အန်းဖီးကျိန်စာဆိုးကို ဂန်းနားတို့ အဆုံးသတ်ပြီး ဇယားထိပ်ဆက်ဦးဆောင်နိုင်မယ့်အကြောင်းအရင်း ၂ ခု
အာဆင်နယ်ဟာ ယနေ့ည အန်းဖီးမှာ လီဗာပူးလ်ကို အနိုင်ယူပြီး ပ့ရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်ဆုံးမှာ ဆက်လက်ဦးဆောင်နိုင်မယ်ဆိုတဲ့ ယုံကြည်ချက်အပြည့်နဲ့ သွားရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။
ဂန်းနားတွေဟာ ပြီးခဲ့တဲ့ ၁၀ နှစ်အတွင်း အန်းဖီးမှာ လီဗာပူးလ်ကို အနိုင်ယူမယ့်အခွင့်အရေးကောင်းကို ပိုင်ဆိုင်နေတယ်ဆိုတာ ငြင်းစရာမရှိဘဲ နောက်ကွယ်က အဓိကအကြောင်းအရင်း ၂ ခုက ဒီကလန် ရိုက်နဲ့ ဆာလီဘာတို့ဖြစ်ပါတယ်။ အာဆင်နယ်ဟာ ဒီပွဲကို ယာဂန် ကလော့ပ်ရဲ့အသင်းထက် ၁ မှတ်အသာနဲ့ ယှဉ်ပြိုင်သွားမှာဖြစ်ပြီး ဂန်းနားတွေဟာ ဖလားပွဲမကစားခဲ့ရတာကြောင့် တစ်ပတ်အပြည့်အဝအနားရခဲ့တဲ့အတွက် အိမ်ရှင်တွေထက်စာရင် လန်းဆန်းနေမှာဖြစ်ပါတယ်။
တစ်ဆက်တည်းမှာပဲ လီဗာပူးလ်ဟာ စနေနေ့ပွဲမတိုင်ခင် ဗုဒ္ဓဟူးနေ့ညနေမှာ ဝက်စ်ဟမ်းကို ၅-၁ နဲ့ အနိုင်ရပြီး ကာရာဘောင်းဖလား ဆီမီးဖိုင်နယ်အဆင့်ကို တက်လှမ်းနိုင်ခဲ့တာကြောင့် စိတ်အားတက်ကြွနေမှာဖြစ်ပါတယ်။ ကလော့ပ်ဟာ အရင်တုန်းက တွေ့ဆုံမှုတွေမှာ ဂန်းနားတွေကို ခြောက်လှန့်နိုင်ခဲ့တဲ့ ဒီအိုဂို ဂျိုတာမပါဝင်ဘဲ ကစားသမားရမှာဖြစ်ပြီး မက္ကယ်လစ္စတာနဲ့ ဂရာဗင်ဘာ့ချ်တို့လည်း ဒီပွဲကို လွဲချော်မှာ ဖြစ်ပါတယ်။
လီဗာပူးလ်ဟာ မိုဟာမက် ဆာလား၊ ဒါဝင် နူးညက်ဇ်၊ ဂက်ခ်ပို၊ လူးဝစ္စ ဒီယက်ဇ်တို့လို ဘယ်လိုခံစစ်မျိုးကိုမဆို ပြဿနာဖြစ်စေနိုင်တဲ့ ကစားသမားတွေ ရှိနေသေးတာကြောင့် ကြီးမားတဲ့ ခြိမ်းခြောက်မှုအဖြစ် ရှိနေဆဲဖြစ်ပါတယ်။
ဒါပေမယ့်လည်း ဂယ်ရီ နဗီးနဲ့ ကလော့ပ်တို့ ၂ ဦးစလုံး မေးခွန်းထုတ်ခဲ့ရတဲ့ ပြီးခဲ့တဲ့ရက်အနည်းငယ်အတွင်း ဘယ်လိုအသင်းမျိုးမဆို ဖိအားအောက်မှာ လဲပြိုသွားနိုင်မယ့် အလွန်ထူးဆန်းတဲ့ပတ်ဝန်းကျင်မျိုးကို ဂန်းနားတို့ ရင်ဆိုင်ရဖွယ်ရှိနေတာဖြစ်ပါတယ်။
“ကျွန်တော့်နောက်က ပတ်ဝန်းကျင်အငွေ့အသက်နဲ့ပတ်သက်ပြီး အရမ်းပျော်ရွှင်မနေခဲ့ပါဘူး။ သူတို့တွေ ဘာလိုချင်တာလဲ သိချင်လိုက်တာ။ ကျွန်တော်တို့ စနေနေ့မှာ အန်းဖီးကို လိုအပ်တယ်။ ကျွန်တော် သူတို့ နည်းပြနဲ့ အငြင်းပွားလို့ ကျွန်တော် မရှိတာ ဒါမှမဟုတ် ဘာပဲဖြစ်ဖြစ် သူ့ဘာသာသူ ရပ်တည်နိုင်မယ့် အန်းဖီးကို လိုအပ်တယ်။ ခင်ဗျားက မှန်ကန်တဲ့ပုံစံမှာရှိမနေဘူးဆိုရင် ခင်ဗျားရဲ့ လက်မှတ်ကို တခြားတစ်ယောက်ယောက်ကို ပေးလိုက်ပါ။”လို့ ဝက်စ်ဟမ်းနဲ့ပွဲအပြီးမှာ ပြောဆိုခဲ့တာဖြစ်ပါတယ်။
ကလော့ပ်ရဲ့ မှတ်ချက်ကို လီဗာပူးလ်ပရိသတ်တွေလည်း ကြားခဲ့ကြမှာဖြစ်ပြီး အန်းဖီးက စနေနေ့မှာ အဲဒါကို ပြန်လည်တုံ့ပြန်သွားဖွယ်ရှိနေပေမယ့်လည်း အာဆင်နယ်က ၂၀၁၂ ခုနှစ်နောက်ပိုင်း မာဆေးဆိုဒ်မှာ အနိုင်မရခဲ့တဲ့ကျိန်စာဆိုးကို ချိုးဖျက်သွားနိုင်လိမ့်မယ်ဆိုတဲ့ ခံစားချက်က ရှိနေဆဲဖြစ်ပါတယ်။
ဝီလီယံ ဆာလီဘာဟာ ပြီးခဲ့တဲ့ရာသီ အန်းဖီးမှာ ၂-၂ သရေကျခဲ့တဲ့ပွဲစဉ်တုန်းက ဒဏ်ရာကြောင့် ပါဝင်ကစားပေးနိုင်ခြင်းမရှိခဲ့ဘဲ ဟိုးဒင်းက ပြင်သစ်နောက်ခံလူရဲ့ နေရာမှာ ပါဝင်ကစားပေးခဲ့တာ ဖြစ်ပါတယ်။
ဒီပွဲမှာတော့ ဆာလီဘာ ပါဝင်ကစားပေးနိုင်မှာဖြစ်တဲ့အတွက် အာတီတာရဲ့အသင်းအတွက်တော့ ကြီးမားတဲ့ အားတက်စရာကြီးဖြစ်လာမှာဖြစ်ပြီး အသက် ၂၂ နှစ်အရွယ်နောက်ခံလူဟာ ပြီးခဲ့တဲ့လအနည်းငယ်အတွင်း ပရီးမီးယားလိဂ်မှာ အကောင်းဆုံးနောက်ခံလူအဖြစ် ဗန်ဒိုက်ကို ယှဉ်ပြိုင်ခဲ့တာဖြစ်ပါတယ်။
ဆာလီဘာဟာ မိုဟာမက် ဆာလားနဲ့ တွဲဘက်တွေရဲ့ ခြိမ်းခြောက်မှုကို ကာကွယ်နိုင်ဖို့ လုံလောက်တဲ့ မြန်နှုန်းနဲ့ သတိရှိမှု ပိုင်ဆိုင်ထားသလို စိတ်ချယုံကြည်ရတဲ့ ကစားသမားလည်းဖြစ်ပြီး ပြင်သစ်နောက်ခံလူရှေ့မှာတော့ ပေါင် ၁၀၅ သန်းတန် ဒီကလန် ရိုက်ရှိနေမှာ ဖြစ်ပါတယ်။
ကလော့ပ်ရဲ့အသင်းက ခံစစ်ကနေ တိုက်စစ်ကို ကူးပြောင်းနိုင်စွမ်းကြောင့် ချီးကျူးမှု ခံခဲ့ရတာဖြစ်ပြီး ဒီရာသီမှာလည်း တန်ပြန်တိုက်စစ်ကနေတဆင့် သွင်းဂိုးအများအပြားကို သွင်းယူထားနိုင်တဲ့အသင်းလည်း ဖြစ်ပါတယ်။အင်္ဂလန်လက်ရွေးစင်ကွင်းလယ်ကစားသမားဟာ ဂန်းနားတွေရဲ့ တန်ပြန်တိုက်စစ်ကို ရပ်တန့်တဲ့နေရာနဲ့ ဂန်းနားတွေရဲ့ ခံစစ်ကနေ တိုက်စစ် အကူးအပြောင်းမှာ အရေးကြီးလာမှာ ဖြစ်ပါတယ်။
ဆာလီဘာရဲ့ ဒီကလန် ရိုက်တို့ရဲ့ အန်းဖီးက အကျိုးသက်ရောက်မှုဟာ ဂန်းနားတွေကို အမှတ်ပေးဇယားထိပ်ဆုံးမှာ ဆက်လက် ဦးဆောင်နိုင်အောင် ကူညီပေးပြီး ဆုဖလားစိန်ခေါ်မှုမှာ သိသာထင်ရှားတဲ့ အကူအညီပေးသွားနိုင်ဖွယ်ရှိပါတယ်။
Arsenal Myanmar
Ref: Internet
ZAWGYI: အာဆင္နယ္ဟာ ယေန႔ည အန္းဖီးမွာ လီဗာပူးလ္ကို အႏိုင္ယူၿပီး ပ့ရီးမီးယားလိဂ္အမွတ္ေပးဇယားထိပ္ဆုံးမွာ ဆက္လက္ဦးေဆာင္ႏိုင္မယ္ဆိုတဲ့ ယုံၾကည္ခ်က္အျပည့္နဲ႔ သြားေရာက္ယွဥ္ၿပိဳင္မွာျဖစ္ပါတယ္။
ဂန္းနားေတြဟာ ၿပီးခဲ့တဲ့ ၁၀ ႏွစ္အတြင္း အန္းဖီးမွာ လီဗာပူးလ္ကို အႏိုင္ယူမယ့္အခြင့္အေရးေကာင္းကို ပိုင္ဆိုင္ေနတယ္ဆိုတာ ျငင္းစရာမရွိဘဲ ေနာက္ကြယ္က အဓိကအေၾကာင္းအရင္း ၂ ခုက ဒီကလန္ ႐ိုက္နဲ႔ ဆာလီဘာတို႔ျဖစ္ပါတယ္။ အာဆင္နယ္ဟာ ဒီပြဲကို ယာဂန္ ကေလာ့ပ္ရဲ႕အသင္းထက္ ၁ မွတ္အသာနဲ႔ ယွဥ္ၿပိဳင္သြားမွာျဖစ္ၿပီး ဂန္းနားေတြဟာ ဖလားပြဲမကစားခဲ့ရတာေၾကာင့္ တစ္ပတ္အျပည့္အဝအနားရခဲ့တဲ့အတြက္ အိမ္ရွင္ေတြထက္စာရင္ လန္းဆန္းေနမွာျဖစ္ပါတယ္။
တစ္ဆက္တည္းမွာပဲ လီဗာပူးလ္ဟာ စေနေန႔ပြဲမတိုင္ခင္ ဗုဒၶဟူးေန႔ညေနမွာ ဝက္စ္ဟမ္းကို ၅-၁ နဲ႔ အႏိုင္ရၿပီး ကာရာေဘာင္းဖလား ဆီမီးဖိုင္နယ္အဆင့္ကို တက္လွမ္းႏိုင္ခဲ့တာေၾကာင့္ စိတ္အားတက္ႂကြေနမွာျဖစ္ပါတယ္။ ကေလာ့ပ္ဟာ အရင္တုန္းက ေတြ႕ဆုံမႈေတြမွာ ဂန္းနားေတြကို ေျခာက္လွန႔္ႏိုင္ခဲ့တဲ့ ဒီအိုဂို ဂ်ိဳတာမပါဝင္ဘဲ ကစားသမားရမွာျဖစ္ၿပီး မကၠယ္လစၥတာနဲ႔ ဂရာဗင္ဘာ့ခ်္တို႔လည္း ဒီပြဲကို လြဲေခ်ာ္မွာ ျဖစ္ပါတယ္။
လီဗာပူးလ္ဟာ မိုဟာမက္ ဆာလား၊ ဒါဝင္ ႏူးညက္ဇ္၊ ဂက္ခ္ပို၊ လူးဝစၥ ဒီယက္ဇ္တို႔လို ဘယ္လိုခံစစ္မ်ိဳးကိုမဆို ျပႆနာျဖစ္ေစႏိုင္တဲ့ ကစားသမားေတြ ရွိေနေသးတာေၾကာင့္ ႀကီးမားတဲ့ ၿခိမ္းေျခာက္မႈအျဖစ္ ရွိေနဆဲျဖစ္ပါတယ္။
ဒါေပမယ့္လည္း ဂယ္ရီ နဗီးနဲ႔ ကေလာ့ပ္တို႔ ၂ ဦးစလုံး ေမးခြန္းထုတ္ခဲ့ရတဲ့ ၿပီးခဲ့တဲ့ရက္အနည္းငယ္အတြင္း ဘယ္လိုအသင္းမ်ိဳးမဆို ဖိအားေအာက္မွာ လဲၿပိဳသြားႏိုင္မယ့္ အလြန္ထူးဆန္းတဲ့ပတ္ဝန္းက်င္မ်ိဳးကို ဂန္းနားတို႔ ရင္ဆိုင္ရဖြယ္ရွိေနတာျဖစ္ပါတယ္။
“ကြၽန္ေတာ့္ေနာက္က ပတ္ဝန္းက်င္အေငြ႕အသက္နဲ႔ပတ္သက္ၿပီး အရမ္းေပ်ာ္႐ႊင္မေနခဲ့ပါဘူး။ သူတို႔ေတြ ဘာလိုခ်င္တာလဲ သိခ်င္လိုက္တာ။ ကြၽန္ေတာ္တို႔ စေနေန႔မွာ အန္းဖီးကို လိုအပ္တယ္။ ကြၽန္ေတာ္ သူတို႔ နည္းျပနဲ႔ အျငင္းပြားလို႔ ကြၽန္ေတာ္ မရွိတာ ဒါမွမဟုတ္ ဘာပဲျဖစ္ျဖစ္ သူ႔ဘာသာသူ ရပ္တည္ႏိုင္မယ့္ အန္းဖီးကို လိုအပ္တယ္။ ခင္ဗ်ားက မွန္ကန္တဲ့ပုံစံမွာရွိမေနဘူးဆိုရင္ ခင္ဗ်ားရဲ႕ လက္မွတ္ကို တျခားတစ္ေယာက္ေယာက္ကို ေပးလိုက္ပါ။”လို႔ ဝက္စ္ဟမ္းနဲ႔ပြဲအၿပီးမွာ ေျပာဆိုခဲ့တာျဖစ္ပါတယ္။
ကေလာ့ပ္ရဲ႕ မွတ္ခ်က္ကို လီဗာပူးလ္ပရိသတ္ေတြလည္း ၾကားခဲ့ၾကမွာျဖစ္ၿပီး အန္းဖီးက စေနေန႔မွာ အဲဒါကို ျပန္လည္တုံ႔ျပန္သြားဖြယ္ရွိေနေပမယ့္လည္း အာဆင္နယ္က ၂၀၁၂ ခုႏွစ္ေနာက္ပိုင္း မာေဆးဆိုဒ္မွာ အႏိုင္မရခဲ့တဲ့က်ိန္စာဆိုးကို ခ်ိဳးဖ်က္သြားႏိုင္လိမ့္မယ္ဆိုတဲ့ ခံစားခ်က္က ရွိေနဆဲျဖစ္ပါတယ္။
ဝီလီယံ ဆာလီဘာဟာ ၿပီးခဲ့တဲ့ရာသီ အန္းဖီးမွာ ၂-၂ သေရက်ခဲ့တဲ့ပြဲစဥ္တုန္းက ဒဏ္ရာေၾကာင့္ ပါဝင္ကစားေပးႏိုင္ျခင္းမရွိခဲ့ဘဲ ဟိုးဒင္းက ျပင္သစ္ေနာက္ခံလူရဲ႕ ေနရာမွာ ပါဝင္ကစားေပးခဲ့တာ ျဖစ္ပါတယ္။
ဒီပြဲမွာေတာ့ ဆာလီဘာ ပါဝင္ကစားေပးႏိုင္မွာျဖစ္တဲ့အတြက္ အာတီတာရဲ႕အသင္းအတြက္ေတာ့ ႀကီးမားတဲ့ အားတက္စရာႀကီးျဖစ္လာမွာျဖစ္ၿပီး အသက္ ၂၂ ႏွစ္အ႐ြယ္ေနာက္ခံလူဟာ ၿပီးခဲ့တဲ့လအနည္းငယ္အတြင္း ပရီးမီးယားလိဂ္မွာ အေကာင္းဆုံးေနာက္ခံလူအျဖစ္ ဗန္ဒိုက္ကို ယွဥ္ၿပိဳင္ခဲ့တာျဖစ္ပါတယ္။
ဆာလီဘာဟာ မိုဟာမက္ ဆာလားနဲ႔ တြဲဘက္ေတြရဲ႕ ၿခိမ္းေျခာက္မႈကို ကာကြယ္ႏိုင္ဖို႔ လုံေလာက္တဲ့ ျမန္ႏႈန္းနဲ႔ သတိရွိမႈ ပိုင္ဆိုင္ထားသလို စိတ္ခ်ယုံၾကည္ရတဲ့ ကစားသမားလည္းျဖစ္ၿပီး ျပင္သစ္ေနာက္ခံလူေရွ႕မွာေတာ့ ေပါင္ ၁၀၅ သန္းတန္ ဒီကလန္ ႐ိုက္ရွိေနမွာ ျဖစ္ပါတယ္။
ကေလာ့ပ္ရဲ႕အသင္းက ခံစစ္ကေန တိုက္စစ္ကို ကူးေျပာင္းႏိုင္စြမ္းေၾကာင့္ ခ်ီးက်ဴးမႈ ခံခဲ့ရတာျဖစ္ၿပီး ဒီရာသီမွာလည္း တန္ျပန္တိုက္စစ္ကေနတဆင့္ သြင္းဂိုးအမ်ားအျပားကို သြင္းယူထားႏိုင္တဲ့အသင္းလည္း ျဖစ္ပါတယ္။အဂၤလန္လက္ေ႐ြးစင္ကြင္းလယ္ကစားသမားဟာ ဂန္းနားေတြရဲ႕ တန္ျပန္တိုက္စစ္ကို ရပ္တန႔္တဲ့ေနရာနဲ႔ ဂန္းနားေတြရဲ႕ ခံစစ္ကေန တိုက္စစ္ အကူးအေျပာင္းမွာ အေရးႀကီးလာမွာ ျဖစ္ပါတယ္။
ဆာလီဘာရဲ႕ ဒီကလန္ ႐ိုက္တို႔ရဲ႕ အန္းဖီးက အက်ိဳးသက္ေရာက္မႈဟာ ဂန္းနားေတြကို အမွတ္ေပးဇယားထိပ္ဆုံးမွာ ဆက္လက္ ဦးေဆာင္ႏိုင္ေအာင္ ကူညီေပးၿပီး ဆုဖလားစိန္ေခၚမႈမွာ သိသာထင္ရွားတဲ့ အကူအညီေပးသြားႏိုင္ဖြယ္ရွိပါတယ္။
Arsenal Myanmar
Ref: Internet
- Posted In:
- Team News