အပျင်းကြီးပြီး စိတ်ပျက်ဖွယ်ကစားသမားလို့ ဝန်ခံခဲ့တဲ့ ဆာလီဘာ 644 361 coyg

အပျင်းကြီးပြီး စိတ်ပျက်ဖွယ်ကစားသမားလို့ ဝန်ခံခဲ့တဲ့ ဆာလီဘာ

အာဆင်နယ်နောက်ခံလူ ဝီလီယံ ဆာလီဘာဟာ ဂန်းနားတွေဆီကို မပြောင်းရွှေ့မီ အသင်းဟောင်းတွေထဲက တစ်သင်းမှာတုန်းက အပျင်းကြီးပြီး စိတ်ပျက်စရာကောင်းတဲ့ကစားသမားဖြစ်ခဲ့တယ်လို့ ဝန်ခံပြောကြားခဲ့ပါတယ်။

အသက် ၂၂ နှစ်အရွယ် ပြင်သစ်နောက်ခံလူဟာ လွန်ခဲ့တဲ့ ၄ နှစ်က အမ်းမရိတ်စ်ကို ပြောင်းရွှေ့လာခဲ့သူဖြစ်ပေမယ့်လည်း အငှားကစားသမားအဖြစ် ဆက်တိုက် ထွက်ကစားခဲ့ရပြီးနောက် ပြီးခဲ့တဲ့ရာသီကမှ အာဆင်နယ် ပွဲထွက်လူစာရင်းထဲမှာ တစ်နေရာ ရရှိခဲ့တာ ဖြစ်ပါတယ်။

ဆာလီဘာဟာ စန်အီတျန်ကနေ အာဆင်နယ်ကို ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး အဲဒီမတိုင်ခင်တုန်းက မောင့်ဖာမေးလ်နဲ့ အေအက်စ် ဘရွန်ဒီတို့ရဲ့ လူငယ်အသင်းတွေမှာ ပါဝင်ကစားပေးခဲ့တာ ဖြစ်ပါတယ်။ ပြင်သစ်နောက်ခံလူဟာ လက်ရှိမှာတော့ ၎င်းရဲ့ ကစားသမားဘဝကို ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောဆိုခဲ့ပြီး အရင်တုန်းက အပျင်းကြီးတဲ့ကစားသမားတစ်ယောက်အဖြစ်နဲ့ ကြီးပြင်းခဲ့ရတယ်လို့ ဝန်ခံခဲ့တာဖြစ်ပါတယ်။

“ကျွန်တော် ရိုးရိုးသားသားပဲ ပြောရမှာပါ။ ကျွန်တော်က အပျင်းထူတဲ့ကစားသမားဖြစ်ခဲ့ပါတယ်။ ဟုတ်ပါတယ်။ ကျွန်တော်က ပျင်းတယ်။ ကျွန်တော်ကလည်း တော်တော်လေးလည်း စိတ်ပျက်စရာကောင်းခဲ့ပါတယ်။ ကျွန်တော့်နည်းပြက အမြဲတမ်း လေ့ကျင့်ရေးမှာ အပျင်းကြီးတဲ့အတွက် မင်းက စိတ်ပျက်စရာကောင်းတဲ့ကစားသမားလို့ ပြောပါတယ်။ အဲဒါကြောင့်လည်း ကျွန်တော် အသင်းခေါင်းဆောင်မဖြစ်ခဲ့တာဖြစ်နုငိ်ပါတယ်။ ကျွန်တော် ပြောခဲ့သလို ကျွန်တော်ငယ်ငယ်တုန်းက အပျင်းကြီးတယ်။ ဒါပေမယ့် အဲဒီနောက်မှာ ကျွန်တော်ရင့်ကျက်လာခဲ့တယ်။ ကျွန်တော့်နည်းပြတွေက အဲဒီအသက်အရွယ်တုန်းက အများကြီး အကူအညီပေးခဲ့တယ်။ ကျွန်တော် ကွင်းထဲမှာ ဘယ်လိုနေရလဲဆိုတာကို သိသွားခဲ့ပြီး ကျွန်တော် ပြောင်းလဲခဲ့တယ်”

“ကျွန်တော် အငှားထွက်ကစားပြီး ဒီပြန်ရောက်လာတဲ့အချိန်ကတည်းက မိသားစုဝင်တစ်ယောက်လိုပိုပြီး ခံစားခဲ့ရတယ်။ ဒီမှာက အဲဒီလိုပါပဲ။ အရမ်းကောင်းမွန်တဲ့ ခံစားချက်ရှိနေပါတယ်။ နှစ်တိုင်း ကစားသမားသစ်တွေ အသင်းထဲဝင်လာကြတယ်။ နေ့တိုင်း ကျွန်တော်တို့ ရယ်မောကြတယ်။ ကျွန်တော်တို့ ဟာသတွေဖောက်ကြတယ်။ ကျွန်တော်တို့ တစ်ယောက်နဲ့တစ်ယောက် လိုက်ဖောက်ကြတယ်။ ဒါပေမယ့် ကွင်းထဲမှာရှိတဲ့အချိန်ကျရင်တော့ ကျွန်တော်တို့ ခပ်တည်တည်နဲ့ အလေးအနက်ထားကစားကြတယ်။ နှစ်ခုစလုံး ရှိဖို့က အရေးကြီးပါတယ်။ ခင်ဗျား အခြားတစ်ခုမရှိဘဲ တစ်ခုတည်းလုပ်လို့မရနိုင်ပါဘူး(အတည်အခန့်ပဲမဟုတ်ဘဲ အပျော်အပျက်လေးတွေရှိသင့်တာကိုဆိုလို)”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

Arsenal Myanmar

Ref: Internet

ZAWGYI: အာဆင္နယ္ေနာက္ခံလူ ဝီလီယံ ဆာလီဘာဟာ ဂန္းနားေတြဆီကို မေျပာင္းေ႐ႊ႕မီ အသင္းေဟာင္းေတြထဲက တစ္သင္းမွာတုန္းက အပ်င္းႀကီးၿပီး စိတ္ပ်က္စရာေကာင္းတဲ့ကစားသမားျဖစ္ခဲ့တယ္လို႔ ဝန္ခံေျပာၾကားခဲ့ပါတယ္။

အသက္ ၂၂ ႏွစ္အ႐ြယ္ ျပင္သစ္ေနာက္ခံလူဟာ လြန္ခဲ့တဲ့ ၄ ႏွစ္က အမ္းမရိတ္စ္ကို ေျပာင္းေ႐ႊ႕လာခဲ့သူျဖစ္ေပမယ့္လည္း အငွားကစားသမားအျဖစ္ ဆက္တိုက္ ထြက္ကစားခဲ့ရၿပီးေနာက္ ၿပီးခဲ့တဲ့ရာသီကမွ အာဆင္နယ္ ပြဲထြက္လူစာရင္းထဲမွာ တစ္ေနရာ ရရွိခဲ့တာ ျဖစ္ပါတယ္။

ဆာလီဘာဟာ စန္အီတ်န္ကေန အာဆင္နယ္ကို ေျပာင္းေ႐ႊ႕ခဲ့တာျဖစ္ၿပီး အဲဒီမတိုင္ခင္တုန္းက ေမာင့္ဖာေမးလ္နဲ႔ ေအအက္စ္ ဘ႐ြန္ဒီတို႔ရဲ႕ လူငယ္အသင္းေတြမွာ ပါဝင္ကစားေပးခဲ့တာ ျဖစ္ပါတယ္။ ျပင္သစ္ေနာက္ခံလူဟာ လက္ရွိမွာေတာ့ ၎ရဲ႕ ကစားသမားဘဝကို ပြင့္ပြင့္လင္းလင္း ထုတ္ေဖာ္ေျပာဆိုခဲ့ၿပီး အရင္တုန္းက အပ်င္းႀကီးတဲ့ကစားသမားတစ္ေယာက္အျဖစ္နဲ႔ ႀကီးျပင္းခဲ့ရတယ္လို႔ ဝန္ခံခဲ့တာျဖစ္ပါတယ္။

“ကြၽန္ေတာ္ ႐ိုး႐ိုးသားသားပဲ ေျပာရမွာပါ။ ကြၽန္ေတာ္က အပ်င္းထူတဲ့ကစားသမားျဖစ္ခဲ့ပါတယ္။ ဟုတ္ပါတယ္။ ကြၽန္ေတာ္က ပ်င္းတယ္။ ကြၽန္ေတာ္ကလည္း ေတာ္ေတာ္ေလးလည္း စိတ္ပ်က္စရာေကာင္းခဲ့ပါတယ္။ ကြၽန္ေတာ့္နည္းျပက အၿမဲတမ္း ေလ့က်င့္ေရးမွာ အပ်င္းႀကီးတဲ့အတြက္ မင္းက စိတ္ပ်က္စရာေကာင္းတဲ့ကစားသမားလို႔ ေျပာပါတယ္။ အဲဒါေၾကာင့္လည္း ကြၽန္ေတာ္ အသင္းေခါင္းေဆာင္မျဖစ္ခဲ့တာျဖစ္ႏုငိ္ပါတယ္။ ကြၽန္ေတာ္ ေျပာခဲ့သလို ကြၽန္ေတာ္ငယ္ငယ္တုန္းက အပ်င္းႀကီးတယ္။ ဒါေပမယ့္ အဲဒီေနာက္မွာ ကြၽန္ေတာ္ရင့္က်က္လာခဲ့တယ္။ ကြၽန္ေတာ့္နည္းျပေတြက အဲဒီအသက္အ႐ြယ္တုန္းက အမ်ားႀကီး အကူအညီေပးခဲ့တယ္။ ကြၽန္ေတာ္ ကြင္းထဲမွာ ဘယ္လိုေနရလဲဆိုတာကို သိသြားခဲ့ၿပီး ကြၽန္ေတာ္ ေျပာင္းလဲခဲ့တယ္”

“ကြၽန္ေတာ္ အငွားထြက္ကစားၿပီး ဒီျပန္ေရာက္လာတဲ့အခ်ိန္ကတည္းက မိသားစုဝင္တစ္ေယာက္လိုပိုၿပီး ခံစားခဲ့ရတယ္။ ဒီမွာက အဲဒီလိုပါပဲ။ အရမ္းေကာင္းမြန္တဲ့ ခံစားခ်က္ရွိေနပါတယ္။ ႏွစ္တိုင္း ကစားသမားသစ္ေတြ အသင္းထဲဝင္လာၾကတယ္။ ေန႔တိုင္း ကြၽန္ေတာ္တို႔ ရယ္ေမာၾကတယ္။ ကြၽန္ေတာ္တို႔ ဟာသေတြေဖာက္ၾကတယ္။ ကြၽန္ေတာ္တို႔ တစ္ေယာက္နဲ႔တစ္ေယာက္ လိုက္ေဖာက္ၾကတယ္။ ဒါေပမယ့္ ကြင္းထဲမွာရွိတဲ့အခ်ိန္က်ရင္ေတာ့ ကြၽန္ေတာ္တို႔ ခပ္တည္တည္နဲ႔ အေလးအနက္ထားကစားၾကတယ္။ ႏွစ္ခုစလုံး ရွိဖို႔က အေရးႀကီးပါတယ္။ ခင္ဗ်ား အျခားတစ္ခုမရွိဘဲ တစ္ခုတည္းလုပ္လို႔မရႏိုင္ပါဘူး(အတည္အခန႔္ပဲမဟုတ္ဘဲ အေပ်ာ္အပ်က္ေလးေတြရွိသင့္တာကိုဆိုလို)”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

Arsenal Myanmar

Ref: Internet