လွန်းစ်ကို ချိုမြိန်တဲ့ ကလဲ့စားချေမှုနဲ့ ချေမှုန်းခဲ့တဲ့ ပွဲက မှတ်မှတ်ရရ ပြန်ပြောစရာများ
အာဆင်နယ်ရဲ့ ဗုဒ္ဓဟူးနေ့ညက အမ်းမရိတ်စ်မှာ လွန်းစ်ကို ပထမပိုင်းအတွင်း ၅ ဂိုးသွင်းယူနိုင်ခဲ့မှုကြောင့် ချန်ပီယံလိဂ် ၁၆ သင်းရှုံးထွက်အဆင့်ကို အုပ်စုဗိုလ်အဖြစ် တက်ရောက်နိုင်စေခဲ့ပါတယ်။
ဂန်းနားတွေဟာ ပထမပိုင်း ပွဲကစားချိန် မိနစ် ၃၀ မတိုင်ခင် ကိုင် ဟာဗတ်ဇ်၊ ဂျေးဇု၊ ဆာကာ၊ မာတီနယ်လီတို့ရဲ့ သွင်းဂိုးတွေကြောင့် ၄ ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပြီး အသင်းခေါင်းဆောင် မာတင် အော်ဒီဂွါဒ်က ပထမပိုင်း ပွဲကစားချိန်ပြီးဆုံးခါနီးမှာ နောက်ထပ် ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့တာဖြစ်ပါတယ်။
အာတီတာဟာ ဒုတိယပိုင်းမှာ အပြောင်းအလဲတွေ ပြုလုပ်နိုင်ခဲ့ပြီး ဂျော်ဂျင်ညိုက ပင်နယ်တီကနေ ဆဌမမြောက် ဦးဆောင်ဂိုးကို ကန်သွင်းယူသွားခဲ့တာဖြစ်ပြီး ဒီပွဲကနေ မှတ်မှတ်ရရ ပြန်ပြောချင်စရာအချက်တွေ ရှိခဲ့ပါတယ်။
၁။ ဂိုးသွင်းကြမ်းနေပြီဖြစ်တဲ့ ကိုင် ဟာဗတ်ဇ်
ကိုင် ဟာဗတ်ဇ်ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ နိုင်ငံတကာပွဲစဉ်အားလပ်ရက်အတွင်း ဘယ်နောက်ခံနေရာကို ဆင်းကစားခဲ့ရပြီးနောက် နတ်ရေကန်ထဲ ပစ်ချလိုက်သလို ပြောင်းလဲသွားခဲ့ပြီး အဲဒီအချိန်မတိုင်ခင်အထိ ၁၉ ပွဲကစားပေးခဲ့ရာမှာ သွင်းဂိုး ၁ ဂိုးသာ သွင်းယူနိုင်ခဲ့ပေမယ့်လည်း အခုဆိုရင် ၂ ပွဲကစားပြီး ၂ ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပြီဖြစ်ပါတယ်။ ကိုင် ဟာဗတ်ဇ်သွင်းယူခဲ့တဲ့ သွင်းဂိုး ၂ ဂိုးစလုံးကလည်း တိုက်စစ်မှူးစစ်စစ်တွေ သွင်းယူခဲ့တဲ့ပုံစံမျိုးနဲ့ သွင်းယူခဲ့တာဖြစ်ပြီး ချက်ချင်းကြီး ဂိုးတွေ အသွင်းကြမ်း၊ မကြမ်း မသိပေမယ့် အနည်းဆုံးတော့ ဂျာမန်ကြယ်ပွင့်ရဲ့ ယုံကြည်မှုအဆင့်ကတော့ တော်တော်လေး မြင့်မားလာပြီဆိုတာတော့ သေချာပါတယ်။
၂။ ကျော်ကြားတဲ့ ၅ ဦးနဲ့ အကောင်းဆုံး ၅ ဦးလား
ဟာဗတ်ဇ်သွင်းယူခဲ့တဲ့ သွင်းဂိုးက ပထမပိုင်းမှာ အာဆင်နယ်ရဲ့ သွင်းဂိုး ၅ ဂိုးထဲက ပထမဆုံးသွင်းဂိုးဖြစ်ပြီး ၅ ဂိုးစလုံးကို အာတီတာ ပွဲထွက်ခွင့်ပေးဖို့ ရွေးချယ်ခဲ့တဲ့ တိုက်စစ်အားအသန်ဆုံး ကစားသမား ၅ ဦးက သွင်းယူခဲ့တာဖြစ်ပါတယ်။ အာတီတာအတွက် ပိုပြီး အားရကျေနပ်စရာကောင်းခဲ့တာက အဲဒီ ၅ ဦးထဲက ၃ ဦးအထိ ဂိုးဖန်တီးမှုပါ ပြုလုပ်နိုင်ခဲ့သေးတာဖြစ်ပါတယ်။ ဂန်းနားတိုက်စစ်ကစားသမားတွေကြားမှာ တစ်ခုတည်းသော နောင်တက အရန်ခုံမှာ ထိုင်နေခဲ့ရတဲ့ ထရော့ဆာ့ဒ်နဲ့ အန်ကီးတီးယားတို့ ပျော်စရာကောင်းတဲ့ ဂိုးသွင်းပွဲတော်ကြီးမှာ မပါဝင်နိုင်ခဲ့တာပဲ ဖြစ်ပါလိမ့်မယ်။ ထရော့ဆာ့ဒ်ဟာ ပြီးခဲ့တဲ့ရက်သတ္တပတ်တွေမှာ ခြေစွမ်းကောင်း ပြသနေခဲ့ပေမယ့်လည်း ဟာဗတ်ဇ် ခြေစွမ်းကောင်း ပြန်လည်ရရှိလာမှုကြောင့် အရန်ခုံထိုင်ခဲ့ရတာဖြစ်ပါတယ်။
၃။ လက်ထိဘောဆိုတာ ဘာလဲ
အင်္ဂါနေ့ညက ပင်နယ်တီကိစ္စကြောင့် ဒေါသထွက်ခဲ့ရတဲ့ နယူးကာဆယ် ပရိသတ်တွေအနေနဲ့ ဗုဒ္ဓဟူးနေ့ညမှာ စိတ်အနှောင့်အယှက်ဖြစ်စရာဖြစ်ခဲ့ပြီး ကိုင် ဟာဗတ်ဇ်ဟာ ပဲရစ်မှာ လီဗရာမန်တို ပင်နယ်တီ ပေးခဲ့ရတဲ့ဖြစ်စဉ်အတိုင်းပဲ ဘောလုံးပေါင်ကို ထိပြီးနောက် လက်နဲ့ထိခဲ့တာဖြစ်ပါတယ်။ အာဆင်နယ်ကတော့ အဲဒီဖြစ်စဉ်အတွက် ပင်နယ်တီ မပေးခဲ့ရဘဲ ပင်နယ်တီပေးရမယ်ဆိုရင်လည်း အဲဒီအချိန်မှာ ၄-၀ ဖြစ်နေလို့ ဘာမှ ပြဿနာမရှိပါဘူး။ ဟာဗတ်ဇ်နဲ့ လီဗရာမန်တိုရဲ့ ဖြစ်စဉ်က အနည်းငယ်ကွာခြားမှုရှိခဲ့လားဆိုရင် ရှိခဲ့ပြီး အချို့လူတွေကတော့ သာမန်နဲ့ သာမန်မဟုတ်တဲ့ လက်အနေအထား စသဖြင့် ပျင်းစရာကောင်းတဲ့ကိစ္စတွေ ပြောနိုင်ပေမယ့် ပြဿနာက ဘောလုံးအာဏာပိုင်တွေကိုယ်တိုင် ဖန်တီးထားခဲ့တာဖြစ်ပြီး သိပ်မကြာခင်အချိန်မှာလည်း ဒီပြဿနာတွေက ပိုကောင်းလာမယ့်ပုံလည်း မပေါ်သေးပါဘူး။
၄။ သွင်းဂိုး ရခဲ့ပြီး အနားလည်း ရခဲ့တဲ့ ဆာကာ
အာတီတာက ဆာကာကို ဒဏ်ရာမရဘဲ လူစားလဲလိုက်ပြီဆိုရင် အာဆင်နယ်အတွက် အရာအားလုံး အေးဆေးဖြစ်နေပြီဆိုတာကို ပရိသတ်တွေ အလိုလို နားလည်သဘောပေါက်ကြမှာဖြစ်ပြီး အင်္ဂလန်တောင်ပံကစားသမားဟာ များသောအားဖြင့် ဘယ်တုန်းကမှ အနားပေးမခံခဲ့ရတဲ့ကစားသမားဖြစ်ပါတယ်။ ပွဲပမ်းနေလည်း ထည့်သုံးခံခဲ့ရတာကြောင့် ဂန်းနားပရိသတ်တွေ မကြာခဏ စိတ်မသက်မသာဖြစ်ခဲ့ရပေမယ့်လည်း ဗုဒ္ဓဟူးနေ့ညမှာတော့ ၆၆ မိနစ်မှာပဲ ရိစ် နယ်လ်ဆင်နဲ့ လူစားလဲပြီး အနားပေးခံခဲ့ရတာဖြစ်ပါတယ်။
၅။ ချန်ပီယံလိဂ်ဖလား အာဆင်နယ်တို့ ရနိုင်မလား
မရနိုင်သေးတာဖြစ်ကောင်းဖြစ်နိုင်ပြီး ဒီကိစ္စကို ပြောဖို့က စောလွန်းပါသေးတယ်။ ဒါပေမယ့် ဒီပွဲစဉ်က ရလဒ်ကတော့ ဘယ်သူကမှ ရှုံးထွက်အဆင့်မှာ အမ်းမရိတ်စ်ကိုလာပြီး ကစားချင်မှာမဟုတ်တော့ဘူးဆိုတာကို ပြသခဲ့တာဖြစ်ပြီး ဂန်းနားတွေရဲ့ တိုက်စစ်က ဘယ်လောက်အထိ ထက်မြက်လဲဆိုတာနဲ့ ကလဲ့စားလှလှပပ ချေတတ်တယ်ဆိုတာကို ပြိုင်ဘက်တွေ သိသွားခဲ့ပြီဖြစ်ပါတယ်။
၆။ ဂန်းနားတွေရဲ့ တိုက်စစ်အတွက် အဓိကသော့ချက်ဖြစ်ခဲ့တဲ့ ဂျပန်ကြီး
လွန်းစ်နဲ့ပွဲစဉ်မှာ ချီးကျူးစရာကောင်းတဲ့ စွမ်းဆောင်ရည်ပြသခဲ့တဲ့ ကစားသမားကို ညွှန်ပြပါဆိုရင် နောက်ခံကစားသမား တိုမိယဆုကို ပြရမှာဖြစ်ပြီး ဂျပန်နောက်ခံလူဟာ ဂန်းနားတွေရဲ့ တိုက်စစ်ကစားပုံမှာ အဓိကသော့ချက်ဖြစ်ခဲ့ပါတယ်။ ပထမပိုင်းမှာ ဂန်းနားတွေ သွင်းယူခဲ့တဲ့ ၅ ဂိုးထဲက သွင်းဂိုး ၂ ဂိုးကို ဖန်တီးပေးခဲ့ပြီး အဓိကကျတဲ့ ဘောလုံးပေးပို့မှု ၃ ကြိမ်၊ အဝေးဘောပေးပို့မှု ၃ ကြိမ်၊ ဖြတ်တင်ပေးပို့မှု ၁ ကြိမ် ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
Arsenal Myanmar
Ref: Internet
ZAWGYI: အာဆင္နယ္ရဲ႕ ဗုဒၶဟူးေန႔ညက အမ္းမရိတ္စ္မွာ လြန္းစ္ကို ပထမပိုင္းအတြင္း ၅ ဂိုးသြင္းယူႏိုင္ခဲ့မႈေၾကာင့္ ခ်န္ပီယံလိဂ္ ၁၆ သင္းရႈံးထြက္အဆင့္ကို အုပ္စုဗိုလ္အျဖစ္ တက္ေရာက္ႏိုင္ေစခဲ့ပါတယ္။
ဂန္းနားေတြဟာ ပထမပိုင္း ပြဲကစားခ်ိန္ မိနစ္ ၃၀ မတိုင္ခင္ ကိုင္ ဟာဗတ္ဇ္၊ ေဂ်းဇု၊ ဆာကာ၊ မာတီနယ္လီတို႔ရဲ႕ သြင္းဂိုးေတြေၾကာင့္ ၄ ဂိုးအထိ သြင္းယူထားႏိုင္ခဲ့ၿပီး အသင္းေခါင္းေဆာင္ မာတင္ ေအာ္ဒီဂြါဒ္က ပထမပိုင္း ပြဲကစားခ်ိန္ၿပီးဆုံးခါနီးမွာ ေနာက္ထပ္ ဦးေဆာင္ဂိုးကို သြင္းယူေပးခဲ့တာျဖစ္ပါတယ္။
အာတီတာဟာ ဒုတိယပိုင္းမွာ အေျပာင္းအလဲေတြ ျပဳလုပ္ႏိုင္ခဲ့ၿပီး ေဂ်ာ္ဂ်င္ညိဳက ပင္နယ္တီကေန ဆဌမေျမာက္ ဦးေဆာင္ဂိုးကို ကန္သြင္းယူသြားခဲ့တာျဖစ္ၿပီး ဒီပြဲကေန မွတ္မွတ္ရရ ျပန္ေျပာခ်င္စရာအခ်က္ေတြ ရွိခဲ့ပါတယ္။
၁။ ဂိုးသြင္းၾကမ္းေနၿပီျဖစ္တဲ့ ကိုင္ ဟာဗတ္ဇ္
ကိုင္ ဟာဗတ္ဇ္ဟာ ၿပီးခဲ့တဲ့ ႏိုဝင္ဘာ ႏိုင္ငံတကာပြဲစဥ္အားလပ္ရက္အတြင္း ဘယ္ေနာက္ခံေနရာကို ဆင္းကစားခဲ့ရၿပီးေနာက္ နတ္ေရကန္ထဲ ပစ္ခ်လိုက္သလို ေျပာင္းလဲသြားခဲ့ၿပီး အဲဒီအခ်ိန္မတိုင္ခင္အထိ ၁၉ ပြဲကစားေပးခဲ့ရာမွာ သြင္းဂိုး ၁ ဂိုးသာ သြင္းယူႏိုင္ခဲ့ေပမယ့္လည္း အခုဆိုရင္ ၂ ပြဲကစားၿပီး ၂ ဂိုးအထိ သြင္းယူထားႏိုင္ခဲ့ၿပီျဖစ္ပါတယ္။ ကိုင္ ဟာဗတ္ဇ္သြင္းယူခဲ့တဲ့ သြင္းဂိုး ၂ ဂိုးစလုံးကလည္း တိုက္စစ္မႉးစစ္စစ္ေတြ သြင္းယူခဲ့တဲ့ပုံစံမ်ိဳးနဲ႔ သြင္းယူခဲ့တာျဖစ္ၿပီး ခ်က္ခ်င္းႀကီး ဂိုးေတြ အသြင္းၾကမ္း၊ မၾကမ္း မသိေပမယ့္ အနည္းဆုံးေတာ့ ဂ်ာမန္ၾကယ္ပြင့္ရဲ႕ ယုံၾကည္မႈအဆင့္ကေတာ့ ေတာ္ေတာ္ေလး ျမင့္မားလာၿပီဆိုတာေတာ့ ေသခ်ာပါတယ္။
၂။ ေက်ာ္ၾကားတဲ့ ၅ ဦးနဲ႔ အေကာင္းဆုံး ၅ ဦးလား
ဟာဗတ္ဇ္သြင္းယူခဲ့တဲ့ သြင္းဂိုးက ပထမပိုင္းမွာ အာဆင္နယ္ရဲ႕ သြင္းဂိုး ၅ ဂိုးထဲက ပထမဆုံးသြင္းဂိုးျဖစ္ၿပီး ၅ ဂိုးစလုံးကို အာတီတာ ပြဲထြက္ခြင့္ေပးဖို႔ ေ႐ြးခ်ယ္ခဲ့တဲ့ တိုက္စစ္အားအသန္ဆုံး ကစားသမား ၅ ဦးက သြင္းယူခဲ့တာျဖစ္ပါတယ္။ အာတီတာအတြက္ ပိုၿပီး အားရေက်နပ္စရာေကာင္းခဲ့တာက အဲဒီ ၅ ဦးထဲက ၃ ဦးအထိ ဂိုးဖန္တီးမႈပါ ျပဳလုပ္ႏိုင္ခဲ့ေသးတာျဖစ္ပါတယ္။ ဂန္းနားတိုက္စစ္ကစားသမားေတြၾကားမွာ တစ္ခုတည္းေသာ ေနာင္တက အရန္ခုံမွာ ထိုင္ေနခဲ့ရတဲ့ ထေရာ့ဆာ့ဒ္နဲ႔ အန္ကီးတီးယားတို႔ ေပ်ာ္စရာေကာင္းတဲ့ ဂိုးသြင္းပြဲေတာ္ႀကီးမွာ မပါဝင္ႏိုင္ခဲ့တာပဲ ျဖစ္ပါလိမ့္မယ္။ ထေရာ့ဆာ့ဒ္ဟာ ၿပီးခဲ့တဲ့ရက္သတၱပတ္ေတြမွာ ေျခစြမ္းေကာင္း ျပသေနခဲ့ေပမယ့္လည္း ဟာဗတ္ဇ္ ေျခစြမ္းေကာင္း ျပန္လည္ရရွိလာမႈေၾကာင့္ အရန္ခုံထိုင္ခဲ့ရတာျဖစ္ပါတယ္။
၃။ လက္ထိေဘာဆိုတာ ဘာလဲ
အဂၤါေန႔ညက ပင္နယ္တီကိစၥေၾကာင့္ ေဒါသထြက္ခဲ့ရတဲ့ နယူးကာဆယ္ ပရိသတ္ေတြအေနနဲ႔ ဗုဒၶဟူးေန႔ညမွာ စိတ္အေႏွာင့္အယွက္ျဖစ္စရာျဖစ္ခဲ့ၿပီး ကိုင္ ဟာဗတ္ဇ္ဟာ ပဲရစ္မွာ လီဗရာမန္တို ပင္နယ္တီ ေပးခဲ့ရတဲ့ျဖစ္စဥ္အတိုင္းပဲ ေဘာလုံးေပါင္ကို ထိၿပီးေနာက္ လက္နဲ႔ထိခဲ့တာျဖစ္ပါတယ္။ အာဆင္နယ္ကေတာ့ အဲဒီျဖစ္စဥ္အတြက္ ပင္နယ္တီ မေပးခဲ့ရဘဲ ပင္နယ္တီေပးရမယ္ဆိုရင္လည္း အဲဒီအခ်ိန္မွာ ၄-၀ ျဖစ္ေနလို႔ ဘာမွ ျပႆနာမရွိပါဘူး။ ဟာဗတ္ဇ္နဲ႔ လီဗရာမန္တိုရဲ႕ ျဖစ္စဥ္က အနည္းငယ္ကြာျခားမႈရွိခဲ့လားဆိုရင္ ရွိခဲ့ၿပီး အခ်ိဳ႕လူေတြကေတာ့ သာမန္နဲ႔ သာမန္မဟုတ္တဲ့ လက္အေနအထား စသျဖင့္ ပ်င္းစရာေကာင္းတဲ့ကိစၥေတြ ေျပာႏိုင္ေပမယ့္ ျပႆနာက ေဘာလုံးအာဏာပိုင္ေတြကိုယ္တိုင္ ဖန္တီးထားခဲ့တာျဖစ္ၿပီး သိပ္မၾကာခင္အခ်ိန္မွာလည္း ဒီျပႆနာေတြက ပိုေကာင္းလာမယ့္ပုံလည္း မေပၚေသးပါဘူး။
၄။ သြင္းဂိုး ရခဲ့ၿပီး အနားလည္း ရခဲ့တဲ့ ဆာကာ
အာတီတာက ဆာကာကို ဒဏ္ရာမရဘဲ လူစားလဲလိုက္ၿပီဆိုရင္ အာဆင္နယ္အတြက္ အရာအားလုံး ေအးေဆးျဖစ္ေနၿပီဆိုတာကို ပရိသတ္ေတြ အလိုလို နားလည္သေဘာေပါက္ၾကမွာျဖစ္ၿပီး အဂၤလန္ေတာင္ပံကစားသမားဟာ မ်ားေသာအားျဖင့္ ဘယ္တုန္းကမွ အနားေပးမခံခဲ့ရတဲ့ကစားသမားျဖစ္ပါတယ္။ ပြဲပမ္းေနလည္း ထည့္သုံးခံခဲ့ရတာေၾကာင့္ ဂန္းနားပရိသတ္ေတြ မၾကာခဏ စိတ္မသက္မသာျဖစ္ခဲ့ရေပမယ့္လည္း ဗုဒၶဟူးေန႔ညမွာေတာ့ ၆၆ မိနစ္မွာပဲ ရိစ္ နယ္လ္ဆင္နဲ႔ လူစားလဲၿပီး အနားေပးခံခဲ့ရတာျဖစ္ပါတယ္။
၅။ ခ်န္ပီယံလိဂ္ဖလား အာဆင္နယ္တို႔ ရႏိုင္မလား
မရႏိုင္ေသးတာျဖစ္ေကာင္းျဖစ္ႏိုင္ၿပီး ဒီကိစၥကို ေျပာဖို႔က ေစာလြန္းပါေသးတယ္။ ဒါေပမယ့္ ဒီပြဲစဥ္က ရလဒ္ကေတာ့ ဘယ္သူကမွ ရႈံးထြက္အဆင့္မွာ အမ္းမရိတ္စ္ကိုလာၿပီး ကစားခ်င္မွာမဟုတ္ေတာ့ဘူးဆိုတာကို ျပသခဲ့တာျဖစ္ၿပီး ဂန္းနားေတြရဲ႕ တိုက္စစ္က ဘယ္ေလာက္အထိ ထက္ျမက္လဲဆိုတာနဲ႔ ကလဲ့စားလွလွပပ ေခ်တတ္တယ္ဆိုတာကို ၿပိဳင္ဘက္ေတြ သိသြားခဲ့ၿပီျဖစ္ပါတယ္။
၆။ ဂန္းနားေတြရဲ႕ တိုက္စစ္အတြက္ အဓိကေသာ့ခ်က္ျဖစ္ခဲ့တဲ့ ဂ်ပန္ႀကီး
လြန္းစ္နဲ႔ပြဲစဥ္မွာ ခ်ီးက်ဴးစရာေကာင္းတဲ့ စြမ္းေဆာင္ရည္ျပသခဲ့တဲ့ ကစားသမားကို ၫႊန္ျပပါဆိုရင္ ေနာက္ခံကစားသမား တိုမိယဆုကို ျပရမွာျဖစ္ၿပီး ဂ်ပန္ေနာက္ခံလူဟာ ဂန္းနားေတြရဲ႕ တိုက္စစ္ကစားပုံမွာ အဓိကေသာ့ခ်က္ျဖစ္ခဲ့ပါတယ္။ ပထမပိုင္းမွာ ဂန္းနားေတြ သြင္းယူခဲ့တဲ့ ၅ ဂိုးထဲက သြင္းဂိုး ၂ ဂိုးကို ဖန္တီးေပးခဲ့ၿပီး အဓိကက်တဲ့ ေဘာလုံးေပးပို႔မႈ ၃ ႀကိမ္၊ အေဝးေဘာေပးပို႔မႈ ၃ ႀကိမ္၊ ျဖတ္တင္ေပးပို႔မႈ ၁ ႀကိမ္ ျပဳလုပ္ခဲ့တာျဖစ္ပါတယ္။
Arsenal Myanmar
Ref: Internet
- Posted In:
- Post Match Review
- Team News