မက်ဒရစ်မြို့ကို ရောက်ရှိနေတဲ့ အာတီတာ 644 375 coyg

မက်ဒရစ်မြို့ကို ရောက်ရှိနေတဲ့ အာတီတာ

အာဆင်နယ်နည်းပြ မီခေးလ် အာတီတာဟာ တနင်္ဂနွေနေ့က ရီးရဲလ်မက်ဒရစ်ယူ-၁၉ နဲ့ အက်သလက်တီကို မက်ဒရစ်ယူ-၁၉ တို့ ကစားခဲ့တဲ့ပွဲကို တက်ရောက်ကြည့်ရှုခဲ့တာ မြင်တွေ့ခဲ့ရပါတယ်။

အာတီတာဟာ အယ်လ်ဖရက်ဒို ဒီစတီဖာနိုကွင်းက ပွဲကြည့်စင်ပေါ်မှာ ရှိနေခဲ့တာဖြစ်ပြီး အက်သလက်တီကို မက်ဒရစ်က ရီးရဲလ်မက်ဒရစ်ကို ၂-၀ နဲ့ အနိုင်ရပြီး လိဂ်အမှတ်ပေးဇယားထိပ်ဆုံးမှာ ၇ မှတ်ဖြတ် ဦးဆောင်နိုင်ခဲ့တာကို ကြည့်ရှုခဲ့တာဖြစ်ပါတယ်။

အက်သလက်တီကို မက်ဒရစ်ယူ-၁၉ အသင်းကို ချဲလ်ဆီးနဲ့ လီဗာပူးလ်တိုက်စစ်မှူးဟောင်း ဖာနန်ဒို တောရက်စ်က ကိုင်တွယ်နေတာဖြစ်ပြီး အာတီတာနဲ့အတူ စပိန်ယူ-၂၁ အသင်းမှာတုန်းက အတူတူ တွဲကစားခဲ့ဖူးတဲ့ အသင်းဖော်ဟောင်းလည်း ဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်ယူ-၁၉ အသင်းကိုလည်း လီဗာပူးလ်နောက်ခံလူ အာဘယ်လိုအာက ကိုင်တွယ်နေတာဖြစ်ပြီး အာတီတာဟာ ရီးရဲလ်မက်ဒရစ်ရဲ့ ဗယ်လ်ဒီဘီဘက်စ်လေ့ကျင့်ရေးကွင်းကနေ ထွက်ခွာသွားတာကို ဗီဒီယို ရိုက်ကူးနိုင်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း အာတီတာဟာ စပိန်သတင်းထောက်တွေက ခီလီယန် အမ်ဘာပေကို ဘာကြောင့် အာဆင်နယ်ကို မခေါ်ယူတာလဲလို့ မေးမြန်းခဲ့ချိန်မှာတော့ တုံ့ပြန်မှု မပေးခဲ့တာဖြစ်ပြီး ဂန်းနားတွေဟာ အက်ဖ်အေဖလားကွာတားဖိုင်နယ်အဆင့်ပွဲစဉ်တွေကြောင့် ချဲလ်ဆီးနဲ့ ပွဲရွှေ့ဆိုင်းထားလို့ နိုင်ငံတကာပွဲစဉ်တွေအပြီးမှ ပြန်ကစားသွားရမှာဖြစ်ပါတယ်။

အာတီတာဟာ ရီးရဲလ်မက်ဒရစ်ကြယ်ပွင့် ဘရာဟင် ဒီယက်ဇ်ကို ခုလာမယ့် နွေရာသီမှာ ခေါ်ယူဖို့အတွက် စီစဉ်နေတယ်လို့ သတင်းတွေ ထွက်ပေါ်နေချိန်မှာ မက်ဒရစ်မြို့ကို ရောက်နေတာက တိုက်ဆိုင်မှုတစ်ခုတော့ မဟုတ်နိုင်ဘဲ ခရီးသွားဟန်လွဲ ဘောလုံးပွဲ ဝင်ကြည့်ခဲ့ပုံရပါတယ်။

Arsenal Myanmar

Ref: Internet

ZAWGYI:
အာဆင္နယ္နည္းျပ မီေခးလ္ အာတီတာဟာ တနဂၤေႏြေန႔က ရီးရဲလ္မက္ဒရစ္ယူ-၁၉ နဲ႔ အက္သလက္တီကို မက္ဒရစ္ယူ-၁၉ တို႔ ကစားခဲ့တဲ့ပြဲကို တက္ေရာက္ၾကည့္ရႈခဲ့တာ ျမင္ေတြ႕ခဲ့ရပါတယ္။

အာတီတာဟာ အယ္လ္ဖရက္ဒို ဒီစတီဖာႏိုကြင္းက ပြဲၾကည့္စင္ေပၚမွာ ရွိေနခဲ့တာျဖစ္ၿပီး အက္သလက္တီကို မက္ဒရစ္က ရီးရဲလ္မက္ဒရစ္ကို ၂-၀ နဲ႔ အႏိုင္ရၿပီး လိဂ္အမွတ္ေပးဇယားထိပ္ဆုံးမွာ ၇ မွတ္ျဖတ္ ဦးေဆာင္ႏိုင္ခဲ့တာကို ၾကည့္ရႈခဲ့တာျဖစ္ပါတယ္။

အက္သလက္တီကို မက္ဒရစ္ယူ-၁၉ အသင္းကို ခ်ဲလ္ဆီးနဲ႔ လီဗာပူးလ္တိုက္စစ္မႉးေဟာင္း ဖာနန္ဒို ေတာရက္စ္က ကိုင္တြယ္ေနတာျဖစ္ၿပီး အာတီတာနဲ႔အတူ စပိန္ယူ-၂၁ အသင္းမွာတုန္းက အတူတူ တြဲကစားခဲ့ဖူးတဲ့ အသင္းေဖာ္ေဟာင္းလည္း ျဖစ္ပါတယ္။

ရီးရဲလ္မက္ဒရစ္ယူ-၁၉ အသင္းကိုလည္း လီဗာပူးလ္ေနာက္ခံလူ အာဘယ္လိုအာက ကိုင္တြယ္ေနတာျဖစ္ၿပီး အာတီတာဟာ ရီးရဲလ္မက္ဒရစ္ရဲ႕ ဗယ္လ္ဒီဘီဘက္စ္ေလ့က်င့္ေရးကြင္းကေန ထြက္ခြာသြားတာကို ဗီဒီယို ႐ိုက္ကူးႏိုင္ခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း အာတီတာဟာ စပိန္သတင္းေထာက္ေတြက ခီလီယန္ အမ္ဘာေပကို ဘာေၾကာင့္ အာဆင္နယ္ကို မေခၚယူတာလဲလို႔ ေမးျမန္းခဲ့ခ်ိန္မွာေတာ့ တုံ႔ျပန္မႈ မေပးခဲ့တာျဖစ္ၿပီး ဂန္းနားေတြဟာ အက္ဖ္ေအဖလားကြာတားဖိုင္နယ္အဆင့္ပြဲစဥ္ေတြေၾကာင့္ ခ်ဲလ္ဆီးနဲ႔ ပြဲေ႐ႊ႕ဆိုင္းထားလို႔ ႏိုင္ငံတကာပြဲစဥ္ေတြအၿပီးမွ ျပန္ကစားသြားရမွာျဖစ္ပါတယ္။

အာတီတာဟာ ရီးရဲလ္မက္ဒရစ္ၾကယ္ပြင့္ ဘရာဟင္ ဒီယက္ဇ္ကို ခုလာမယ့္ ေႏြရာသီမွာ ေခၚယူဖို႔အတြက္ စီစဥ္ေနတယ္လို႔ သတင္းေတြ ထြက္ေပၚေနခ်ိန္မွာ မက္ဒရစ္ၿမိဳ႕ကို ေရာက္ေနတာက တိုက္ဆိုင္မႈတစ္ခုေတာ့ မဟုတ္ႏိုင္ဘဲ ခရီးသြားဟန္လြဲ ေဘာလုံးပြဲ ဝင္ၾကည့္ခဲ့ပုံရပါတယ္။

Arsenal Myanmar

Ref: Internet