အနာဂတ်ကိုအဖြေပေးပြီး ဂန်းနားတွေ ဖလားရနိုင်ခြေကို သတ်မှတ်လိုက်တဲ့ တီယာနီ 1024 575 coyg

အနာဂတ်ကိုအဖြေပေးပြီး ဂန်းနားတွေ ဖလားရနိုင်ခြေကို သတ်မှတ်လိုက်တဲ့ တီယာနီ

ကီရန် တီယာနီဟာ အာဆင်နယ်မှာ အနာဂတ်ရှိနိုင်သေးတယ်ဆိုတဲ့ ပြောဆိုမှုတွေကို ငြင်းပယ်ဖို့ ငြင်းဆန်ခဲ့ပြီး ဂန်းနားတွေအနေနဲ့ ဒီရာသီမှာ နှစ်ပေါင်း ၂၀ ကျော် စောင့်ဆိုင်းခဲ့ရတဲ့ အမှတ်ပေးဖလားကို ရနိုင်တဲ့ အခွင့်အရေးအားလုံးရှိနေတယ်လို့ ယုံကြည်နေပါတယ်။

အသက် ၂၆ နှစ်အရွယ် နောက်ခံကစားသမားဟာ ၂၀၁၉ ခုနှစ်မှာ ဆဲလ်တစ်ကနေ ပေါင် ၂၅ သန်းနဲ့ ပြောင်းလာပြီးကတည်းက ပွဲဦးထွက်ရာသီမှာ ၂၄ ပွဲ ပါဝင်ကစားပေးခဲ့ပြီး အမ်းမရိတ်စ်က ပရိသတ်တွေကြားမှာ အနှစ်သက်ခြင်းအခံရဆုံးကစားသမားတစ်ဦး လျင်လျင်မြန်မြန် ဖြစ်လာခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ကြံ့ခိုင်မှုပြဿနာက တီယာနီရဲ့ တိုးတက်မှုကို နှောင့်နှေးစေခဲ့ပြီး စကော့တလန် နောက်ခံလူဟာ ဇင်ချန်ကို မန်စီးတီးကနေ ပြောင်းလာပြီးနောက် အာတီတာရဲ့ နေရာပေးခြင်းကို မခံရတော့တာ ဖြစ်ပါတယ်။

ဂန်းနားတွေနဲ့ အဝေးမှာ ပုံမှန်ပွဲထွက်ကစားချိန်ရှာဖွေဖို့ ပြီးခဲ့တဲ့နွေရာသီမှာ ရီးရဲလ် ဆိုစီဒက်ကို တစ်ရာသီအငှားစာချုပ်နဲ့ ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး ဘယ်နောက်ခံလူက စက်တင်ဘာနဲ့ ဇန်နဝါရီလတို့မှာ တံကောက်ကြောဒဏ်ရာ ရခဲ့ပြီး ရုန်းကန်ခဲ့ရပေမယ့်လည်း စပိန်မှာ ပျော်ရွှင်စရာအချိန်တွေကို ပိုင်ဆိုင်နေတာဖြစ်ပါတယ်။

တီယာနီဟာ အာဆင်နယ်နဲ့ စာချုပ်သက်တမ်း ၂ နှစ်ကျော်ကျန်ရှိနေသေးတာဖြစ်ပေမယ့်လည်း အာတီတာက ဘယ်နောက်ခံကစားသမားရဲ့ အနာဂတ်ကို အာမခံချက်မပေးသေးတာကြောင့် လာမယ့်ရာသီ ဘယ်နေရာမှာ ရှိနေမလဲဆိုတာကို စောင့်ကြည့်ဖို့သာ ကျန်တော့တာဖြစ်ပါတယ်။

အာဆင်နယ်ကို ပြန်သွားဖို့ စိတ်ကူးရှိလားလို့ မေးမြန်းခဲ့ရာမှာ တီယာနီက “ခင်ဗျား ဘယ်တော့မှ ကြိုမသိနိုင်ပါဘူး။ ခင်ဗျား အငှားထွက်ကစားရာကနေ ပြန်လာပြီး ပထမအသင်းထဲမှာ ပါဝင်ခွင့်ရတာမျိုးက တော်တော်လေးကို ရှားပါးတဲ့ဖြစ်စဉ် ဖြစ်ပါလိမ့်မယ်။ ဟုတ်တာပေ့ါ။ ခင်ဗျား အငှားကနေ ပြန်လာတဲ့အခါမှာ ဆာလီဘာလိုမျိုး အခြေအနေမျိုး မြင်ခဲ့ရတယ်။ သူ အဲဒီကတည်းက အသင်းလူစာရင်းထဲကနေ ထွက်နေရတာမျိုး မရှိခဲ့ဘူးလို့ ကျွန်တော် ထင်တယ်။ ဒါပေမယ့် ၄ နှစ်လောက်ကစားပြီးသားလူတစ်ယောက်အတွက်တော့ နည်းနည်းတော့ ကွဲပြားခြားနားပါလိမ့်မယ်။ ဒါပေမယ့် ဘယ်တော့မှ အတိအကျ ကြိုမသိနိုင်ပါဘူး။ ဘောလုံးက ရူးသွပ်ချင်စရာနေရာတစ်ခုဖြစ်ပြီး ဘာတွေဖြစ်လာမလဲ ကြည့်ကြတာပေါ့။”

အာဆင်နယ်က ဒီရာသီမှာ ဖလားရနိုင်မလားလို့ မေးမြန်းခဲ့ရာမှာ တီယာနီက “သူတို့ဖလားရနိုင်တယ်လို့ ကျွန်တော် ထင်တယ်။ ဖလားအတွက် တိုက်ပွဲဝင်နေတဲ့ အသင်း ၃ သင်းအတွက် လက်ကျန်ပွဲစဉ်စာရင်းကို ကျွန်တော် အတိအကျမသိဘူး။ ဒါပေမယ့် သူတို့တွေက မနှစ်ကထက် ပိုကောင်းတဲ့နေရာမှာ ရှိနေတယ်လို့ ကျွန်တော်ထင်တယ်။မနှစ်ကထက်လည်း အတွေ့အကြုံတွေ ပိုရလာပြီလို့ ထင်ပါတယ်။သူတို့တွေက ဘက်ပေါင်းစုံမှာ အများကြီး တိုးတက်လာခဲ့တယ်လို့လည်း ထင်ပါတယ်။ ခံစစ်ပိုင်းမှာ သူတို့တွေက ကျစ်လစ်ပြီး ဂိုးတွေအများကြီး မပေးခဲ့ရဘူး။ ဒီလိုမျိုး စံချိန်ကို ဆက်ထိန်းထားနိုင်ရင် ဆုဖလားရနိုင်ဖို့ အခွင့်အရေးတိုင်း ရမှာ ၁၀၀ ရာခိုင်နှုန်းပါပဲ။ ”လို့ ပြောဆိုခဲ့ပါတယ်။

Arsenal Myanmar

Ref: Internet

ZAWGYI:
ကီရန္ တီယာနီဟာ အာဆင္နယ္မွာ အနာဂတ္ရွိႏိုင္ေသးတယ္ဆိုတဲ့ ေျပာဆိုမႈေတြကို ျငင္းပယ္ဖို႔ ျငင္းဆန္ခဲ့ၿပီး ဂန္းနားေတြအေနနဲ႔ ဒီရာသီမွာ ႏွစ္ေပါင္း ၂၀ ေက်ာ္ ေစာင့္ဆိုင္းခဲ့ရတဲ့ အမွတ္ေပးဖလားကို ရႏိုင္တဲ့ အခြင့္အေရးအားလုံးရွိေနတယ္လို႔ ယုံၾကည္ေနပါတယ္။

အသက္ ၂၆ ႏွစ္အ႐ြယ္ ေနာက္ခံကစားသမားဟာ ၂၀၁၉ ခုႏွစ္မွာ ဆဲလ္တစ္ကေန ေပါင္ ၂၅ သန္းနဲ႔ ေျပာင္းလာၿပီးကတည္းက ပြဲဦးထြက္ရာသီမွာ ၂၄ ပြဲ ပါဝင္ကစားေပးခဲ့ၿပီး အမ္းမရိတ္စ္က ပရိသတ္ေတြၾကားမွာ အႏွစ္သက္ျခင္းအခံရဆုံးကစားသမားတစ္ဦး လ်င္လ်င္ျမန္ျမန္ ျဖစ္လာခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ႀကံ့ခိုင္မႈျပႆနာက တီယာနီရဲ႕ တိုးတက္မႈကို ေႏွာင့္ေႏွးေစခဲ့ၿပီး စေကာ့တလန္ ေနာက္ခံလူဟာ ဇင္ခ်န္ကို မန္စီးတီးကေန ေျပာင္းလာၿပီးေနာက္ အာတီတာရဲ႕ ေနရာေပးျခင္းကို မခံရေတာ့တာ ျဖစ္ပါတယ္။

ဂန္းနားေတြနဲ႔ အေဝးမွာ ပုံမွန္ပြဲထြက္ကစားခ်ိန္ရွာေဖြဖို႔ ၿပီးခဲ့တဲ့ေႏြရာသီမွာ ရီးရဲလ္ ဆိုစီဒက္ကို တစ္ရာသီအငွားစာခ်ဳပ္နဲ႔ ေျပာင္းေ႐ႊ႕ခဲ့တာျဖစ္ၿပီး ဘယ္ေနာက္ခံလူက စက္တင္ဘာနဲ႔ ဇန္နဝါရီလတို႔မွာ တံေကာက္ေၾကာဒဏ္ရာ ရခဲ့ၿပီး ႐ုန္းကန္ခဲ့ရေပမယ့္လည္း စပိန္မွာ ေပ်ာ္႐ႊင္စရာအခ်ိန္ေတြကို ပိုင္ဆိုင္ေနတာျဖစ္ပါတယ္။

တီယာနီဟာ အာဆင္နယ္နဲ႔ စာခ်ဳပ္သက္တမ္း ၂ ႏွစ္ေက်ာ္က်န္ရွိေနေသးတာျဖစ္ေပမယ့္လည္း အာတီတာက ဘယ္ေနာက္ခံကစားသမားရဲ႕ အနာဂတ္ကို အာမခံခ်က္မေပးေသးတာေၾကာင့္ လာမယ့္ရာသီ ဘယ္ေနရာမွာ ရွိေနမလဲဆိုတာကို ေစာင့္ၾကည့္ဖို႔သာ က်န္ေတာ့တာျဖစ္ပါတယ္။

အာဆင္နယ္ကို ျပန္သြားဖို႔ စိတ္ကူးရွိလားလို႔ ေမးျမန္းခဲ့ရာမွာ တီယာနီက “ခင္ဗ်ား ဘယ္ေတာ့မွ ႀကိဳမသိႏိုင္ပါဘူး။ ခင္ဗ်ား အငွားထြက္ကစားရာကေန ျပန္လာၿပီး ပထမအသင္းထဲမွာ ပါဝင္ခြင့္ရတာမ်ိဳးက ေတာ္ေတာ္ေလးကို ရွားပါးတဲ့ျဖစ္စဥ္ ျဖစ္ပါလိမ့္မယ္။ ဟုတ္တာေပ့ါ။ ခင္ဗ်ား အငွားကေန ျပန္လာတဲ့အခါမွာ ဆာလီဘာလိုမ်ိဳး အေျခအေနမ်ိဳး ျမင္ခဲ့ရတယ္။ သူ အဲဒီကတည္းက အသင္းလူစာရင္းထဲကေန ထြက္ေနရတာမ်ိဳး မရွိခဲ့ဘူးလို႔ ကြၽန္ေတာ္ ထင္တယ္။ ဒါေပမယ့္ ၄ ႏွစ္ေလာက္ကစားၿပီးသားလူတစ္ေယာက္အတြက္ေတာ့ နည္းနည္းေတာ့ ကြဲျပားျခားနားပါလိမ့္မယ္။ ဒါေပမယ့္ ဘယ္ေတာ့မွ အတိအက် ႀကိဳမသိႏိုင္ပါဘူး။ ေဘာလုံးက ႐ူးသြပ္ခ်င္စရာေနရာတစ္ခုျဖစ္ၿပီး ဘာေတြျဖစ္လာမလဲ ၾကည့္ၾကတာေပါ့။”

အာဆင္နယ္က ဒီရာသီမွာ ဖလားရႏိုင္မလားလို႔ ေမးျမန္းခဲ့ရာမွာ တီယာနီက “သူတို႔ဖလားရႏိုင္တယ္လို႔ ကြၽန္ေတာ္ ထင္တယ္။ ဖလားအတြက္ တိုက္ပြဲဝင္ေနတဲ့ အသင္း ၃ သင္းအတြက္ လက္က်န္ပြဲစဥ္စာရင္းကို ကြၽန္ေတာ္ အတိအက်မသိဘူး။ ဒါေပမယ့္ သူတို႔ေတြက မႏွစ္ကထက္ ပိုေကာင္းတဲ့ေနရာမွာ ရွိေနတယ္လို႔ ကြၽန္ေတာ္ထင္တယ္။မႏွစ္ကထက္လည္း အေတြ႕အႀကဳံေတြ ပိုရလာၿပီလို႔ ထင္ပါတယ္။သူတို႔ေတြက ဘက္ေပါင္းစုံမွာ အမ်ားႀကီး တိုးတက္လာခဲ့တယ္လို႔လည္း ထင္ပါတယ္။ ခံစစ္ပိုင္းမွာ သူတို႔ေတြက က်စ္လစ္ၿပီး ဂိုးေတြအမ်ားႀကီး မေပးခဲ့ရဘူး။ ဒီလိုမ်ိဳး စံခ်ိန္ကို ဆက္ထိန္းထားႏိုင္ရင္ ဆုဖလားရႏိုင္ဖို႔ အခြင့္အေရးတိုင္း ရမွာ ၁၀၀ ရာခိုင္ႏႈန္းပါပဲ။ ”လို႔ ေျပာဆိုခဲ့ပါတယ္။

Arsenal Myanmar

Ref: Internet