အမ်ဘာပေအပါအဝင် ဇန်နဝါရီမှာ ဂန်းနားတို့ အလွတ်နဲ့ခေါ်နိုင်မယ့် ကြယ်ပွင့် ၄ ဦး
ဇန်နဝါရီအပြောင်းအရွှေ့စျေးကွက်ဖွင့်လှစ်ဖို့က ရက်အနည်းငယ်သာ လိုအပ်တော့တာဖြစ်ပြီး ပရီးမီးယားလိဂ်ရဲ့ အရေးကြီးတဲ့ကာလကို ရောက်လာပြီဆိုတဲ့ အမှတ်အသားဖြစ်ပါတယ်။
ဆောင်းရာသီစျေးကွက်ဟာ အသင်းတွေကို ရာသီဝက်ကစားပြီးချိန်မှာ လိုအပ်တဲ့နေရာတွေကို အင်အားဖြည့်တင်းခွင့်ပေးပြီး ရာသီကုန်မှာ ရည်မှန်းချက် ပန်းတိုင်ကို ရောက်ရှိစေမှာ ဖြစ်ပါတယ်။ အာဆင်နယ်အတွက်ကတော့ ပရီးမီးယားလိဂ်ဖလားကို ဆယ်စုနှစ် ၂ ခုကျော်အကြာမှာ ပြန်လည်ရယူချင်နေတယ်ဆိုတာ ရှင်းလင်းနေပြီး ချန်ပီယံလိဂ်နဲ့အက်ဖ်အေပြိုင်ပွဲတို့မှာလည်း ပါဝင်ယှဉ်ပြိုင်နေဆဲဖြစ်ပါတယ်။
ဒါကြောင့် အာဆင်နယ်အနေနဲ့ များပြားတဲ့ပွဲစဉ်တွေကို ယှဉ်ပြိုင်ကစားနိုင်ဖို့ မျက်နှာသစ်ကစားသမားတွေ ဇန်နဝါရီလမှာ ခေါ်ယူဖို့ မဖြစ်မနေ လိုအပ်တယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပြီး ဂန်းနားတွေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်မယ့် ကြယ်ပွင့်ကစားသမားတွေက ၄ ဦးအထိ ရှိနေပါတယ်။
၁။ ခီလီယန် အမ်ဘာပေ
ပီအက်စ်ဂျီနဲ့ တစ်နှစ်စာချုပ်သက်တမ်းမတိုးဖို့ ဆုံးဖြတ်ခဲ့တဲ့ အမ်ဘာပေဟာ အခုဆိုရင် စာချုပ်သက်တမ်း နောက်ဆုံးလအနည်းငယ်အတွင်းကို ဝင်ရောက်နေပြီဖြစ်ပြီး ပြင်သစ်တိုက်စစ်မှူးဟာ ပြီးခဲ့တဲ့နှစ်တွေကတည်းက အကြီးမားဆုံးအပြောင်းအရွှေ့ဇာတ်လမ်းတွေထဲမှာ ပါဝင်ခဲ့သူဖြစ်ပါတယ်။ ဒါပေမယ့်လည်း နောက်ဆုံးမှာ ပီအက်စ်ဂျီနဲ့ စာချုပ်သစ် ချုပ်ဆိုသွားပြီး ဥရောပထိပ်တန်းအသင်းကြီးတွေကို အရူးလုပ်ခဲ့သူဖြစ်ပေမယ့် ဒီတစ်ကြိမ်မှာတော့ အရင်ကနဲ့မတူတော့ပါဘူး။ အမ်ဘာပေကို ခေါ်ယူမယ်ဆိုရင် ကြီးမားတဲ့ ငွေကြေးအင်အားပိုင်ဆိုင်ထားဖို့ လိုအပ်မှာဖြစ်ပေမယ့်လည်း အာဆင်နယ်ဟာ ကမ္ဘာပေါ်ကအကောင်းဆုံးကစားသမားတွေထဲက တစ်ဦးကို တပြားမှ မပေးဘဲ ခေါ်ယူနိုင်မယ့်အခွင့်အရေးရှိနေတာဖြစ်ပါတယ်။ အမ်ဘာပေကိုသာ အလွတ်နဲ့ ခေါ်ယူဖို့ အကြိုသဘောတူစာချုပ်ချုပ်ဆိုနိုင်ခဲ့မယ်ဆိုရင် အာဆင်နယ်ဟာ ပြီးပြည့်စုံတဲ့အသင်းဖြစ်လာမှာ အသေအချာပဲဖြစ်ပြီး ပရီးမီးယားလိဂ်မှာရော ချန်ပီယံလိဂ်မှာပါ အောင်ပွဲတွေ ရယူနိုင်ဖို့ ပိုမိုသေချာသွားမှာဖြစ်ပါတယ်။
၂။ အက်ဒရီယန် ရာဘီယို
ကွင်းလယ်နေရာဟာ လာမယ့်လမှာ အာဆင်နယ် အင်အားဖြည့်တင်းနိုင်တဲ့ နေရာတွေထဲက တစ်ခုဖြစ်ပြီး ဂျူဗင်တပ်ကြယ်ပွင့် ရာဘီယိုဟာ စာချုပ်သက်တမ်းကုန်ဆုံးဖို့ နီးစပ်နေသူဖြစ်ပါတယ်။ အသက် ၂၈ နှစ်အရွယ် ပြင်သစ်ကွင်းလယ်လူဟာ ကစားသမားဘဝ အကောင်းဆုံးအချိန်နားရောက်နေချိန်မှာ ပရီးမီးယားလိဂ်ကို ပြောင်းရွှေ့ဖို့ သတင်းတွေ အဆက်အပြတ်ထွက်ပေါ်နေတာဖြစ်ပြီး လာမယ့်နှစ်တွေမှာ အကောင်းဆုံးနှစ်တွေပိုင်ဆိုင်တော့မယ့် ကြယ်ပွင့်ကစားသမားတစ်ဦးကို ဂန်းနားတို့ ခေါ်ယူဖို့ အခွင့်အရေးရှိနေတာဖြစ်ပါတယ်။
၃။ နီကို ဝီလီယံစ်
အာဆင်နယ်သာ ဘူကာယို ဆာကာရဲ့နေရာမှာ အရန်သင့်သုံးဖို့ နောက်ထပ်ရွေးချယ်စရာရှာဖွေနေတယ်ဆိုရင် အနာဂတ်မှာ အကြီးမားဆုံးကြယ်ပွင့်ဖြစ်လာနိုင်တဲ့ကစားသမားကို ခေါ်ယူနိုင်မယ့်အခွင့်အရေးရှိနေပါတယ်။ နီကို ဝီလီယံစ်ဟာ အနာဂတ်မှာ ကြီးမားတဲ့ အောင်မြင်မှုတွေ ရရှိနိုင်တဲ့ ကစားသမားအဖြစ် တစ်ကြိုပေးခံခဲ့ရပြီး အသက် ၂၁ နှစ်အရွယ် တောင်ပံကစားသမားဟာ အက်သလက်တစ် ဘီလ်ဘာအိုမှာ အထင်ကြီးဖွယ်ခြေစွမ်း ပြသနေသူဖြစ်ပါတယ်။ စပိန်လက်ရွေးစင်အသင်းအတွက်လည်း ၁၁ ပွဲအထိ ပါဝင်ကစားပေးထားပြီးဖြစ်တာကြောင့် နီကို ဝီလီယံစ်ကို ဂန်းနားတို့ ခေါ်ထားလိုက်ရင် ဘယ်လိုမှ မမှားနိုင်ပါဘူး။
၄။ ပရက်စ်နယ် ကင်ပန်ဘီ
ဒီလာမယ့် နွေရာသီမှာ ပီအက်စ်ဂျီကနေ နောက်ထပ်ခေါ်ယူလို့ရနိုင်မယ့် ကြယ်ပွင့်ကတော့ နောက်ခံလူ ကင်ပန်ဘီဖြစ်ပြီး ကစားသမားဘဝမှာ ဆုဖလားပေါင်းများစွာကို ဆွတ်ခူးထားနိုင်ခဲ့တဲ့ကစားသမားပါ။ ကင်ပန်ဘီဟာ ဘယ်လိုအသင်းမျိုးအတွက်မဆို ဗဟိုခံစစ်နေရာအတွက် အဆင့်မြှင့်တင်မှု ဖြစ်လာမယ့်သူဖြစ်ပြီး ကစားသမားဘဝ အကောင်းဆုံးအချိန်နားကိုလည်း ရောက်ရှိနေသူဖြစ်ပါတယ်။
Arsenal Myanmar
Ref: Internet
ZAWGYI: ဇန္နဝါရီအေျပာင္းအေ႐ႊ႕ေစ်းကြက္ဖြင့္လွစ္ဖို႔က ရက္အနည္းငယ္သာ လိုအပ္ေတာ့တာျဖစ္ၿပီး ပရီးမီးယားလိဂ္ရဲ႕ အေရးႀကီးတဲ့ကာလကို ေရာက္လာၿပီဆိုတဲ့ အမွတ္အသားျဖစ္ပါတယ္။
ေဆာင္းရာသီေစ်းကြက္ဟာ အသင္းေတြကို ရာသီဝက္ကစားၿပီးခ်ိန္မွာ လိုအပ္တဲ့ေနရာေတြကို အင္အားျဖည့္တင္းခြင့္ေပးၿပီး ရာသီကုန္မွာ ရည္မွန္းခ်က္ ပန္းတိုင္ကို ေရာက္ရွိေစမွာ ျဖစ္ပါတယ္။ အာဆင္နယ္အတြက္ကေတာ့ ပရီးမီးယားလိဂ္ဖလားကို ဆယ္စုႏွစ္ ၂ ခုေက်ာ္အၾကာမွာ ျပန္လည္ရယူခ်င္ေနတယ္ဆိုတာ ရွင္းလင္းေနၿပီး ခ်န္ပီယံလိဂ္နဲ႔အက္ဖ္ေအၿပိဳင္ပြဲတို႔မွာလည္း ပါဝင္ယွဥ္ၿပိဳင္ေနဆဲျဖစ္ပါတယ္။
ဒါေၾကာင့္ အာဆင္နယ္အေနနဲ႔ မ်ားျပားတဲ့ပြဲစဥ္ေတြကို ယွဥ္ၿပိဳင္ကစားႏိုင္ဖို႔ မ်က္ႏွာသစ္ကစားသမားေတြ ဇန္နဝါရီလမွာ ေခၚယူဖို႔ မျဖစ္မေန လိုအပ္တယ္ဆိုတဲ့အဓိပၸာယ္ျဖစ္ၿပီး ဂန္းနားေတြ အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ေခၚယူႏိုင္မယ့္ ၾကယ္ပြင့္ကစားသမားေတြက ၄ ဦးအထိ ရွိေနပါတယ္။
၁။ ခီလီယန္ အမ္ဘာေပ
ပီအက္စ္ဂ်ီနဲ႔ တစ္ႏွစ္စာခ်ဳပ္သက္တမ္းမတိုးဖို႔ ဆုံးျဖတ္ခဲ့တဲ့ အမ္ဘာေပဟာ အခုဆိုရင္ စာခ်ဳပ္သက္တမ္း ေနာက္ဆုံးလအနည္းငယ္အတြင္းကို ဝင္ေရာက္ေနၿပီျဖစ္ၿပီး ျပင္သစ္တိုက္စစ္မႉးဟာ ၿပီးခဲ့တဲ့ႏွစ္ေတြကတည္းက အႀကီးမားဆုံးအေျပာင္းအေ႐ႊ႕ဇာတ္လမ္းေတြထဲမွာ ပါဝင္ခဲ့သူျဖစ္ပါတယ္။ ဒါေပမယ့္လည္း ေနာက္ဆုံးမွာ ပီအက္စ္ဂ်ီနဲ႔ စာခ်ဳပ္သစ္ ခ်ဳပ္ဆိုသြားၿပီး ဥေရာပထိပ္တန္းအသင္းႀကီးေတြကို အ႐ူးလုပ္ခဲ့သူျဖစ္ေပမယ့္ ဒီတစ္ႀကိမ္မွာေတာ့ အရင္ကနဲ႔မတူေတာ့ပါဘူး။ အမ္ဘာေပကို ေခၚယူမယ္ဆိုရင္ ႀကီးမားတဲ့ ေငြေၾကးအင္အားပိုင္ဆိုင္ထားဖို႔ လိုအပ္မွာျဖစ္ေပမယ့္လည္း အာဆင္နယ္ဟာ ကမာၻေပၚကအေကာင္းဆုံးကစားသမားေတြထဲက တစ္ဦးကို တျပားမွ မေပးဘဲ ေခၚယူႏိုင္မယ့္အခြင့္အေရးရွိေနတာျဖစ္ပါတယ္။ အမ္ဘာေပကိုသာ အလြတ္နဲ႔ ေခၚယူဖို႔ အႀကိဳသေဘာတူစာခ်ဳပ္ခ်ဳပ္ဆိုႏိုင္ခဲ့မယ္ဆိုရင္ အာဆင္နယ္ဟာ ၿပီးျပည့္စုံတဲ့အသင္းျဖစ္လာမွာ အေသအခ်ာပဲျဖစ္ၿပီး ပရီးမီးယားလိဂ္မွာေရာ ခ်န္ပီယံလိဂ္မွာပါ ေအာင္ပြဲေတြ ရယူႏိုင္ဖို႔ ပိုမိုေသခ်ာသြားမွာျဖစ္ပါတယ္။
၂။ အက္ဒရီယန္ ရာဘီယို
ကြင္းလယ္ေနရာဟာ လာမယ့္လမွာ အာဆင္နယ္ အင္အားျဖည့္တင္းႏိုင္တဲ့ ေနရာေတြထဲက တစ္ခုျဖစ္ၿပီး ဂ်ဴဗင္တပ္ၾကယ္ပြင့္ ရာဘီယိုဟာ စာခ်ဳပ္သက္တမ္းကုန္ဆုံးဖို႔ နီးစပ္ေနသူျဖစ္ပါတယ္။ အသက္ ၂၈ ႏွစ္အ႐ြယ္ ျပင္သစ္ကြင္းလယ္လူဟာ ကစားသမားဘဝ အေကာင္းဆုံးအခ်ိန္နားေရာက္ေနခ်ိန္မွာ ပရီးမီးယားလိဂ္ကို ေျပာင္းေ႐ႊ႕ဖို႔ သတင္းေတြ အဆက္အျပတ္ထြက္ေပၚေနတာျဖစ္ၿပီး လာမယ့္ႏွစ္ေတြမွာ အေကာင္းဆုံးႏွစ္ေတြပိုင္ဆိုင္ေတာ့မယ့္ ၾကယ္ပြင့္ကစားသမားတစ္ဦးကို ဂန္းနားတို႔ ေခၚယူဖို႔ အခြင့္အေရးရွိေနတာျဖစ္ပါတယ္။
၃။ နီကို ဝီလီယံစ္
အာဆင္နယ္သာ ဘူကာယို ဆာကာရဲ႕ေနရာမွာ အရန္သင့္သုံးဖို႔ ေနာက္ထပ္ေ႐ြးခ်ယ္စရာရွာေဖြေနတယ္ဆိုရင္ အနာဂတ္မွာ အႀကီးမားဆုံးၾကယ္ပြင့္ျဖစ္လာႏိုင္တဲ့ကစားသမားကို ေခၚယူႏိုင္မယ့္အခြင့္အေရးရွိေနပါတယ္။ နီကို ဝီလီယံစ္ဟာ အနာဂတ္မွာ ႀကီးမားတဲ့ ေအာင္ျမင္မႈေတြ ရရွိႏိုင္တဲ့ ကစားသမားအျဖစ္ တစ္ႀကိဳေပးခံခဲ့ရၿပီး အသက္ ၂၁ ႏွစ္အ႐ြယ္ ေတာင္ပံကစားသမားဟာ အက္သလက္တစ္ ဘီလ္ဘာအိုမွာ အထင္ႀကီးဖြယ္ေျခစြမ္း ျပသေနသူျဖစ္ပါတယ္။ စပိန္လက္ေ႐ြးစင္အသင္းအတြက္လည္း ၁၁ ပြဲအထိ ပါဝင္ကစားေပးထားၿပီးျဖစ္တာေၾကာင့္ နီကို ဝီလီယံစ္ကို ဂန္းနားတို႔ ေခၚထားလိုက္ရင္ ဘယ္လိုမွ မမွားႏိုင္ပါဘူး။
၄။ ပရက္စ္နယ္ ကင္ပန္ဘီ
ဒီလာမယ့္ ေႏြရာသီမွာ ပီအက္စ္ဂ်ီကေန ေနာက္ထပ္ေခၚယူလို႔ရႏိုင္မယ့္ ၾကယ္ပြင့္ကေတာ့ ေနာက္ခံလူ ကင္ပန္ဘီျဖစ္ၿပီး ကစားသမားဘဝမွာ ဆုဖလားေပါင္းမ်ားစြာကို ဆြတ္ခူးထားႏိုင္ခဲ့တဲ့ကစားသမားပါ။ ကင္ပန္ဘီဟာ ဘယ္လိုအသင္းမ်ိဳးအတြက္မဆို ဗဟိုခံစစ္ေနရာအတြက္ အဆင့္ျမႇင့္တင္မႈ ျဖစ္လာမယ့္သူျဖစ္ၿပီး ကစားသမားဘဝ အေကာင္းဆုံးအခ်ိန္နားကိုလည္း ေရာက္ရွိေနသူျဖစ္ပါတယ္။
Arsenal Myanmar
Ref: Internet
- Posted In:
- Team News