ဘိုင်ယန်ကို ရှုံးခဲ့တဲ့ ဂန်းနားတွေကို သတင်းစကားပါးလိုက်တဲ့ ချာကာ
ဂရန်းနစ် ချာကာက အက်စတန် ဗီလာနဲ့ ဘိုင်ယန်မြူါ်နစ်တို့ကို ၂ ပွဲဆက်တိုက် ရှုံးနိမ့်ခဲ့ပေမယ့်လည်း ဒီရာသီမှာ ထပ်မရှုံးတော့ဖို့ အာဆင်နယ်အသင်းဖော်ဟောင်းတွေ အားလုံးကို ပြောခဲ့ပါတယ်။
ဂန်းနားတွေဟာ ဗုဒ္ဓဟူးနေ့ညက ဂျာမနီမှာ ဘိုင်ယန်မြူးနစ်ကို ရှုံးနိမ့်ပြီး ချန်ပီယံလိဂ်ပြိုင်ပွဲကနေ ထွက်ခဲ့ရတာဖြစ်ပြီး ဘွန်ဒက်စ်လီဂါချန်ပီယံဖြစ်ခဲ့တဲ့ ချာကာက အာတီတာရဲ့အသင်းအနေနဲ့ ဒီရာသီမှာ တစ်ခုခု လုပ်နိုင်သေးတယ်လို့ အခိုင်အမာ ပြောဆိုခဲ့တာဖြစ်ပါတယ်။
လေဗာကူဆင်နဲ့အတူ ယူရိုပါလိဂ်ဆီမီးဖိုင်နယ်ကို တက်လှမ်းနိုင်ခဲ့ပြီးနောက် ဆွစ်ဇာလန်ကွင်းလယ်လူက “ဒါက ပြိုင်ပွဲရဲ့ အစိတ်အပိုင်းတစ်ခုပါ။ ရှုံးပွဲမရှိတာ ၁၀ ပွဲလား၊ ၁၁ ပွဲလား မသိဘူး။ ခင်ဗျား တစ်ပွဲရှုံးတဲ့အခါမှာ အဲဒါက အရာအားလုံးကို ရှုံးနိမ့်သွားပြီဆိုတဲ့ အဓိပ္ပာယ်မဟုတ်ပါဘူး။ ပရီးမီးယားလိဂ်မှာ ၆ ပွဲကစားဖို့ ကျန်နေသေးပြီး ပရီးမီးယားလိဂ်ဖလားကိုရဖို့ ကြီးမားတဲ့အခွင့်အရေးရှိနေပါသေးတယ်။ သူတို့အားလုံးအတွက် အကောင်းဆုံးဖြစ်ပါစေလို့ ကျွန်တော် ဆုတောင်းပေးနေတာ သေချာပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော် ခုထိ အသင်းဝန်ထမ်းတွေ၊ ကစားသမားတွေနဲ့ အဆက်အသွယ်ရှိနေသေးပြီး ပွဲတွေကို ကြည့်နေတုန်းမို့လို့ပါ။ ”လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။
Arsenal Myanmar
Ref: Internet
ZAWGYI:
ဂရန္းနစ္ ခ်ာကာက အက္စတန္ ဗီလာနဲ႔ ဘိုင္ယန္ျမဴၚနစ္တို႔ကို ၂ ပြဲဆက္တိုက္ ရႈံးနိမ့္ခဲ့ေပမယ့္လည္း ဒီရာသီမွာ ထပ္မရႈံးေတာ့ဖို႔ အာဆင္နယ္အသင္းေဖာ္ေဟာင္းေတြ အားလုံးကို ေျပာခဲ့ပါတယ္။
ဂန္းနားေတြဟာ ဗုဒၶဟူးေန႔ညက ဂ်ာမနီမွာ ဘိုင္ယန္ျမဴးနစ္ကို ရႈံးနိမ့္ၿပီး ခ်န္ပီယံလိဂ္ၿပိဳင္ပြဲကေန ထြက္ခဲ့ရတာျဖစ္ၿပီး ဘြန္ဒက္စ္လီဂါခ်န္ပီယံျဖစ္ခဲ့တဲ့ ခ်ာကာက အာတီတာရဲ႕အသင္းအေနနဲ႔ ဒီရာသီမွာ တစ္ခုခု လုပ္ႏိုင္ေသးတယ္လို႔ အခိုင္အမာ ေျပာဆိုခဲ့တာျဖစ္ပါတယ္။
ေလဗာကူဆင္နဲ႔အတူ ယူ႐ိုပါလိဂ္ဆီမီးဖိုင္နယ္ကို တက္လွမ္းႏိုင္ခဲ့ၿပီးေနာက္ ဆြစ္ဇာလန္ကြင္းလယ္လူက “ဒါက ၿပိဳင္ပြဲရဲ႕ အစိတ္အပိုင္းတစ္ခုပါ။ ရႈံးပြဲမရွိတာ ၁၀ ပြဲလား၊ ၁၁ ပြဲလား မသိဘူး။ ခင္ဗ်ား တစ္ပြဲရႈံးတဲ့အခါမွာ အဲဒါက အရာအားလုံးကို ရႈံးနိမ့္သြားၿပီဆိုတဲ့ အဓိပၸာယ္မဟုတ္ပါဘူး။ ပရီးမီးယားလိဂ္မွာ ၆ ပြဲကစားဖို႔ က်န္ေနေသးၿပီး ပရီးမီးယားလိဂ္ဖလားကိုရဖို႔ ႀကီးမားတဲ့အခြင့္အေရးရွိေနပါေသးတယ္။ သူတို႔အားလုံးအတြက္ အေကာင္းဆုံးျဖစ္ပါေစလို႔ ကြၽန္ေတာ္ ဆုေတာင္းေပးေနတာ ေသခ်ာပါတယ္။ ဘာလို႔လဲဆိုေတာ့ ကြၽန္ေတာ္ ခုထိ အသင္းဝန္ထမ္းေတြ၊ ကစားသမားေတြနဲ႔ အဆက္အသြယ္ရွိေနေသးၿပီး ပြဲေတြကို ၾကည့္ေနတုန္းမို႔လို႔ပါ။ ”လို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။
Arsenal Myanmar
Ref: Internet
- Posted In:
- Team News