အမ်ဘာပေကို ခေါ်ယူနိုင်ခြေ ဘယ်လောက်ရှိလဲ သိလိုက်ရတဲ့ အာဆင်နယ်
ဇန်နဝါရီအပြောင်းအရွှေ့ကာလ ၃ ရက်မြောက်နေ့မှာ အာဆင်နယ်နဲ့ ကစားသမားအချို့ သတင်းတွေ ဆက်လက်ထွက်ပေါ်နေပြီး ကစားသမားအနည်းငယ်လည်း အသင်းကို စွန့်ခွာရနိုင်ခြေရှိနေပါတယ်။
အာတီတာဟာ ဒီရာသီမှာ အဓိကပြဿနာဖြစ်နေတဲ့ တိုက်စစ်ကို အင်အားဖြည့်တင်းချင်နေပြီး အဆုံးသတ်နဲ့ တိုးအားရုန်းအားကောင်းမယ့် တိုက်စစ်မှူးမျိုး မဖြစ်မနေ ခေါ်ယူသွားဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။
အာဆင်နယ်နဲ့ သတင်းထွက်ပေါ်နေတဲ့ တိုက်စစ်မှူးတွေထဲမှာ ပီအက်စ်ဂျီကြယ်ပွင့်တိုက်စစ်မှူး အမ်ဘာပေလည်း ပါဝင်နေခဲ့ပေမယ့်လည်း အာဆင်နယ်အနေနဲ့ ပီအက်စ်ဂျီကနေ ယခုရာသီကုန်မှာ အလွတ်နဲ့ ထွက်ခွာခွင့်ရတော့မယ့် အမ်ဘာပေကို ခေါ်ယူဖို့ မဖြစ်နိုင်ဘူးလို့ ဂျာနယ်လစ် ဆမ် ဒင်းက သုံးသပ်ခဲ့ပါတယ်။
“ကျွန်တော်တို့ အမ်ဘာပေ အပြောင်းအရွှေ့ကိစ္စကို ဖြေရှင်းကြမလား။ အားလုံးက သူ တောင်းဆိုမယ့် လစာပမာဏနဲ့ အာဆင်နယ်ရဲ့ လစာပေးချေတဲ့ပုံစံကြောင့် မဖြစ်နိုင်ဘူးဆိုတာ သိနေကြမယ်လို့ ကျွန်တော် ထင်တယ်။ ဟုတ်ပါတယ်။ ပြောင်းရွှေ့ကြေးပေးစရာမလိုဘူး။ ဒါပေမယ့် အလွတ်နဲ့ အမ်ဘာပေကို ခေါ်ဖို့အတွက် လက်မှတ်ထိုးကြေးက ကြီးမားလိမ့်မယ်ဆိုတာ ကျွန်တော် တွေးကြည့်လို့ရပါတယ်။ ဒါပေမယ့် အခု ဘဏ္ဍာရေးပိုင်း ပကတိအခြေအနေကို ခဏထားလိုက်ပါဦး။ ကျွန်တော် အမ်ဘာပေရဲ့အခြေအနေနဲ့ပတ်သက်ပြီး ပြောရမှာတစ်ခုက သူသာ ဥရောပက ကလပ်အသင်းတွေထဲက သူ သွားလို့ရနိုင်မယ့် အသင်းကို ရှာဖွေမယ်ဆိုရင် များများစားစား မရှိပါဘူး”
“အာဆင်နယ်က သူ ပြောင်းရွှေ့ချင်မယ့်အသင်းတွေစာရင်းထဲမှာ ပါပါလိမ့်မယ်။ ငယ်ရွယ်ပြီး ခြေစွမ်းပိုင်း တိုးတက်လာနေတဲ့ လူစာရင်း၊ သီယာရီ အွန်နရီ ကစားခဲ့တဲ့အသင်းဖြစ်နေတဲ့အချက်တွေကြောင့် အာဆင်နယ်ကို ရွေးချယ်ချင်စရာအချက်တွေ အများကြီးရှိပါတယ်။ အခုအချိန်မှာ ဒီဆွဲငင်အားက ကြီးမားပါတယ်။ ဒါပေမယ့် လစာတစ်ခုတည်းနဲ့တင် ဒီအပြောင်းအရွှေ့ဖြစ်လာနိုင်မလားဆိုတာကို တွေးကြည့်ဖို့ ခက်ခဲပါတယ်။ အဲဒီတော့ ကျွန်တော်ကတော့ ဖြစ်လာနိုင်တဲ့အပြောင်းအရွှေ့တစ်ခုလို့ မမြင်ပါဘူး”လို့ ပြောကြားခဲ့ပါတယ်။
Arsenal Myanmar
Ref: Internet
ZAWGYI: ဇန္နဝါရီအေျပာင္းအေ႐ႊ႕ကာလ ၃ ရက္ေျမာက္ေန႔မွာ အာဆင္နယ္နဲ႔ ကစားသမားအခ်ိဳ႕ သတင္းေတြ ဆက္လက္ထြက္ေပၚေနၿပီး ကစားသမားအနည္းငယ္လည္း အသင္းကို စြန႔္ခြာရႏိုင္ေျခရွိေနပါတယ္။
အာတီတာဟာ ဒီရာသီမွာ အဓိကျပႆနာျဖစ္ေနတဲ့ တိုက္စစ္ကို အင္အားျဖည့္တင္းခ်င္ေနၿပီး အဆုံးသတ္နဲ႔ တိုးအား႐ုန္းအားေကာင္းမယ့္ တိုက္စစ္မႉးမ်ိဳး မျဖစ္မေန ေခၚယူသြားဖို႔ လိုအပ္ေနတာ ျဖစ္ပါတယ္။
အာဆင္နယ္နဲ႔ သတင္းထြက္ေပၚေနတဲ့ တိုက္စစ္မႉးေတြထဲမွာ ပီအက္စ္ဂ်ီၾကယ္ပြင့္တိုက္စစ္မႉး အမ္ဘာေပလည္း ပါဝင္ေနခဲ့ေပမယ့္လည္း အာဆင္နယ္အေနနဲ႔ ပီအက္စ္ဂ်ီကေန ယခုရာသီကုန္မွာ အလြတ္နဲ႔ ထြက္ခြာခြင့္ရေတာ့မယ့္ အမ္ဘာေပကို ေခၚယူဖို႔ မျဖစ္ႏိုင္ဘူးလို႔ ဂ်ာနယ္လစ္ ဆမ္ ဒင္းက သုံးသပ္ခဲ့ပါတယ္။
“ကြၽန္ေတာ္တို႔ အမ္ဘာေပ အေျပာင္းအေ႐ႊ႕ကိစၥကို ေျဖရွင္းၾကမလား။ အားလုံးက သူ ေတာင္းဆိုမယ့္ လစာပမာဏနဲ႔ အာဆင္နယ္ရဲ႕ လစာေပးေခ်တဲ့ပုံစံေၾကာင့္ မျဖစ္ႏိုင္ဘူးဆိုတာ သိေနၾကမယ္လို႔ ကြၽန္ေတာ္ ထင္တယ္။ ဟုတ္ပါတယ္။ ေျပာင္းေ႐ႊ႕ေၾကးေပးစရာမလိုဘူး။ ဒါေပမယ့္ အလြတ္နဲ႔ အမ္ဘာေပကို ေခၚဖို႔အတြက္ လက္မွတ္ထိုးေၾကးက ႀကီးမားလိမ့္မယ္ဆိုတာ ကြၽန္ေတာ္ ေတြးၾကည့္လို႔ရပါတယ္။ ဒါေပမယ့္ အခု ဘ႑ာေရးပိုင္း ပကတိအေျခအေနကို ခဏထားလိုက္ပါဦး။ ကြၽန္ေတာ္ အမ္ဘာေပရဲ႕အေျခအေနနဲ႔ပတ္သက္ၿပီး ေျပာရမွာတစ္ခုက သူသာ ဥေရာပက ကလပ္အသင္းေတြထဲက သူ သြားလို႔ရႏိုင္မယ့္ အသင္းကို ရွာေဖြမယ္ဆိုရင္ မ်ားမ်ားစားစား မရွိပါဘူး”
“အာဆင္နယ္က သူ ေျပာင္းေ႐ႊ႕ခ်င္မယ့္အသင္းေတြစာရင္းထဲမွာ ပါပါလိမ့္မယ္။ ငယ္႐ြယ္ၿပီး ေျခစြမ္းပိုင္း တိုးတက္လာေနတဲ့ လူစာရင္း၊ သီယာရီ အြန္နရီ ကစားခဲ့တဲ့အသင္းျဖစ္ေနတဲ့အခ်က္ေတြေၾကာင့္ အာဆင္နယ္ကို ေ႐ြးခ်ယ္ခ်င္စရာအခ်က္ေတြ အမ်ားႀကီးရွိပါတယ္။ အခုအခ်ိန္မွာ ဒီဆြဲငင္အားက ႀကီးမားပါတယ္။ ဒါေပမယ့္ လစာတစ္ခုတည္းနဲ႔တင္ ဒီအေျပာင္းအေ႐ႊ႕ျဖစ္လာႏိုင္မလားဆိုတာကို ေတြးၾကည့္ဖို႔ ခက္ခဲပါတယ္။ အဲဒီေတာ့ ကြၽန္ေတာ္ကေတာ့ ျဖစ္လာႏိုင္တဲ့အေျပာင္းအေ႐ႊ႕တစ္ခုလို႔ မျမင္ပါဘူး”လို႔ ေျပာၾကားခဲ့ပါတယ္။
Arsenal Myanmar
Ref: Internet
- Posted In:
- Team News
- Transfer News