ဖောရက်စ်နဲ့ပွဲက ဂန်းနားကြယ်ပွင့်နဲ့ပတ်သက်ပြီး သဘောတူခဲ့တဲ့ အာတီတာနဲ့ ဟားဂရိဗ်စ် 1024 504 coyg

ဖောရက်စ်နဲ့ပွဲက ဂန်းနားကြယ်ပွင့်နဲ့ပတ်သက်ပြီး သဘောတူခဲ့တဲ့ အာတီတာနဲ့ ဟားဂရိဗ်စ်

ဂါဘရီယဲလ် မာတီနယ်လီဟာ နော်တင်ဟမ် ဖောရက်စ်ကို ၂-၁ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်အပြီးမှာ အိုဝင် ဟားဂရိဗ်စ်ရဲ့ ချီးကျူးပြောဆိုမှုတွေ ပြုလုပ်ခဲ့ပါတယ်။

အက်ဒီ အန်ကီးတီးယား၊ ဘူကာယို ဆာကာတို့ရဲ့ သွင်းဂိုးတွေကြောင့် အာဆင်နယ်အသင်းဟာ အနိုင် ၃ မှတ် ရယူနိုင်ခဲ့တာဖြစ်ပေမယ့်လည်း မာတီနယ်လီက ဂန်းနားတွေရဲ့ တိုက်စစ်မှာ အထင်ကြီးစရာအကောင်းဆုံး ကစားသမားဖြစ်ခဲ့တယ်ဆိုတာတော့ ငြင်းလို့မရတာဖြစ်ပါတယ်။

ဘရာဇီးလ် တိုက်စစ်မှူးဟာ မြောက်လန်ဒန်ကလပ်ရဲ့ ဘယ်တောင်ပံကနေတဆင့် နော်တင်ဟမ်ဖောရက်စ် နောက်တန်းကို ဒုက္ခအများအပြား ပေးနိုင်ခဲ့တာဖြစ်ပြီး  ခံစစ်ပိုင်းမှာလည်း အဆက်မပြတ် ကူညီမှုတွေ ပြုလုပ်ပေးခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ကွင်းလယ်ကစားသမားဟောင်း အိုဝင် ဟားဂရိဗ်စ်က အသက် ၂၂ နှစ်အရွယ်တိုက်စစ်မှူးရဲ့ အထင်ကြီးဖွယ် စွမ်းဆောင်ရည်တွေကို အထင်ကြီးခဲ့တဲ့ ဘောလုံးဝေဖန်သုံးသပ်သူတွေထဲက တစ်ဦးဖြစ်ခဲ့တာဖြစ်ပါတယ်။

“သူက လုံးဝကို တိုက်စစ်ပိုင်းရော ခံစစ်ပိုင်းမှာပါ ယှဉ်ကစားလို့မရနိုင်ခဲ့တဲ့သူပါ။ ဒါပေမယ့် မီခေးလ်က လေ့ကျင့်ရေး စွမ်းဆောင်ရည်နဲ့ပတ်သက်ပြီး ပြောခဲ့တာတွေက စိတ်ဝင်စားစရာကောင်းပါတယ်။ သူ ပြောခဲ့တာ သူက သားရဲတစ်ကောင်လို လေ့ကျင့်ခဲ့တယ်။ ဒါကြောင့်ပဲ ကစားခွင့်ရတာတဲ့။ ခင်ဗျား ကောင်းကောင်း လေ့ကျင့်ရမယ်။ ဒါပေမယ့် ခင်ဗျား ကောင်းကောင်းကစားနိုင်ပြီး ဂိုးသွင်းနိုင်မယ်ဆိုမှ ပွဲထွက်အသင်းမှာ ဆက်နေခွင့်ရမှာပါ။ အဲဒီတော့ ကျွန်တော် ပြောသလိုပဲ။ သူ နောက်ထပ်တစ်ကြိမ် ကောင်းကောင်း လေ့ကျင့်နိုင်ရင် သူ နောက်ထပ်တစ်ကြိမ် ပွဲထွက်ပါဝင်ကစားခွင့်ရမှာပါ။ ”လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

စပိန်လူမျိုးနည်းပြက ဘရာဇီးလ်တိုက်စစ်မှူးရဲ့ ခွန်အားနဲ့ပတ်သက်ပြီး နှစ်သက်သဘောကျမှုကို ဖွင့်ဟပြောဆိုခဲ့တာဖြစ်ပြီး “ဒါက ဂါဘီပဲ။ သူ သက်ဝင်လှုပ်ရှားနေဖို့လိုတယ်။ သူ အင်တိုက်အားတိုက်ရှိနေဖို့လိုတယ်။ သူ အခွင့်အရေးတွေကို ရယူဖို့ လိုတယ်။ ဒီနေ့ ကျွန်တော် တကယ်နှစ်သက်ခဲ့တဲ့အရာတစ်ခုရှိပြီး လွန်ခဲ့တဲ့ ၂ ပတ်လောက်က အရမ်းမကြိုက်ခဲ့ပါဘူး။ အဲဒါက သူ ဘောလုံးကို ပေးပစ်ခဲ့ပြီး ပြန်လိုက်တာပါ။ ဘာလို့လဲဆိုတော့ ဒီဟာက သတ်မှတ်ပေးနိုင်တဲ့ အခိုက်အတန့်ဖြစ်ခဲ့လို့ပါ။ တိုက်စစ်မှာဆိုရင်တော့ သူက အကောင်းဆုံးနဲ့ အန္တရာယ်အပေးနိုင်ဆုံးကစားသမားတွေထဲက တစ်ဦးပါ။ မတူညီတဲ့ ရစ်သမ်နဲ့ ကစားရတဲ့အခါမှာတော့ အန္တရာယ်အပေးနိုင်ဆုံးမဟုတ်ပါဘူး။”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

Arsenal Myanmar

Ref: Internet