လူတန်ကို အနိုင်ယူပြီး ဇယားထိပ်ပြန်တက်နိုင်ခဲ့တဲ့ပွဲက မှတ်မှတ်ရရ ပြန်ပြောရမယ့်အချက်များ
အာဆင်နယ်ဟာ ဗုဒ္ဓဟူးနေ့ညက အမ်းမရိတ်စ်မှာ တန်းဆင်းဇုန်ထဲက လူတန်ကို ၂-၀ နဲ့ နိုင်ပွဲရယူပြီး အမှတ်ပေးဇယားထိပ်ဆုံးနေရာကို ပြန်လည်တက်လှမ်းနိုင်ခဲ့ပါတယ်။
မာတင် အော်ဒီဂွါဒ်က ဂန်းနားတွေကို ပထမပိုင်း ပွဲကစားချိန်အလယ်လောက်မှာ ဦးဆောင်ဂိုး သွင်းယူပေးခဲ့ပြီး ပထမပိုင်းပြီးခါနီး ဟာရှိုကာရဲ့ ကိုယ့်ဂိုးကိုယ်သွင်းမိခဲ့တဲ့ ဂိုးကြောင့် နောက်ထပ် ဦးဆောင်ဂိုး ရရှိခဲ့တာဖြစ်ပါတယ်။
အဖွင့်ဂိုး သွင်းပေးခဲ့တဲ့ အသင်းခေါင်းဆောင်
ထိပ်တန်းဂိုးသွင်းရှင် ဆာကာမပါနိုင်တော့ ဂိုးသွင်းဖို့ တာဝန်က အော်ဒီဂွါဒ်နဲ့ ဟာဗတ်ဇ်တို့ ပုခုံးပေါ်ရောက်လာခဲ့ပြီး ဂန်းနားကြယ်ပွင့် ၂ ဦးကလည်း ပေးအပ်လာတဲ့တာဝန်ကို ကျေပွန်ခဲ့တာဖြစ်ပါတယ်။ ဟာဗတ်ဇ်နဲ့ အော်ဒီဂွါဒ်တို့ဟာ လူတန်ပင်နယ်တီဧရိယာအပြင်ဘက်မှာ ဘောလုံးအပေးအယူလုပ်ပြီး ဂျာမန်ကြယ်ပွင့် ပေးပို့လိုက်တဲ့ဘောလုံးကို အာဆင်နယ်အသင်းခေါင်းဆောင်က သေသပ်တဲ့ အဆုံးသတ်နဲ့ ကန်သွင်းယူသွားခဲ့တာ ဖြစ်ပါတယ်။ ဒီသွင်းဂိုးကြောင့် မာတင် အော်ဒီဂွါဒ်ဟာ ဒီရာသီ သွင်းဂိုး ကိန်းဂဏန်း ၂ လုံး ပြည့်မြောက်ခဲ့ပြီဖြစ်ပြီး နော်ဝေကြယ်ပွင့်ရဲ့ ခြေစွမ်းဟာ အခုကနေ ရာသီကုန်အထိ ဂန်းနားတွေအတွက် အရေးကြီးလာတော့မှာ ဖြစ်ပါတယ်။
သံသယရှိသူတွေကို တိတ်ဆိတ်စေခဲ့ပြန်တဲ့ ဟာဗတ်ဇ်
အဖွင့်ဂိုးဖန်တီးရှင် ဟာဗတ်ဇ်ဟာ ဂန်းနားတွေအတွက် ဆက်တောက်ပပြခဲ့ပြီး အော်ဒီဂွါဒ်အတွက် ဂိုးဖန်တီးပေးနိုင်ခဲ့မှုကြောင့် နောက်ဆုံး ၆ ပွဲမှာ သွင်းဂိုး ၄ ဂိုးနဲ့ ဂိုးဖန်တီးမှု ၃ ကြိမ်အထိ ပြုလုပ်ထားနိုင်ခဲ့ပြီဖြစ်ပါတယ်။ ဒါကြောင့် ဟာဗတ်ဇ်ဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ သွင်းဂိုး ၈ ဂိုးနဲ့ ဂိုးဖန်တီးမှု ၄ ကြိမ်အထိ ရှိခဲ့ပြီဖြစ်ပြီး ဒီကိန်းဂဏန်းတွေဟာ ချဲလ်ဆီးမှာ ကစားခဲ့တဲ့ ၃ ရာသီထက် ပိုမိုကောင်းမွန်တဲ့ စံချိန်မှတ်တမ်းတွေ ဖြစ်ပါတယ်။ ကြီးမားတဲ့ ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူခဲ့ရတာကြောင့် သံသယရှိသူအချို့ရဲ့ အသံတွေကတော့ တဖြည်းဖြည်းတိတ်ဆိတ်လာခဲ့ရာကနေ အခုဆိုရင် လုံးဝတိတ်ဆိတ်ငြိမ်သက်သွားခဲ့ကြပါပြီ။
ရိုက်မရှိလည်း ပြဿနာမရှိ
အာဆင်နယ်ပရိသတ်တွေက လူတန်နဲ့ပွဲအတွက် အရန်လူစာရင်းထဲမှာ ဒီကလန် ရိုက်နာမည်ကို မြင်ရတာ အံ့အားသင့်ခဲ့ကြမှာဖြစ်ပြီး အင်္ဂလန်ကြယ်ပွင့်ဟာ ဝက်စ်ဟမ်းက ပြောင်းလာပြီးကတည်းက ဂန်းနားတွေရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တိုင်းကို ပွဲထွက်ပါဝင်ကစားပေးခဲ့သူပါ။ ရိုက်ရဲ့ နေရာမှာ သောမတ်စ် ပါတေးကို အစားထိုးခဲ့တာကို မြင်ခဲ့ရတာကြောင့် ပရိသတ်အချို့က စိုးရိမ်ခဲ့ကြတာဖြစ်ပြီး ဂန်းနားတွေရဲ့ ကွင်းလယ်ဟာ ပုံမှန်ထိန်းချုပ်နိုင်တဲ့ အဆင့်အတန်းလောက်မရှိခဲ့ပေမယ့်လည်း ဂါနာကွင်းလယ်လူက စိတ်ကျေနပ်စရာ ကစားပုံအချို့ကိုတော့ ပြသနိုင်ခဲ့သေးတာ ဖြစ်ပါတယ်။ ပွဲပြီးခါနီး မိနစ် ၂၀ လောက်အလိုမှ ဒီကလန် ရိုက်ဝင်ကစားခဲ့ပြီး အာတီတာအနေနဲ့ အင်္ဂလန်ကြယ်ပွင့်ကို သိပ်မကြာခင်မှာ ပွဲထွက်လူစာရင်းထဲ ပြန်ထည့်ချင်နေမှာ သေချာပါတယ်။ ဒီကလန် ရိုက်မပါတဲ့ ကွင်းလယ်ဟာ ပြင်းထန်တဲ့ ခြိမ်းခြောက်မှုအောက်မှာ ရှိနေနိုင်လားဆိုတဲ့ အာတီတာရဲ့ စိုးရိမ်မှုက အခုဆိုရင်တော့ အနည်းငယ် ပြေလျော့သွားခဲ့ပါပြီ။
ရပ်တန့်သွားခဲ့တဲ့ လူတန်ရဲ့ ဂိုးသွင်းပုံစံကောင်း
အာဆင်နယ်အတွက် ဒီပွဲမတိုင်ခင် စိုးရိမ်စရာကိစ္စကြီးတစ်ခုက လူတန်ဟာ ဂိုးတွေ သွင်းယူနေနိုင်တာဖြစ်ပြီး ရော့ဘ် အက်ဒွပ်ရဲ့အသင်းက နိုဝင်ဘာလက မန်ယူနိုက်တက်ကို ၁-၀ နဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲနောက်ပိုင်း ဂိုးတွေ တောက်လျှောက်သွင်းယူနေခဲ့တာဖြစ်ပါတယ်။ အာဆင်နယ်နဲ့ပွဲမှာ လူတန်တို့ဟာ တစ်ပွဲလုံးမှ ဂိုးပေါက်ကန်သွင်းမှု ၃ ကြိမ်သာ ပြုလုပ်နိုင်ခဲ့ပြီး ၁ ကြိမ်သာ ဂိုးပေါက်တည့်ခဲ့တာကြောင့် သူတို့ရဲ့ ဂိုးသွင်းခြေစွမ်းကောင်းကို အနှေးနဲ့အမြန် ပြန်ရှာတွေ့ဖို့ လိုအပ်တော့မှာ ဖြစ်ပါတယ်။
အခွင့်အရေးရချိန်မှာ အစွမ်းကုန်တောက်ပပြခဲ့တဲ့ စမစ် ရိုး
အာဆင်နယ်ကွင်းလယ်ကြယ်ပွင့် စမစ် ရိုးဟာ အာဆင်နယ်ရဲ့ သွင်းဂိုး ၂ ဂိုးစလုံးမှာ အဓိကပါဝင်ပတ်သက်ခဲ့သူဖြစ်ပြီး အဖွင့်ဂိုးမှာ အန်ပန်ဇူဆီကနေ ဘောလုံးလုယူပြီး အော်ဒီဂွါဒ်ကို ပေးပို့နိုင်ခဲ့တာဖြစ်ပါတယ်။ အော်ဒီဂွါဒ်က ကိုင် ဟာဗတ်ဇ်နဲ့ ဝမ်းတူးရိုက်ခဲ့ပြီး ဂျာမန်ကြယ်ပွင့်က ဂိုးဖန်တီးပေးနိုင်ခဲ့တာပါ။ ဒုတိယ သွင်းဂိုးမှာလည်း စမစ် ရိုးရဲ့ ဖြတ်တင်ပေးပို့မှုကို ဟာရှိုကာ ရှင်းထုတ်ဖို့ ကြိုးစားရင်း ကိုယ့်ဂိုးကိုယ်ပြန်သွင်းမိခဲ့တာဖြစ်ပါတယ်။ စမစ် ရိုးဟာ လူတန်နဲ့ပွဲမှာ ကွင်းလယ်ဘယ်ခြမ်းမှာ ကစားပေးခဲ့ပြီး ၈၅ မိနစ် ကစားပေးခဲ့တဲ့ကာလအတွင်း ဂိုးဖန်တီးမှု ၁ ကြိမ်၊ ဘောလုံးလုယူမှု ၁၀၀ ရာခိုင်နှုန်း အောင်မြင်၊အခွင့်အရေး ၂ ကြိမ်ဖန်တီးနိုင်၊ ဘောလုံးထိတွေ့မှု ၅၅ ကြိမ်၊ ပြိုင်ဘက်ပင်နယ်တီဧရိယာထဲမှာ ဘောလုံးထိတွေ့မှု ၅ ကြိမ်၊ တိကျတဲ့ဘောလုံးပေးပို့မှု ၄၄ ကြိမ်မှာ ၃၉ ကြိမ်(၈၉ ရာခိုင်နှုန်း)၊ တိုက်စစ်ဧရိယာထဲကို ပေးပို့မှု ၄ ကြိမ်၊ ကြားဝင်ရှင်းထုတ်မှု ၂ ကြိမ်နဲ့ ဘောလုံးပြန်ဆယ်ယူမှု ၂ ကြိမ်ပြုလုပ်နိုင်ခဲ့ပါတယ်။
ရပ်တန့်လို့မရနိုင်တဲ့ ဂန်းနားများ
အာဆင်နယ်ဟာ ဒီရာသီမှာ အကောင်းဆုံးပုံစံနဲ့ နောက်ထပ်တစ်ကြိမ် ပရီးမီးယားလိဂ်ဖလားကို စိန်ခေါ်နေတဲ့အသင်းဖြစ်ပြီး ၂၀၂၄ ခုနှစ်နှစ်အစကတည်းက ၁၀ ပွဲဆက်တိုက် ရှုံးပွဲမရှိခဲ့ဘဲ ၉ ပွဲနိုင် ၁ ပွဲသရေ သွင်းဂိုး ၃၅ ဂိုး၊ ပေးဂိုး ၄ ဂိုးသာရှိခဲ့ပါတယ်။ အာဆင်နယ်ရဲ့ ခံစစ်ဟာ ဘယ်လောက်အထိ မာကျောကျစ်လစ်လဲဆိုရင် ပေးဂိုးထက် ကလင်းရှစ်တ်ပွဲအရေအတွက်က ပိုမိုများပြားနေတဲ့အထိပဲ ဖြစ်ပါတယ်။
Arsenal Myanmar
Ref: Internet
ZAWGYI:
အာဆင္နယ္ဟာ ဗုဒၶဟူးေန႔ညက အမ္းမရိတ္စ္မွာ တန္းဆင္းဇုန္ထဲက လူတန္ကို ၂-၀ နဲ႔ ႏိုင္ပြဲရယူၿပီး အမွတ္ေပးဇယားထိပ္ဆုံးေနရာကို ျပန္လည္တက္လွမ္းႏိုင္ခဲ့ပါတယ္။
မာတင္ ေအာ္ဒီဂြါဒ္က ဂန္းနားေတြကို ပထမပိုင္း ပြဲကစားခ်ိန္အလယ္ေလာက္မွာ ဦးေဆာင္ဂိုး သြင္းယူေပးခဲ့ၿပီး ပထမပိုင္းၿပီးခါနီး ဟာရႈိကာရဲ႕ ကိုယ့္ဂိုးကိုယ္သြင္းမိခဲ့တဲ့ ဂိုးေၾကာင့္ ေနာက္ထပ္ ဦးေဆာင္ဂိုး ရရွိခဲ့တာျဖစ္ပါတယ္။
အဖြင့္ဂိုး သြင္းေပးခဲ့တဲ့ အသင္းေခါင္းေဆာင္
ထိပ္တန္းဂိုးသြင္းရွင္ ဆာကာမပါႏိုင္ေတာ့ ဂိုးသြင္းဖို႔ တာဝန္က ေအာ္ဒီဂြါဒ္နဲ႔ ဟာဗတ္ဇ္တို႔ ပုခုံးေပၚေရာက္လာခဲ့ၿပီး ဂန္းနားၾကယ္ပြင့္ ၂ ဦးကလည္း ေပးအပ္လာတဲ့တာဝန္ကို ေက်ပြန္ခဲ့တာျဖစ္ပါတယ္။ ဟာဗတ္ဇ္နဲ႔ ေအာ္ဒီဂြါဒ္တို႔ဟာ လူတန္ပင္နယ္တီဧရိယာအျပင္ဘက္မွာ ေဘာလုံးအေပးအယူလုပ္ၿပီး ဂ်ာမန္ၾကယ္ပြင့္ ေပးပို႔လိုက္တဲ့ေဘာလုံးကို အာဆင္နယ္အသင္းေခါင္းေဆာင္က ေသသပ္တဲ့ အဆုံးသတ္နဲ႔ ကန္သြင္းယူသြားခဲ့တာ ျဖစ္ပါတယ္။ ဒီသြင္းဂိုးေၾကာင့္ မာတင္ ေအာ္ဒီဂြါဒ္ဟာ ဒီရာသီ သြင္းဂိုး ကိန္းဂဏန္း ၂ လုံး ျပည့္ေျမာက္ခဲ့ၿပီျဖစ္ၿပီး ေနာ္ေဝၾကယ္ပြင့္ရဲ႕ ေျခစြမ္းဟာ အခုကေန ရာသီကုန္အထိ ဂန္းနားေတြအတြက္ အေရးႀကီးလာေတာ့မွာ ျဖစ္ပါတယ္။
သံသယရွိသူေတြကို တိတ္ဆိတ္ေစခဲ့ျပန္တဲ့ ဟာဗတ္ဇ္
အဖြင့္ဂိုးဖန္တီးရွင္ ဟာဗတ္ဇ္ဟာ ဂန္းနားေတြအတြက္ ဆက္ေတာက္ပျပခဲ့ၿပီး ေအာ္ဒီဂြါဒ္အတြက္ ဂိုးဖန္တီးေပးႏိုင္ခဲ့မႈေၾကာင့္ ေနာက္ဆုံး ၆ ပြဲမွာ သြင္းဂိုး ၄ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၃ ႀကိမ္အထိ ျပဳလုပ္ထားႏိုင္ခဲ့ၿပီျဖစ္ပါတယ္။ ဒါေၾကာင့္ ဟာဗတ္ဇ္ဟာ ဒီရာသီ ပရီးမီးယားလိဂ္မွာ သြင္းဂိုး ၈ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၄ ႀကိမ္အထိ ရွိခဲ့ၿပီျဖစ္ၿပီး ဒီကိန္းဂဏန္းေတြဟာ ခ်ဲလ္ဆီးမွာ ကစားခဲ့တဲ့ ၃ ရာသီထက္ ပိုမိုေကာင္းမြန္တဲ့ စံခ်ိန္မွတ္တမ္းေတြ ျဖစ္ပါတယ္။ ႀကီးမားတဲ့ ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ေခၚယူခဲ့ရတာေၾကာင့္ သံသယရွိသူအခ်ိဳ႕ရဲ႕ အသံေတြကေတာ့ တျဖည္းျဖည္းတိတ္ဆိတ္လာခဲ့ရာကေန အခုဆိုရင္ လုံးဝတိတ္ဆိတ္ၿငိမ္သက္သြားခဲ့ၾကပါၿပီ။
႐ိုက္မရွိလည္း ျပႆနာမရွိ
အာဆင္နယ္ပရိသတ္ေတြက လူတန္နဲ႔ပြဲအတြက္ အရန္လူစာရင္းထဲမွာ ဒီကလန္ ႐ိုက္နာမည္ကို ျမင္ရတာ အံ့အားသင့္ခဲ့ၾကမွာျဖစ္ၿပီး အဂၤလန္ၾကယ္ပြင့္ဟာ ဝက္စ္ဟမ္းက ေျပာင္းလာၿပီးကတည္းက ဂန္းနားေတြရဲ႕ ပရီးမီးယားလိဂ္ပြဲစဥ္တိုင္းကို ပြဲထြက္ပါဝင္ကစားေပးခဲ့သူပါ။ ႐ိုက္ရဲ႕ ေနရာမွာ ေသာမတ္စ္ ပါေတးကို အစားထိုးခဲ့တာကို ျမင္ခဲ့ရတာေၾကာင့္ ပရိသတ္အခ်ိဳ႕က စိုးရိမ္ခဲ့ၾကတာျဖစ္ၿပီး ဂန္းနားေတြရဲ႕ ကြင္းလယ္ဟာ ပုံမွန္ထိန္းခ်ဳပ္ႏိုင္တဲ့ အဆင့္အတန္းေလာက္မရွိခဲ့ေပမယ့္လည္း ဂါနာကြင္းလယ္လူက စိတ္ေက်နပ္စရာ ကစားပုံအခ်ိဳ႕ကိုေတာ့ ျပသႏိုင္ခဲ့ေသးတာ ျဖစ္ပါတယ္။ ပြဲၿပီးခါနီး မိနစ္ ၂၀ ေလာက္အလိုမွ ဒီကလန္ ႐ိုက္ဝင္ကစားခဲ့ၿပီး အာတီတာအေနနဲ႔ အဂၤလန္ၾကယ္ပြင့္ကို သိပ္မၾကာခင္မွာ ပြဲထြက္လူစာရင္းထဲ ျပန္ထည့္ခ်င္ေနမွာ ေသခ်ာပါတယ္။ ဒီကလန္ ႐ိုက္မပါတဲ့ ကြင္းလယ္ဟာ ျပင္းထန္တဲ့ ၿခိမ္းေျခာက္မႈေအာက္မွာ ရွိေနႏိုင္လားဆိုတဲ့ အာတီတာရဲ႕ စိုးရိမ္မႈက အခုဆိုရင္ေတာ့ အနည္းငယ္ ေျပေလ်ာ့သြားခဲ့ပါၿပီ။
ရပ္တန႔္သြားခဲ့တဲ့ လူတန္ရဲ႕ ဂိုးသြင္းပုံစံေကာင္း
အာဆင္နယ္အတြက္ ဒီပြဲမတိုင္ခင္ စိုးရိမ္စရာကိစၥႀကီးတစ္ခုက လူတန္ဟာ ဂိုးေတြ သြင္းယူေနႏိုင္တာျဖစ္ၿပီး ေရာ့ဘ္ အက္ဒြပ္ရဲ႕အသင္းက ႏိုဝင္ဘာလက မန္ယူႏိုက္တက္ကို ၁-၀ နဲ႔ ရႈံးနိမ့္ခဲ့တဲ့ပြဲေနာက္ပိုင္း ဂိုးေတြ ေတာက္ေလွ်ာက္သြင္းယူေနခဲ့တာျဖစ္ပါတယ္။ အာဆင္နယ္နဲ႔ပြဲမွာ လူတန္တို႔ဟာ တစ္ပြဲလုံးမွ ဂိုးေပါက္ကန္သြင္းမႈ ၃ ႀကိမ္သာ ျပဳလုပ္ႏိုင္ခဲ့ၿပီး ၁ ႀကိမ္သာ ဂိုးေပါက္တည့္ခဲ့တာေၾကာင့္ သူတို႔ရဲ႕ ဂိုးသြင္းေျခစြမ္းေကာင္းကို အေႏွးနဲ႔အျမန္ ျပန္ရွာေတြ႕ဖို႔ လိုအပ္ေတာ့မွာ ျဖစ္ပါတယ္။
အခြင့္အေရးရခ်ိန္မွာ အစြမ္းကုန္ေတာက္ပျပခဲ့တဲ့ စမစ္ ႐ိုး
အာဆင္နယ္ကြင္းလယ္ၾကယ္ပြင့္ စမစ္ ႐ိုးဟာ အာဆင္နယ္ရဲ႕ သြင္းဂိုး ၂ ဂိုးစလုံးမွာ အဓိကပါဝင္ပတ္သက္ခဲ့သူျဖစ္ၿပီး အဖြင့္ဂိုးမွာ အန္ပန္ဇူဆီကေန ေဘာလုံးလုယူၿပီး ေအာ္ဒီဂြါဒ္ကို ေပးပို႔ႏိုင္ခဲ့တာျဖစ္ပါတယ္။ ေအာ္ဒီဂြါဒ္က ကိုင္ ဟာဗတ္ဇ္နဲ႔ ဝမ္းတူး႐ိုက္ခဲ့ၿပီး ဂ်ာမန္ၾကယ္ပြင့္က ဂိုးဖန္တီးေပးႏိုင္ခဲ့တာပါ။ ဒုတိယ သြင္းဂိုးမွာလည္း စမစ္ ႐ိုးရဲ႕ ျဖတ္တင္ေပးပို႔မႈကို ဟာရႈိကာ ရွင္းထုတ္ဖို႔ ႀကိဳးစားရင္း ကိုယ့္ဂိုးကိုယ္ျပန္သြင္းမိခဲ့တာျဖစ္ပါတယ္။ စမစ္ ႐ိုးဟာ လူတန္နဲ႔ပြဲမွာ ကြင္းလယ္ဘယ္ျခမ္းမွာ ကစားေပးခဲ့ၿပီး ၈၅ မိနစ္ ကစားေပးခဲ့တဲ့ကာလအတြင္း ဂိုးဖန္တီးမႈ ၁ ႀကိမ္၊ ေဘာလုံးလုယူမႈ ၁၀၀ ရာခိုင္ႏႈန္း ေအာင္ျမင္၊အခြင့္အေရး ၂ ႀကိမ္ဖန္တီးႏိုင္၊ ေဘာလုံးထိေတြ႕မႈ ၅၅ ႀကိမ္၊ ၿပိဳင္ဘက္ပင္နယ္တီဧရိယာထဲမွာ ေဘာလုံးထိေတြ႕မႈ ၅ ႀကိမ္၊ တိက်တဲ့ေဘာလုံးေပးပို႔မႈ ၄၄ ႀကိမ္မွာ ၃၉ ႀကိမ္(၈၉ ရာခိုင္ႏႈန္း)၊ တိုက္စစ္ဧရိယာထဲကို ေပးပို႔မႈ ၄ ႀကိမ္၊ ၾကားဝင္ရွင္းထုတ္မႈ ၂ ႀကိမ္နဲ႔ ေဘာလုံးျပန္ဆယ္ယူမႈ ၂ ႀကိမ္ျပဳလုပ္ႏိုင္ခဲ့ပါတယ္။
ရပ္တန႔္လို႔မရႏိုင္တဲ့ ဂန္းနားမ်ား
အာဆင္နယ္ဟာ ဒီရာသီမွာ အေကာင္းဆုံးပုံစံနဲ႔ ေနာက္ထပ္တစ္ႀကိမ္ ပရီးမီးယားလိဂ္ဖလားကို စိန္ေခၚေနတဲ့အသင္းျဖစ္ၿပီး ၂၀၂၄ ခုႏွစ္ႏွစ္အစကတည္းက ၁၀ ပြဲဆက္တိုက္ ရႈံးပြဲမရွိခဲ့ဘဲ ၉ ပြဲႏိုင္ ၁ ပြဲသေရ သြင္းဂိုး ၃၅ ဂိုး၊ ေပးဂိုး ၄ ဂိုးသာရွိခဲ့ပါတယ္။ အာဆင္နယ္ရဲ႕ ခံစစ္ဟာ ဘယ္ေလာက္အထိ မာေက်ာက်စ္လစ္လဲဆိုရင္ ေပးဂိုးထက္ ကလင္းရွစ္တ္ပြဲအေရအတြက္က ပိုမိုမ်ားျပားေနတဲ့အထိပဲ ျဖစ္ပါတယ္။
Arsenal Myanmar
Ref: Internet
- Posted In:
- Team News