မြောက်လန်ဒန်မှာ မြင်တွေ့ခဲ့ရတဲ့ ဂန်းနားပစ်မှတ်ရဲ့ အေးဂျင့်နဲ့မိသားစု
အဲဗာတန်ကွင်းလယ်ကြယ်ပွင့် အမာဒူ အိုနာနာရဲ့ အာဆင်နယ်နဲ့ အပြောင်းအရွှေ့ဟာ အင်စတာဂရမ်ပေါ်မှာ ကြီးမားတဲ့ အပြောင်းအရွှေ့ သဲလွန်စကို မြင်တွေ့ခဲ့ရပြီးနောက် အမှန်တကယ် ဖြစ်လာနိုင်ဖွယ်ရှိနေပါတယ်။
တနင်္လာနေ့မှာ အာဆင်နယ်ဟာ အဲဗာတန်ကွင်းလယ်ကြယ်ပွင့် အိုနာနာကို ခေါ်ယူချင်နေတယ်လို့ သတင်းတွေက ဖော်ပြခဲ့ပြီး အပြောင်းအရွှေ့အထူးကျွမ်းကျင်သူ ဆာချာ တာဗိုလီယာရီက X မှာ “အမာဒူ အိုနာနာအတွက် အဲဗာတန်နဲ့ အာဆင်နယ်တို့ကြားမှာ လက်ရှိ ပြောဆိုဆွေးနွေးမှုတွေ အကြိတ်အနယ်ရှိနေပါတယ်။ ပရီးမီးယားလိဂ်မှာ ဆက်ရှိနေဖို့ အမြဲတမ်း ဦးစားပေးအဖြစ် ထားထားတဲ့ ဘယ်လ်ဂျီယမ်ကွင်းလယ်လူက အပြောင်းအရွှေ့လုပ်ချင်နေပါတယ်။ အရာအားလုံးက လျင်လျင်မြန်မြန်နဲ့ တိုးတက်မှု ရှိလာနိုင်တယ်”လို့ ရေးသားခဲ့တာဖြစ်ပါတယ်။
အာဆင်နယ်ဟာ ပြီးခဲ့တဲ့ရက်သတ္တပတ်တွေမှာ ပုံမှန်ခြေစွမ်းပျောက်ဆုံးနေခဲ့ပြီး ဆုဖလားပြိုင်ပွဲမှာ အမှတ်ပေးဇယားထိပ်ဆုံးနေရာက ဆင်းပေးခဲ့ရသလို အက်ဖ်အေဖလားပြိုင်ပွဲကနေလည်း စိတ်ပျက်ဖွယ် ထွက်ခွာခဲ့ရတာ ဖြစ်ပါတယ်။ ဒါကြောင့် အာတီတာဟာ ဆုဖလားစိန်ခေါ်မှုကို ပြန်လည်အသက်သွင်းဖို့နဲ့ ချန်ပီယံလိဂ်ရှုံးထွက်အဆင့်အတွက် အရှိန်ပိုရအောင် လာမယ့် ရက်သတ္တပတ်အတွင်းမှာ လူအင်အားဖြည့်တင်းဖို့ ကြိုးပမ်းသွားဖွယ်ရှိနေတာဖြစ်ပါတယ်။
အမှန်တကယ်လည်း အဲဒီနေ့မှာပဲ အာဆင်နယ်ဟာ အိုနာနာကို ပစ်မှတ်ထားဖွယ်ရှိတယ်လို့ သတင်းတွေက ဖော်ပြခဲ့ပြီး အဲဗာတန်ကြယ်ပွင့်ရဲ့ ညီမနဲ့ အေးဂျင့် မယ်လစ်ဆာတို့ဟာ မြောက်လန်ဒန်ကလပ်ဆီက စိတ်ဝင်စားမှုနောက်ကွယ်မှာ အမှန်တရားရှိနိုင်တယ်လို့ အဓိပ္ပာယ်ဖွင့်လို့ရတဲ့ အင်စတာဂရမ် စတိုရီကို တင်ခဲ့ပါတယ်။
စတိုရီထဲမှာ မယ်လစ်ဆာဟာ ယာဉ်ကြော အလွန်ပိတ်ဆို့မှုနဲ့ ကြုံတွေ့နေရတဲ့ တက်စီကားနောက်ဘက်မှာ ထိုင်နေခဲ့တာဖြစ်ပေမယ့်လည်း မလှမ်းမကမ်းမှာ London pub Argyle House ရှိနေတာဖြစ်ပြီး သူမအနေနဲ့ အာဆင်နယ်နဲ့ ပြောဆိုဆွေးနွေးမှုတွေ ပြုလုပ်နေတယ်ဆိုတာကို အတည်ပြုနိုင်ပါတယ်။
မန်ချက်စတာယူနိုက်တက်ကလည်း အိုနာနာကို ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သတင်းတွေက ဖော်ပြခဲ့ပြီး Football Transfer ရဲ့ ဖော်ပြချက်အရ မန်ယူနိုက်တက်ဟာ ဒီအပြောင်းအရွှေ့ကာမှာ ကြီးမားတဲ့ကစားသမားခေါ်ယူမှုတစ်ခုပြုလုပ်ဖို့အတွက် လုံလောက်တဲ့ ငွေကြေးရှိနေတယ်လို့ သိရပါတယ်။
မန်ချက်စတာယူနိုက်တက်နည်းပြ တန်ဟက်ကလည်း ပြီးခဲ့တဲ့နွေရာသီမှာ ဆိုဖရန် အမ်မရာဘတ်အစား အိုနာနာကို ခေါ်ယူချင်ခဲ့ပေမယ့်လည်း အဲဒီအချိန်တုန်းက အပြောင်းအရွှေ့အပြီးသတ်နိုင်လောက်တဲ့ ငွေကြေးအင်အားမရှိခဲ့တာကြောင့် မခေါ်ယူနိုင်ခဲ့တာလို့ သိရပါတယ်။
Arsenal Myanmar
Ref: Internet
ZAWGYI: အဲဗာတန္ကြင္းလယ္ၾကယ္ပြင့္ အမာဒူ အိုနာနာရဲ႕ အာဆင္နယ္နဲ႔ အေျပာင္းအေ႐ႊ႕ဟာ အင္စတာဂရမ္ေပၚမွာ ႀကီးမားတဲ့ အေျပာင္းအေ႐ႊ႕ သဲလြန္စကို ျမင္ေတြ႕ခဲ့ရၿပီးေနာက္ အမွန္တကယ္ ျဖစ္လာႏိုင္ဖြယ္ရွိေနပါတယ္။
တနလၤာေန႔မွာ အာဆင္နယ္ဟာ အဲဗာတန္ကြင္းလယ္ၾကယ္ပြင့္ အိုနာနာကို ေခၚယူခ်င္ေနတယ္လို႔ သတင္းေတြက ေဖာ္ျပခဲ့ၿပီး အေျပာင္းအေ႐ႊ႕အထူးကြၽမ္းက်င္သူ ဆာခ်ာ တာဗိုလီယာရီက X မွာ “အမာဒူ အိုနာနာအတြက္ အဲဗာတန္နဲ႔ အာဆင္နယ္တို႔ၾကားမွာ လက္ရွိ ေျပာဆိုေဆြးေႏြးမႈေတြ အႀကိတ္အနယ္ရွိေနပါတယ္။ ပရီးမီးယားလိဂ္မွာ ဆက္ရွိေနဖို႔ အၿမဲတမ္း ဦးစားေပးအျဖစ္ ထားထားတဲ့ ဘယ္လ္ဂ်ီယမ္ကြင္းလယ္လူက အေျပာင္းအေ႐ႊ႕လုပ္ခ်င္ေနပါတယ္။ အရာအားလုံးက လ်င္လ်င္ျမန္ျမန္နဲ႔ တိုးတက္မႈ ရွိလာႏိုင္တယ္”လို႔ ေရးသားခဲ့တာျဖစ္ပါတယ္။
အာဆင္နယ္ဟာ ၿပီးခဲ့တဲ့ရက္သတၱပတ္ေတြမွာ ပုံမွန္ေျခစြမ္းေပ်ာက္ဆုံးေနခဲ့ၿပီး ဆုဖလားၿပိဳင္ပြဲမွာ အမွတ္ေပးဇယားထိပ္ဆုံးေနရာက ဆင္းေပးခဲ့ရသလို အက္ဖ္ေအဖလားၿပိဳင္ပြဲကေနလည္း စိတ္ပ်က္ဖြယ္ ထြက္ခြာခဲ့ရတာ ျဖစ္ပါတယ္။ ဒါေၾကာင့္ အာတီတာဟာ ဆုဖလားစိန္ေခၚမႈကို ျပန္လည္အသက္သြင္းဖို႔နဲ႔ ခ်န္ပီယံလိဂ္ရႈံးထြက္အဆင့္အတြက္ အရွိန္ပိုရေအာင္ လာမယ့္ ရက္သတၱပတ္အတြင္းမွာ လူအင္အားျဖည့္တင္းဖို႔ ႀကိဳးပမ္းသြားဖြယ္ရွိေနတာျဖစ္ပါတယ္။
အမွန္တကယ္လည္း အဲဒီေန႔မွာပဲ အာဆင္နယ္ဟာ အိုနာနာကို ပစ္မွတ္ထားဖြယ္ရွိတယ္လို႔ သတင္းေတြက ေဖာ္ျပခဲ့ၿပီး အဲဗာတန္ၾကယ္ပြင့္ရဲ႕ ညီမနဲ႔ ေအးဂ်င့္ မယ္လစ္ဆာတို႔ဟာ ေျမာက္လန္ဒန္ကလပ္ဆီက စိတ္ဝင္စားမႈေနာက္ကြယ္မွာ အမွန္တရားရွိႏိုင္တယ္လို႔ အဓိပၸာယ္ဖြင့္လို႔ရတဲ့ အင္စတာဂရမ္ စတိုရီကို တင္ခဲ့ပါတယ္။
စတိုရီထဲမွာ မယ္လစ္ဆာဟာ ယာဥ္ေၾကာ အလြန္ပိတ္ဆို႔မႈနဲ႔ ႀကဳံေတြ႕ေနရတဲ့ တက္စီကားေနာက္ဘက္မွာ ထိုင္ေနခဲ့တာျဖစ္ေပမယ့္လည္း မလွမ္းမကမ္းမွာ London pub Argyle House ရွိေနတာျဖစ္ၿပီး သူမအေနနဲ႔ အာဆင္နယ္နဲ႔ ေျပာဆိုေဆြးေႏြးမႈေတြ ျပဳလုပ္ေနတယ္ဆိုတာကို အတည္ျပဳႏိုင္ပါတယ္။
မန္ခ်က္စတာယူႏိုက္တက္ကလည္း အိုနာနာကို ဇန္နဝါရီအေျပာင္းအေ႐ႊ႕ကာလမွာ ေခၚယူဖို႔ စိတ္ဝင္စားေနတယ္လို႔ သတင္းေတြက ေဖာ္ျပခဲ့ၿပီး Football Transfer ရဲ႕ ေဖာ္ျပခ်က္အရ မန္ယူႏိုက္တက္ဟာ ဒီအေျပာင္းအေ႐ႊ႕ကာမွာ ႀကီးမားတဲ့ကစားသမားေခၚယူမႈတစ္ခုျပဳလုပ္ဖို႔အတြက္ လုံေလာက္တဲ့ ေငြေၾကးရွိေနတယ္လို႔ သိရပါတယ္။
မန္ခ်က္စတာယူႏိုက္တက္နည္းျပ တန္ဟက္ကလည္း ၿပီးခဲ့တဲ့ေႏြရာသီမွာ ဆိုဖရန္ အမ္မရာဘတ္အစား အိုနာနာကို ေခၚယူခ်င္ခဲ့ေပမယ့္လည္း အဲဒီအခ်ိန္တုန္းက အေျပာင္းအေ႐ႊ႕အၿပီးသတ္ႏိုင္ေလာက္တဲ့ ေငြေၾကးအင္အားမရွိခဲ့တာေၾကာင့္ မေခၚယူႏိုင္ခဲ့တာလို႔ သိရပါတယ္။
Arsenal Myanmar
Ref: Internet
- Posted In:
- Team News