ဒီရာသီ အာဆင်နယ် ဖလားရမလား အဖြေပေးခဲ့တဲ့ မော်ရင်ဟို 1024 576 coyg

ဒီရာသီ အာဆင်နယ် ဖလားရမလား အဖြေပေးခဲ့တဲ့ မော်ရင်ဟို

ဒီအပတ်မှာ မမျှော်လင့်ထားတဲ့ အခြေအနေတွေ ဖြစ်ခဲ့ပြီးနောက် ဆုဖလားပြိုင်ပွဲရဲ့ အခင်းအကျင်းကလည်း ပြောင်းလဲသွားခဲ့ပြီဖြစ်ပြီး မန်ယူနိုက်တက်နဲ့ ချဲလ်ဆီးနည်းပြဟောင်း မော်ရင်ဟိုက အာဆင်နယ်၊ လီဗာပူးလ်၊ မန်စီးတီးတို့ထဲက ဘယ်သူ ဗိုလ်စွဲသွားမလဲဆိုတာ အဖြေပေးခဲ့ပါတယ်။

လီဗာပူးလ်နဲ့ မန်ချက်စတာစီးတီးတို့ ၂ သင်းစလုံးဟာ ယခုအပတ်မှာ သရေရလဒ်သာ ထွက်ပေါ်ခဲ့ကြချိန်မှာ အာဆင်နယ်က ဘရိုက်တန်ကို တနင်္ဂနွေနေ့ညက အမ်းမရိတ်စ်မှာ ၂-၀ နဲ့ အနိုင်ရခဲ့တာကြောင့် ဇယားထိပ်မှာ ၁ မှတ်အသာနဲ့ ပြန်လည်ဦးဆောင်နိုင်ခဲ့ပြီဖြစ်ပါတယ်။

လက်ရှိမှာတော့ မော်ရင်ဟိုက အာဆင်နယ်ရဲ့ ဆုဖလားအနိုင်ရနိုင်ခြေက ဘယ်လောက်ရှိလဲဆိုတာကို အလေးအနက် ပြောဆိုလိုက်ပြီး စီးတီး သို့မဟုတ် လီဗာပူးလ်တို့ကပဲ ဖလားရသွားနိုင်တယ်လို့ ဟောကိန်းထုတ်ခဲ့တာဖြစ်ပါတယ်။

‘The Obi One Podcast’မှာ ချဲလ်ဆီးကွင်းလယ်လူဟောင်း ဂျွန် အိုဘီ မီခေးလ်နဲ့ စကားပြောဆိုရာမှာ မော်ရင်ဟိုက သူ့ရဲ့ ထင်မြင်ချက်ကို ပြောဆိုခဲ့တာဖြစ်ပြီး “ကျွန်တော်ကတော့ မန်စီးတီး(၅၁ ရာခိုင်နှုန်း)၊ လီဗာပူးလ်(၄၉ ရာခိုင်နှုန်း)လို့ပဲ ပြောရပါလိမ့်မယ်။”လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

စီစဉ်တင်ဆက်သူက “အာဆင်နယ်ရော မပါဘူးလား”လို့ မေးမြန်းခဲ့ရာမှာ မော်ရင်ဟိုက “မပါပါဘူး”လို့ တုံ့ပြန်ခဲ့တာဖြစ်ပါတယ်။ စီစဉ်တင်ဆက်သူက “ယှဉ်ပြိုင်မှုတွေက ရှိနေတုန်းပဲလေ”လို့ ပြောဆိုခဲ့ရာမှာ မော်ရင်ဟိုက “အဲဒါက ယှဉ်ပြိုင်မှုမဟုတ်ပါဘူး။ ထန်းသီးကြွေခိုက် ကျီးနင်းခိုက်ပါ။ ယှဉ်ပြိုင်မှုကို အသာထားပါ။ ကျွန်တော် သူတို့ကို တကယ် အနိုင်ရစေချင်ပါတယ်။ ဟုတ်တာပေါ့။ ချဲလ်ဆီးကတော့ ဖလားရမှာမဟုတ်ပါဘူး။ အဲဒါက မေးစရာကို မလိုတာပါ။ မန်ချက်စတာယူနိုက်တက်လည်း မရဘူး။ အဲဒီတော့ ဒီ ၃ သင်းကြားမှာပဲ ပြိုင်ရမှာဖြစ်ပြီး ဒီ ၃ သင်းထဲမှာ ကျွန်တော်ကတော့ အာဆင်နယ်ကို ရစေချင်တယ်။ ဒါပေမယ့် ၅၁ နဲ့ ၄၉ ပါပဲ။ ကျွန်တော် ၅၁ နဲ့ ၄၉ လို့ ဘာလို့ပြောလဲဆိုရင် ပွဲစဉ်တွေ များလာတဲ့အချိန်ကျရင် မန်စီးတီးမှာက ၂ သင်းစာ လူရှိနေလို့ပါ”လို့ ပြောကြားခဲ့ပါတယ်။

Arsenal Myanmar

Ref: Internet

ZAWGYI: ဒီအပတ္မွာ မေမွ်ာ္လင့္ထားတဲ့ အေျခအေနေတြ ျဖစ္ခဲ့ၿပီးေနာက္ ဆုဖလားၿပိဳင္ပြဲရဲ႕ အခင္းအက်င္းကလည္း ေျပာင္းလဲသြားခဲ့ၿပီျဖစ္ၿပီး မန္ယူႏိုက္တက္နဲ႔ ခ်ဲလ္ဆီးနည္းျပေဟာင္း ေမာ္ရင္ဟိုက အာဆင္နယ္၊ လီဗာပူးလ္၊ မန္စီးတီးတို႔ထဲက ဘယ္သူ ဗိုလ္စြဲသြားမလဲဆိုတာ အေျဖေပးခဲ့ပါတယ္။

လီဗာပူးလ္နဲ႔ မန္ခ်က္စတာစီးတီးတို႔ ၂ သင္းစလုံးဟာ ယခုအပတ္မွာ သေရရလဒ္သာ ထြက္ေပၚခဲ့ၾကခ်ိန္မွာ အာဆင္နယ္က ဘ႐ိုက္တန္ကို တနဂၤေႏြေန႔ညက အမ္းမရိတ္စ္မွာ ၂-၀ နဲ႔ အႏိုင္ရခဲ့တာေၾကာင့္ ဇယားထိပ္မွာ ၁ မွတ္အသာနဲ႔ ျပန္လည္ဦးေဆာင္ႏိုင္ခဲ့ၿပီျဖစ္ပါတယ္။

လက္ရွိမွာေတာ့ ေမာ္ရင္ဟိုက အာဆင္နယ္ရဲ႕ ဆုဖလားအႏိုင္ရႏိုင္ေျခက ဘယ္ေလာက္ရွိလဲဆိုတာကို အေလးအနက္ ေျပာဆိုလိုက္ၿပီး စီးတီး သို႔မဟုတ္ လီဗာပူးလ္တို႔ကပဲ ဖလားရသြားႏိုင္တယ္လို႔ ေဟာကိန္းထုတ္ခဲ့တာျဖစ္ပါတယ္။

‘The Obi One Podcast’မွာ ခ်ဲလ္ဆီးကြင္းလယ္လူေဟာင္း ဂြၽန္ အိုဘီ မီေခးလ္နဲ႔ စကားေျပာဆိုရာမွာ ေမာ္ရင္ဟိုက သူ႔ရဲ႕ ထင္ျမင္ခ်က္ကို ေျပာဆိုခဲ့တာျဖစ္ၿပီး “ကြၽန္ေတာ္ကေတာ့ မန္စီးတီး(၅၁ ရာခိုင္ႏႈန္း)၊ လီဗာပူးလ္(၄၉ ရာခိုင္ႏႈန္း)လို႔ပဲ ေျပာရပါလိမ့္မယ္။”လို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။

စီစဥ္တင္ဆက္သူက “အာဆင္နယ္ေရာ မပါဘူးလား”လို႔ ေမးျမန္းခဲ့ရာမွာ ေမာ္ရင္ဟိုက “မပါပါဘူး”လို႔ တုံ႔ျပန္ခဲ့တာျဖစ္ပါတယ္။ စီစဥ္တင္ဆက္သူက “ယွဥ္ၿပိဳင္မႈေတြက ရွိေနတုန္းပဲေလ”လို႔ ေျပာဆိုခဲ့ရာမွာ ေမာ္ရင္ဟိုက “အဲဒါက ယွဥ္ၿပိဳင္မႈမဟုတ္ပါဘူး။ ထန္းသီးေႂကြခိုက္ က်ီးနင္းခိုက္ပါ။ ယွဥ္ၿပိဳင္မႈကို အသာထားပါ။ ကြၽန္ေတာ္ သူတို႔ကို တကယ္ အႏိုင္ရေစခ်င္ပါတယ္။ ဟုတ္တာေပါ့။ ခ်ဲလ္ဆီးကေတာ့ ဖလားရမွာမဟုတ္ပါဘူး။ အဲဒါက ေမးစရာကို မလိုတာပါ။ မန္ခ်က္စတာယူႏိုက္တက္လည္း မရဘူး။ အဲဒီေတာ့ ဒီ ၃ သင္းၾကားမွာပဲ ၿပိဳင္ရမွာျဖစ္ၿပီး ဒီ ၃ သင္းထဲမွာ ကြၽန္ေတာ္ကေတာ့ အာဆင္နယ္ကို ရေစခ်င္တယ္။ ဒါေပမယ့္ ၅၁ နဲ႔ ၄၉ ပါပဲ။ ကြၽန္ေတာ္ ၅၁ နဲ႔ ၄၉ လို႔ ဘာလို႔ေျပာလဲဆိုရင္ ပြဲစဥ္ေတြ မ်ားလာတဲ့အခ်ိန္က်ရင္ မန္စီးတီးမွာက ၂ သင္းစာ လူရွိေနလို႔ပါ”လို႔ ေျပာၾကားခဲ့ပါတယ္။

Arsenal Myanmar

Ref: Internet