ဗီလာကို အငြင်းပွားဖွယ်ရှုံးခဲ့တဲ့ပွဲအပြီးမှာ အသင်းဖော်တွေကို ဘာလုပ်ရမလဲ ပြောလိုက်တဲ့ အော်ဒီဂွါဒ် 960 640 coyg

ဗီလာကို အငြင်းပွားဖွယ်ရှုံးခဲ့တဲ့ပွဲအပြီးမှာ အသင်းဖော်တွေကို ဘာလုပ်ရမလဲ ပြောလိုက်တဲ့ အော်ဒီဂွါဒ်

မာတင် အော်ဒီဂွါဒ်က ဒိုင်လူကြီးတွေကို ပြစ်တင်ဖို့ ငြင်းဆန်ခဲ့ပြီး အာဆင်နယ်အနေနဲ့ အက်စတန် ဗီလာကို ရှုံးနိမ့်ခဲ့ပြီးနောက် ကိုယ့်ဘာသာပဲ အာရုံစိုက်ကြရမယ်လို့ ပြောကြားခဲ့ပါတယ်။

အာဆင်နယ်ဟာ စနေနေ့က ဗီလာပါ့ခ်မှာ ဂျွန် မက်ဂင်းရဲ့ ပထမပိုင်း ၇ မိနစ်မှာ သွင်းယူခဲ့တဲ့ တစ်လုံးတည်းသော သွင်းဂိုးကို ခွင့်ပြုခဲ့ရပြီးနောက် ၁-၀ နဲ့ ရှုံးနိမ့်ခဲ့တာဖြစ်ပြီး ဒီရှုံးပွဲကြောင့် အာတီတာရဲ့အသင်းဟာ အမှတ်ပေးဇယားထိပ်ဆုံးနေရာကနေ ဆင်းပေးခဲ့ရတာဖြစ်ပါတယ်။

အာဆင်နယ်ဟာ အက်စတန် ဗီလာကို ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်အတွင်း ဒေါက်ဂလပ်စ် လူးဝစ်ဇ်က ဂါဘရီယဲလ် ဂျေးဇုကို ပင်နယ်တီဧရိယာထဲမှာ ခြေထောက်ကို ကန်ကျောက်ခဲ့ပြီးနောက် ပင်နယ်တီ ရရှိခဲ့ရမှာဖြစ်ပေမယ့်လည်း ငြင်းပယ်ခံခဲ့ရတာဖြစ်ပါတယ်။

ဒါ့အပြင် ကိုင် ဟာဗတ်ဇ်က ဂန်းနားတွေအတွက် သရေ ၁ မှတ် ရရှိစေမယ့် နောက်ကျ ချေပဂိုးကို သွင်းယူပေးခဲ့ပေမယ့်လည်း ဒိုင်လူကြီးက လက်ထိဘောအဖြစ် သတ်မှတ်ခဲ့ပြီး VAR ကလည်း အတည်ပြုခဲ့တာကြောင့် ဂိုးအဖြစ် ခွင့်ပြုဖို့ ငြင်းဆန်ခံခဲ့ရတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း အာဆင်နယ်အသင်းခေါင်းဆောင် မာတင် အော်ဒီဂွါဒ်က “ကျွန်တော်တို့ ကိုယ့်ဘာသာကိုယ်ပဲ အာရုံစိုက်ရမှာပါ။ ကျွန်တော်တို့ တခြားကိစ္စတွေ အများကြီး တွေးနေလို့မရဘူး။ ကျွန်တော်တို့ ကိုယ့်ဘာသာကိုယ် ဂရုစိုက်ရမယ်။ ကျွန်တော်တို့ ပိုကောင်းအောင် ဘာလုပ်နိုင်မလဲ ကြည့်ရမယ်။ အထူးသဖြင့် ဂိုးရှေ့မှာလို့ ကျွန်တော်ထင်တယ်။ ကျွန်တော်တို့ နည်းနည်းပိုကောင်းအောင် လုပ်နိုင်ခဲ့သင့်ပြီး ပွဲချိန်အချို့မှာ ကျွန်တော်တို့ အဲဒါကို နည်းနည်းပိုပြီး ထိန်းချုပ်နိုင်ခဲ့သင့်ပါတယ်။ ကျွန်တော် ပြောခဲ့တဲ့အတိုင်းပဲ ရလဒ်ကောင်းရဖို့ လုပ်သင့်သလောက် လုပ်နိုင်ခဲ့ပေမယ့် ကျွန်တော်တို့ ဂိုးရှေ့မှာ ပိုပြီး အညှာအတာကင်းမဲ့ရပါမယ်။ ခင်ဗျား ဒီလိုနေရာကို လာရတဲ့အချိန်မှာ အမြဲတမ်းအဲဒါက ခက်ခဲပါတယ်။ အဲဒီတော့ ခင်ဗျား ဂိုးရှေ့မှာ အညှာအတာကင်းမဲ့နေမှရမယ်။ ကျွန်တော်ကိုယ်တိုင် အပါအဝင်ပေါ့။ ကျွန်တော်လည်း ကြီးမားတဲ့အခွင့်အရေးအချို့ လွဲချော်ခဲ့တယ်။ အဲဒီတော့ ဒါက စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းပေမယ့် ကျွန်တော်တို့ လုပ်နိုင်တဲ့တစ်ခုတည်းသော အရာက တိုးတက်အောင် အလုပ်ကို ကြိုးစားဖို့နဲ့ နောက်လာမယ့်ပွဲစဉ်တွေမှာ နိုင်ပွဲပြန်ယူနိုင်ဖို့ပဲ”

အာဆင်နယ်ဟာ ပရီးမီးယားလိဂ်ရာသီကို ကောင်းမွန်တဲ့ စတင်မှု ပြုလုပ်နိုင်ခဲ့ပြီး အမှတ်ပေးဇယား ဦးဆောင်နေတဲ့ လီဗာပူးလ်နဲ့ ၁ မှတ်သာ ကွာဟနေတာဖြစ်သလို ယနေ့ည ပီအက်ဗွီနဲ့ ကစားရမယ့် ချန်ပီယံလိဂ် အုပ်စု ဘီပွဲစဉ်မတိုင်ခင် ၁၆ သင်းရှုံးထွက်ကို အုပ်စုဗိုလ်အဖြစ် တက်ရောက်နိုင်ခဲ့ပြီးဖြစ်ပါတယ်။

“ကျွန်တော်တို့ တော်တော်လေး အမြင့်ပျံနေတယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့ ဒီပွဲ(ဗီလာ)မတိုင်ခင် လိဂ်ရဲ့ထိပ်ဆုံးမှာ ရှိနေပြီး ခုဆိုရင် ဒုတိယနေရာမှာ ရှိနေပါတယ်။ အဲဒီတော့ ကျွန်တော်တို့ ဇယားထိပ်ဆုံးမှာ ကျိန်းသေပေါက် ပြန်ရှိနေရမှာဖြစ်ပြီး အသင်းထဲမှာ တိုးတက်အောင်လုပ်ရမယ့်နေရာအချို့ ရှိနေပါသေးတယ်။ ကျွန်တော်တို့ လုပ်နေတာ အဲဒါပဲ။ ဒါပေမယ့် ကောင်းမွန်တဲ့ တိုးတက်မှုလို့ ကျွန်တော် ထင်တယ်။ ကျွန်တော်တို့ ကောင်းပြီးရင်း ကောင်းလာတယ်။ အဲဒါက စိတ်လှုပ်ရှားစရာကောင်းလာတော့မှာပါ။ ကမ္ဘာပေါ်က အခက်ခဲဆုံးလိဂ်ဆိုတာ အဟုတ်ပါပဲ။ ဒါပေမယ့် ဒါက ကျွန်တော်တို့ ကစားနေပြီး ရင်ဆိုင်နေရတဲ့ ပြိုင်ပွဲပါ။ အဲဒီတော့ ကျွန်တော်တို့ ဆက်ပြီးတော့ ယှဉ်ပြိုင်ရင်း အမှားတွေကနေ သင်ယူပြီး ပိုကောင်းတဲ့ပုံစံနဲ့ ပြန်လာမှာပါ”လို့ ပြောကြားခဲ့ပါတယ်။

Arsenal Myanmar

Ref: Internet

ZAWGYI: မာတင္ ေအာ္ဒီဂြါဒ္က ဒိုင္လူႀကီးေတြကို ျပစ္တင္ဖို႔ ျငင္းဆန္ခဲ့ၿပီး အာဆင္နယ္အေနနဲ႔ အက္စတန္ ဗီလာကို ရႈံးနိမ့္ခဲ့ၿပီးေနာက္ ကိုယ့္ဘာသာပဲ အာ႐ုံစိုက္ၾကရမယ္လို႔ ေျပာၾကားခဲ့ပါတယ္။

အာဆင္နယ္ဟာ စေနေန႔က ဗီလာပါ့ခ္မွာ ဂြၽန္ မက္ဂင္းရဲ႕ ပထမပိုင္း ၇ မိနစ္မွာ သြင္းယူခဲ့တဲ့ တစ္လုံးတည္းေသာ သြင္းဂိုးကို ခြင့္ျပဳခဲ့ရၿပီးေနာက္ ၁-၀ နဲ႔ ရႈံးနိမ့္ခဲ့တာျဖစ္ၿပီး ဒီရႈံးပြဲေၾကာင့္ အာတီတာရဲ႕အသင္းဟာ အမွတ္ေပးဇယားထိပ္ဆုံးေနရာကေန ဆင္းေပးခဲ့ရတာျဖစ္ပါတယ္။

အာဆင္နယ္ဟာ အက္စတန္ ဗီလာကို ရႈံးနိမ့္ခဲ့တဲ့ပြဲစဥ္အတြင္း ေဒါက္ဂလပ္စ္ လူးဝစ္ဇ္က ဂါဘရီယဲလ္ ေဂ်းဇုကို ပင္နယ္တီဧရိယာထဲမွာ ေျခေထာက္ကို ကန္ေက်ာက္ခဲ့ၿပီးေနာက္ ပင္နယ္တီ ရရွိခဲ့ရမွာျဖစ္ေပမယ့္လည္း ျငင္းပယ္ခံခဲ့ရတာျဖစ္ပါတယ္။

ဒါ့အျပင္ ကိုင္ ဟာဗတ္ဇ္က ဂန္းနားေတြအတြက္ သေရ ၁ မွတ္ ရရွိေစမယ့္ ေနာက္က် ေခ်ပဂိုးကို သြင္းယူေပးခဲ့ေပမယ့္လည္း ဒိုင္လူႀကီးက လက္ထိေဘာအျဖစ္ သတ္မွတ္ခဲ့ၿပီး VAR ကလည္း အတည္ျပဳခဲ့တာေၾကာင့္ ဂိုးအျဖစ္ ခြင့္ျပဳဖို႔ ျငင္းဆန္ခံခဲ့ရတာျဖစ္ပါတယ္။

ဒါေပမယ့္လည္း အာဆင္နယ္အသင္းေခါင္းေဆာင္ မာတင္ ေအာ္ဒီဂြါဒ္က “ကြၽန္ေတာ္တို႔ ကိုယ့္ဘာသာကိုယ္ပဲ အာ႐ုံစိုက္ရမွာပါ။ ကြၽန္ေတာ္တို႔ တျခားကိစၥေတြ အမ်ားႀကီး ေတြးေနလို႔မရဘူး။ ကြၽန္ေတာ္တို႔ ကိုယ့္ဘာသာကိုယ္ ဂ႐ုစိုက္ရမယ္။ ကြၽန္ေတာ္တို႔ ပိုေကာင္းေအာင္ ဘာလုပ္ႏိုင္မလဲ ၾကည့္ရမယ္။ အထူးသျဖင့္ ဂိုးေရွ႕မွာလို႔ ကြၽန္ေတာ္ထင္တယ္။ ကြၽန္ေတာ္တို႔ နည္းနည္းပိုေကာင္းေအာင္ လုပ္ႏိုင္ခဲ့သင့္ၿပီး ပြဲခ်ိန္အခ်ိဳ႕မွာ ကြၽန္ေတာ္တို႔ အဲဒါကို နည္းနည္းပိုၿပီး ထိန္းခ်ဳပ္ႏိုင္ခဲ့သင့္ပါတယ္။ ကြၽန္ေတာ္ ေျပာခဲ့တဲ့အတိုင္းပဲ ရလဒ္ေကာင္းရဖို႔ လုပ္သင့္သေလာက္ လုပ္ႏိုင္ခဲ့ေပမယ့္ ကြၽန္ေတာ္တို႔ ဂိုးေရွ႕မွာ ပိုၿပီး အညႇာအတာကင္းမဲ့ရပါမယ္။ ခင္ဗ်ား ဒီလိုေနရာကို လာရတဲ့အခ်ိန္မွာ အၿမဲတမ္းအဲဒါက ခက္ခဲပါတယ္။ အဲဒီေတာ့ ခင္ဗ်ား ဂိုးေရွ႕မွာ အညႇာအတာကင္းမဲ့ေနမွရမယ္။ ကြၽန္ေတာ္ကိုယ္တိုင္ အပါအဝင္ေပါ့။ ကြၽန္ေတာ္လည္း ႀကီးမားတဲ့အခြင့္အေရးအခ်ိဳ႕ လြဲေခ်ာ္ခဲ့တယ္။ အဲဒီေတာ့ ဒါက စိတ္အေႏွာင့္အယွက္ျဖစ္စရာေကာင္းေပမယ့္ ကြၽန္ေတာ္တို႔ လုပ္ႏိုင္တဲ့တစ္ခုတည္းေသာ အရာက တိုးတက္ေအာင္ အလုပ္ကို ႀကိဳးစားဖို႔နဲ႔ ေနာက္လာမယ့္ပြဲစဥ္ေတြမွာ ႏိုင္ပြဲျပန္ယူႏိုင္ဖို႔ပဲ”

အာဆင္နယ္ဟာ ပရီးမီးယားလိဂ္ရာသီကို ေကာင္းမြန္တဲ့ စတင္မႈ ျပဳလုပ္ႏိုင္ခဲ့ၿပီး အမွတ္ေပးဇယား ဦးေဆာင္ေနတဲ့ လီဗာပူးလ္နဲ႔ ၁ မွတ္သာ ကြာဟေနတာျဖစ္သလို ယေန႔ည ပီအက္ဗြီနဲ႔ ကစားရမယ့္ ခ်န္ပီယံလိဂ္ အုပ္စု ဘီပြဲစဥ္မတိုင္ခင္ ၁၆ သင္းရႈံးထြက္ကို အုပ္စုဗိုလ္အျဖစ္ တက္ေရာက္ႏိုင္ခဲ့ၿပီးျဖစ္ပါတယ္။

“ကြၽန္ေတာ္တို႔ ေတာ္ေတာ္ေလး အျမင့္ပ်ံေနတယ္လို႔ ထင္ပါတယ္။ ကြၽန္ေတာ္တို႔ ဒီပြဲ(ဗီလာ)မတိုင္ခင္ လိဂ္ရဲ႕ထိပ္ဆုံးမွာ ရွိေနၿပီး ခုဆိုရင္ ဒုတိယေနရာမွာ ရွိေနပါတယ္။ အဲဒီေတာ့ ကြၽန္ေတာ္တို႔ ဇယားထိပ္ဆုံးမွာ က်ိန္းေသေပါက္ ျပန္ရွိေနရမွာျဖစ္ၿပီး အသင္းထဲမွာ တိုးတက္ေအာင္လုပ္ရမယ့္ေနရာအခ်ိဳ႕ ရွိေနပါေသးတယ္။ ကြၽန္ေတာ္တို႔ လုပ္ေနတာ အဲဒါပဲ။ ဒါေပမယ့္ ေကာင္းမြန္တဲ့ တိုးတက္မႈလို႔ ကြၽန္ေတာ္ ထင္တယ္။ ကြၽန္ေတာ္တို႔ ေကာင္းၿပီးရင္း ေကာင္းလာတယ္။ အဲဒါက စိတ္လႈပ္ရွားစရာေကာင္းလာေတာ့မွာပါ။ ကမာၻေပၚက အခက္ခဲဆုံးလိဂ္ဆိုတာ အဟုတ္ပါပဲ။ ဒါေပမယ့္ ဒါက ကြၽန္ေတာ္တို႔ ကစားေနၿပီး ရင္ဆိုင္ေနရတဲ့ ၿပိဳင္ပြဲပါ။ အဲဒီေတာ့ ကြၽန္ေတာ္တို႔ ဆက္ၿပီးေတာ့ ယွဥ္ၿပိဳင္ရင္း အမွားေတြကေန သင္ယူၿပီး ပိုေကာင္းတဲ့ပုံစံနဲ႔ ျပန္လာမွာပါ”လို႔ ေျပာၾကားခဲ့ပါတယ္။

Arsenal Myanmar

Ref: Internet