လိုင်းပေါ် ပွဲခံနေတဲ့ ဇင်ချန်ကိုကို ဝင်ဖောက်ခဲ့တဲ့ နှလုံးလှ လူမိုက်ကြီး
အာဆင်နယ်ကွင်းလယ်ကြယ်ပွင့်ဟောင်း ဂရာနစ် ချာကာဟာ ဗုဒ္ဓဟူးနေ့ညက ချန်ပီယံလိဂ်မှာ အာစီ လွန်းစ်ကို ၆-၀ နဲ့ အနိုင်ရခဲ့တဲ့ပွဲစဉ်အတွက် အောင်ပွဲခံခဲ့တဲ့ အသင်းဖော်ဟောင်း ဇင်ချန်ကိုရဲ့ လူမှုကွန်ရက်ပေါ်က ပို့စ်မှာ ရယ်မောဖွယ် နောက်ပြောင်ခဲ့ပါတယ်။
ဇင်ချန်ကိုဟာ ဗုဒ္ဓဟူးနေ့ညက ပြင်သစ်လီဂူးဝမ်းကလပ်ကို ပထမအကျော့က ရှုံးကြွေးဆပ်ပြီး ချန်ပီယံလိဂ် ၁၆ သင်းရှုံးထွက်အဆင့်ကို တက်ရောက်နိုင်ခဲ့တဲ့ပွဲစဉ်မှာ ဂန်းနားတွေအတွက် ပွဲထွက်ပါဝင်ကစားပေးခဲ့တာဖြစ်ပါတယ်။
အာတီတာရဲ့အသင်းဆီကနေ အလွန်အထင်ကြီးစရာကောင်းတဲ့ စွမ်းဆောင်ရည်ဖြစ်ခဲ့ပြီး မတူညီတဲ့ ကစားသမား ၆ ဦးအထိ လွန်းစ်နဲ့ပွဲစဉ်မှာ ဂိုးသွင်းယူနိုင်ခဲ့ကြတာ ဖြစ်ပါတယ်။ ပွဲအပြီးမှာတော့ ယူကရိန်းဘယ်နောက်ခံလူ ဇင်ချန်ကိုဟာ အင်စတာဂရမ်ပေါ်မှာ ပွဲစဉ်အတွင်း ရိုက်ကူးထားတဲ့ လျှပ်တပြက်ပုံကို ပရိသတ်တွေဆီ မျှဝေပေးခဲ့ပြီး “ဒီထက်ပိုတဲ့အရာတွေအတွက် သွားကြစို့(မီးတောက် အီမိုဂျီ) အာဆင်နယ်”လို့ ရေးသားခဲ့တာဖြစ်ပါတယ်။
ယခုနွေရာသီမှာ လေဗာကူဆင်ကို ပြောင်းရွှေ့သွားခဲ့တဲ့ အာဆင်နယ်ကွင်းလယ်ကစားသမားဟောင်း ချာကာက အသင်းဖော်ဟောင်းကို နောက်ပြောင်ချင်တဲ့ဆန္ဒကို မထိန်းချုပ်နိုင်ခဲ့ဘဲ ပရိသတ်တွေကြား ပွဲကျသွားစေမယ့် မှတ်ချက်ကို ဝင်ပေးခဲ့တာဖြစ်ပါတယ်။
ဆွစ်ဇာလန်ကွင်းလယ်ကစားသမားက “မင်းက ကစားခဲ့လို့လား(ရယ်မောနေတဲ့ အီမိုဂျီ)”လို့ ဝင်ရောက်မှတ်ချက်ပေးခဲ့တာဖြစ်ပြီး ဇင်ချန်ကိုကတော့ နှလုံးလှ လူမိုက်ကြီး ဖောက်တာခံလိုက်ရပြီဆိုပြီး ပရိသတ်တွေ သဘောကျခဲ့ကြတာဖြစ်ပါတယ်။
အသက် ၃၀ အရွယ် နောက်ခံကစားသမားဟာ ပြီးခဲ့တဲ့ရာသီမှာ အာဆင်နယ်အတွက် ပရီးမီးယားလိဂ်မှာ သွင်းဂိုး ၇ ဂိုးနဲ့ ဂိုးဖန်တီးမှု ၇ ကြိမ်အထိ ပြုလုပ်ပေးခဲ့ပြီး အကောင်းဆုံးရာသီကို ပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒီရာသီမှာတော့ ကြံ့ခိုင်မှု ပြဿနာကြောင့် ပုံမှန်ပွဲထွက်ခွင့် မရခဲ့ဘဲ တိုမိယဆုကသာ ဘယ်နောက်ခံနေရာမှာ ပုံမှန်ဆိုသလို ပါဝင်ကစားပေးနေခဲ့တာဖြစ်ပြီး ချာကာက အဲဒီကို ရည်ရွယ်ပြီး နောက်ပြောင်ခဲ့ပုံပေါ်ပါတယ်။
Arsenal Myanmar
Ref: Internet
ZAWGYI: အာဆင္နယ္ကြင္းလယ္ၾကယ္ပြင့္ေဟာင္း ဂရာနစ္ ခ်ာကာဟာ ဗုဒၶဟူးေန႔ညက ခ်န္ပီယံလိဂ္မွာ အာစီ လြန္းစ္ကို ၆-၀ နဲ႔ အႏိုင္ရခဲ့တဲ့ပြဲစဥ္အတြက္ ေအာင္ပြဲခံခဲ့တဲ့ အသင္းေဖာ္ေဟာင္း ဇင္ခ်န္ကိုရဲ႕ လူမႈကြန္ရက္ေပၚက ပို႔စ္မွာ ရယ္ေမာဖြယ္ ေနာက္ေျပာင္ခဲ့ပါတယ္။
ဇင္ခ်န္ကိုဟာ ဗုဒၶဟူးေန႔ညက ျပင္သစ္လီဂူးဝမ္းကလပ္ကို ပထမအေက်ာ့က ရႈံးေႂကြးဆပ္ၿပီး ခ်န္ပီယံလိဂ္ ၁၆ သင္းရႈံးထြက္အဆင့္ကို တက္ေရာက္ႏိုင္ခဲ့တဲ့ပြဲစဥ္မွာ ဂန္းနားေတြအတြက္ ပြဲထြက္ပါဝင္ကစားေပးခဲ့တာျဖစ္ပါတယ္။
အာတီတာရဲ႕အသင္းဆီကေန အလြန္အထင္ႀကီးစရာေကာင္းတဲ့ စြမ္းေဆာင္ရည္ျဖစ္ခဲ့ၿပီး မတူညီတဲ့ ကစားသမား ၆ ဦးအထိ လြန္းစ္နဲ႔ပြဲစဥ္မွာ ဂိုးသြင္းယူႏိုင္ခဲ့ၾကတာ ျဖစ္ပါတယ္။ ပြဲအၿပီးမွာေတာ့ ယူကရိန္းဘယ္ေနာက္ခံလူ ဇင္ခ်န္ကိုဟာ အင္စတာဂရမ္ေပၚမွာ ပြဲစဥ္အတြင္း ႐ိုက္ကူးထားတဲ့ လွ်ပ္တျပက္ပုံကို ပရိသတ္ေတြဆီ မွ်ေဝေပးခဲ့ၿပီး “ဒီထက္ပိုတဲ့အရာေတြအတြက္ သြားၾကစို႔(မီးေတာက္ အီမိုဂ်ီ) အာဆင္နယ္”လို႔ ေရးသားခဲ့တာျဖစ္ပါတယ္။
ယခုေႏြရာသီမွာ ေလဗာကူဆင္ကို ေျပာင္းေ႐ႊ႕သြားခဲ့တဲ့ အာဆင္နယ္ကြင္းလယ္ကစားသမားေဟာင္း ခ်ာကာက အသင္းေဖာ္ေဟာင္းကို ေနာက္ေျပာင္ခ်င္တဲ့ဆႏၵကို မထိန္းခ်ဳပ္ႏိုင္ခဲ့ဘဲ ပရိသတ္ေတြၾကား ပြဲက်သြားေစမယ့္ မွတ္ခ်က္ကို ဝင္ေပးခဲ့တာျဖစ္ပါတယ္။
ဆြစ္ဇာလန္ကြင္းလယ္ကစားသမားက “မင္းက ကစားခဲ့လို႔လား(ရယ္ေမာေနတဲ့ အီမိုဂ်ီ)”လို႔ ဝင္ေရာက္မွတ္ခ်က္ေပးခဲ့တာျဖစ္ၿပီး ဇင္ခ်န္ကိုကေတာ့ ႏွလုံးလွ လူမိုက္ႀကီး ေဖာက္တာခံလိုက္ရၿပီဆိုၿပီး ပရိသတ္ေတြ သေဘာက်ခဲ့ၾကတာျဖစ္ပါတယ္။
အသက္ ၃၀ အ႐ြယ္ ေနာက္ခံကစားသမားဟာ ၿပီးခဲ့တဲ့ရာသီမွာ အာဆင္နယ္အတြက္ ပရီးမီးယားလိဂ္မွာ သြင္းဂိုး ၇ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၇ ႀကိမ္အထိ ျပဳလုပ္ေပးခဲ့ၿပီး အေကာင္းဆုံးရာသီကို ပိုင္ဆိုင္ခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္လည္း ဒီရာသီမွာေတာ့ ႀကံ့ခိုင္မႈ ျပႆနာေၾကာင့္ ပုံမွန္ပြဲထြက္ခြင့္ မရခဲ့ဘဲ တိုမိယဆုကသာ ဘယ္ေနာက္ခံေနရာမွာ ပုံမွန္ဆိုသလို ပါဝင္ကစားေပးေနခဲ့တာျဖစ္ၿပီး ခ်ာကာက အဲဒီကို ရည္႐ြယ္ၿပီး ေနာက္ေျပာင္ခဲ့ပုံေပၚပါတယ္။
Arsenal Myanmar
Ref: Internet
- Posted In:
- Team News