အာဆင်နယ်က အပြောင်းအရွှေ့အမှားကြီး လုပ်ခဲ့မိတယ်လို့ ဝေဖန်ခဲ့တဲ့ နောက်ခံလူဟောင်း
အာဆင်နယ်ဟာ ဂရာနစ် ချာကာကို လေဗာကူဆင်အသင်းဆီ ရောင်းထုတ်လိုက်တာက မှားယွင်းတဲ့ အပြောင်းအရွှေ့ လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ နောက်ခံလူဟောင်း ဆန်းဒရို့စ်က ပြောဆိုခဲ့ပါတယ်။
အာဆင်နယ်အတွက် ၂၀၀၃ ခုနှစ်ကနေ ၂၀၁၀ အထိ ကစားပေးခဲ့တဲ့ ဆန်းဒရို့စ်က ပြီးခဲ့တဲ့ နွေရာသီမှာ အမ်းမရိတ်စ်ကနေ ချာကာ ထွက်ခွာသွားတာကို မြင်တွေ့ခဲ့ရတဲ့အတွက် စိတ်ပျက်ခဲ့တာဖြစ်ပါတယ်။
ချာကာဟာ ၂၀၂၂-၂၀၂၃ ရာသီ အာဆင်နယ်ရဲ့ ဆုဖလားစိန်ခေါ်မှုမှာ အဓိကကျတဲ့အခန်းကဏ္ဍကနေ ပါဝင်ကစားပေးခဲ့သူဖြစ်ပြီး လေဗာကူဆင်နဲ့ ပွဲဦးထွက်ရာသီမှာပဲ အလွန်ဆိုရဲ့အသင်းကို ဘွန်ဒက်စ်လီဂါချန်ပီယံဖြစ်အောင် ကူညီပေးနိုင်ခဲ့တာဖြစ်ပါတယ်။
“ခင်ဗျားအသင်းမှာ ဒီလိုကစားသမားမျိုးကို အမြဲတမ်း လိုချင်မှာပါ။ ဘာလို့လဲဆိုတော့ သူက ခေါင်းဆောင်ဖြစ်ပြီး လှုံ့ဆော်ပေးနိုင်စွမ်းရှိတဲ့သူမျိုးမို့လို့ပါ။ အရာအားလုံးခက်ခဲနေတဲ့အချိန်မှာ ဒီလိုလူမျိုးက လိုအပ်တယ်။ ဒါပေမယ့် သူ ပြောင်းသွားတော့လည်း သူ့ကစားသမားဘဝအတွက် အံ့အားသင့်စရာတွေ ဖြစ်ခဲ့တယ်။ နည်းပြသစ်ရခဲ့တယ်။ အသင်းသစ်ရခဲ့ပြီး ဒီနှစ်မှာ သူတို့တွေ အရမ်းကို အောင်မြင်ခဲ့ကြတယ်။ အဲဒီတော့ သူ့အတွက် ပုဂ္ဂိုလ်ရေးအရတော့ အရမ်းပျော်ရွှင်မိပါတယ်။ ဒါပေမယ့် အာဆင်နယ်ပရိသတ်တစ်ယောက်အနေနဲ့တော့ ဒီလိုကစားသမားမျိုး အမြဲတမ်းထိန်းသိမ်းထားစေချင်ခဲ့တာပါ။အသင်းထဲမှာ အရည်အသွေးရှိတဲ့ကစားသမားတွေ အမြဲရှိစေချင်တယ်။ ချာကာက အာဆင်နယ်အတွက အရမ်းကောင်းခဲ့တယ်။ အားလုံးက သူ ထွက်သွားတဲ့အချိန်မှာ သူ့ကိုယ်သူ ကိုင်တွယ်ခဲ့တဲ့ပုံစံကြောင့် လေးစားခဲ့ကြမယ်လို့ ထင်ပါတယ်”လို့ ပြောဆိုခဲ့ပါတယ်။
Arsenal Myanmar
Ref: Internet
ZAWGYI:
အာဆင္နယ္ဟာ ဂရာနစ္ ခ်ာကာကို ေလဗာကူဆင္အသင္းဆီ ေရာင္းထုတ္လိုက္တာက မွားယြင္းတဲ့ အေျပာင္းအေ႐ႊ႕ လုပ္ေဆာင္ခဲ့တာျဖစ္တယ္လို႔ ေနာက္ခံလူေဟာင္း ဆန္းဒ႐ို႕စ္က ေျပာဆိုခဲ့ပါတယ္။
အာဆင္နယ္အတြက္ ၂၀၀၃ ခုႏွစ္ကေန ၂၀၁၀ အထိ ကစားေပးခဲ့တဲ့ ဆန္းဒ႐ို႕စ္က ၿပီးခဲ့တဲ့ ေႏြရာသီမွာ အမ္းမရိတ္စ္ကေန ခ်ာကာ ထြက္ခြာသြားတာကို ျမင္ေတြ႕ခဲ့ရတဲ့အတြက္ စိတ္ပ်က္ခဲ့တာျဖစ္ပါတယ္။
ခ်ာကာဟာ ၂၀၂၂-၂၀၂၃ ရာသီ အာဆင္နယ္ရဲ႕ ဆုဖလားစိန္ေခၚမႈမွာ အဓိကက်တဲ့အခန္းက႑ကေန ပါဝင္ကစားေပးခဲ့သူျဖစ္ၿပီး ေလဗာကူဆင္နဲ႔ ပြဲဦးထြက္ရာသီမွာပဲ အလြန္ဆိုရဲ႕အသင္းကို ဘြန္ဒက္စ္လီဂါခ်န္ပီယံျဖစ္ေအာင္ ကူညီေပးႏိုင္ခဲ့တာျဖစ္ပါတယ္။
“ခင္ဗ်ားအသင္းမွာ ဒီလိုကစားသမားမ်ိဳးကို အၿမဲတမ္း လိုခ်င္မွာပါ။ ဘာလို႔လဲဆိုေတာ့ သူက ေခါင္းေဆာင္ျဖစ္ၿပီး လႈံ႕ေဆာ္ေပးႏိုင္စြမ္းရွိတဲ့သူမ်ိဳးမို႔လို႔ပါ။ အရာအားလုံးခက္ခဲေနတဲ့အခ်ိန္မွာ ဒီလိုလူမ်ိဳးက လိုအပ္တယ္။ ဒါေပမယ့္ သူ ေျပာင္းသြားေတာ့လည္း သူ႔ကစားသမားဘဝအတြက္ အံ့အားသင့္စရာေတြ ျဖစ္ခဲ့တယ္။ နည္းျပသစ္ရခဲ့တယ္။ အသင္းသစ္ရခဲ့ၿပီး ဒီႏွစ္မွာ သူတို႔ေတြ အရမ္းကို ေအာင္ျမင္ခဲ့ၾကတယ္။ အဲဒီေတာ့ သူ႔အတြက္ ပုဂၢိဳလ္ေရးအရေတာ့ အရမ္းေပ်ာ္႐ႊင္မိပါတယ္။ ဒါေပမယ့္ အာဆင္နယ္ပရိသတ္တစ္ေယာက္အေနနဲ႔ေတာ့ ဒီလိုကစားသမားမ်ိဳး အၿမဲတမ္းထိန္းသိမ္းထားေစခ်င္ခဲ့တာပါ။အသင္းထဲမွာ အရည္အေသြးရွိတဲ့ကစားသမားေတြ အၿမဲရွိေစခ်င္တယ္။ ခ်ာကာက အာဆင္နယ္အတြက အရမ္းေကာင္းခဲ့တယ္။ အားလုံးက သူ ထြက္သြားတဲ့အခ်ိန္မွာ သူ႔ကိုယ္သူ ကိုင္တြယ္ခဲ့တဲ့ပုံစံေၾကာင့္ ေလးစားခဲ့ၾကမယ္လို႔ ထင္ပါတယ္”လို႔ ေျပာဆိုခဲ့ပါတယ္။
Arsenal Myanmar
Ref: Internet
- Posted In:
- Team News