ဒိုင်တွေကို ပေါက်ကွဲခဲ့တဲ့ အာတီတာကို တုံ့ပြန်လိုက်တဲ့ ဂွါဒီယိုလာ 940 579 coyg

ဒိုင်တွေကို ပေါက်ကွဲခဲ့တဲ့ အာတီတာကို တုံ့ပြန်လိုက်တဲ့ ဂွါဒီယိုလာ

မန်ချက်စတာစီးတီးနည်းပြ ပပ် ဂွါဒီယိုလာက ယခုအပတ်မှာ နောက်ထပ်တစ်ကြိမ် PGMOL က ပြစ်တင်ကြိမ်းမောင်းခြင်းခံခဲ့ရပြီးနောက် ပရီးမီးယားလိဂ်မှာတင်မကဘဲ VAR က နိုင်ငံတိုင်းမှာ စိတ်ရှုပ်ထွေးစရာတွေ ဖြစ်နေတယ်လို့ ပြောကြားခဲ့ပါတယ်။

မီခေးလ် အာတီတာက စနေနေ့က နယူးကာဆယ်ကို ၁-၀ နဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်အတွင်း ဂေါ်ဒွန်ရဲ့ သွင်းဂိုးကို ခွင့်ပြုခဲ့တဲ့ VAR ရဲ့ ဆုံးဖြတ်ချက်ဟာ အရှက်ရစရာနဲ့ အရုပ်ဆိုးအကျည်းတန်မှုဖြစ်တယ်လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။ အန်သိုနီ ဂေါ်ဒွန်ရဲ့ တစ်လုံးတည်းသော အနိုင်ဂိုးဟာ VAR နဲ့ ၃ ကြိမ်အထိ စစ်ဆေးပြီးနောက် ခွင့်ပြုခဲ့တာဖြစ်ပြီး ပထမဆုံးစစ်ဆေးမှုက ဘောလုံးကို ဖြတ်တင်ပေးပို့မှု မပြုလုပ်မီ စည်းကျော်သွားလားဆိုတာဖြစ်ပါတယ်။

ဒုတိယမြောက် စစ်ဆေးမှုကတော့ ဂါဘရီယဲလ်ကို ဂျိုလင်တန် ပြစ်ဒဏ်ကျူးလွန်ခဲ့လားဆိုတာ စစ်ဆေးခဲ့တာဖြစ်ပြီး တတိယမြောက် စစ်ဆေးမှုက ဂေါ်ဒွန် ကန်သွင်းချိန်မှာ လူကျွံခဲ့လားဆိုတာကို ဆုံးဖြတ်ဖို့ ဖြစ်ပါတယ်။ ဒီစစ်ဆေးမှုတွေ အားလုံး ပြီးဆုံးသွားတဲ့အချိန်မှာ VAR က ဂိုးကို ခွင့်ပြုသင့်တယ်လို့ ဆုံးဖြတ်ခဲ့တာဖြစ်ပြီး အာဆင်နယ်ရဲ့ ပရီးမီးယားလိဂ်ရှုံးပွဲမရှိ စံချိန်ဟာ စိတ်ပျက်ဖွယ်ကောင်းတဲ့ပုံစံနဲ့ အဆုံးသတ်သွားခဲ့တာဖြစ်ပါတယ်။

“ကျွန်တော် ဒီမှာ ရှိနေတာက အဲဒါက လက်ခံနိုင်စရာမဟုတ်ဘူးလို့ ပြောဖို့ပါ။ ကျွန်တော်တို့ ရှုံးနိမ့်ဖို့ မထိုက်တန်ခဲ့ပါဘူး။ ကျွန်တော်တို့ ရှင်းလင်းပြီး သိသာတဲ့ ဆုံးဖြတ်ချက်တွေကြောင့် ပွဲကို ရှုံးနိမ့်ခဲ့တာပါ။ အဲဒါက အရှက်ရစရာပဲ။ အရုပ်ဆိုးအကျည်းတန်မှုပဲ။ ဒီလို ဆက်ဖြစ်နေလို့ မရနိုင်ဘူးလို့ ပြောနေတဲ့ သတင်းစကားတွေ ဘယ်လောက်များများ ရခဲ့လဲဆိုတာ ခင်ဗျား တွေးကြည့်လို့တောင် မရနိုင်ပါဘူး။ ကျွန်တော့် အချိန်တွေကို ကျွန်တော် ဖြုန်းတီးနေမိတယ်။ ခင်ဗျားတို့လည်း ခင်ဗျားတို့အချိန်တွေကို ဖြုန်းတီးနေမိတယ်။ ကျွန်တော် လူတွေရဲ့လက်ထဲမှာ ရှိမနေစေချင်ပါဘူး။”လို့ ပွဲပြီးသတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တာဖြစ်ပါတယ်။

ဂွါဒီယိုလာကလည်း အရင်တုန်းက ပရီးမီးယားလိဂ်က VAR ရဲ့ အဆင့်အတန်းနဲ့ပတ်သက်ပြီး စိတ်ပျက်မှုကို ထုတ်ဖော်ပြောဆိုခဲ့ပေမယ့်လည်း ကမ္ဘာပေါ်က နေရာတိုင်းမှာလည်း ဘာမှ ကွာခြားမှုမရှိဘူးလို့ ခံစားနေရတာဖြစ်ပါတယ်။

ယန်းဘွိုင်းစ်နဲ့ ဗုဒ္ဓဟူးနေ့ည ယှဉ်ပြိုင်ကစားရမယ့်ပွဲစဉ်မတိုင်ခင် ပွဲကြိုသတင်းစာရှင်းလင်းပွဲအတွင်း ယခုအပတ် အငြင်းပွားဖွယ်ကိစ္စတွေနဲ့ပတ်သက်ပြီး “ VAR နဲ့ပတ်သက်ပြီး စိတ်ရှုပ်ထွေးစရာတွေက နိုင်ငံတိုင်းမှာ ရှိနေတယ်လို့ ကျွန်တော် ခံစားရပါတယ်။ ပွဲအပြီးမှာ စိတ်ခံစားချက်တွေက အရမ်းကို မြင့်မားနေတယ်။ အဲဒါကို ကိုင်တွယ်ဖို့ ခက်ခဲပါတယ်။ ကျွန်တော့်အကြောင်း ကျွန်တော် ပြောနေတာပါ။ မီခေးလ် အာတီတာအကြောင်းမဟုတ်သလို တခြားနည်းပြတွေအကြောင်းလည်း မဟုတ်ပါဘူး။ ကျွန်တော်တို့ စတုတ္ထဒိုင်ကို စကားပြောလို့ မရဘူး။ ကျွန်တော်တို့ ဘာမှ လုပ်လို့မရဘူး။ ပြီးခဲ့တဲ့ရာသီကနဲ့ များများစားစား အပြောင်းအလဲမရှိပါဘူး။”

VAR ရဲ့ အခြေအနေက ပိုပြီး ဆိုးရွားလာလားလို့ မေးမြန်းခဲ့ရာမှာ “ကျွန်တော် မသိဘူး။ အဲဒါက အခု ထိရှလွယ်တဲ့ ကိစ္စဖြစ်နေတယ်။ ပွဲစဉ်တွေ တော်တော်များများမှာ ဖြစ်ပျက်ခဲ့ပါတယ်။ ဒိုင်လူကြီးတွေအတွက်ရော ကျွန်တော်တို့အတွက်ပါ အဲဒါက ခက်ခဲပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

Arsenal Myanmar

Ref: Internet

ZAWGYI: မန္ခ်က္စတာစီးတီးနည္းျပ ပပ္ ဂြါဒီယိုလာက ယခုအပတ္မွာ ေနာက္ထပ္တစ္ႀကိမ္ PGMOL က ျပစ္တင္ႀကိမ္းေမာင္းျခင္းခံခဲ့ရၿပီးေနာက္ ပရီးမီးယားလိဂ္မွာတင္မကဘဲ VAR က ႏိုင္ငံတိုင္းမွာ စိတ္ရႈပ္ေထြးစရာေတြ ျဖစ္ေနတယ္လို႔ ေျပာၾကားခဲ့ပါတယ္။

မီေခးလ္ အာတီတာက စေနေန႔က နယူးကာဆယ္ကို ၁-၀ နဲ႔ ရႈံးနိမ့္ခဲ့တဲ့ပြဲစဥ္အတြင္း ေဂၚဒြန္ရဲ႕ သြင္းဂိုးကို ခြင့္ျပဳခဲ့တဲ့ VAR ရဲ႕ ဆုံးျဖတ္ခ်က္ဟာ အရွက္ရစရာနဲ႔ အ႐ုပ္ဆိုးအက်ည္းတန္မႈျဖစ္တယ္လို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။ အန္သိုနီ ေဂၚဒြန္ရဲ႕ တစ္လုံးတည္းေသာ အႏိုင္ဂိုးဟာ VAR နဲ႔ ၃ ႀကိမ္အထိ စစ္ေဆးၿပီးေနာက္ ခြင့္ျပဳခဲ့တာျဖစ္ၿပီး ပထမဆုံးစစ္ေဆးမႈက ေဘာလုံးကို ျဖတ္တင္ေပးပို႔မႈ မျပဳလုပ္မီ စည္းေက်ာ္သြားလားဆိုတာျဖစ္ပါတယ္။

ဒုတိယေျမာက္ စစ္ေဆးမႈကေတာ့ ဂါဘရီယဲလ္ကို ဂ်ိဳလင္တန္ ျပစ္ဒဏ္က်ဴးလြန္ခဲ့လားဆိုတာ စစ္ေဆးခဲ့တာျဖစ္ၿပီး တတိယေျမာက္ စစ္ေဆးမႈက ေဂၚဒြန္ ကန္သြင္းခ်ိန္မွာ လူကြၽံခဲ့လားဆိုတာကို ဆုံးျဖတ္ဖို႔ ျဖစ္ပါတယ္။ ဒီစစ္ေဆးမႈေတြ အားလုံး ၿပီးဆုံးသြားတဲ့အခ်ိန္မွာ VAR က ဂိုးကို ခြင့္ျပဳသင့္တယ္လို႔ ဆုံးျဖတ္ခဲ့တာျဖစ္ၿပီး အာဆင္နယ္ရဲ႕ ပရီးမီးယားလိဂ္ရႈံးပြဲမရွိ စံခ်ိန္ဟာ စိတ္ပ်က္ဖြယ္ေကာင္းတဲ့ပုံစံနဲ႔ အဆုံးသတ္သြားခဲ့တာျဖစ္ပါတယ္။

“ကြၽန္ေတာ္ ဒီမွာ ရွိေနတာက အဲဒါက လက္ခံႏိုင္စရာမဟုတ္ဘူးလို႔ ေျပာဖို႔ပါ။ ကြၽန္ေတာ္တို႔ ရႈံးနိမ့္ဖို႔ မထိုက္တန္ခဲ့ပါဘူး။ ကြၽန္ေတာ္တို႔ ရွင္းလင္းၿပီး သိသာတဲ့ ဆုံးျဖတ္ခ်က္ေတြေၾကာင့္ ပြဲကို ရႈံးနိမ့္ခဲ့တာပါ။ အဲဒါက အရွက္ရစရာပဲ။ အ႐ုပ္ဆိုးအက်ည္းတန္မႈပဲ။ ဒီလို ဆက္ျဖစ္ေနလို႔ မရႏိုင္ဘူးလို႔ ေျပာေနတဲ့ သတင္းစကားေတြ ဘယ္ေလာက္မ်ားမ်ား ရခဲ့လဲဆိုတာ ခင္ဗ်ား ေတြးၾကည့္လို႔ေတာင္ မရႏိုင္ပါဘူး။ ကြၽန္ေတာ့္ အခ်ိန္ေတြကို ကြၽန္ေတာ္ ျဖဳန္းတီးေနမိတယ္။ ခင္ဗ်ားတို႔လည္း ခင္ဗ်ားတို႔အခ်ိန္ေတြကို ျဖဳန္းတီးေနမိတယ္။ ကြၽန္ေတာ္ လူေတြရဲ႕လက္ထဲမွာ ရွိမေနေစခ်င္ပါဘူး။”လို႔ ပြဲၿပီးသတင္းစာရွင္းလင္းပြဲမွာ ေျပာဆိုခဲ့တာျဖစ္ပါတယ္။

ဂြါဒီယိုလာကလည္း အရင္တုန္းက ပရီးမီးယားလိဂ္က VAR ရဲ႕ အဆင့္အတန္းနဲ႔ပတ္သက္ၿပီး စိတ္ပ်က္မႈကို ထုတ္ေဖာ္ေျပာဆိုခဲ့ေပမယ့္လည္း ကမာၻေပၚက ေနရာတိုင္းမွာလည္း ဘာမွ ကြာျခားမႈမရွိဘူးလို႔ ခံစားေနရတာျဖစ္ပါတယ္။

ယန္းဘြိဳင္းစ္နဲ႔ ဗုဒၶဟူးေန႔ည ယွဥ္ၿပိဳင္ကစားရမယ့္ပြဲစဥ္မတိုင္ခင္ ပြဲႀကိဳသတင္းစာရွင္းလင္းပြဲအတြင္း ယခုအပတ္ အျငင္းပြားဖြယ္ကိစၥေတြနဲ႔ပတ္သက္ၿပီး “ VAR နဲ႔ပတ္သက္ၿပီး စိတ္ရႈပ္ေထြးစရာေတြက ႏိုင္ငံတိုင္းမွာ ရွိေနတယ္လို႔ ကြၽန္ေတာ္ ခံစားရပါတယ္။ ပြဲအၿပီးမွာ စိတ္ခံစားခ်က္ေတြက အရမ္းကို ျမင့္မားေနတယ္။ အဲဒါကို ကိုင္တြယ္ဖို႔ ခက္ခဲပါတယ္။ ကြၽန္ေတာ့္အေၾကာင္း ကြၽန္ေတာ္ ေျပာေနတာပါ။ မီေခးလ္ အာတီတာအေၾကာင္းမဟုတ္သလို တျခားနည္းျပေတြအေၾကာင္းလည္း မဟုတ္ပါဘူး။ ကြၽန္ေတာ္တို႔ စတုတၳဒိုင္ကို စကားေျပာလို႔ မရဘူး။ ကြၽန္ေတာ္တို႔ ဘာမွ လုပ္လို႔မရဘူး။ ၿပီးခဲ့တဲ့ရာသီကနဲ႔ မ်ားမ်ားစားစား အေျပာင္းအလဲမရွိပါဘူး။”

VAR ရဲ႕ အေျခအေနက ပိုၿပီး ဆိုး႐ြားလာလားလို႔ ေမးျမန္းခဲ့ရာမွာ “ကြၽန္ေတာ္ မသိဘူး။ အဲဒါက အခု ထိရွလြယ္တဲ့ ကိစၥျဖစ္ေနတယ္။ ပြဲစဥ္ေတြ ေတာ္ေတာ္မ်ားမ်ားမွာ ျဖစ္ပ်က္ခဲ့ပါတယ္။ ဒိုင္လူႀကီးေတြအတြက္ေရာ ကြၽန္ေတာ္တို႔အတြက္ပါ အဲဒါက ခက္ခဲပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

Arsenal Myanmar

Ref: Internet