အဆင်နယ်နဲ့စီးတီးတို့ရဲ့ ပရီးမီးယားလိဂ်ဖလားပြိုင်ပွဲကို အဆုံးအဖြတ်ပေးနိုင်သူကို သတ်မှတ်ခဲ့တဲ့ နဗီး 1024 504 coyg

အဆင်နယ်နဲ့စီးတီးတို့ရဲ့ ပရီးမီးယားလိဂ်ဖလားပြိုင်ပွဲကို အဆုံးအဖြတ်ပေးနိုင်သူကို သတ်မှတ်ခဲ့တဲ့ နဗီး

မန်ချက်စတာယူနိုက်တက်ဂန္တဝင် ဂယ်ရီ နဗီးက အာဆင်နယ်နဲ့ မန်ချက်စတာစီးတီးတို့ကြား ယခုရာသီ ပရီးမီးယားလိဂ်ဖလားပြိုင်ပွဲမှာ ကွဲပြားခြားနားမှုတွေ ဖြစ်စေနိုင်မယ့်သူက ဒီကလန် ရိုက်ဖြစ်တယ်လို့ ယုံကြည်နေပါတယ်။

အင်္ဂလန်ဂန္တဝင် နောက်ခံကစားသမားက ဂွါဒီယိုလာရဲ့ အသင်းဟာ ဒီရာသီမှာ ခြေချော်တော့မှာဖြစ်ပြီး အာဆင်နယ်က နှစ်ပေါင်း ၂၀ ကြာ စောင့်ဆိုင်းခဲ့ရတဲ့ ပရီးမီးယားလိဂ်ဖလားကို ကိုင်မြှောက်သွားနိုင်တော့မှာဖြစ်တယ်လို့ ယုံကြည်နေတာ ဖြစ်ပါတယ်။

“သူက ကွဲပြားခြားနားမှုပြုလုပ်ပေးနိုင်မယ့်သူ ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ ကျွန်တော် ထင်တယ်။ ဒီကလန် ရိုက်က ကြီးမားတဲ့လွှမ်းမိုးမှုရှိတယ်လို့ ထင်ပါတယ်။ ဒီစွမ်းအား၊ ဒီမောင်းနှင်မှုနဲ့ပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် စီးတီးဆီမှာ အရမ်းကောင်းတဲ့ကစားသမားတွေရှိပါတယ်။ ဒါပေမယ့် သူ့ကို အာဆင်နယ်လူစာရင်းထဲက ထုတ်လိုက်ရင် ကြီးမားတဲ့ ကွာခြားမှုကြီး ဖြစ်သွားပါလိမ့်မယ်။ သူတို့တွေ ကောင်းသင့်သလောက် ကောင်းတော့မှာမဟုတ်ပါဘူး”

“သူ အသင်းလူစာရင်းထဲရှိနေရင် သူက ကွဲပြားခြားနားမှုတွေပြုလုပ်နိုင်တဲ့ ကစားသမားဖြစ်နိုင်ပြီး သူတို့ကို စစ်မှန်တဲ့အခွင့်အရေးတွေ ပေးနိုင်ပါတယ်။ ကျွန်တော် ဒီရာသီမှာ စီးတီးနည်းနည်းတော့ ခြေချော်လိမ့်မယ်လို့ ခန့်မှန်းထားပြီး အာဆင်နယ်က ဒီရာသီမှာ မှန်ကန်အောင်လုပ်နိုင်မယ်လို့ ထင်မိပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

ဂန်းနားတွေဟာ ၂၀၂၃-၂၀၂၄ ရာသီကို အကောင်းဆုံးစတင်နိုင်ခဲ့တာဖြစ်ပြီး အာတီတာရဲ့အသင်းဟာ ၁၀ ပွဲကစားပြီးချိန်အထိ ၇ ပွဲနိုင် ၃ ပွဲသရေနဲ့ ရှုံးပွဲမရှိသေးတဲ့ တစ်သင်းတည်းသောအသင်းအဖြစ် ရပ်တည်နေတာဖြစ်ပါတယ်။ အာဆင်နယ်ဟာ အမှတ်ပေးဇယားမှာ အဆင့် ၁ နေရာက တော့တင်ဟမ်ဟော့စပါးနဲ့ ၂ မှတ်အကွာ တတိယနေရာက မန်စီးတီးနဲ့ ရမှတ်တူ ဂိုးကွာခြားချက်ကြောင့် အဆင့် ၂ နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။

Arsenal Myanmar

Ref: Internet

ZAWGYI: မန္ခ်က္စတာယူႏိုက္တက္ဂႏၲဝင္ ဂယ္ရီ နဗီးက အာဆင္နယ္နဲ႔ မန္ခ်က္စတာစီးတီးတို႔ၾကား ယခုရာသီ ပရီးမီးယားလိဂ္ဖလားၿပိဳင္ပြဲမွာ ကြဲျပားျခားနားမႈေတြ ျဖစ္ေစႏိုင္မယ့္သူက ဒီကလန္ ႐ိုက္ျဖစ္တယ္လို႔ ယုံၾကည္ေနပါတယ္။

အဂၤလန္ဂႏၲဝင္ ေနာက္ခံကစားသမားက ဂြါဒီယိုလာရဲ႕ အသင္းဟာ ဒီရာသီမွာ ေျခေခ်ာ္ေတာ့မွာျဖစ္ၿပီး အာဆင္နယ္က ႏွစ္ေပါင္း ၂၀ ၾကာ ေစာင့္ဆိုင္းခဲ့ရတဲ့ ပရီးမီးယားလိဂ္ဖလားကို ကိုင္ေျမႇာက္သြားႏိုင္ေတာ့မွာျဖစ္တယ္လို႔ ယုံၾကည္ေနတာ ျဖစ္ပါတယ္။

“သူက ကြဲျပားျခားနားမႈျပဳလုပ္ေပးႏိုင္မယ့္သူ ျဖစ္ေကာင္းျဖစ္ပါလိမ့္မယ္။ ကြၽန္ေတာ္ ထင္တယ္။ ဒီကလန္ ႐ိုက္က ႀကီးမားတဲ့လႊမ္းမိုးမႈရွိတယ္လို႔ ထင္ပါတယ္။ ဒီစြမ္းအား၊ ဒီေမာင္းႏွင္မႈနဲ႔ေပါ့။ ဘယ္လိုပဲျဖစ္ျဖစ္ စီးတီးဆီမွာ အရမ္းေကာင္းတဲ့ကစားသမားေတြရွိပါတယ္။ ဒါေပမယ့္ သူ႔ကို အာဆင္နယ္လူစာရင္းထဲက ထုတ္လိုက္ရင္ ႀကီးမားတဲ့ ကြာျခားမႈႀကီး ျဖစ္သြားပါလိမ့္မယ္။ သူတို႔ေတြ ေကာင္းသင့္သေလာက္ ေကာင္းေတာ့မွာမဟုတ္ပါဘူး”

“သူ အသင္းလူစာရင္းထဲရွိေနရင္ သူက ကြဲျပားျခားနားမႈေတြျပဳလုပ္ႏိုင္တဲ့ ကစားသမားျဖစ္ႏိုင္ၿပီး သူတို႔ကို စစ္မွန္တဲ့အခြင့္အေရးေတြ ေပးႏိုင္ပါတယ္။ ကြၽန္ေတာ္ ဒီရာသီမွာ စီးတီးနည္းနည္းေတာ့ ေျခေခ်ာ္လိမ့္မယ္လို႔ ခန႔္မွန္းထားၿပီး အာဆင္နယ္က ဒီရာသီမွာ မွန္ကန္ေအာင္လုပ္ႏိုင္မယ္လို႔ ထင္မိပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

ဂန္းနားေတြဟာ ၂၀၂၃-၂၀၂၄ ရာသီကို အေကာင္းဆုံးစတင္ႏိုင္ခဲ့တာျဖစ္ၿပီး အာတီတာရဲ႕အသင္းဟာ ၁၀ ပြဲကစားၿပီးခ်ိန္အထိ ၇ ပြဲႏိုင္ ၃ ပြဲသေရနဲ႔ ရႈံးပြဲမရွိေသးတဲ့ တစ္သင္းတည္းေသာအသင္းအျဖစ္ ရပ္တည္ေနတာျဖစ္ပါတယ္။ အာဆင္နယ္ဟာ အမွတ္ေပးဇယားမွာ အဆင့္ ၁ ေနရာက ေတာ့တင္ဟမ္ေဟာ့စပါးနဲ႔ ၂ မွတ္အကြာ တတိယေနရာက မန္စီးတီးနဲ႔ ရမွတ္တူ ဂိုးကြာျခားခ်က္ေၾကာင့္ အဆင့္ ၂ ေနရာမွာ ရပ္တည္ေနတာျဖစ္ပါတယ္။

Arsenal Myanmar

Ref: Internet