလိုနဲ့ အဖျားရှူးသွားခဲ့တဲ့ အချိန်တွေ ကျွန်တော်တို့ ကစားသမားဘဝမှာ ရှိခဲ့တယ်ဆိုတဲ့အချက်ကို ဘာလို့ နားမဝင်တာလဲ။ အဲဒီလို ဖြစ်ခဲ့တယ်ဆိုတာ ကျွန်တော် ဝန်ခံတယ်။ ခင်ဗျား အေးခဲနေတယ်။ ခင်ဗျားမှာ လေးလံတဲ့ခြေထောက်တွေရှိနေတယ်။ ခင်ဗျားအတွက် အရမ်း မနိုင်ဝန်ထမ်းသလို ဖြစ်လာတယ်။ ကျွန်တော်လည်း အဲဒီလို ဖြစ်ခဲ့ဖူးတာပဲ။”လို့ တုံ့ပြန်ခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရာသီတုန်းက အဖျားရှူးသွားခဲ့ပေမယ့်လည်း ဒီရာသီမှာတော့ အာဆင်နယ်က ဆယ်စုနှစ် ၂ ခုကြာ စောင့်ဆိုင်းခဲ့ရတဲ့ အမှတ်ပေးဖလားကို ရယူသွားနိုင်လိမ့်မယ်လို့ ဂန်းနားပရိသတ်တွေကတော့ မျှော်လင့်နေမှာ သေချာပါတယ်။

Arsenal Myanmar

Ref: Internet

ZAWGYI: အီယန္ ႐ိုက္ဟာ အရင္တုန္းက အာဆင္နယ္နဲ႔ပတ္သက္ၿပီး ဂယ္ရီ နဗီး ေျပာဆိုခဲ့တဲ့ မွတ္ခ်က္နဲ႔ပတ္သက္ၿပီး သေဘာမတူညီေၾကာင္း ေျပာဆိုလိုက္ပါတယ္။

အာတီတာရဲ႕အသင္းဟာ လက္ရွိအခ်ိန္ ပရီးမီးယားလိဂ္မွာ အလြန္ေကာင္းမြန္တဲ့ ေျခစြမ္းျပသေနၿပီး ၿပီးခဲ့တဲ့ႏွစ္ကထက္ ပိုမိုေကာင္းမြန္တဲ့အသင္းတစ္သင္း ျဖစ္လာႏိုင္တယ္ဆိုတဲ့ အေတြးက မွန္ကန္ေၾကာင္း ျပသေနတာျဖစ္ပါတယ္။ မန္ခ်က္စတာစီးတီးက ၿပီးခဲ့တဲ့ရာသီေႏွာင္းပိုင္းမွာ အလြန္အားေကာင္းခဲ့ၿပီး ဝီလီယံ ဆာလီဘာ ဒဏ္ရာရရွိသြားမႈက အာဆင္နယ္တို႔အတြက္ ႀကီးမားတဲ့ ထိုးႏွက္ခ်က္ႀကီးျဖစ္ခဲ့တာ ျဖစ္ပါတယ္။

ဒါေပမယ့္လည္း ဒီရာသီမွာေတာ့ ပိုမိုအားေကာင္းတဲ့ ပြဲထြက္ ၁၁ ဦးစာရင္းနဲ႔ လူအင္အား ပိုမိုေတာင့္တင္းလာမႈေၾကာင့္ အာတီတာအေနနဲ႔ ေတာ္ေတာ္ေလး ယုံၾကည္မႈ ရွိေနၿပီး အီယန္ ႐ိုက္က ၿပီးခဲ့တဲ့ရာသီ ဂန္းနားေတြရဲ႕ ဆုဖလားစိန္ေခၚမႈနဲ႔ပတ္သက္ၿပီး ဂယ္ရီ နဗီး ေျပာခဲ့တဲ့စကားအေပၚ သေဘာမတူေၾကာင္း လက္ရွိမွာ ထုတ္ေဖာ္ေျပာဆိုလိုက္တာျဖစ္ပါတယ္။

အီယန္ ႐ိုက္နဲ႔ ဂယ္ရီ နဗီးတို႔ဟာ Stick to Football Podcast အစီအစဥ္မွာ စကားေျပာဆိုခဲ့ၾကၿပီး အာဆင္နယ္ဂႏၲဝင္က ၿပီးခဲ့တဲ့ရာသီတုန္းက ဂယ္ရီ နဗီးရဲ႕ အာတီတာရဲ႕အသင္းက ေငြေလွ်ာက္ျဖဳန္းတယ္လို႔ ေျပာဆိုမႈကို မေပ်ာ္မ႐ႊင္ျဖစ္ခဲ့တာျဖစ္ပါတယ္။

ဂယ္ရီ နဗီးဟာ ၿပီးခဲ့တဲ့ တနဂၤေႏြေန႔က ကာရာေဘာင္းဗိုလ္လုပြဲမွာ ခ်ဲလ္ဆီးက လီဗာပူးလ္ကို ရႈံးနိမ့္ခဲ့ၿပီးေနာက္ အလားတူပဲ ေျပာဆိုခဲ့တာျဖစ္ၿပီး အီယန္ ႐ိုက္က ေဘာလုံးၿပိဳင္ပြဲရဲ႕ ခ်ိဳ႕ယြင္းခ်က္တိုင္းကို အခုလို ေျပာဆိုတာကို သေဘာမက်ျဖစ္ခဲ့တာျဖစ္ပါတယ္။

“အခုဆိုရင္ ခင္ဗ်ား တစ္ခုခု မလုပ္ႏိုင္ဘူးဆိုတာနဲ႔ အဲဒီလို အေျပာခံရေတာ့မယ့္ပုံပဲ။ အဲဒီလိုမ်ိဳး ခံစားရတယ္။ မႏွစ္က အာဆင္နယ္ ဘာျဖစ္ခဲ့လဲ ၾကည့္လိုက္ပါ။”လို႔ အီယန္ ႐ိုက္က ေျပာဆိုခဲ့ရာမွာ နဗီးက “မႏွစ္က အာဆင္နယ္ကို သူတို႔ေတြ ေငြေတြသုံးၿပီး ဘာမွျဖစ္လာမွာမဟုတ္ဘူးလို႔ ကြၽန္ေတာ္ ေျပာခဲ့တယ္။ သူတို႔ အဲဒီအတိုင္းျဖစ္ခဲ့တာပဲေလ။ အဲဒါက ကြၽန္ေတာ္ ခံစားခဲ့ရတဲ့ ခံစားခ်က္အတိုင္း ေျပာခဲ့တာပါ။”လို႔ တုံ႔ျပန္ခဲ့ပါတယ္။

အီယန္႐ိုက္က “ဒါေပမယ့္ ဘာေၾကာင့္ သူတို႔ေတြက အဖ်ားရႉးသြားမယ္လို႔ ခင္ဗ်ား ေျပာလဲ။ ခင္ဗ်ား ဘာေၾကာင့္ အဲဒီလိုမ်ိဳး တံဆိပ္ကပ္ခဲ့ရတာလဲ”လို႔ ေမးျမန္းခဲ့ရာမွာ နဗီးက “ခင္ဗ်ားက ကြၽန္ေတာ္တို႔ ႏိုင္မလိုလိုနဲ႔ အဖ်ားရႉးသြားခဲ့တဲ့ အခ်ိန္ေတြ ကြၽန္ေတာ္တို႔ ကစားသမားဘဝမွာ ရွိခဲ့တယ္ဆိုတဲ့အခ်က္ကို ဘာလို႔ နားမဝင္တာလဲ။ အဲဒီလို ျဖစ္ခဲ့တယ္ဆိုတာ ကြၽန္ေတာ္ ဝန္ခံတယ္။ ခင္ဗ်ား ေအးခဲေနတယ္။ ခင္ဗ်ားမွာ ေလးလံတဲ့ေျခေထာက္ေတြရွိေနတယ္။ ခင္ဗ်ားအတြက္ အရမ္း မႏိုင္ဝန္ထမ္းသလို ျဖစ္လာတယ္။ ကြၽန္ေတာ္လည္း အဲဒီလို ျဖစ္ခဲ့ဖူးတာပဲ။”လို႔ တုံ႔ျပန္ခဲ့တာျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ရာသီတုန္းက အဖ်ားရႉးသြားခဲ့ေပမယ့္လည္း ဒီရာသီမွာေတာ့ အာဆင္နယ္က ဆယ္စုႏွစ္ ၂ ခုၾကာ ေစာင့္ဆိုင္းခဲ့ရတဲ့ အမွတ္ေပးဖလားကို ရယူသြားႏိုင္လိမ့္မယ္လို႔ ဂန္းနားပရိသတ္ေတြကေတာ့ ေမွ်ာ္လင့္ေနမွာ ေသခ်ာပါတယ္။

Arsenal Myanmar

Ref: Internet