ဘရိုက်တန်နဲ့ပွဲမှာ ကင်းမဲ့နေခဲ့တဲ့အရာက ဘာလဲဆိုတာ ရှင်းပြခဲ့တဲ့ အာတီတာ
အာဆင်နယ်ဟာ တနင်္ဂနွေနေ့ညနေ အမ်းမရိတ်စ်မှာ ဘရိုက်တန်ကို ဒုတိယပိုင်းမှာ သွင်းယူခဲ့တဲ့ သွင်းဂိုး ၂ ဂိုးကြောင့် အနိုင်ရရှိခဲ့ပြီး အမှတ်ပေးဇယားထိပ်ဆုံးကို ယာယီပြန်လည်တက်လှမ်းနိုင်ခဲ့ပြီဖြစ်ပါတယ်။
ဒီရလဒ်ကြောင့် တနင်္ဂနွေနေ့ညမှာပဲ ယှဉ်ပြိုင်ကစားမယ့် လီဗာပူးလ်နဲ့ မန်ချက်စတာယူနိုက်တက်တို့ပွဲစဉ် ရလဒ်မပေါ်ခင်အထိ အမှတ်ပေးဇယားထိပ်ဆုံးမှာ ယာယီရပ်တည်နိုင်ခဲ့ပြီဖြစ်ပြီး ယှဉ်ပြိုင်မှု ပြင်းထန်နေတဲ့ ဆုဖလားပြိုင်ပွဲအတွက် နိုင်ပွဲပြန်လည်ရယူနိုင်မှုက အမြဲတမ်း ကြိုဆိုစရာကိစ္စဖြစ်ပါတယ်။
အာတီတာက ကစားရခက်တဲ့ ဘရိုက်တန်ကို အနိုင်ကစားနိုင်ခဲ့တဲ့အတွက် ကစားသမားတွေကို ချီးကျူး ပြောဆိုမှုတွေ ပြုလုပ်ခဲ့ပေမယ့်လည်း ဂန်းနားတွေ ပိုကောင်းအောင် လုပ်တာ မြင်ချင်တဲ့ နေရာတစ်နေရာကို ထောက်ပြခဲ့ပါတယ်။
“မယုံနိုင်စရာ စွမ်းဆောင်ရည်ပါပဲ။ အစကနေ အဆုံးအထိ ကြည့်လို့ကောင်းခဲ့တယ်။ ကျွန်တော်တို့ ဒီလို အရမ်းကောင်းတဲ့အသင်းနဲ့ ရင်ဆိုင်ကစားခဲ့တဲ့ပွဲမှာ လုပ်ခဲ့တဲ့ပုံစံက အရမ်းကောင်းပါတယ်။ ပထမပိုင်း ဂိုးရလဒ်က အဲဒါကို ရောင်ပြန်မဟပ်နိုင်ပါဘူး။ ကျွန်တော်တို့ နိုင်ပွဲရဖို့ အပြည့်အဝ ထိုက်တန်ခဲ့ပါတယ်။ ကျွန်တော်တို့ ၁၅ ကြိမ် ဂိုးကန်သွင်းမှု ပြုလုပ်နိုင်ခဲ့တယ်(ပထမပိုင်းအတွင်း)။ အဲဒါက တော်တော်လေးများပါတယ်။ ကျွန်တော်တို့ ဒီတိုင်း ဆက်လုပ်သွားရမှာပါ။ ကျွန်တော်တို့ ဂိုးရှေ့မှာ တိကျသေချာမှုတော့ မရှိခဲ့ပါဘူး။”
အာဆင်နယ်ရဲ့ ဒုတိယဂိုးဟာ ၈၇ မိနစ်အထိ စောင့်ဆိုင်းခဲ့ရပြီး ကိုင် ဟာဗတ်ဇ်က ဘရိုက်တန်ဂိုးသမား ဗာဘရပ်ဂျန် ဘယ်လိုမှ မကာကွယ်နိုင်အောင် တကိုယ်တော် အစွမ်းပြပြီး သွင်းယူခဲ့တာဖြစ်ပါတယ်။ ဟာဗတ်ဇ်ရဲ့ ဂိုးကန်သွင်းချက်ကြောင့် တစ်ဂိုးအသာနဲ့သာ ဦးဆောင်ထားနိုင်ခဲ့တဲ့ ဂန်းနားတို့အတွက် စိတ်သက်သာရာရစရာဖြစ်ခဲ့ပြီး အာတီတာက ဘရိုက်တန်ရဲ့ ခြိမ်းခြောက်နိုင်စွမ်းကို ကောင်းကောင်း သတိပြုမိနေခဲ့တာဖြစ်ပါတယ်။
“ဒါက ပရီးမီးယားလိဂ်ပဲ။ ခင်ဗျား အဲဒါကို ပွဲတိုင်းမှာ မြင်မှာပါ။ ကျွန်တော်တို့ ဂိုးပေါက်ထဲကို သွင်းယူဖို့ အခြေအနေတွေ အများကြီးရှိခဲ့ပေမယ့် မသွင်းနိုင်ခဲ့ဘူး။ ၁-၀ က မလုံလောက်ခဲ့ပါဘူး”လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။
Arsenal Myanmar
Ref: Internet
ZAWGYI: အာဆင္နယ္ဟာ တနဂၤေႏြေန႔ညေန အမ္းမရိတ္စ္မွာ ဘ႐ိုက္တန္ကို ဒုတိယပိုင္းမွာ သြင္းယူခဲ့တဲ့ သြင္းဂိုး ၂ ဂိုးေၾကာင့္ အႏိုင္ရရွိခဲ့ၿပီး အမွတ္ေပးဇယားထိပ္ဆုံးကို ယာယီျပန္လည္တက္လွမ္းႏိုင္ခဲ့ၿပီျဖစ္ပါတယ္။
ဒီရလဒ္ေၾကာင့္ တနဂၤေႏြေန႔ညမွာပဲ ယွဥ္ၿပိဳင္ကစားမယ့္ လီဗာပူးလ္နဲ႔ မန္ခ်က္စတာယူႏိုက္တက္တို႔ပြဲစဥ္ ရလဒ္မေပၚခင္အထိ အမွတ္ေပးဇယားထိပ္ဆုံးမွာ ယာယီရပ္တည္ႏိုင္ခဲ့ၿပီျဖစ္ၿပီး ယွဥ္ၿပိဳင္မႈ ျပင္းထန္ေနတဲ့ ဆုဖလားၿပိဳင္ပြဲအတြက္ ႏိုင္ပြဲျပန္လည္ရယူႏိုင္မႈက အၿမဲတမ္း ႀကိဳဆိုစရာကိစၥျဖစ္ပါတယ္။
အာတီတာက ကစားရခက္တဲ့ ဘ႐ိုက္တန္ကို အႏိုင္ကစားႏိုင္ခဲ့တဲ့အတြက္ ကစားသမားေတြကို ခ်ီးက်ဴး ေျပာဆိုမႈေတြ ျပဳလုပ္ခဲ့ေပမယ့္လည္း ဂန္းနားေတြ ပိုေကာင္းေအာင္ လုပ္တာ ျမင္ခ်င္တဲ့ ေနရာတစ္ေနရာကို ေထာက္ျပခဲ့ပါတယ္။
“မယုံႏိုင္စရာ စြမ္းေဆာင္ရည္ပါပဲ။ အစကေန အဆုံးအထိ ၾကည့္လို႔ေကာင္းခဲ့တယ္။ ကြၽန္ေတာ္တို႔ ဒီလို အရမ္းေကာင္းတဲ့အသင္းနဲ႔ ရင္ဆိုင္ကစားခဲ့တဲ့ပြဲမွာ လုပ္ခဲ့တဲ့ပုံစံက အရမ္းေကာင္းပါတယ္။ ပထမပိုင္း ဂိုးရလဒ္က အဲဒါကို ေရာင္ျပန္မဟပ္ႏိုင္ပါဘူး။ ကြၽန္ေတာ္တို႔ ႏိုင္ပြဲရဖို႔ အျပည့္အဝ ထိုက္တန္ခဲ့ပါတယ္။ ကြၽန္ေတာ္တို႔ ၁၅ ႀကိမ္ ဂိုးကန္သြင္းမႈ ျပဳလုပ္ႏိုင္ခဲ့တယ္(ပထမပိုင္းအတြင္း)။ အဲဒါက ေတာ္ေတာ္ေလးမ်ားပါတယ္။ ကြၽန္ေတာ္တို႔ ဒီတိုင္း ဆက္လုပ္သြားရမွာပါ။ ကြၽန္ေတာ္တို႔ ဂိုးေရွ႕မွာ တိက်ေသခ်ာမႈေတာ့ မရွိခဲ့ပါဘူး။”
အာဆင္နယ္ရဲ႕ ဒုတိယဂိုးဟာ ၈၇ မိနစ္အထိ ေစာင့္ဆိုင္းခဲ့ရၿပီး ကိုင္ ဟာဗတ္ဇ္က ဘ႐ိုက္တန္ဂိုးသမား ဗာဘရပ္ဂ်န္ ဘယ္လိုမွ မကာကြယ္ႏိုင္ေအာင္ တကိုယ္ေတာ္ အစြမ္းျပၿပီး သြင္းယူခဲ့တာျဖစ္ပါတယ္။ ဟာဗတ္ဇ္ရဲ႕ ဂိုးကန္သြင္းခ်က္ေၾကာင့္ တစ္ဂိုးအသာနဲ႔သာ ဦးေဆာင္ထားႏိုင္ခဲ့တဲ့ ဂန္းနားတို႔အတြက္ စိတ္သက္သာရာရစရာျဖစ္ခဲ့ၿပီး အာတီတာက ဘ႐ိုက္တန္ရဲ႕ ၿခိမ္းေျခာက္ႏိုင္စြမ္းကို ေကာင္းေကာင္း သတိျပဳမိေနခဲ့တာျဖစ္ပါတယ္။
“ဒါက ပရီးမီးယားလိဂ္ပဲ။ ခင္ဗ်ား အဲဒါကို ပြဲတိုင္းမွာ ျမင္မွာပါ။ ကြၽန္ေတာ္တို႔ ဂိုးေပါက္ထဲကို သြင္းယူဖို႔ အေျခအေနေတြ အမ်ားႀကီးရွိခဲ့ေပမယ့္ မသြင္းႏိုင္ခဲ့ဘူး။ ၁-၀ က မလုံေလာက္ခဲ့ပါဘူး”လို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။
Arsenal Myanmar
Ref: Internet
- Posted In:
- Manager's Talk
- Team News