တိုမိယဆုဂိုးသွင်းလိုက်ချိန် အာဆင်နယ်အရန်ခုံတန်းက မြင်ခဲ့တဲ့အရာကို မျှဝေခဲ့တဲ့ ဘောလုံးဝေဖန်သူ
အာဆင်နယ်ပရိသတ်တွေဟာ စနေနေ့ညနေက အမ်းမရိတ်စ်ကွင်းမှာ ရှက်ဖီးယူနိုက်တက်ကို ၅-၀ နဲ့ အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ ဂန်းနားတွေရဲ့ ထိပ်တန်းစွမ်းဆောင်ရည်ကို ကြည့်ရှုခံစားခွင့်ရခဲ့ကြပါတယ်။
အာတီတာရဲ့ ဂန်းနားတွေဟာ ပရီးမီးယားလိဂ်တန်းဆင်းဇုန်တိုက်ပွဲဝင်နေရတဲ့ ရှက်ဖီးယူနိုက်တက်ကို အပြတ်အသတ် ချေမှုန်းပြီး အမှတ်ပေးဇယားထိပ်ဆုံးက စပါးစ်နဲ့ ၂ မှတ်အကွာ ဒုတိယနေရာကို တက်လှမ်းခဲ့တာဖြစ်ပါတယ်။ အက်ဒီ အန်ကီးတီးယားက အာဆင်နယ်အတွက် ပထမဆုံးသော ပရီးမီးယားလိဂ်ဟက်ထရစ်နဲ့အတူ တောက်ပခဲ့ပြီး လူစားဝင်ကစားသမားတွေဖြစ်တဲ့ တိုမိယဆုနဲ့ ဗီယာရာတို့လည်း ဂိုးတွေ သွင်းယူနိုင်ခဲ့ကြတာ ဖြစ်ပါတယ်။
အာဆင်နယ်နဲ့ ရှက်ဖီးယူနိုက်တက်တို့ရဲ့ပွဲစဉ်ကို စီစဉ်တင်ဆက်နေခဲ့တဲ့ ဘီဘီစီ အားကစားဝေဖန်သူက တိုမိယဆုရဲ့ ပထမဆုံး အာဆင်နယ်အတွက် သွင်းဂိုးကို မြင်တွေ့ခဲ့ရပြီးနောက် ဂန်းနားအရန်ခုံတန်းက လူတွေ ဘယ်လောက်အထိ ဝမ်းမြောက်ပျော်ရွှင်ခဲ့ကြလဲဆိုတာကို သတိပြုမိခဲ့တာဖြစ်ပါတယ်။
“ရှက်ဖီးယူနိုက်တက်ရဲ့ ခံစစ်က နောက်ထပ်တစ်ကြိမ် အဖြစ်ဆိုးခဲ့ပြန်ပါပြီ။ ဒါပေမယ့် အာဆင်နယ်အရန်ခုံတန်းက လူတွေအားလုံးဆီကနေ ဝမ်းမြောက်ပျော်ရွှင်မှုကို အတိုင်းသား မြင်နေရပါတယ်။ အရန်ခုံတန်းက ကစားသမားတွေနဲ့ နည်းပြအဖွဲ့ဝင်တွေက မတ်တပ်ရပ်ပြီး လက်ခုပ်တီးပေးနေကြတယ်။ တိုမိယဆုက အသင်းနဲ့ ပရိသတ်တွေထဲမှာ အရမ်းကို လူချစ်လူခင်ပေါများတဲ့သူဆိုတာ ရှင်းပါတယ်။”လို့ Radio 5 Live မှာ ပြောကြားခဲ့တာဖြစ်ပါတယ်။
တိုမိယဆုဟာ ရှက်ဖီးယူနိုက်တက်နဲ့ပွဲစဉ်မှာ ဂိုးဖန်တီးမှု ပြုလုပ်ပေးနိုင်လုနီးပါးဖြစ်ခဲ့ပြီး အားလုံးခြုံပြောရရင် ဂန်းနားတွေအတွက် တောက်ပတဲ့ ခြေစွမ်းပြသနိုင်ခဲ့တာဖြစ်ပါတယ်။ ဂျပန်နောက်ခံလူဟာ အာဆင်နယ်အတွက် အလွန်ကောင်းမွန်တဲ့ ခေါ်ယူမှုဖြစ်ခဲ့သူဖြစ်ပြီး ပွဲဦးထွက်ရာသီကတည်းက ခြေစွမ်းပြခဲ့ပေမယ့်လည်း ရာသီဒုတိယပိုင်းအချိန်အများစုမှာ ဒဏ်ရာကြောင့် လွဲချော်ခဲ့တာဖြစ်ပါတယ်။
တိုမိယဆုဟာ ပြီးခဲ့တဲ့ရာသီမှာလည်း ကံဆိုးခဲ့ပြန်ပြီး ဒူးခွဲစိတ်ကုသမှုကြောင့် ရာသီဒုတိယပိုင်းအချိန်အများစုကို အနားယူနေခဲ့ရတာဖြစ်ပြီး ပုံမှန် ပွဲထွက်ကစားသမားမဟုတ်တော့ပေမယ့်လည်း ကွင်းထဲမှာ အသင်းကို ကူညီပံ့ပိုးမှုနဲ့အတူ ခံယူချက်ကလည်း ဆက်လက်ကောင်းမွန်နေဆဲဖြစ်ပါတယ်။
တိုမိယဆုရဲ့ အာဆင်နယ်အသင်းဖော်တွေက ဂျပန်နောက်ခံလူရဲ့ သွင်းဂိုးအတွက် အောင်ပွဲခံကြတဲ့ပုံစံဟာ သူ့အနေနဲ့ အဝတ်လဲခန်းထဲမှာ ဘယ်လောက်အထိ လူသိများကျော်ကြားလဲဆိုတာကို ပြသနေတာဖြစ်ပြီး အာတီတာဟာ ပေါင်သန်း ၂၀ အောက်နဲ့ တန်ဖိုးကြီးကစားသမားတစ်ဦးကို ခေါ်ယူနိုင်ခဲ့တာဖြစ်ပါတယ်။
Arsenal Myanmar
Ref: Internet
ZAWGYI: အာဆင္နယ္ပရိသတ္ေတြဟာ စေနေန႔ညေနက အမ္းမရိတ္စ္ကြင္းမွာ ရွက္ဖီးယူႏိုက္တက္ကို ၅-၀ နဲ႔ အႏိုင္ရခဲ့တဲ့ပြဲစဥ္မွာ ဂန္းနားေတြရဲ႕ ထိပ္တန္းစြမ္းေဆာင္ရည္ကို ၾကည့္ရႈခံစားခြင့္ရခဲ့ၾကပါတယ္။
အာတီတာရဲ႕ ဂန္းနားေတြဟာ ပရီးမီးယားလိဂ္တန္းဆင္းဇုန္တိုက္ပြဲဝင္ေနရတဲ့ ရွက္ဖီးယူႏိုက္တက္ကို အျပတ္အသတ္ ေခ်မႈန္းၿပီး အမွတ္ေပးဇယားထိပ္ဆုံးက စပါးစ္နဲ႔ ၂ မွတ္အကြာ ဒုတိယေနရာကို တက္လွမ္းခဲ့တာျဖစ္ပါတယ္။ အက္ဒီ အန္ကီးတီးယားက အာဆင္နယ္အတြက္ ပထမဆုံးေသာ ပရီးမီးယားလိဂ္ဟက္ထရစ္နဲ႔အတူ ေတာက္ပခဲ့ၿပီး လူစားဝင္ကစားသမားေတြျဖစ္တဲ့ တိုမိယဆုနဲ႔ ဗီယာရာတို႔လည္း ဂိုးေတြ သြင္းယူႏိုင္ခဲ့ၾကတာ ျဖစ္ပါတယ္။
အာဆင္နယ္နဲ႔ ရွက္ဖီးယူႏိုက္တက္တို႔ရဲ႕ပြဲစဥ္ကို စီစဥ္တင္ဆက္ေနခဲ့တဲ့ ဘီဘီစီ အားကစားေဝဖန္သူက တိုမိယဆုရဲ႕ ပထမဆုံး အာဆင္နယ္အတြက္ သြင္းဂိုးကို ျမင္ေတြ႕ခဲ့ရၿပီးေနာက္ ဂန္းနားအရန္ခုံတန္းက လူေတြ ဘယ္ေလာက္အထိ ဝမ္းေျမာက္ေပ်ာ္႐ႊင္ခဲ့ၾကလဲဆိုတာကို သတိျပဳမိခဲ့တာျဖစ္ပါတယ္။
“ရွက္ဖီးယူႏိုက္တက္ရဲ႕ ခံစစ္က ေနာက္ထပ္တစ္ႀကိမ္ အျဖစ္ဆိုးခဲ့ျပန္ပါၿပီ။ ဒါေပမယ့္ အာဆင္နယ္အရန္ခုံတန္းက လူေတြအားလုံးဆီကေန ဝမ္းေျမာက္ေပ်ာ္႐ႊင္မႈကို အတိုင္းသား ျမင္ေနရပါတယ္။ အရန္ခုံတန္းက ကစားသမားေတြနဲ႔ နည္းျပအဖြဲ႕ဝင္ေတြက မတ္တပ္ရပ္ၿပီး လက္ခုပ္တီးေပးေနၾကတယ္။ တိုမိယဆုက အသင္းနဲ႔ ပရိသတ္ေတြထဲမွာ အရမ္းကို လူခ်စ္လူခင္ေပါမ်ားတဲ့သူဆိုတာ ရွင္းပါတယ္။”လို႔ Radio 5 Live မွာ ေျပာၾကားခဲ့တာျဖစ္ပါတယ္။
တိုမိယဆုဟာ ရွက္ဖီးယူႏိုက္တက္နဲ႔ပြဲစဥ္မွာ ဂိုးဖန္တီးမႈ ျပဳလုပ္ေပးႏိုင္လုနီးပါးျဖစ္ခဲ့ၿပီး အားလုံးၿခဳံေျပာရရင္ ဂန္းနားေတြအတြက္ ေတာက္ပတဲ့ ေျခစြမ္းျပသႏိုင္ခဲ့တာျဖစ္ပါတယ္။ ဂ်ပန္ေနာက္ခံလူဟာ အာဆင္နယ္အတြက္ အလြန္ေကာင္းမြန္တဲ့ ေခၚယူမႈျဖစ္ခဲ့သူျဖစ္ၿပီး ပြဲဦးထြက္ရာသီကတည္းက ေျခစြမ္းျပခဲ့ေပမယ့္လည္း ရာသီဒုတိယပိုင္းအခ်ိန္အမ်ားစုမွာ ဒဏ္ရာေၾကာင့္ လြဲေခ်ာ္ခဲ့တာျဖစ္ပါတယ္။
တိုမိယဆုဟာ ၿပီးခဲ့တဲ့ရာသီမွာလည္း ကံဆိုးခဲ့ျပန္ၿပီး ဒူးခြဲစိတ္ကုသမႈေၾကာင့္ ရာသီဒုတိယပိုင္းအခ်ိန္အမ်ားစုကို အနားယူေနခဲ့ရတာျဖစ္ၿပီး ပုံမွန္ ပြဲထြက္ကစားသမားမဟုတ္ေတာ့ေပမယ့္လည္း ကြင္းထဲမွာ အသင္းကို ကူညီပံ့ပိုးမႈနဲ႔အတူ ခံယူခ်က္ကလည္း ဆက္လက္ေကာင္းမြန္ေနဆဲျဖစ္ပါတယ္။
တိုမိယဆုရဲ႕ အာဆင္နယ္အသင္းေဖာ္ေတြက ဂ်ပန္ေနာက္ခံလူရဲ႕ သြင္းဂိုးအတြက္ ေအာင္ပြဲခံၾကတဲ့ပုံစံဟာ သူ႔အေနနဲ႔ အဝတ္လဲခန္းထဲမွာ ဘယ္ေလာက္အထိ လူသိမ်ားေက်ာ္ၾကားလဲဆိုတာကို ျပသေနတာျဖစ္ၿပီး အာတီတာဟာ ေပါင္သန္း ၂၀ ေအာက္နဲ႔ တန္ဖိုးႀကီးကစားသမားတစ္ဦးကို ေခၚယူႏိုင္ခဲ့တာျဖစ္ပါတယ္။
Arsenal Myanmar
Ref: Internet
- Posted In:
- Team News