ဟာဗတ်ဇ်ရဲ့ဂိုးကို မပေးခဲ့တဲ့ ဂီးလတ်ကို ချီးကျူးခဲ့တဲ့ ဟောင်းဝပ်ဝက်ဘ် 1024 504 coyg

ဟာဗတ်ဇ်ရဲ့ဂိုးကို မပေးခဲ့တဲ့ ဂီးလတ်ကို ချီးကျူးခဲ့တဲ့ ဟောင်းဝပ်ဝက်ဘ်

PGMOL ဥက္ကဌ ဟောင်းဝပ် ဝက်ဘ်က အက်စတန် ဗီလာနဲ့ ကစားခဲ့တဲ့ပွဲစဉ်မှာ အာဆင်နယ်ကြယ်ပွင့် ကိုင် ဟာဗတ်ဇ်ရဲ့ ခွင့်ပြုခြင်းမခံခဲ့ရတဲ့သွင်းဂိုးမှာ မတ်တီ ကက်ရှ် လက်ထိခဲ့ပေမယ့် ပင်နယ်တီ ဘာကြောင့် မပေးခဲ့တာလဲဆိုတာကို ရှင်းပြခဲ့ပါတယ်။

ဟာဗတ်ဇ်ဟာ ပြီးခဲ့တဲ့အပတ်က ဗီလာပါ့ခ်မှာ ဂန်းနားတွေအတွက် ချေပဂိုးကို သွင်းယူနိုင်ခဲ့ပြီလို့ ထင်မြင်ခဲ့ပေမယ့်လည်း ကွင်းလယ်ဒိုင် ဂျားရတ် ဂီးလတ်က လက်ထိဘောဖြစ်ခဲ့တာကြောင့် ဂိုးကို ပယ်ဖျက်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်ကစားသမားတွေက ဆန့်ကျင်ခဲ့ကြသလို အာတီတာကလည်း ဝေဖန်ပြစ်တင်ခဲ့ပြီး အဲဒီဖြစ်စဉ်ကို ပြန်လည်စစ်ဆေးခဲ့ပြီးနောက် VAR က ကွင်းလယ်ဒိုင်နဲ့ တလေသံတည်း ထွက်ခဲ့တာကြောင့် ဂန်းနားတွေဟာ ၁-၀ နဲ့ ရှုံးနိမ့်ခဲ့ပြီး အမှတ်ပေးဇယားဦးဆောင်သူအဖြစ်ကနေ လျှောကျခဲ့ရတာ ဖြစ်ပါတယ်။

ဟောင်းဝပ် ဝက်ဘ်က ဒိုင်လူကြီးတွေရဲ့ အငြင်းပွားဖွယ် ဆုံးဖြတ်ချက်အချို့ကို ရှင်းပြတဲ့ အစီအစဉ်ဖြစ်တဲ့ Match Officials Mic’d Up ရဲ့ နောက်ဆုံး ဇာတ်လမ်းတွဲမှာ စကားပြောဆိုခဲ့ပြီး PGMOL ဥက္ကဌက ဘာကြောင့် ဂန်းနားကြယ်ပွင့်ရဲ့ လှုပ်ရှားမှုက ရည်ရွယ်ချက်မရှိပေမယ့် ဂိုးအဖြစ် ငြင်းပယ်ခဲ့ရလဲဆိုတာကို ရှင်းပြခဲ့တာဖြစ်ပါတယ်။

“ဥပဒေသမှာ ဖော်ပြထားတာက တိုက်စစ်ကစားသမားရဲ့ လက် သို့မဟုတ် လက်မောင်းနဲ့ ဘောလုံး ဘယ်လို ထိတွေ့မှုမျိုးမဆို ဂိုးရရှိသွားခဲ့မယ်ဆိုရင် မတော်တဆဆိုသည့်တိုင်အောင် အပြစ်ပေးရမယ်လို့ ဖော်ပြထားပါတယ်။ သူ ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တာမဟုတ်ပါဘူး။ ဒါပေမယ့် အဲဒါက အပြစ်ပေးလို့ရနေပါသေးတယ်။ ကျွန်တော် တွေးခဲ့တာက အဲဒီသွင်းဂိုးက လက်နဲ့ထိပြီးမှ သွင်းခဲ့တာဆိုရင် မျှတဲ့ဂိုးမဖြစ်နိုင်ဘူး။ အဲဒါကြောင့် ဒီဥပဒေက ရှိနေတာပါ။ ဒါပေမယ့် ဟာဗတ်ဇ်ရဲ့ လက်ကို ထိသွားတဲ့အချိန်မတိုင်ခင် စက္ကန့်ပိုင်းလောက်မှာ မတ်တီ ကက်ရှ်ရဲ့လက်ကိုလည်း ဘောလုံးက ထိခဲ့တယ်။ နှစ်ယောက်စလုံးက မတော်တဆပဲ။ ဒါပေမယ့် မတ်တီကက်ရှ်ကတော့ အပြစ်ပေးမခံခဲ့ရဘူး။ ”လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်ပရိသတ်တွေဟာ အဲဒီဖြစ်စဉ်မှာ ကက်ရှ်ရဲ့လက်ကို အရင်ဆုံးထိခဲ့တဲ့အကြောင်း လူမှုကွန်ရက်ပေါ်မှာ ထောက်ပြပြောဆိုမှုတွေ ပြုလုပ်ခဲ့ပြီး ပင်နယ်တီရရမယ့် အစား ဂိုးဝင်သွားတာတောင် အငြင်းခံရတာ ဘာကြောင့်လဲလို့ မေးခွန်းထုတ်ခဲ့ကြတာဖြစ်ပါတယ်။

ဒါပေမယ့် ဟောင်းဝပ် ဝက်ဘ်က စည်းမျဉ်းတွေဟာ ခံစစ်ကစားသမားနဲ့ တိုက်စစ်ကစားသမားကြား အဲဒီလို အခြေအနေတွေမှာ ကွာခြားမှု ဘယ်လိုရှိလဲဆိုတာကို ရှင်းလင်းခဲ့တာဖြစ်ပါတယ်။

“သူ့(ကက်ရှ်)ကို အပြစ်ပေးလို့မရဘူး။ ဘာလို့လဲဆိုတော့ သူက ခံစစ်ကစားသမားတစ်ယောက်အနေနဲ့ ပြိုင်ဘက်ကစားသမားရဲ့ ဂိုးသွင်းတာကို ကာကွယ်တာလေ။ သူက သူ့ကိုယ်သူ ပုံမှန်ထက် ပိုကြီးအောင် ဒါမှမဟုတ် ဘောလုံးကို ပိတ်ဆို့နိုင်အောင် လုပ်မှာပဲ။ သူက အဲဒီလိုမျိုး ဘာမှမလုပ်ခဲ့ဘူး။ အဲဒီတော့ သူ့ကို အပြစ်မပေးခဲ့တာ မှန်တယ်။ ဒါပေမယ့် ကျွန်တော်တို့ တိုက်စစ်မှူးတွေအတွက် မတူညီတဲ့ သတ်မှတ်ချက်တွေနဲ့ ကျွန်တော်တို့ လုပ်ဆောင်နေပါတယ်။ ဘောလုံးက ဟာဗတ်ဇ်လက်ကို ထိခဲ့တယ်။ အဲဒါကြောင့် ကျွန်တော်တို့ ဒီလို အနေအထားမှာ ဂိုးမပေးဖို့ ဆုံးဖြတ်ခဲ့ရတာပါ။ ဒီဥပဒေသက အခုဆိုရင် ပြဌာန်းခဲ့တာ ၅ နှစ်လောက်ရှိပြီထင်တယ်။ အဲဒါကို နိုင်ငံတကာ ဘောလုံးအဖွဲ့ချုပ်ဘုတ်အဖွဲ့ (IFAB)က ဆုံးဖြတ်ခဲ့တာပါ။ သူတို့ရဲ့ တိုင်ပင်ဆွေးနွေးမှုကနေတဆင့် လက်ထိပြီးမှ ရလာတဲ့ ဂိုးတွေက မမျှတဘူးလို့ ဆုံးဖြတ်ခဲ့တာပါ။ အဲဒါကြောင့် ဒီဥပဒေက ဖြစ်လာတာပါ။ ဥပဒေတွေက အမြဲတမ်း ပြန်လည်သုံးသပ်မှုတွေ အောက်မှာ ရှိပြီး အပြောင်းအလဲလည်း ရှိနိုင်ပါတယ်။ ဒါပေမယ့် ဒီအခြေအနေမှာတော့ ဒိုင်လူကြီး(ဂီးလတ်)က လုံးဝကို မှန်ကန်တဲ့အရာကို လုပ်ခဲ့တာပါ”လို့ ပြောကြားခဲ့ပါတယ်။

Arsenal Myanmar

Ref: Internet

ZAWGYI: PGMOL ဥကၠဌ ေဟာင္းဝပ္ ဝက္ဘ္က အက္စတန္ ဗီလာနဲ႔ ကစားခဲ့တဲ့ပြဲစဥ္မွာ အာဆင္နယ္ၾကယ္ပြင့္ ကိုင္ ဟာဗတ္ဇ္ရဲ႕ ခြင့္ျပဳျခင္းမခံခဲ့ရတဲ့သြင္းဂိုးမွာ မတ္တီ ကက္ရွ္ လက္ထိခဲ့ေပမယ့္ ပင္နယ္တီ ဘာေၾကာင့္ မေပးခဲ့တာလဲဆိုတာကို ရွင္းျပခဲ့ပါတယ္။

ဟာဗတ္ဇ္ဟာ ၿပီးခဲ့တဲ့အပတ္က ဗီလာပါ့ခ္မွာ ဂန္းနားေတြအတြက္ ေခ်ပဂိုးကို သြင္းယူႏိုင္ခဲ့ၿပီလို႔ ထင္ျမင္ခဲ့ေပမယ့္လည္း ကြင္းလယ္ဒိုင္ ဂ်ားရတ္ ဂီးလတ္က လက္ထိေဘာျဖစ္ခဲ့တာေၾကာင့္ ဂိုးကို ပယ္ဖ်က္ဖို႔ ဆုံးျဖတ္ခဲ့တာျဖစ္ပါတယ္။

အာဆင္နယ္ကစားသမားေတြက ဆန႔္က်င္ခဲ့ၾကသလို အာတီတာကလည္း ေဝဖန္ျပစ္တင္ခဲ့ၿပီး အဲဒီျဖစ္စဥ္ကို ျပန္လည္စစ္ေဆးခဲ့ၿပီးေနာက္ VAR က ကြင္းလယ္ဒိုင္နဲ႔ တေလသံတည္း ထြက္ခဲ့တာေၾကာင့္ ဂန္းနားေတြဟာ ၁-၀ နဲ႔ ရႈံးနိမ့္ခဲ့ၿပီး အမွတ္ေပးဇယားဦးေဆာင္သူအျဖစ္ကေန ေလွ်ာက်ခဲ့ရတာ ျဖစ္ပါတယ္။

ေဟာင္းဝပ္ ဝက္ဘ္က ဒိုင္လူႀကီးေတြရဲ႕ အျငင္းပြားဖြယ္ ဆုံးျဖတ္ခ်က္အခ်ိဳ႕ကို ရွင္းျပတဲ့ အစီအစဥ္ျဖစ္တဲ့ Match Officials Mic’d Up ရဲ႕ ေနာက္ဆုံး ဇာတ္လမ္းတြဲမွာ စကားေျပာဆိုခဲ့ၿပီး PGMOL ဥကၠဌက ဘာေၾကာင့္ ဂန္းနားၾကယ္ပြင့္ရဲ႕ လႈပ္ရွားမႈက ရည္႐ြယ္ခ်က္မရွိေပမယ့္ ဂိုးအျဖစ္ ျငင္းပယ္ခဲ့ရလဲဆိုတာကို ရွင္းျပခဲ့တာျဖစ္ပါတယ္။

“ဥပေဒသမွာ ေဖာ္ျပထားတာက တိုက္စစ္ကစားသမားရဲ႕ လက္ သို႔မဟုတ္ လက္ေမာင္းနဲ႔ ေဘာလုံး ဘယ္လို ထိေတြ႕မႈမ်ိဳးမဆို ဂိုးရရွိသြားခဲ့မယ္ဆိုရင္ မေတာ္တဆဆိုသည့္တိုင္ေအာင္ အျပစ္ေပးရမယ္လို႔ ေဖာ္ျပထားပါတယ္။ သူ ရည္႐ြယ္ခ်က္ရွိရွိ လုပ္ခဲ့တာမဟုတ္ပါဘူး။ ဒါေပမယ့္ အဲဒါက အျပစ္ေပးလို႔ရေနပါေသးတယ္။ ကြၽန္ေတာ္ ေတြးခဲ့တာက အဲဒီသြင္းဂိုးက လက္နဲ႔ထိၿပီးမွ သြင္းခဲ့တာဆိုရင္ မွ်တဲ့ဂိုးမျဖစ္ႏိုင္ဘူး။ အဲဒါေၾကာင့္ ဒီဥပေဒက ရွိေနတာပါ။ ဒါေပမယ့္ ဟာဗတ္ဇ္ရဲ႕ လက္ကို ထိသြားတဲ့အခ်ိန္မတိုင္ခင္ စကၠန႔္ပိုင္းေလာက္မွာ မတ္တီ ကက္ရွ္ရဲ႕လက္ကိုလည္း ေဘာလုံးက ထိခဲ့တယ္။ ႏွစ္ေယာက္စလုံးက မေတာ္တဆပဲ။ ဒါေပမယ့္ မတ္တီကက္ရွ္ကေတာ့ အျပစ္ေပးမခံခဲ့ရဘူး။ ”လို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။

အာဆင္နယ္ပရိသတ္ေတြဟာ အဲဒီျဖစ္စဥ္မွာ ကက္ရွ္ရဲ႕လက္ကို အရင္ဆုံးထိခဲ့တဲ့အေၾကာင္း လူမႈကြန္ရက္ေပၚမွာ ေထာက္ျပေျပာဆိုမႈေတြ ျပဳလုပ္ခဲ့ၿပီး ပင္နယ္တီရရမယ့္ အစား ဂိုးဝင္သြားတာေတာင္ အျငင္းခံရတာ ဘာေၾကာင့္လဲလို႔ ေမးခြန္းထုတ္ခဲ့ၾကတာျဖစ္ပါတယ္။

ဒါေပမယ့္ ေဟာင္းဝပ္ ဝက္ဘ္က စည္းမ်ဥ္းေတြဟာ ခံစစ္ကစားသမားနဲ႔ တိုက္စစ္ကစားသမားၾကား အဲဒီလို အေျခအေနေတြမွာ ကြာျခားမႈ ဘယ္လိုရွိလဲဆိုတာကို ရွင္းလင္းခဲ့တာျဖစ္ပါတယ္။

“သူ႔(ကက္ရွ္)ကို အျပစ္ေပးလို႔မရဘူး။ ဘာလို႔လဲဆိုေတာ့ သူက ခံစစ္ကစားသမားတစ္ေယာက္အေနနဲ႔ ၿပိဳင္ဘက္ကစားသမားရဲ႕ ဂိုးသြင္းတာကို ကာကြယ္တာေလ။ သူက သူ႔ကိုယ္သူ ပုံမွန္ထက္ ပိုႀကီးေအာင္ ဒါမွမဟုတ္ ေဘာလုံးကို ပိတ္ဆို႔ႏိုင္ေအာင္ လုပ္မွာပဲ။ သူက အဲဒီလိုမ်ိဳး ဘာမွမလုပ္ခဲ့ဘူး။ အဲဒီေတာ့ သူ႔ကို အျပစ္မေပးခဲ့တာ မွန္တယ္။ ဒါေပမယ့္ ကြၽန္ေတာ္တို႔ တိုက္စစ္မႉးေတြအတြက္ မတူညီတဲ့ သတ္မွတ္ခ်က္ေတြနဲ႔ ကြၽန္ေတာ္တို႔ လုပ္ေဆာင္ေနပါတယ္။ ေဘာလုံးက ဟာဗတ္ဇ္လက္ကို ထိခဲ့တယ္။ အဲဒါေၾကာင့္ ကြၽန္ေတာ္တို႔ ဒီလို အေနအထားမွာ ဂိုးမေပးဖို႔ ဆုံးျဖတ္ခဲ့ရတာပါ။ ဒီဥပေဒသက အခုဆိုရင္ ျပဌာန္းခဲ့တာ ၅ ႏွစ္ေလာက္ရွိၿပီထင္တယ္။ အဲဒါကို ႏိုင္ငံတကာ ေဘာလုံးအဖြဲ႕ခ်ဳပ္ဘုတ္အဖြဲ႕ (IFAB)က ဆုံးျဖတ္ခဲ့တာပါ။ သူတို႔ရဲ႕ တိုင္ပင္ေဆြးေႏြးမႈကေနတဆင့္ လက္ထိၿပီးမွ ရလာတဲ့ ဂိုးေတြက မမွ်တဘူးလို႔ ဆုံးျဖတ္ခဲ့တာပါ။ အဲဒါေၾကာင့္ ဒီဥပေဒက ျဖစ္လာတာပါ။ ဥပေဒေတြက အၿမဲတမ္း ျပန္လည္သုံးသပ္မႈေတြ ေအာက္မွာ ရွိၿပီး အေျပာင္းအလဲလည္း ရွိႏိုင္ပါတယ္။ ဒါေပမယ့္ ဒီအေျခအေနမွာေတာ့ ဒိုင္လူႀကီး(ဂီးလတ္)က လုံးဝကို မွန္ကန္တဲ့အရာကို လုပ္ခဲ့တာပါ”လို႔ ေျပာၾကားခဲ့ပါတယ္။

Arsenal Myanmar

Ref: Internet