ပရီးမီးယားလိဂ်ရချင်ရင် ယူရို ၂၀၂၄ ကြယ်ပွင့်နေရာမှာ အစားထိုးဖို့ အကြံပေးခံခဲ့ရတဲ့ အာဆင်နယ် 1024 538 coyg

ပရီးမီးယားလိဂ်ရချင်ရင် ယူရို ၂၀၂၄ ကြယ်ပွင့်နေရာမှာ အစားထိုးဖို့ အကြံပေးခံခဲ့ရတဲ့ အာဆင်နယ်

ဂျာမနီဂန္တဝင် ဒီဒီ ဟာမန်းက အာဆင်နယ်အနေနဲ့ ကာလရှည် စောင့်ဆိုင်းခဲ့ရတဲ့ ပရီးမီးယားလိဂ်ဖလားကို လိုချင်တယ်ဆိုရင် ကိုင် ဟာဗတ်ဇ်ရဲ့နေရာမှာ အစားထိုးဖို့ တိုက်စစ်မှူးသစ် ခေါ်ယူဖို့ လိုတယ်လို့ ပြောဆိုခဲ့ပါတယ်။

ဂန်းနားတွေဟာ အာတီတာလက်အောက်မှာ ပရီးမိးယားလိဂ်ဖလားကို ရရှိဖို့အတွက် ၂ ရာသီအထိ နီးစပ်ခဲ့တာဖြစ်ပြီး ၂၀၂၂-၂၀၂၃ ရာသီမှာ မန်စီးတီးထက် ၅ မှတ်လျော့၊ ၂၀၂၃-၂၀၂၄ ရာသီမှာ ၂ မှတ်လျော့နဲ့ ဖလားလက်လွှတ်ခဲ့ရတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ် နွေရာသီမှာ ချဲလ်ဆီးကနေ ပေါင် ၆၅ သန်းနဲ့ ပြောင်းရွှေ့လာခဲ့ပြီးနောက် အာဆင်နယ်ကစားသမားဘဝကို ခက်ခက်ခဲခဲ စတင်ခဲ့ရတဲ့ ဟာဗတ်ဇ်ဟာ ဂန်းနားတွေကို ဆုဖလား စိန်ခေါ်နိုင်အောင် သွင်းဂိုး ၁၃ ဂိုး၊ ဂိုးဖန်တီးမှု ၇ ကြိမ်နဲ့ ကူညီပေးနိုင်ခဲ့တာဖြစ်ပါတယ်။

ဟာဗတ်ဇ်ဟာ ရာသီကို ကောင်းမွန်တဲ့ပုံစံနဲ့ အဆုံးသတ်နိုင်ခဲ့ပေမယ့်လည်း ဟာမန်းက အသက် ၂၅ နှစ်အရွယ် ကစားသမားဟာ အထောင်တိုက်စစ်မှူးမဟုတ်ဘဲ အာဆင်နယ်အနေနဲ့ ပရီးမီးယားလိဂ်ဖလားကို တကယ်ရချင်ရင် တိုက်စစ်မှူးနေရာကို အဆင့်မြှင့်တင်ရလိမ့်မယ်လို့ သတိပေးခဲ့တာဖြစ်ပါတယ်။

“ကိုင် ဟာဗတ်ဇ်က အာဆင်နယ်နဲ့ ရာသီကို ကောင်းကောင်း အဆုံးသတ်နိုင်ခဲ့ပါတယ်။ ကျွန်တော် သူ့ကို အသက် ၁၇ နှစ်သားအရွယ်လောက်ကတည်းက မြင်တွေ့ခဲ့ပြီး ဒီကလေးက အမြဲတမ်း အရမ်းကောင်းမွန်ခဲ့တာပါ။ ကျွန်တော် သူကစားတာကို စောင့်ကြည့်တဲ့အခါမှာ တစ်ခါတလေ သူက ဘယ်လောက်အထိတောင် ကောင်းတဲ့ကစားသမားလဲဆိုတာကို သူ မသိသေးတာဖြစ်နိုင်တယ်လို့ တွေးမိပါတယ်။ သူက အခုဆိုရင် ဂျာမနီအတွက် ဂိုးအနည်းငယ် သွင်းယူပေးထားခဲ့ပြီးပြီဖြစ်တာတောင်မှပဲ သူက ဒီထက်အများကြီးပိုပြီး ဂိုးသွင်းနိုင်သေးတယ်လို့ ကျွန်တော် ထင်တယ်။

ဒါပေမယ့် သူက အထောင်တိုက်စစ်မှူးမဟုတ်ဘဲ သူလည်း အထောင်တိုက်စစ်မှူးနေရာမှာ ကစားချင်မယ်လို့ မထင်ပါဘူး။ သူက အသက် ၂၅ နှစ်ရှိပြီဖြစ်ပြီး သူ့ကစားသမားဘဝ ဒီအချိန်မှာ သူ တကယ်ကစားချင်တဲ့နေရာကို ရွေးရတော့မှာပါ။ သူကတော့ အဲဒါကို သဘောတူချင်မှ တူလိမ့်မယ်။ ဘာလို့လဲဆိုတော့ အာဆင်နယ် ဒါမှမဟုတ် ဂျာမနီက လိုအပ်လို့ ကစားခိုင်းတဲ့ ဘယ်နေရာမှာမဆို သူက ကစားမှာမို့လို့ပါ။ အာဆင်နယ်သာ အထောင်တိုက်စစ်မှူးစစ်စစ်ခေါ်ယူခဲ့ရင် သူ ကစားရဦးမလား ဒါမှမဟုတ် ဘယ်နေရာမှာ ကစားမလဲဆိုတာ စိတ်ဝင်စားစရာ အရမ်းကောင်းလာမှာပါ”လို့ ပြောဆိုခဲ့ပါတယ်။

Arsenal Myanmar

Ref: Internet

ZAWGYI:
ဂ်ာမနီဂႏၲဝင္ ဒီဒီ ဟာမန္းက အာဆင္နယ္အေနနဲ႔ ကာလရွည္ ေစာင့္ဆိုင္းခဲ့ရတဲ့ ပရီးမီးယားလိဂ္ဖလားကို လိုခ်င္တယ္ဆိုရင္ ကိုင္ ဟာဗတ္ဇ္ရဲ႕ေနရာမွာ အစားထိုးဖို႔ တိုက္စစ္မႉးသစ္ ေခၚယူဖို႔ လိုတယ္လို႔ ေျပာဆိုခဲ့ပါတယ္။

ဂန္းနားေတြဟာ အာတီတာလက္ေအာက္မွာ ပရီးမိးယားလိဂ္ဖလားကို ရရွိဖို႔အတြက္ ၂ ရာသီအထိ နီးစပ္ခဲ့တာျဖစ္ၿပီး ၂၀၂၂-၂၀၂၃ ရာသီမွာ မန္စီးတီးထက္ ၅ မွတ္ေလ်ာ့၊ ၂၀၂၃-၂၀၂၄ ရာသီမွာ ၂ မွတ္ေလ်ာ့နဲ႔ ဖလားလက္လႊတ္ခဲ့ရတာျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ႏွစ္ ေႏြရာသီမွာ ခ်ဲလ္ဆီးကေန ေပါင္ ၆၅ သန္းနဲ႔ ေျပာင္းေ႐ႊ႕လာခဲ့ၿပီးေနာက္ အာဆင္နယ္ကစားသမားဘဝကို ခက္ခက္ခဲခဲ စတင္ခဲ့ရတဲ့ ဟာဗတ္ဇ္ဟာ ဂန္းနားေတြကို ဆုဖလား စိန္ေခၚႏိုင္ေအာင္ သြင္းဂိုး ၁၃ ဂိုး၊ ဂိုးဖန္တီးမႈ ၇ ႀကိမ္နဲ႔ ကူညီေပးႏိုင္ခဲ့တာျဖစ္ပါတယ္။

ဟာဗတ္ဇ္ဟာ ရာသီကို ေကာင္းမြန္တဲ့ပုံစံနဲ႔ အဆုံးသတ္ႏိုင္ခဲ့ေပမယ့္လည္း ဟာမန္းက အသက္ ၂၅ ႏွစ္အ႐ြယ္ ကစားသမားဟာ အေထာင္တိုက္စစ္မႉးမဟုတ္ဘဲ အာဆင္နယ္အေနနဲ႔ ပရီးမီးယားလိဂ္ဖလားကို တကယ္ရခ်င္ရင္ တိုက္စစ္မႉးေနရာကို အဆင့္ျမႇင့္တင္ရလိမ့္မယ္လို႔ သတိေပးခဲ့တာျဖစ္ပါတယ္။

“ကိုင္ ဟာဗတ္ဇ္က အာဆင္နယ္နဲ႔ ရာသီကို ေကာင္းေကာင္း အဆုံးသတ္ႏိုင္ခဲ့ပါတယ္။ ကြၽန္ေတာ္ သူ႔ကို အသက္ ၁၇ ႏွစ္သားအ႐ြယ္ေလာက္ကတည္းက ျမင္ေတြ႕ခဲ့ၿပီး ဒီကေလးက အၿမဲတမ္း အရမ္းေကာင္းမြန္ခဲ့တာပါ။ ကြၽန္ေတာ္ သူကစားတာကို ေစာင့္ၾကည့္တဲ့အခါမွာ တစ္ခါတေလ သူက ဘယ္ေလာက္အထိေတာင္ ေကာင္းတဲ့ကစားသမားလဲဆိုတာကို သူ မသိေသးတာျဖစ္ႏိုင္တယ္လို႔ ေတြးမိပါတယ္။ သူက အခုဆိုရင္ ဂ်ာမနီအတြက္ ဂိုးအနည္းငယ္ သြင္းယူေပးထားခဲ့ၿပီးၿပီျဖစ္တာေတာင္မွပဲ သူက ဒီထက္အမ်ားႀကီးပိုၿပီး ဂိုးသြင္းႏိုင္ေသးတယ္လို႔ ကြၽန္ေတာ္ ထင္တယ္။

ဒါေပမယ့္ သူက အေထာင္တိုက္စစ္မႉးမဟုတ္ဘဲ သူလည္း အေထာင္တိုက္စစ္မႉးေနရာမွာ ကစားခ်င္မယ္လို႔ မထင္ပါဘူး။ သူက အသက္ ၂၅ ႏွစ္ရွိၿပီျဖစ္ၿပီး သူ႔ကစားသမားဘဝ ဒီအခ်ိန္မွာ သူ တကယ္ကစားခ်င္တဲ့ေနရာကို ေ႐ြးရေတာ့မွာပါ။ သူကေတာ့ အဲဒါကို သေဘာတူခ်င္မွ တူလိမ့္မယ္။ ဘာလို႔လဲဆိုေတာ့ အာဆင္နယ္ ဒါမွမဟုတ္ ဂ်ာမနီက လိုအပ္လို႔ ကစားခိုင္းတဲ့ ဘယ္ေနရာမွာမဆို သူက ကစားမွာမို႔လို႔ပါ။ အာဆင္နယ္သာ အေထာင္တိုက္စစ္မႉးစစ္စစ္ေခၚယူခဲ့ရင္ သူ ကစားရဦးမလား ဒါမွမဟုတ္ ဘယ္ေနရာမွာ ကစားမလဲဆိုတာ စိတ္ဝင္စားစရာ အရမ္းေကာင္းလာမွာပါ”လို႔ ေျပာဆိုခဲ့ပါတယ္။

Arsenal Myanmar

Ref: Internet