လူတန်တောင်းကို အနိုင်ယူပြီး မူမှန်ကြောင်း ပြသသွားဦးမယ့် ဆင်ပျံကြီး 1024 504 coyg

လူတန်တောင်းကို အနိုင်ယူပြီး မူမှန်ကြောင်း ပြသသွားဦးမယ့် ဆင်ပျံကြီး

လူတန်တောင်းဟာ ယနေ့ညမှာ ကန်းနေလ်ဝေါ့သ်ရုဒ်မှာ အမှတ်ပေးဇယားထိပ်ဆုံးမှာ ဦးဆောင်နေတဲ့ အာဆင်နယ်ကို လက်ခံယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။

အိမ်ရှင်တွေဟာ စနေနေ့က ဘရန့်တ်ဖို့ဒ်ကို ၃-၁ နဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် ဒီရာသီရဲ့ ၉ ပွဲမြောက်ရှုံးပွဲနဲ့ ရင်ဆိုင်ခဲ့ရပြီး ဂျေကော့ဘ် ဘရောင်းက လူတန်အတွက် ၇၆ မိနစ်မှာ နှစ်သိမ့်ဂိုးသွင်းယူနိုင်ခဲ့တာကြောင့် အမှတ်ပေးဇယား အဆင့် ၁၇ နေရာမှာ ဆက်လက်ရပ်တည်နိုင်ခဲ့တာဖြစ်ပါတယ်။

ဧည့်သည်တွေကတော့ ဝုလ်ဗ်စ်ကို ၂-၁ နဲ့ စနေနေ့မှာ အနိုင်ရရှိခဲ့ပြီးနောက် အမှတ်ပေးဇယားထိပ်ဆုံးကို တက်လှမ်းနိုင်ခဲ့တာဖြစ်ပြီး ဂန်းနားတွေအတွက်တော့ ပြိုင်ပွဲစုံမှာ ၅ ပွဲဆက်တိုက် နိုင်ပွဲဖြစ်ခဲ့တာဖြစ်ပါတယ်။

လူတန်တောင်းဘက်မှာ ရီးစ်ဘာကီ၊ နကန်ဘာ၊ အန်ဒါဆန်၊ ဒန်နီရယ် ပေါ့တ်စ်၊ ဝုဒ်ရိုး၊ လိုကွန်ဂါတို့ ဒဏ်ရာကြောင့် ပါဝင်ကစားပေးနိုင်မှာမဟုတ်ပါဘူး။

အာဆင်နယ်ဘက်မှာတော့ တိုမိယဆု ဒဏ်ရာအခြေအနေက ပြန်လည်ကောင်းမွန်နေပေမယ့်လည်း အရဲစွန့်ထည့်သုံးသွားဖွယ်မရှိတာကြောင့် ညာနောက်ခံနေရာမှာ ဘန်ဝှိုက်ကိုပဲ ပြန်မြင်ရနိုင်ပါတယ်။ အာတီတာဟာ လာမယ့်ရက်သတ္တပတ်တွေမှာ ကြပ်တည်းတဲ့ ပွဲချိန်စာရင်းကြောင့် ရက်သတ္တပတ်အလယ်ပွဲစဉ်မှာ လူစာရင်းအလှည့်ကျ အသုံးပြုဖို့ရှိနေပေမယ့်လည်း ဗီယာရာ၊ စမစ်ရိုး၊ ပါတေးနဲ့ တင်းဘားတို့ကတော့ ဆက်လက် လွဲချော်ဦးမှာပါ။ ကိုင် ဟာဗတ်ဇ် ကွင်းလယ်မှာ ပြန်ပါလာနိုင်ပြီး ခီဗီယောကလည်း ဘယ်နောက်ခံနေရာမှာ ပွဲထွက်ခွင့်ရနိုင်ပါတယ်။

ဖြစ်နိုင်ဖွယ် ပွဲထွက်လူစာရင်း

လူတန်တောင်း-ကာမင်းစကီး၊ မန်ဂီ၊ လော့ခ်ယာ၊ အိုရှို၊ ကာဘိုရီ၊ နကန်ဘာ၊ ဘာကလေ၊ ဂျိုင်းစ်၊ တောင်းဆန့်၊ မောရစ်၊ အော့ဂ်ဘင်း။
အာဆင်နယ်- ရာယာ၊ ဝှိုက်၊ ဆာလီဘာ၊ ဂါဘရီယဲလ်၊ ခီဗီယော၊ ရိုက်၊ အော်ဒီဂွါဒ်၊ ဟာဗတ်ဇ်၊ ဆာကာ၊ မာတီနယ်လီ၊ ဂျေးဇု။

ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံးပွဲခြေစွမ်းများ

အာဆင်နယ်နဲ့ လူတန်တောင်းတို့ဟာ ၁၉၉၁ ခုနှစ်နောက်ပိုင်းကတည်းက တစ်ကြိမ်မှ တွေ့ဆုံယှဉ်ပြိုင်ခဲ့ဖူးခြင်းမရှိပါဘူး။ နောက်ဆုံးကစားခဲ့တဲ့ ၅ ပွဲမှာ လူတန်တောင်းက ၁ ပွဲနိုင် ၁ ပွဲသရေ ၃ ပွဲရှုံးခဲ့ပြီး အာဆင်နယ်က ၅ ပွဲစလုံး အနိုင်ရခဲ့ပါတယ်။

ပွဲကြိုသုံးသပ်ချက်

လူတန်က အာဆင်နယ်အတွက်တော့ ဒီဇင်ဘာပွဲကြပ်ကာလထဲမှာ အချောင်ဆုံးပွဲတစ်ပွဲဖြစ်လာမှာဖြစ်ပြီး အရည်အသွေးပိုင်း တော်တော်လေး ကွာခြားမှုရှိနေပေမယ့်လည်း ဒီရာသီမှာ အိမ်ရှင်တွေက လီဗာပူးလ်ကို အိမ်ကွင်းမှာ ၁-၁ သရေခံကန်ခဲ့တာကိုလည်း ထည့်တွက်ရပါမယ်။ အက်ဒွပ်ရဲ့ ပွဲကို အမြန်မှန်မှန်နဲ့ ချဉ်းကပ်တတ်မှုက ယနေ့မှာ အိမ်ရှင်တွေကို အခွင့်အရေးအချို့ ရစေမှာဖြစ်ပေမယ့်လည်း အာဆင်နယ်ကတော့ ဒီပွဲမှာ ဘာပြဿနာများများစားစားမှ မတွေ့နိုင်ပါဘူး။ ပထမဆုံးဂိုးက အရေးကြီးမှာဖြစ်ပြီး တစ်ဂိုးရပြီဆိုတာနဲ့ ဂန်းနားတွေရဲ့ တိုက်စစ်အရှိန်အဟုန်ကို လူတန်တို့ ထိန်းနိုင်မှာမဟုတ်ဘဲ ဂိုးတွေ ဆက်တိုက်ပေးဖို့သာ ပြင်ထားရတော့မှာဖြစ်လို့ အာတီတာအနေနဲ့ နောက်ထပ်တစ်ကြိမ် လျင်မြန်တဲ့စတင်မှု ပြုလုပ်နိုင်ဖို့သာ မျှော်လင့်ထားရမှာပါ။

AM ခန့်မှန်းပွဲပြီးရလဒ် (လူတန်တောင်း ၀-၃ အာဆင်နယ်)
ပေါလ် မာဆန်ရဲ့ ခန့်မှန်းပွဲပြီးရလဒ်(လူတန်တောင်း ၀-၃ အာဆင်နယ်)
ခရစ္စ ဆပ်တန်ရဲ့ ခန့်မှန်းပွဲပြီးရလဒ်(လူတန်တောင်း ၀-၂ အာဆင်နယ်)

Arsenal Myanmar

Ref: Internet

ZAWGYI: လူတန္ေတာင္းဟာ ယေန႔ညမွာ ကန္းေနလ္ေဝါ့သ္႐ုဒ္မွာ အမွတ္ေပးဇယားထိပ္ဆုံးမွာ ဦးေဆာင္ေနတဲ့ အာဆင္နယ္ကို လက္ခံယွဥ္ၿပိဳင္သြားရမွာျဖစ္ပါတယ္။

အိမ္ရွင္ေတြဟာ စေနေန႔က ဘရန႔္တ္ဖို႔ဒ္ကို ၃-၁ နဲ႔ ရႈံးနိမ့္ခဲ့ၿပီးေနာက္ ဒီရာသီရဲ႕ ၉ ပြဲေျမာက္ရႈံးပြဲနဲ႔ ရင္ဆိုင္ခဲ့ရၿပီး ေဂ်ေကာ့ဘ္ ဘေရာင္းက လူတန္အတြက္ ၇၆ မိနစ္မွာ ႏွစ္သိမ့္ဂိုးသြင္းယူႏိုင္ခဲ့တာေၾကာင့္ အမွတ္ေပးဇယား အဆင့္ ၁၇ ေနရာမွာ ဆက္လက္ရပ္တည္ႏိုင္ခဲ့တာျဖစ္ပါတယ္။

ဧည့္သည္ေတြကေတာ့ ဝုလ္ဗ္စ္ကို ၂-၁ နဲ႔ စေနေန႔မွာ အႏိုင္ရရွိခဲ့ၿပီးေနာက္ အမွတ္ေပးဇယားထိပ္ဆုံးကို တက္လွမ္းႏိုင္ခဲ့တာျဖစ္ၿပီး ဂန္းနားေတြအတြက္ေတာ့ ၿပိဳင္ပြဲစုံမွာ ၅ ပြဲဆက္တိုက္ ႏိုင္ပြဲျဖစ္ခဲ့တာျဖစ္ပါတယ္။

လူတန္ေတာင္းဘက္မွာ ရီးစ္ဘာကီ၊ နကန္ဘာ၊ အန္ဒါဆန္၊ ဒန္နီရယ္ ေပါ့တ္စ္၊ ဝုဒ္႐ိုး၊ လိုကြန္ဂါတို႔ ဒဏ္ရာေၾကာင့္ ပါဝင္ကစားေပးႏိုင္မွာမဟုတ္ပါဘူး။

အာဆင္နယ္ဘက္မွာေတာ့ တိုမိယဆု ဒဏ္ရာအေျခအေနက ျပန္လည္ေကာင္းမြန္ေနေပမယ့္လည္း အရဲစြန႔္ထည့္သုံးသြားဖြယ္မရွိတာေၾကာင့္ ညာေနာက္ခံေနရာမွာ ဘန္ဝႈိက္ကိုပဲ ျပန္ျမင္ရႏိုင္ပါတယ္။ အာတီတာဟာ လာမယ့္ရက္သတၱပတ္ေတြမွာ ၾကပ္တည္းတဲ့ ပြဲခ်ိန္စာရင္းေၾကာင့္ ရက္သတၱပတ္အလယ္ပြဲစဥ္မွာ လူစာရင္းအလွည့္က် အသုံးျပဳဖို႔ရွိေနေပမယ့္လည္း ဗီယာရာ၊ စမစ္႐ိုး၊ ပါေတးနဲ႔ တင္းဘားတို႔ကေတာ့ ဆက္လက္ လြဲေခ်ာ္ဦးမွာပါ။ ကိုင္ ဟာဗတ္ဇ္ ကြင္းလယ္မွာ ျပန္ပါလာႏိုင္ၿပီး ခီဗီေယာကလည္း ဘယ္ေနာက္ခံေနရာမွာ ပြဲထြက္ခြင့္ရႏိုင္ပါတယ္။

ျဖစ္ႏိုင္ဖြယ္ ပြဲထြက္လူစာရင္း

လူတန္ေတာင္း-ကာမင္းစကီး၊ မန္ဂီ၊ ေလာ့ခ္ယာ၊ အိုရႈိ၊ ကာဘိုရီ၊ နကန္ဘာ၊ ဘာကေလ၊ ဂ်ိဳင္းစ္၊ ေတာင္းဆန႔္၊ ေမာရစ္၊ ေအာ့ဂ္ဘင္း။
အာဆင္နယ္- ရာယာ၊ ဝႈိက္၊ ဆာလီဘာ၊ ဂါဘရီယဲလ္၊ ခီဗီေယာ၊ ႐ိုက္၊ ေအာ္ဒီဂြါဒ္၊ ဟာဗတ္ဇ္၊ ဆာကာ၊ မာတီနယ္လီ၊ ေဂ်းဇု။

ထိပ္တိုက္ေတြ႕ဆုံမႈနဲ႔ ေနာက္ဆုံးပြဲေျခစြမ္းမ်ား

အာဆင္နယ္နဲ႔ လူတန္ေတာင္းတို႔ဟာ ၁၉၉၁ ခုႏွစ္ေနာက္ပိုင္းကတည္းက တစ္ႀကိမ္မွ ေတြ႕ဆုံယွဥ္ၿပိဳင္ခဲ့ဖူးျခင္းမရွိပါဘူး။ ေနာက္ဆုံးကစားခဲ့တဲ့ ၅ ပြဲမွာ လူတန္ေတာင္းက ၁ ပြဲႏိုင္ ၁ ပြဲသေရ ၃ ပြဲရႈံးခဲ့ၿပီး အာဆင္နယ္က ၅ ပြဲစလုံး အႏိုင္ရခဲ့ပါတယ္။

ပြဲႀကိဳသုံးသပ္ခ်က္

လူတန္က အာဆင္နယ္အတြက္ေတာ့ ဒီဇင္ဘာပြဲၾကပ္ကာလထဲမွာ အေခ်ာင္ဆုံးပြဲတစ္ပြဲျဖစ္လာမွာျဖစ္ၿပီး အရည္အေသြးပိုင္း ေတာ္ေတာ္ေလး ကြာျခားမႈရွိေနေပမယ့္လည္း ဒီရာသီမွာ အိမ္ရွင္ေတြက လီဗာပူးလ္ကို အိမ္ကြင္းမွာ ၁-၁ သေရခံကန္ခဲ့တာကိုလည္း ထည့္တြက္ရပါမယ္။ အက္ဒြပ္ရဲ႕ ပြဲကို အျမန္မွန္မွန္နဲ႔ ခ်ဥ္းကပ္တတ္မႈက ယေန႔မွာ အိမ္ရွင္ေတြကို အခြင့္အေရးအခ်ိဳ႕ ရေစမွာျဖစ္ေပမယ့္လည္း အာဆင္နယ္ကေတာ့ ဒီပြဲမွာ ဘာျပႆနာမ်ားမ်ားစားစားမွ မေတြ႕ႏိုင္ပါဘူး။ ပထမဆုံးဂိုးက အေရးႀကီးမွာျဖစ္ၿပီး တစ္ဂိုးရၿပီဆိုတာနဲ႔ ဂန္းနားေတြရဲ႕ တိုက္စစ္အရွိန္အဟုန္ကို လူတန္တို႔ ထိန္းႏိုင္မွာမဟုတ္ဘဲ ဂိုးေတြ ဆက္တိုက္ေပးဖို႔သာ ျပင္ထားရေတာ့မွာျဖစ္လို႔ အာတီတာအေနနဲ႔ ေနာက္ထပ္တစ္ႀကိမ္ လ်င္ျမန္တဲ့စတင္မႈ ျပဳလုပ္ႏိုင္ဖို႔သာ ေမွ်ာ္လင့္ထားရမွာပါ။

AM ခန႔္မွန္းပြဲၿပီးရလဒ္ (လူတန္ေတာင္း ၀-၃ အာဆင္နယ္)
ေပါလ္ မာဆန္ရဲ႕ ခန႔္မွန္းပြဲၿပီးရလဒ္(လူတန္ေတာင္း ၀-၃ အာဆင္နယ္)
ခရစၥ ဆပ္တန္ရဲ႕ ခန႔္မွန္းပြဲၿပီးရလဒ္(လူတန္ေတာင္း ၀-၂ အာဆင္နယ္)

Arsenal Myanmar

Ref: Internet