ရာယာရဲ့ လက်စွမ်းကို ကြောက်ရွံ့မိခဲ့တယ်လို့ ဝန်ခံခဲ့တဲ့ ဂန်းနားဂန္တဝင် 640 436 coyg

ရာယာရဲ့ လက်စွမ်းကို ကြောက်ရွံ့မိခဲ့တယ်လို့ ဝန်ခံခဲ့တဲ့ ဂန်းနားဂန္တဝင်

အာဆင်နယ်ဂန္တဝင်တိုက်စစ်မှူး သီယာရီ အွန်နရီက အင်္ဂါနေ့ညက ဆီဗီလာကို ၂-၁ နဲ့ အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ် ပြီးဆုံးခါနီးအချိန်တွေက ဒေးဗစ် ရာယာရဲ့ ဂိုးဖမ်းစွမ်းရည်ကို အနည်းငယ် ကြောက်ရွံ့မိခဲ့တယ်လို့ ဝန်ခံခဲ့ပါတယ်။

ရာယာရဲ့ မတည်ငြိမ်တဲ့ လက်စွမ်းဟာ အာတီတာက ပြီးခဲ့တဲ့လမှာ အာရွန် ရမ်းစ်ဒေးလ်ကို ကျော်ပြီး ဘရန့်တ်ဖို့ဒ်ကနေ အငှားနဲ့ လာကစားတဲ့ စပိန်သားအချင်းချင်း နေရာပေးခဲ့တဲ့အချိန်ကစပြီး ပြင်းထန်တဲ့ အကဲဖြတ်မှုတွေအောက်မှာ ကျရောက်ခဲ့တာဖြစ်ပါတယ်။

ချဲလ်ဆီးနဲ့ ၂-၂ သရေကျခဲ့တဲပွဲက အမှားတွေအတွက် ပြစ်တင်ဝေဖန်ခြင်းခံခဲ့ရပေမယ့်လည်း ရာယာဟာ အင်္ဂါနေ့ည ဆီဗီလာအိမ်ကွင်းကို သွားရောက်ကစားခဲ့ရတဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာလည်း ပွဲထွက်ဂိုးသမားနေရာကို ဆက်လက်ထိန်းသိမ်းနိုင်ခဲ့တာဖြစ်ပေမယ့်လည်း နာကျင်အချိန်ပိုမှာ ဟွမ်လူ ဆန်းချက်ဇ်ရဲ့ ဖြတ်တင်ဘောကို ကယောင်ကတမ်းနဲ့ ထွက်ဆွဲဖို့ လုပ်ပြီးမှ လက်သီးနဲ့ထိုးထုတ်ခဲ့ရာမှာ ဘောလုံးက ကိုယ့်ဂိုးထဲ ပြန်ဝင်ဖို့ လက်မတင်လေးသာ လိုခဲ့တာဖြစ်ပါတယ်။

အွန်နရီက အာဆင်နယ်ကို ပွဲကစားချိန် နောက်ဆုံးအချိန်တွေမှာ ပင်နယ်တီဧရိယာထဲကို ဖြတ်တင်ဘောတွေအများကြီး ခွင့်ပြုခဲ့တဲ့အတွက် ပြစ်တင်ဝေဖန်ခဲ့တာဖြစ်ပြီး အာတီတာရဲ့အသင်းဟာ ရာယာဆီကနေ နောက်ထပ်တစ်ကြိမ် မေးခွန်းထုတ်စရာ လက်စွမ်းကို မြင်တွေ့ခဲ့ရပြီးနောက် ကံကောင်းလို့ အနိုင်ရခဲ့တာလို့ ဝန်ခံခဲ့တာဖြစ်ပါတယ်။

ပွဲကစားချိန်ပြီးဆုံးခါနီး ရာယာရဲ့ ဘောလုံးကို လက်သီးနဲ့ ထိုးခဲ့တဲ့ ဗီဒီယိုဖိုင်ကို ပြန်လည်သုံးသပ်ချိန်မှာ အွန်နရီက “အဲဒါက ဂိုးကာကွယ်တာလား။ ကျွန်တော် ပြောရမယ်ဆိုရင် ခဏလောက် အသက်ရှူရပ်သွားခဲ့တယ်။ ဒါက အဝေးကွင်းမှာ ကစားရတဲ့ နောက်ဆုံး ၅ မိနစ်၊ ၆ မိနစ်လောက်မှာ ဖြစ်တတ်တယ်ဆိုတာ ကျွန်တော် နားလည်တယ်။ ကျွန်တော်တို့ ဆီဗီလာအိမ်ကွင်းက ကစားဖို့ ဒါမှမဟုတ် အနိုင်ရဖို့ ခက်ခဲတဲ့နေရာဆိုတဲ့အကြောင်းကို ပြောခဲ့ကြပါတယ်။ အချိန်တော်တော်များများမှာ ကျွန်တော်တွေးခဲ့မိတာက ကျွန်တော်တို့ ဖြတ်တင်ဘောတွေ အများကြီး ဖိတ်ခေါ်ခဲ့တယ်ဆိုတာပါ။ ကျွန်တော် ရာယာ ထွက်လာပြီး ကာကွယ်ဖို့ လုပ်တာ မြင်တဲ့အချိန်မှာ နည်းနည်း ကြောက်ရွံ့သွားခဲ့တယ်။ ဒါပေမယ့် ဒီတစ်ကြိမ်မှာတော့ ကျွန်တော်တို့ ကံကောင်းသွားခဲ့တယ်။ ကျွန်တော်တို့ ကံကောင်းခဲ့တယ်။ ”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

တစ်ဆက်တည်းမှာပဲ အာဆင်နယ်ဂန္တဝင်နောက်ခံကစားသမား မာတင် ကီယွန်က ရာယာနဲ့ ရမ်းစ်ဒေးလ်တို့ကြားက အခြေအနေကို ပြဇာတ်ဆန်တယ်လို့ ပြောဆိုခဲ့ပြီး သရဲနီတိုက်စစ်မှူးဟောင်း မိုက်ကယ် အိုဝင်ကတော့ စပိန်ဂိုးသမားရဲ့ လက်စွမ်းကို ပြစ်တင်ခဲ့တာဖြစ်ပါတယ်။

“ဒီမှာ နားထောင်။ မျက်လုံးတွေအားလုံးက အခုအချိန်မှာ ရာယာဆီမှာပဲ ရှိနေတယ်။ ခင်ဗျား ကလင်းရှစ်တ် တစ်ချိန်လုံးရနေရင် ဘယ်သူမှ ဘာမှ ပြောမှာမဟုတ်ဘူး။ အဲဒါက အရင်တုန်းက ဖြစ်ခဲ့တာတွေကြောင့်ပဲ။ သူလုပ်သမျှက အိုး ရမ်းစ်ဒေးလ်သာဆိုရင် အဲဒီလို လုပ်ပါ့မလား၊ အိုး ဒီလိုအခြေအနေမှာ သူထွက်လာသင့်လို့လားဆိုပြီး ပြစ်တင်ခံရမှာပဲ။ သူ ဖြတ်တင်ဘောကို ထွက်ဆွဲဖို့ ထွက်လာတယ်။ သူ အဲဒါကို လက်သီးနဲ့ ထိုးခဲ့တယ်။ သူ ထိချက်နည်းနည်းလွဲသွားခဲ့ပြီး သူ့ဂိုးထဲသူ ပြန်သွင်းမိခါနီးဖြစ်ခဲ့တယ်။ သူ ပထမပိုင်းတုန်းကလည်း ဘောလုံးပေးကစားဖို့ ကြိုးစားရင်း အမှားလေးတွေ အများကြီးလုပ်ခဲ့တယ်။ ဒါပေမယ့် အဆုံးမှာတော့ ကျွန်တော်တို့က အရေးမကြီးတဲ့ အမှားသေးလေးတွေကို လိုက်ထောက်နေတာဖြစ်ပြီး အာဆင်နယ်အတွက် ဒါက အရမ်းအထင်ကြီးစရာကောင်းတဲ့ ရလဒ်ပဲ။ သူတို့တွေ ဒီညအဝေးကွင်းမှာ အနိုင်ယူမခံရဘဲ အိမ်ပြန်ရလို့ ပျော်ရွှင်ခဲ့မယ်လို့ ထင်ပါတယ်။ အနိုင် ၃ မှတ်ရလိုက်တာကလည်း သူတို့ကို အခု တကယ်အားကောင်းတဲ့ရပ်တည်မှုမှာ ရှိနေစေခဲ့ပါပြီ”လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

Arsenal Myanmar

Ref: Internet

ZAWGYI: အာဆင္နယ္ဂႏၲဝင္တိုက္စစ္မႉး သီယာရီ အြန္နရီက အဂၤါေန႔ညက ဆီဗီလာကို ၂-၁ နဲ႔ အႏိုင္ရခဲ့တဲ့ ခ်န္ပီယံလိဂ္ပြဲစဥ္ ၿပီးဆုံးခါနီးအခ်ိန္ေတြက ေဒးဗစ္ ရာယာရဲ႕ ဂိုးဖမ္းစြမ္းရည္ကို အနည္းငယ္ ေၾကာက္႐ြံ႕မိခဲ့တယ္လို႔ ဝန္ခံခဲ့ပါတယ္။

ရာယာရဲ႕ မတည္ၿငိမ္တဲ့ လက္စြမ္းဟာ အာတီတာက ၿပီးခဲ့တဲ့လမွာ အာ႐ြန္ ရမ္းစ္ေဒးလ္ကို ေက်ာ္ၿပီး ဘရန႔္တ္ဖို႔ဒ္ကေန အငွားနဲ႔ လာကစားတဲ့ စပိန္သားအခ်င္းခ်င္း ေနရာေပးခဲ့တဲ့အခ်ိန္ကစၿပီး ျပင္းထန္တဲ့ အကဲျဖတ္မႈေတြေအာက္မွာ က်ေရာက္ခဲ့တာျဖစ္ပါတယ္။

ခ်ဲလ္ဆီးနဲ႔ ၂-၂ သေရက်ခဲ့တဲပြဲက အမွားေတြအတြက္ ျပစ္တင္ေဝဖန္ျခင္းခံခဲ့ရေပမယ့္လည္း ရာယာဟာ အဂၤါေန႔ည ဆီဗီလာအိမ္ကြင္းကို သြားေရာက္ကစားခဲ့ရတဲ့ ခ်န္ပီယံလိဂ္ပြဲစဥ္မွာလည္း ပြဲထြက္ဂိုးသမားေနရာကို ဆက္လက္ထိန္းသိမ္းႏိုင္ခဲ့တာျဖစ္ေပမယ့္လည္း နာက်င္အခ်ိန္ပိုမွာ ဟြမ္လူ ဆန္းခ်က္ဇ္ရဲ႕ ျဖတ္တင္ေဘာကို ကေယာင္ကတမ္းနဲ႔ ထြက္ဆြဲဖို႔ လုပ္ၿပီးမွ လက္သီးနဲ႔ထိုးထုတ္ခဲ့ရာမွာ ေဘာလုံးက ကိုယ့္ဂိုးထဲ ျပန္ဝင္ဖို႔ လက္မတင္ေလးသာ လိုခဲ့တာျဖစ္ပါတယ္။

အြန္နရီက အာဆင္နယ္ကို ပြဲကစားခ်ိန္ ေနာက္ဆုံးအခ်ိန္ေတြမွာ ပင္နယ္တီဧရိယာထဲကို ျဖတ္တင္ေဘာေတြအမ်ားႀကီး ခြင့္ျပဳခဲ့တဲ့အတြက္ ျပစ္တင္ေဝဖန္ခဲ့တာျဖစ္ၿပီး အာတီတာရဲ႕အသင္းဟာ ရာယာဆီကေန ေနာက္ထပ္တစ္ႀကိမ္ ေမးခြန္းထုတ္စရာ လက္စြမ္းကို ျမင္ေတြ႕ခဲ့ရၿပီးေနာက္ ကံေကာင္းလို႔ အႏိုင္ရခဲ့တာလို႔ ဝန္ခံခဲ့တာျဖစ္ပါတယ္။

ပြဲကစားခ်ိန္ၿပီးဆုံးခါနီး ရာယာရဲ႕ ေဘာလုံးကို လက္သီးနဲ႔ ထိုးခဲ့တဲ့ ဗီဒီယိုဖိုင္ကို ျပန္လည္သုံးသပ္ခ်ိန္မွာ အြန္နရီက “အဲဒါက ဂိုးကာကြယ္တာလား။ ကြၽန္ေတာ္ ေျပာရမယ္ဆိုရင္ ခဏေလာက္ အသက္ရႉရပ္သြားခဲ့တယ္။ ဒါက အေဝးကြင္းမွာ ကစားရတဲ့ ေနာက္ဆုံး ၅ မိနစ္၊ ၆ မိနစ္ေလာက္မွာ ျဖစ္တတ္တယ္ဆိုတာ ကြၽန္ေတာ္ နားလည္တယ္။ ကြၽန္ေတာ္တို႔ ဆီဗီလာအိမ္ကြင္းက ကစားဖို႔ ဒါမွမဟုတ္ အႏိုင္ရဖို႔ ခက္ခဲတဲ့ေနရာဆိုတဲ့အေၾကာင္းကို ေျပာခဲ့ၾကပါတယ္။ အခ်ိန္ေတာ္ေတာ္မ်ားမ်ားမွာ ကြၽန္ေတာ္ေတြးခဲ့မိတာက ကြၽန္ေတာ္တို႔ ျဖတ္တင္ေဘာေတြ အမ်ားႀကီး ဖိတ္ေခၚခဲ့တယ္ဆိုတာပါ။ ကြၽန္ေတာ္ ရာယာ ထြက္လာၿပီး ကာကြယ္ဖို႔ လုပ္တာ ျမင္တဲ့အခ်ိန္မွာ နည္းနည္း ေၾကာက္႐ြံ႕သြားခဲ့တယ္။ ဒါေပမယ့္ ဒီတစ္ႀကိမ္မွာေတာ့ ကြၽန္ေတာ္တို႔ ကံေကာင္းသြားခဲ့တယ္။ ကြၽန္ေတာ္တို႔ ကံေကာင္းခဲ့တယ္။ ”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

တစ္ဆက္တည္းမွာပဲ အာဆင္နယ္ဂႏၲဝင္ေနာက္ခံကစားသမား မာတင္ ကီယြန္က ရာယာနဲ႔ ရမ္းစ္ေဒးလ္တို႔ၾကားက အေျခအေနကို ျပဇာတ္ဆန္တယ္လို႔ ေျပာဆိုခဲ့ၿပီး သရဲနီတိုက္စစ္မႉးေဟာင္း မိုက္ကယ္ အိုဝင္ကေတာ့ စပိန္ဂိုးသမားရဲ႕ လက္စြမ္းကို ျပစ္တင္ခဲ့တာျဖစ္ပါတယ္။

“ဒီမွာ နားေထာင္။ မ်က္လုံးေတြအားလုံးက အခုအခ်ိန္မွာ ရာယာဆီမွာပဲ ရွိေနတယ္။ ခင္ဗ်ား ကလင္းရွစ္တ္ တစ္ခ်ိန္လုံးရေနရင္ ဘယ္သူမွ ဘာမွ ေျပာမွာမဟုတ္ဘူး။ အဲဒါက အရင္တုန္းက ျဖစ္ခဲ့တာေတြေၾကာင့္ပဲ။ သူလုပ္သမွ်က အိုး ရမ္းစ္ေဒးလ္သာဆိုရင္ အဲဒီလို လုပ္ပါ့မလား၊ အိုး ဒီလိုအေျခအေနမွာ သူထြက္လာသင့္လို႔လားဆိုၿပီး ျပစ္တင္ခံရမွာပဲ။ သူ ျဖတ္တင္ေဘာကို ထြက္ဆြဲဖို႔ ထြက္လာတယ္။ သူ အဲဒါကို လက္သီးနဲ႔ ထိုးခဲ့တယ္။ သူ ထိခ်က္နည္းနည္းလြဲသြားခဲ့ၿပီး သူ႔ဂိုးထဲသူ ျပန္သြင္းမိခါနီးျဖစ္ခဲ့တယ္။ သူ ပထမပိုင္းတုန္းကလည္း ေဘာလုံးေပးကစားဖို႔ ႀကိဳးစားရင္း အမွားေလးေတြ အမ်ားႀကီးလုပ္ခဲ့တယ္။ ဒါေပမယ့္ အဆုံးမွာေတာ့ ကြၽန္ေတာ္တို႔က အေရးမႀကီးတဲ့ အမွားေသးေလးေတြကို လိုက္ေထာက္ေနတာျဖစ္ၿပီး အာဆင္နယ္အတြက္ ဒါက အရမ္းအထင္ႀကီးစရာေကာင္းတဲ့ ရလဒ္ပဲ။ သူတို႔ေတြ ဒီညအေဝးကြင္းမွာ အႏိုင္ယူမခံရဘဲ အိမ္ျပန္ရလို႔ ေပ်ာ္႐ႊင္ခဲ့မယ္လို႔ ထင္ပါတယ္။ အႏိုင္ ၃ မွတ္ရလိုက္တာကလည္း သူတို႔ကို အခု တကယ္အားေကာင္းတဲ့ရပ္တည္မႈမွာ ရွိေနေစခဲ့ပါၿပီ”လို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။

Arsenal Myanmar

Ref: Internet