ဒီကလန် ရိုက်က ပေါင် ၁၀၅ သန်းမတန်ဘူးလို့ ဝေဖန်လိုက်တဲ့ လီဗာပူးလ်ဂန္တဝင် user

ဒီကလန် ရိုက်က ပေါင် ၁၀၅ သန်းမတန်ဘူးလို့ ဝေဖန်လိုက်တဲ့ လီဗာပူးလ်ဂန္တဝင်

လီဗာပူးလ်ဂန္တဝင် ဂရေမီ ဆောင်းနက်စ်က အာဆင်နယ်ကစားသမားသစ် ဒီကလန် ရိုက်ကို ပြစ်တင်ဝေဖန်မှုတွေ ပြုလုပ်ခဲ့ပြီး စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ထိုက်တန်တယ်ဆိုတာ သက်သေပြရမယ့်နည်းကို ပြောပြခဲ့ပါတယ်။

ဂန်းနားတွေဟာ ပြီးခဲ့တဲ့အပတ်မှာ ဝက်စ်ဟမ်းအသင်းခေါင်းဆောင် ဒီကလန် ရိုက်ကို ပေါင် ၁၀၅ သန်းနဲ့ ခေါ်ယူနိုင်ခဲ့ပြီဖြစ်ကြောင်း အတည်ပြုပြောကြားခဲ့တာဖြစ်ပြီး ဆောင်းနက်စ်က အင်္ဂလန်ကွင်းလယ်ကြယ်ပွင့်အနေနဲ့ စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ထိုက်တန်တယ်ဆိုတာ ပြသဖို့ လိုအပ်နေတဲ့အရာကို ပြောကြားခဲ့တာဖြစ်ပါတယ်။

“ကျွန်တော် ဒီကလန် ရိုက်ကို ဝေဖန််ခဲ့တဲ့တစ်ခုတည်းသောအရာက သူက ဂိုးတွေ လုံလုံလောက်လောက် မရခဲ့တာပဲ။ ကျွန်တော် အခုအထိလည်း အဲဒီဝေဖန်မှုအတိုင်း ရပ်တည်နေဆဲပါပဲ။ ခင်ဗျားက ကွင်းလယ်ခံစစ်ကစားသမားဖြစ်နေတာက ဂိုး မသွင်းနိုင်ဘူးလို့ ဆိုလိုတာမဟုတ်တာကြောင့်ပါပဲ။ သူ ဂိုးတွေ ပိုပြီး သွင်းယူနိုင်ရမှာပါ။ အာဆင်နယ်က ပြီးခဲ့တဲ့နှစ်မှာ ဒုတိယနေရာနဲ့ ရာသီပြီးဆုံးခဲ့ပြီး သူတို့ကို သူက တိုးတက်စေလိမ့်မယ်ဆိုတာ သံသယမရှိပါဘူး”

“ဒီကလန် ရိုက်ကြောင့် သူတို့တွေ ဒုတိယနေရာကနေ ပထမနေရာကို ခုန်တက်နိုင်မှာလား။ ဖြစ်တော့ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် သူ ဂိုးတွေ ပိုသွင်းနိုင်ဖို့တော့ လိုပါတယ်။ ကွင်းလယ်ခံစစ်ကစားသမားတစ်ယောက်ဖြစ်တဲ့အတွက် သူ့မှာ ခံစစ်ပိုင်း အတွေးအမြင်ရှိတယ်။ သူ အန္တရာယ်ကို မြင်နိုင်တယ်။ အဲဒါကို ဖြေရှင်းနိုင်တယ်။ သူက အရမ်းကို အားကစားသမားပီသပြီး တစ်ကွင်းလုံး တက်လိုက်၊ ဆင်းလိုက်ကစားနိုင်တယ်။ ကျွန်တော်က သူ့ကို ပင်နယ်တီဧရိယာနားနဲ့ ပင်နယ်တီဧရိယာထဲမှာ ဘောလုံးနဲ့အတူ ရောက်လာစေချင်တာပါ။ သူ တိုက်စစ်ဆင်နေရင် သူ့ကို တိုက်စစ်ဆင်ခွင့်ပေးလိုက်ပါ။ အာဆင်နယ်အသင်းအတွက် ကစားပေးရလို့ သူ နှစ်တိုင်း သွင်းဂိုး ကိန်းဂဏန်း ၂ လုံး မရနိုင်စရာ ဘာအကြောင်းမှ မရှိဘူး”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

Arsenal Myanmar

Ref: Internet