ဘာစီလိုနာပြောင်းမယ့်သတင်းတွေကို အဖြေပေးခဲ့တဲ့ အာတီတာ 644 476 coyg

ဘာစီလိုနာပြောင်းမယ့်သတင်းတွေကို အဖြေပေးခဲ့တဲ့ အာတီတာ

မီခေးလ် အာတီတာဟာ ဘာစီလိုနာအတွက် အာဆင်နယ်ကို စွန့်ခွာနိုင်တယ်ဆိုတဲ့ ကောလာဟလတွေကို ငြင်းပယ်ခဲ့ပြီး အဲဒီသတင်းတွေက စိတ်ပျက်စရာနဲ့ လုံးဝကို သတင်းအမှားတွေဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

ယခုအပတ်မှာ စပိန်သတင်းဌာန SPORT က အာတီတာဟာ ယခုရာသီကုန်မှာ အာဆင်နယ်ကို စွန့်ခွာဖို့ အလေးအနက်စဉ်းစားနေပြီး နီးစပ်တဲ့ သူတွေကို အမ်းမရိတ်စ်ကနေ ထွက်ခွာနိုင်တယ်လို့ အသိပေးခဲ့ကြောင်း ဖော်ပြခဲ့တာဖြစ်ပါတယ်။

ဒီသတင်းတွေဟာ ဘာစီလိုနာနည်းပြ ဇာဗီက ယခုလာမယ့် နွေရာသီမှာ နူးကမ့်ကနေ ထွက်ခွာတော့မယ်လို့ ကြေညာခဲ့ပြီးနောက် ထွက်ပေါ်လာခဲ့တာဖြစ်ပြီး အာတီတာဟာ စပိန်ဂန္တဝင် ကွင်းလယ်ကစားသမားရဲ့ နေရာမှာ ဆက်ခံမယ့် နည်းပြလောင်းစာရင်းထဲမှာ ထိပ်ဆုံးကနေ ပါဝင်နေတယ်လို့ ယုံကြည်ရပါတယ်။

အာတီတာဟာ ဘာစီလိုနာနဲ့ လာမာစီယာအကယ်ဒမီကနေ ထွက်ပေါ်လာခဲ့တဲ့ ကစားသမားဖြစ်ပြီး ၂၀၀၂ ခုနှစ်မှာ ရိန်းဂျားစ်ကို အပြီးသတ် မပြောင်းရွှေ့မီ ဘာစီလိုနာ ဒုတိယအသင်းအတွက် ၄၂ ပွဲ ပါဝင်ကစားပေးခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း အာဆင်နယ်ဟာ ကတ်တလန်မှာ ထွက်ပေါ်နေတဲ့ ကောလာဟလတွေကို လျင်လျင်မြန်မြန်ပဲ ငြင်းဆန်ခဲ့ပြီး အာတီတာဟာ အသင်းကို ဆက်လက်ကိုင်တွယ်ဖို့ ကတိကဝတ်ပြုထားတယ်လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

တနင်္လာနေ့ညနေက သတင်းစာရှင်းလင်းပွဲမှာ အာတီတာက အာဆင်နယ်ရဲ့ ထုတ်ပြန်ကြေညာချက်ကို ထင်ဟပ်စေမယ့် မှတ်ချက်ပေးခဲ့ပြီး မြောက်လန်ဒန်က အလုပ်အပေါ်မှာပဲ အပြည့်အဝ အာရုံစိုက်ထားတယ်လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

“အဲဒီသတင်းတွေက မဟုတ်ပါဘူး။ ဒါတွေက လုံးဝကို သတင်းတုတွေပါ။ ကျွန်တော် မနေ့က ဖတ်ခဲ့ရတဲ့ သတင်းဆို ဘယ်ကနေ ထွက်လာမှန်းကို မသိပါဘူး။ ကျွန်တော် အဲဒီသတင်းတွေနဲ့ပတ်သက်ပြီး တကယ်ကို စိတ်ပျက်မိပါတယ်။ ကျွန်တော် အဲဒီလို သတင်းတွေ ထွက်လာတာ မယုံနိုင်ဘူး။ ဘယ်ကနေ ထွက်လာလဲဆိုတာ ကျွန်တော် မသိဘူး။ ကျွန်တော်တို့အနေနဲ့ အထူးသဖြင့် ပုဂ္ဂိုလ်ရေးကိစ္စတွေနဲ့ပတ်သက်ပြီး ပြောဆိုတဲ့နေရာမှာ အရမ်းကို ဂရုစိုက်ရမယ်လို့ ထင်ပါတယ်။ ကျွန်တော်က မှန်ကန်တဲ့နေရာမှာ ရှိနေပါတယ်။ ”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

Arsenal Myanmar

Ref: Internet

ZAWGYI: မီေခးလ္ အာတီတာဟာ ဘာစီလိုနာအတြက္ အာဆင္နယ္ကို စြန႔္ခြာႏိုင္တယ္ဆိုတဲ့ ေကာလာဟလေတြကို ျငင္းပယ္ခဲ့ၿပီး အဲဒီသတင္းေတြက စိတ္ပ်က္စရာနဲ႔ လုံးဝကို သတင္းအမွားေတြျဖစ္တယ္လို႔ ေျပာဆိုခဲ့ပါတယ္။

ယခုအပတ္မွာ စပိန္သတင္းဌာန SPORT က အာတီတာဟာ ယခုရာသီကုန္မွာ အာဆင္နယ္ကို စြန႔္ခြာဖို႔ အေလးအနက္စဥ္းစားေနၿပီး နီးစပ္တဲ့ သူေတြကို အမ္းမရိတ္စ္ကေန ထြက္ခြာႏိုင္တယ္လို႔ အသိေပးခဲ့ေၾကာင္း ေဖာ္ျပခဲ့တာျဖစ္ပါတယ္။

ဒီသတင္းေတြဟာ ဘာစီလိုနာနည္းျပ ဇာဗီက ယခုလာမယ့္ ေႏြရာသီမွာ ႏူးကမ့္ကေန ထြက္ခြာေတာ့မယ္လို႔ ေၾကညာခဲ့ၿပီးေနာက္ ထြက္ေပၚလာခဲ့တာျဖစ္ၿပီး အာတီတာဟာ စပိန္ဂႏၲဝင္ ကြင္းလယ္ကစားသမားရဲ႕ ေနရာမွာ ဆက္ခံမယ့္ နည္းျပေလာင္းစာရင္းထဲမွာ ထိပ္ဆုံးကေန ပါဝင္ေနတယ္လို႔ ယုံၾကည္ရပါတယ္။

အာတီတာဟာ ဘာစီလိုနာနဲ႔ လာမာစီယာအကယ္ဒမီကေန ထြက္ေပၚလာခဲ့တဲ့ ကစားသမားျဖစ္ၿပီး ၂၀၀၂ ခုႏွစ္မွာ ရိန္းဂ်ားစ္ကို အၿပီးသတ္ မေျပာင္းေ႐ႊ႕မီ ဘာစီလိုနာ ဒုတိယအသင္းအတြက္ ၄၂ ပြဲ ပါဝင္ကစားေပးခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္လည္း အာဆင္နယ္ဟာ ကတ္တလန္မွာ ထြက္ေပၚေနတဲ့ ေကာလာဟလေတြကို လ်င္လ်င္ျမန္ျမန္ပဲ ျငင္းဆန္ခဲ့ၿပီး အာတီတာဟာ အသင္းကို ဆက္လက္ကိုင္တြယ္ဖို႔ ကတိကဝတ္ျပဳထားတယ္လို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။

တနလၤာေန႔ညေနက သတင္းစာရွင္းလင္းပြဲမွာ အာတီတာက အာဆင္နယ္ရဲ႕ ထုတ္ျပန္ေၾကညာခ်က္ကို ထင္ဟပ္ေစမယ့္ မွတ္ခ်က္ေပးခဲ့ၿပီး ေျမာက္လန္ဒန္က အလုပ္အေပၚမွာပဲ အျပည့္အဝ အာ႐ုံစိုက္ထားတယ္လို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။

“အဲဒီသတင္းေတြက မဟုတ္ပါဘူး။ ဒါေတြက လုံးဝကို သတင္းတုေတြပါ။ ကြၽန္ေတာ္ မေန႔က ဖတ္ခဲ့ရတဲ့ သတင္းဆို ဘယ္ကေန ထြက္လာမွန္းကို မသိပါဘူး။ ကြၽန္ေတာ္ အဲဒီသတင္းေတြနဲ႔ပတ္သက္ၿပီး တကယ္ကို စိတ္ပ်က္မိပါတယ္။ ကြၽန္ေတာ္ အဲဒီလို သတင္းေတြ ထြက္လာတာ မယုံႏိုင္ဘူး။ ဘယ္ကေန ထြက္လာလဲဆိုတာ ကြၽန္ေတာ္ မသိဘူး။ ကြၽန္ေတာ္တို႔အေနနဲ႔ အထူးသျဖင့္ ပုဂၢိဳလ္ေရးကိစၥေတြနဲ႔ပတ္သက္ၿပီး ေျပာဆိုတဲ့ေနရာမွာ အရမ္းကို ဂ႐ုစိုက္ရမယ္လို႔ ထင္ပါတယ္။ ကြၽန္ေတာ္က မွန္ကန္တဲ့ေနရာမွာ ရွိေနပါတယ္။ ”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

Arsenal Myanmar

Ref: Internet