ဒုတိယအကျော့မှာ ပြန်ပါလာနိုင်တဲ့ ဂန်းနားတွေကို ဒုက္ခပေးခဲ့တဲ့ ဘိုင်ယန်ကြယ်ပွင့် 1024 683 coyg

ဒုတိယအကျော့မှာ ပြန်ပါလာနိုင်တဲ့ ဂန်းနားတွေကို ဒုက္ခပေးခဲ့တဲ့ ဘိုင်ယန်ကြယ်ပွင့်

ဘိုင်ယန်မြူးနစ်ကြယ်ပွင့် လီရွိုင်း ဆာနေးဟာ ဒီအပတ် အာဆင်နယ်နဲ့ ကစားသွားမယ့် ချန်ပီယံလိဂ်ကွာတားဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်မှာ ပွဲထွက်ပါဝင်ကစားခွင့်ရဖို့ မျှော်မှန်းနေပါတယ်။

အာဆင်နယ်နဲ့ ဘိုင်ယန်မြူးနစ်တို့ဟာ ပြီးခဲ့တဲ့အပတ်က မြောက်လန်ဒန်မှာ တစ်ဖက် ၂ ဂိုးစီ သရေကျခဲ့ကြတာဖြစ်ပြီး လာမယ့် ဗုဒ္ဓဟူးနေ့မှာ ဒုတိယအကျော့ပွဲစဉ်အဖြစ် အဲလီးယန့်ဇ်ကွင်းမှာ ကစားသွားရမှာဖြစ်ပါတယ်။

ဆာနေးဟာ အမ်းမရိတ်စ်က ပွဲမှာတုန်းက အာဆင်နယ်ခံစစ်ကို ညာတောင်ပံကနေ ဒုက္ခပေးနိုင်ခဲ့ပြီး ခီဗီယော ပထမပိုင်းအပြီး လူစားလဲခံခဲ့ရတဲ့အထိ ဖြစ်စေခဲ့သလို ဟာရီ ကိန်းသွင်းယူခဲ့တဲ့ ပင်နယ်တီကိုလည်း ဖန်တီးပေးနိုင်ခဲ့တာဖြစ်ပါတယ်။

မန်စီးတီးကြယ်ပွင့်ဟောင်းဟာ ၆၆ မိနစ်မှာ ဒဏ်ရာကြောင့် လူစားလဲလှယ်ခြင်းခံခဲ့ရပြီး စနေနေ့က ကိုလုံးကို ၂-၀ နဲ့ အနိုင်ရခဲ့တဲ့ပွဲကို လွဲချော်ခဲ့ပြီးနောက် နည်းပြ တူဟယ်က ဗုဒ္ဓဟူးနေ့မှာ ဆာနေး ပါဝင်ကစားပေးနိုင်မလားဆိုတာ မသေချာကြောင်း ပြောဆိုခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဆာနေးက တနင်္လာနေ့မှာ လေ့ကျင့်ရေး ပြန်ဆင်းနေခဲ့ပြီး အိမ်ကွင်းမှာ ကစားရမယ့်ပွဲစဉ်အတွက် ပွဲထွက်ပါဝင်ကစားပေးဖို့ ကြံ့ခိုင်မှု အချိန်မီ ပြည့်ဝလာနိုင်တယ်လို့ Sky Sports Germany က ဖော်ပြခဲ့ပါတယ်။ မန်နူရယ် နျူအာကလည်း ပြီးခဲ့တဲ့ ကိုလုံးနဲ့ပွဲကို လွဲချော်ခဲ့ပြီးနောက် လေ့ကျင့်ရေး ပြန်ဆင်းခဲ့ပြီး ဂျာမန်ဝါရင့်ဂိုးသမားကြီးဟာ ပြီးခဲ့တဲ့လက ဂျာမနီလက်ရွေးစင်လူစာရင်းနဲ့အတူ ရှိနေချိန်အတွင်း ကြွက်သား ဒဏ်ရာရခဲ့တာဖြစ်ပါတယ်။

နိုင်ငံတကာပွဲစဉ်အားလပ်ရက်အပြီး ပထမဆုံး ၂ ပွဲကို လွဲချော်ခဲ့ပြီးနောက် မြောက်လန်ဒန်မှာ ကစားခဲ့တဲ့ ပွဲစဉ်မှာ နျူအာက ပွဲထွက်ပါဝင်ကစားပေးနိုင်ခဲ့ပြီး ဘိုင်ယန်မြူးနစ်ဟာ ဒုတိယအကျော့ပွဲစဉ်ကို ဂနာဘရီနဲ့ ကိုးမန်းတို့မပါဘဲ ကစားသွားဖွယ်ရှိနေတာဖြစ်ပါတယ်။

Arsenal Myanmar

Ref: Internet

ZAWGYI:
ဘိုင္ယန္ျမဴးနစ္ၾကယ္ပြင့္ လီ႐ြိဳင္း ဆာေနးဟာ ဒီအပတ္ အာဆင္နယ္နဲ႔ ကစားသြားမယ့္ ခ်န္ပီယံလိဂ္ကြာတားဖိုင္နယ္ ဒုတိယအေက်ာ့ပြဲစဥ္မွာ ပြဲထြက္ပါဝင္ကစားခြင့္ရဖို႔ ေမွ်ာ္မွန္းေနပါတယ္။

အာဆင္နယ္နဲ႔ ဘိုင္ယန္ျမဴးနစ္တို႔ဟာ ၿပီးခဲ့တဲ့အပတ္က ေျမာက္လန္ဒန္မွာ တစ္ဖက္ ၂ ဂိုးစီ သေရက်ခဲ့ၾကတာျဖစ္ၿပီး လာမယ့္ ဗုဒၶဟူးေန႔မွာ ဒုတိယအေက်ာ့ပြဲစဥ္အျဖစ္ အဲလီးယန႔္ဇ္ကြင္းမွာ ကစားသြားရမွာျဖစ္ပါတယ္။

ဆာေနးဟာ အမ္းမရိတ္စ္က ပြဲမွာတုန္းက အာဆင္နယ္ခံစစ္ကို ညာေတာင္ပံကေန ဒုကၡေပးႏိုင္ခဲ့ၿပီး ခီဗီေယာ ပထမပိုင္းအၿပီး လူစားလဲခံခဲ့ရတဲ့အထိ ျဖစ္ေစခဲ့သလို ဟာရီ ကိန္းသြင္းယူခဲ့တဲ့ ပင္နယ္တီကိုလည္း ဖန္တီးေပးႏိုင္ခဲ့တာျဖစ္ပါတယ္။

မန္စီးတီးၾကယ္ပြင့္ေဟာင္းဟာ ၆၆ မိနစ္မွာ ဒဏ္ရာေၾကာင့္ လူစားလဲလွယ္ျခင္းခံခဲ့ရၿပီး စေနေန႔က ကိုလုံးကို ၂-၀ နဲ႔ အႏိုင္ရခဲ့တဲ့ပြဲကို လြဲေခ်ာ္ခဲ့ၿပီးေနာက္ နည္းျပ တူဟယ္က ဗုဒၶဟူးေန႔မွာ ဆာေနး ပါဝင္ကစားေပးႏိုင္မလားဆိုတာ မေသခ်ာေၾကာင္း ေျပာဆိုခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ဆာေနးက တနလၤာေန႔မွာ ေလ့က်င့္ေရး ျပန္ဆင္းေနခဲ့ၿပီး အိမ္ကြင္းမွာ ကစားရမယ့္ပြဲစဥ္အတြက္ ပြဲထြက္ပါဝင္ကစားေပးဖို႔ ႀကံ့ခိုင္မႈ အခ်ိန္မီ ျပည့္ဝလာႏိုင္တယ္လို႔ Sky Sports Germany က ေဖာ္ျပခဲ့ပါတယ္။ မန္ႏူရယ္ န်ဴအာကလည္း ၿပီးခဲ့တဲ့ ကိုလုံးနဲ႔ပြဲကို လြဲေခ်ာ္ခဲ့ၿပီးေနာက္ ေလ့က်င့္ေရး ျပန္ဆင္းခဲ့ၿပီး ဂ်ာမန္ဝါရင့္ဂိုးသမားႀကီးဟာ ၿပီးခဲ့တဲ့လက ဂ်ာမနီလက္ေ႐ြးစင္လူစာရင္းနဲ႔အတူ ရွိေနခ်ိန္အတြင္း ႂကြက္သား ဒဏ္ရာရခဲ့တာျဖစ္ပါတယ္။

ႏိုင္ငံတကာပြဲစဥ္အားလပ္ရက္အၿပီး ပထမဆုံး ၂ ပြဲကို လြဲေခ်ာ္ခဲ့ၿပီးေနာက္ ေျမာက္လန္ဒန္မွာ ကစားခဲ့တဲ့ ပြဲစဥ္မွာ န်ဴအာက ပြဲထြက္ပါဝင္ကစားေပးႏိုင္ခဲ့ၿပီး ဘိုင္ယန္ျမဴးနစ္ဟာ ဒုတိယအေက်ာ့ပြဲစဥ္ကို ဂနာဘရီနဲ႔ ကိုးမန္းတို႔မပါဘဲ ကစားသြားဖြယ္ရွိေနတာျဖစ္ပါတယ္။

Arsenal Myanmar

Ref: Internet