ရာသီပိတ်ပွဲစဉ်အပြီး ဆုဖလားဘယ်သူရသွားမလဲ ဟောကိန်းထုတ်ခဲ့တဲ့ ပေါလ် မာဆန်
အာဆင်နယ်ဂန္တဝင် ပေါလ် မာဆန်က တနင်္ဂနွေနေ့မှာ ဂန်းနားတွေအနေနဲ့ ပရီးမီးယားလိဂ်ဖလားကို ကိုင်မြှောက်နိုင်မယ်လို့ ထင်မြင်နေခြင်းမရှိဘဲ မန်စီးတီးက ဝက်စ်ဟမ်းကို အနိုင်ယူပြီး ဖလားရသွားလိမ့်မယ်လို့ ဟောကိန်းထုတ်ခဲ့ပါတယ်။
ဆုဖလားပြိုင်ပွဲဟာ မန်ချက်စတာစီးတီးနဲ့ အာဆင်နယ်တို့ကြား ရာသီပိတ်ပွဲစဉ်မတိုင်ခင် ၂ မှတ်သာ ကွာဟနေတာကြောင့် နောက်ဆုံးပွဲစဉ်အထိ အဖြေထွက်ဖို့ စောင့်ဆိုင်းရမှာဖြစ်ပြီး အာဆင်နယ်က အဲဗာတန်နဲ့ ယှဉ်ပြိုင်ရမှာဖြစ်သလို တစ်ဖက်မှာ မန်စီးတီးက ဝက်စ်ဟမ်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
ဂွါဒီယိုလာရဲ့အသင်းသာ ဝက်စ်ဟမ်းနဲ့ သရေကျပြီး အာဆင်နယ်က အဲဗာတန်ကို အနိုင်ရခဲ့ရင်တော့ အာတီတာရဲ့အသင်းက ဂိုးကွာခြားချက်မှာ သာလွန်နေတာကြောင့် ပရီးမီးယားလိဂ်ဖလားကို ရရှိသွားဖွယ်ရှိနေတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း အဲဒီလိုဖြစ်လာလိမ့်မယ်လို့ ပေါလ် မာဆန်က ထင်မြင်နေခြင်းမရှိဘဲ မန်ချက်စတာစီးတီးက ဝက်စ်ဟမ်းကို ၂-၀ နဲ့ အနိုင်ယူပြီး သမိုင်းဝင် ၄ နှစ်ဆက် ပရီးမီးယားလိဂ်ချန်ပီယံဖြစ်သွားလိမ့်မယ်လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။
“မန်စီးတီးက သူတို့လုပ်စရာရှိတဲ့အလုပ်ကို လုပ်ခဲ့ပြီး ၄ နှစ်ဆက်တိုက် ပရီးမီးယားလိဂ်ဖလားယူပြီး စံချိန်သစ်တင်သွားမယ့်ပုံပေါ်ပါတယ်။ ရာသီနောက်ဆုံးနေ့မှာ ကစားဖို့ ဒီပွဲက သူတို့အတွက် ကောင်းမွန်တဲ့ပွဲစဉ်တစ်ပွဲပါ။ ဒါပေမယ့် သူတို့တွေ စိတ်လှုပ်ရှားမှုတွေ သက်သာအောင်တော့ စောစော ဂိုးသွင်းဖို့ လိုပါလိမ့်မယ်။ စပါးနဲ့ပွဲတုန်းက သူတို့တွေ စိတ်လှုပ်ရှားနေခဲ့တာသိသာခဲ့ပြီး အာလင်း ဟာလန်းရဲ့ ဒုတိယဂိုးသွင်းပြီးမှသာ သူတို့ ကစားနေကျ လွတ်လွတ်လပ်လပ် စီးမျောတဲ့ကစားပုံက စပြီး မြင်ခဲ့ရတယ်။
အာဆင်နယ်က ဒီရာသီမှာ ဘာအမှားမှ မလုပ်ခဲ့ပါဘူး။ ပြီးခဲ့တဲ့ရာသီ ဖလားကို လွှင့်ပစ်ခဲ့ပြီးတဲ့နောက် ကောင်းကောင်း ပြန်ပြီး ကုစားနိုင်ဲ့တယ်။ ဒါပေမယ့် ဝမ်းနည်းစရာကောင်းတဲ့အမှန်တရားက သူတို့တွေ နောက်ထပ်တစ်ကြိမ် ဒုတိယလူဖြစ်တော့မယ့်ပုံပါပဲ။ ချိန်သားကိုက်မှုက အရေးကြီးတယ်။ အာဆင်နယ်က မန်စီးတီးက ပရီးမီးယားလိဂ်ရာသီ ၃၈ ပွဲစလုံးမှာ မရှုံးနိမ့်နိုင်တဲ့ပုံစံပေါက်နေတဲ့အချိန်မှာ အချိန်တိုင်း ကောင်းမွန်နေရမယ်ဆိုတဲ့အချက်ကို သတိထားခဲ့ရမှာပါ။ အာဆင်နယ်ကလည်း အဲဗာတန်ကို ၂-၀ နဲ့ အနိုင်ရပါလိမ့်မယ်။”လို့ ပြောဆိုခဲ့ပါတယ်။
Arsenal Myanmar
Ref: Internet
ZAWGYI:
အာဆင္နယ္ဂႏၲဝင္ ေပါလ္ မာဆန္က တနဂၤေႏြေန႔မွာ ဂန္းနားေတြအေနနဲ႔ ပရီးမီးယားလိဂ္ဖလားကို ကိုင္ေျမႇာက္ႏိုင္မယ္လို႔ ထင္ျမင္ေနျခင္းမရွိဘဲ မန္စီးတီးက ဝက္စ္ဟမ္းကို အႏိုင္ယူၿပီး ဖလားရသြားလိမ့္မယ္လို႔ ေဟာကိန္းထုတ္ခဲ့ပါတယ္။
ဆုဖလားၿပိဳင္ပြဲဟာ မန္ခ်က္စတာစီးတီးနဲ႔ အာဆင္နယ္တို႔ၾကား ရာသီပိတ္ပြဲစဥ္မတိုင္ခင္ ၂ မွတ္သာ ကြာဟေနတာေၾကာင့္ ေနာက္ဆုံးပြဲစဥ္အထိ အေျဖထြက္ဖို႔ ေစာင့္ဆိုင္းရမွာျဖစ္ၿပီး အာဆင္နယ္က အဲဗာတန္နဲ႔ ယွဥ္ၿပိဳင္ရမွာျဖစ္သလို တစ္ဖက္မွာ မန္စီးတီးက ဝက္စ္ဟမ္းနဲ႔ ယွဥ္ၿပိဳင္ရမွာျဖစ္ပါတယ္။
ဂြါဒီယိုလာရဲ႕အသင္းသာ ဝက္စ္ဟမ္းနဲ႔ သေရက်ၿပီး အာဆင္နယ္က အဲဗာတန္ကို အႏိုင္ရခဲ့ရင္ေတာ့ အာတီတာရဲ႕အသင္းက ဂိုးကြာျခားခ်က္မွာ သာလြန္ေနတာေၾကာင့္ ပရီးမီးယားလိဂ္ဖလားကို ရရွိသြားဖြယ္ရွိေနတာျဖစ္ပါတယ္။ ဒါေပမယ့္လည္း အဲဒီလိုျဖစ္လာလိမ့္မယ္လို႔ ေပါလ္ မာဆန္က ထင္ျမင္ေနျခင္းမရွိဘဲ မန္ခ်က္စတာစီးတီးက ဝက္စ္ဟမ္းကို ၂-၀ နဲ႔ အႏိုင္ယူၿပီး သမိုင္းဝင္ ၄ ႏွစ္ဆက္ ပရီးမီးယားလိဂ္ခ်န္ပီယံျဖစ္သြားလိမ့္မယ္လို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။
“မန္စီးတီးက သူတို႔လုပ္စရာရွိတဲ့အလုပ္ကို လုပ္ခဲ့ၿပီး ၄ ႏွစ္ဆက္တိုက္ ပရီးမီးယားလိဂ္ဖလားယူၿပီး စံခ်ိန္သစ္တင္သြားမယ့္ပုံေပၚပါတယ္။ ရာသီေနာက္ဆုံးေန႔မွာ ကစားဖို႔ ဒီပြဲက သူတို႔အတြက္ ေကာင္းမြန္တဲ့ပြဲစဥ္တစ္ပြဲပါ။ ဒါေပမယ့္ သူတို႔ေတြ စိတ္လႈပ္ရွားမႈေတြ သက္သာေအာင္ေတာ့ ေစာေစာ ဂိုးသြင္းဖို႔ လိုပါလိမ့္မယ္။ စပါးနဲ႔ပြဲတုန္းက သူတို႔ေတြ စိတ္လႈပ္ရွားေနခဲ့တာသိသာခဲ့ၿပီး အာလင္း ဟာလန္းရဲ႕ ဒုတိယဂိုးသြင္းၿပီးမွသာ သူတို႔ ကစားေနက် လြတ္လြတ္လပ္လပ္ စီးေမ်ာတဲ့ကစားပုံက စၿပီး ျမင္ခဲ့ရတယ္။
အာဆင္နယ္က ဒီရာသီမွာ ဘာအမွားမွ မလုပ္ခဲ့ပါဘူး။ ၿပီးခဲ့တဲ့ရာသီ ဖလားကို လႊင့္ပစ္ခဲ့ၿပီးတဲ့ေနာက္ ေကာင္းေကာင္း ျပန္ၿပီး ကုစားႏိုင္ဲ့တယ္။ ဒါေပမယ့္ ဝမ္းနည္းစရာေကာင္းတဲ့အမွန္တရားက သူတို႔ေတြ ေနာက္ထပ္တစ္ႀကိမ္ ဒုတိယလူျဖစ္ေတာ့မယ့္ပုံပါပဲ။ ခ်ိန္သားကိုက္မႈက အေရးႀကီးတယ္။ အာဆင္နယ္က မန္စီးတီးက ပရီးမီးယားလိဂ္ရာသီ ၃၈ ပြဲစလုံးမွာ မရႈံးနိမ့္ႏိုင္တဲ့ပုံစံေပါက္ေနတဲ့အခ်ိန္မွာ အခ်ိန္တိုင္း ေကာင္းမြန္ေနရမယ္ဆိုတဲ့အခ်က္ကို သတိထားခဲ့ရမွာပါ။ အာဆင္နယ္ကလည္း အဲဗာတန္ကို ၂-၀ နဲ႔ အႏိုင္ရပါလိမ့္မယ္။”လို႔ ေျပာဆိုခဲ့ပါတယ္။
Arsenal Myanmar
Ref: Internet
- Posted In:
- Team News