တိုနီနဲ့ ပေါင်သန်း ၁၅၀ အပြောင်းအရွှေ့ကြောင့် ရမှတ်လျှော့ခံရနိုင်မှုကို သိထားတဲ့ အာဆင်နယ် 810 539 coyg

တိုနီနဲ့ ပေါင်သန်း ၁၅၀ အပြောင်းအရွှေ့ကြောင့် ရမှတ်လျှော့ခံရနိုင်မှုကို သိထားတဲ့ အာဆင်နယ်

အာဆင်နယ်ဟာ အနာဂတ်မှာ အပြစ်ပေးခံရနိုင်ခြေကို ရှောင်လွှဲနိုင်မယ့်နည်းနဲ့ ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ ချင့်ချင့်ချိန်ချိန် လုပ်ဆောင်သွားရမှာဖြစ်ပြီး ဂန်းနားတွေဟာ ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်း ကြီးကြီးမားမား ရင်းနှီးမြှုပ်နှံခဲ့တယ်ဆိုပေမယ့်လည်း ဒီနွေရာသီလောက်တော့မဟုတ်ခဲ့တာဖြစ်ပါတယ်။

ဒီကလန် ရိုက်ဟာ အသင်းစံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၁၀၅ သန်းနဲ့ စံချိန်တင်ခေါ်ယူမှုဖြစ်ခဲ့ပြီး ချဲလ်ဆီးကနေ ခေါ်ယူခဲ့တဲ့ ကိုင် ဟာဗတ်ဇ်ကလည်း ပေါင် ၆၅ သန်းဝန်းကျင် ပေးချေခဲ့ရတာဖြစ်ပါတယ်။ အိုင်းယက်စ်ကနေ ခေါ်ယူခဲ့တဲ့ ယူရီယန် တင်းဘားက နောက်ဆုံး အပြီးသတ် ကစားသမားခေါ်ယူမှုဖြစ်ခဲ့ပြီး ဒေးဗစ် ရာယာကို ပေါင် ၃ သန်းပေးပြီး အငှားနဲ့ ခေါ်ယူခဲ့မှုမှာ အားလုံး အံ့အားသင့်ခဲ့ကြပါတယ်။

ရာယာကို လာမယ့် နွေရာသီမှာ ပေါင် ၂၇ သန်းနဲ့ အပြီးသတ်ဝယ်ယူခွင့် ပါဝင်ပြီး ဂန်းနားတွေက အဲဒီအချက်ကို အသက်သွင်းသွားမှာဖြစ်တာကြောင့် အစောကြီးကတည်းက ဘာလို့ အပြီးသတ်မခေါ်တာလဲဆိုရင် FFP ကြောင့်ပါပဲ။ ဒီနွေရာသီမှာ အငှားနဲ့ ခေါ်ပြီး နောက်နွေရာသီမှာ အပြီးသတ်ခေါ်ယူလိုက်မယ်ဆိုရင် တစ်နှစ်စာ ဘတ်ဂျက်စာရင်းထဲ အကျုံးမဝင်တော့တာကြောင့် ခုနောက်ပိုင်း အသင်းကြီး အကုန်လုံးနီးပါး သုံးလာတဲ့ လှည့်ကွက်တစ်ခုဖြစ်ပါတယ်။

ဒါကြောင့် အာဆင်နယ်ဟာ ဇန်နဝါရီလမှာလည်း ဒီလှည့်ကွက်မျိုးကိုပဲ ထပ်သုံးရနိုင်ပြီး အထူးသဖြင့် ဘရန့်တ်ဖို့ဒ်တိုက်စစ်မှူး အိုင်ဗန် တိုနီကို ခေါ်ယူတဲ့နေရာမှာ ဖြစ်ပါတယ်။ လာမယ့်ရာသီအထိ ကစားသမားသစ် အပြီးသတ်ခေါ်ယူလို့ မရနိုင်သေးတဲ့အခြေအနေကြောင့် ဂန်းနားတို့အနေနဲ့ ဆောင်းရာသီစျေးကွက်မှာ စပို့တင်းလစ္စဘွန်းကြယ်ပွင့် ၂ ဦးဖြစ်တဲ့ ဗစ်တာ ဂျော်ကီးရက်စ်နဲ့ အူ့စ်မန် ဒီယိုမန်ဒီတို့အတွက် ပေါင်သန်း ၁၅၀ အထိ အသုံးပြုရနိုင်တဲ့ ကြီးမားတဲ့ ပြောင်းရွှေ့ကြေးကလည်း ထိုးနှက်ချက်ဖြစ်လာတာဖြစ်ပါတယ်။

ဒီကစားသမား ၂ ဦးစလုံးဟာ ရှေ့က ပြောခဲ့တဲ့ လှည့်ကွက်အတိုင်း လုပ်လို့ရတဲ့သူမျိုးတွေ မဟုတ်ဘဲ စာချုပ်လျော်ကြေးနဲ့ ချုပ်ထားတာကြောင့် စာချုပ်လျော်ကြေး ပေးမှ ခေါ်လို့ရမှာဖြစ်တဲ့အတွက် ဘယ်လိုမှ အဆင်မပြေနိုင်ပါဘူး။ ပိုက်ဆံရှိလို့ စာချုပ်လျော်ကြေးပေးပြီး ခေါ်ယူခဲ့မယ်ဆိုရင် အမြတ်အစွန်းနဲ့ ရေရှည်ရပ်တည်နိုင်မှု စည်းမျဉ်းတွေပေါ်မှာ စင်္ကြံလျှောက်ရသလိုဖြစ်သွားမှာဖြစ်ပြီး ပြီးခဲ့တဲ့ရက်သတ္တပတ်တွေတုန်းက အဲဗာတန်က ဘယ်လိုဖြစ်သွားနိုင်လဲဆိုတာကို ပြသပြီးဖြစ်ပါတယ်။

တော်ဖီတွေဟာ ပရီးမီးယားလိဂ်ရဲ့ ဘဏ္ဍာရေးစည်းမျဉ်းတွေကို ချိုးဖောက်မှုအတွက် ၁၀ မှတ်အလျှော့ခံခဲ့ရပြီး မန်စီးတီးကလည်း စွဲချက်ပေါင်းရာချီ ဖြေရှင်းရဖို့ ရှိနေတာ ဖြစ်ပါတယ်။ ဒီလိုပြောတာက အာဆင်နယ်အနေနဲ့ ဇန်နဝါရီမှာ လူခေါ်မရဘူးလို့ ဆိုလိုတာမဟုတ်ဘဲ မမျှော်မှန်းထားတဲ့ ကစားသမားထွက်ခွာမှုအချို့ရှိလာပြီး ငွေကြေးရရှိလာမယ်ဆိုရင် ဖြစ်နိုင်ပါတယ်။

အဲဒီလိုဖြစ်နိုင်တယ်ဆိုတာကိုလည်း အားကစားဒါရိုက်တာ အီဒူးက ၂၀၂၃ ခုနှစ် ဂိုးဒင်းဘွိုင်းဆုပေးပွဲမှာ အကောင်းဆုံးဒါရိုက်တာဆုကို လက်ခံချိန်တုန်းက အရိပ်အမြွက် ပြောခဲ့ပါတယ်။

“ဒီကနေ့မှာ လူငယ်အသင်းတွေက အရမ်းကို အရေးပါတယ်။ သူတို့တွေက အသင်းကြီးတွေရဲ့ ကုန်ကျစရိတ်၊ ကစားသမားတွေကို တည်ဆောက်ဖို့၊ စီးပွားရေးအရင်းအမြစ်တွေကို တည်ဆောက်ဖို့အတွက် အထောက်အပံ့ပေးရာမှာ အလွန်ကို အခြေခံကျပါတယ်။ ခင်ဗျား ကစားသမားတွေ မဝယ်ယူနိုင်တဲ့အခါမှာလည်း အထောက်အကူဖြစ်ပါတယ်။ ဒါက ကျွန်တော် ထောက်ပံ့ပေးထားတဲ့ မဟာဗျူဟာပါ”လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

ကိုယ့်အားကိုယ်ကိုးတဲ့ နည်းလမ်းဟာ ပထမအသင်းကြယ်ပွင့်တွေနဲ့ ကစားသမားရောင်းချမှု နှစ်ခုစလုံးမှာ ရှင်းလင်းနေပေမယ့်လည်း ဇန်နဝါရီအတွက် ကြီးမားတဲ့ အားတက်စရာဖြစ်လာနိုင်မလားဆိုတာကိုတော့ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

Arsenal Myanmar

Ref: Internet

ZAWGYI: အာဆင္နယ္ဟာ အနာဂတ္မွာ အျပစ္ေပးခံရႏိုင္ေျခကို ေရွာင္လႊဲႏိုင္မယ့္နည္းနဲ႔ ဇန္နဝါရီအေျပာင္းအေ႐ႊ႕ကာလမွာ ခ်င့္ခ်င့္ခ်ိန္ခ်ိန္ လုပ္ေဆာင္သြားရမွာျဖစ္ၿပီး ဂန္းနားေတြဟာ ၿပီးခဲ့တဲ့ ႏွစ္အနည္းငယ္အတြင္း ႀကီးႀကီးမားမား ရင္းႏွီးျမႇဳပ္ႏွံခဲ့တယ္ဆိုေပမယ့္လည္း ဒီေႏြရာသီေလာက္ေတာ့မဟုတ္ခဲ့တာျဖစ္ပါတယ္။

ဒီကလန္ ႐ိုက္ဟာ အသင္းစံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကး ေပါင္ ၁၀၅ သန္းနဲ႔ စံခ်ိန္တင္ေခၚယူမႈျဖစ္ခဲ့ၿပီး ခ်ဲလ္ဆီးကေန ေခၚယူခဲ့တဲ့ ကိုင္ ဟာဗတ္ဇ္ကလည္း ေပါင္ ၆၅ သန္းဝန္းက်င္ ေပးေခ်ခဲ့ရတာျဖစ္ပါတယ္။ အိုင္းယက္စ္ကေန ေခၚယူခဲ့တဲ့ ယူရီယန္ တင္းဘားက ေနာက္ဆုံး အၿပီးသတ္ ကစားသမားေခၚယူမႈျဖစ္ခဲ့ၿပီး ေဒးဗစ္ ရာယာကို ေပါင္ ၃ သန္းေပးၿပီး အငွားနဲ႔ ေခၚယူခဲ့မႈမွာ အားလုံး အံ့အားသင့္ခဲ့ၾကပါတယ္။

ရာယာကို လာမယ့္ ေႏြရာသီမွာ ေပါင္ ၂၇ သန္းနဲ႔ အၿပီးသတ္ဝယ္ယူခြင့္ ပါဝင္ၿပီး ဂန္းနားေတြက အဲဒီအခ်က္ကို အသက္သြင္းသြားမွာျဖစ္တာေၾကာင့္ အေစာႀကီးကတည္းက ဘာလို႔ အၿပီးသတ္မေခၚတာလဲဆိုရင္ FFP ေၾကာင့္ပါပဲ။ ဒီေႏြရာသီမွာ အငွားနဲ႔ ေခၚၿပီး ေနာက္ေႏြရာသီမွာ အၿပီးသတ္ေခၚယူလိုက္မယ္ဆိုရင္ တစ္ႏွစ္စာ ဘတ္ဂ်က္စာရင္းထဲ အက်ဳံးမဝင္ေတာ့တာေၾကာင့္ ခုေနာက္ပိုင္း အသင္းႀကီး အကုန္လုံးနီးပါး သုံးလာတဲ့ လွည့္ကြက္တစ္ခုျဖစ္ပါတယ္။

ဒါေၾကာင့္ အာဆင္နယ္ဟာ ဇန္နဝါရီလမွာလည္း ဒီလွည့္ကြက္မ်ိဳးကိုပဲ ထပ္သုံးရႏိုင္ၿပီး အထူးသျဖင့္ ဘရန႔္တ္ဖို႔ဒ္တိုက္စစ္မႉး အိုင္ဗန္ တိုနီကို ေခၚယူတဲ့ေနရာမွာ ျဖစ္ပါတယ္။ လာမယ့္ရာသီအထိ ကစားသမားသစ္ အၿပီးသတ္ေခၚယူလို႔ မရႏိုင္ေသးတဲ့အေျခအေနေၾကာင့္ ဂန္းနားတို႔အေနနဲ႔ ေဆာင္းရာသီေစ်းကြက္မွာ စပို႔တင္းလစၥဘြန္းၾကယ္ပြင့္ ၂ ဦးျဖစ္တဲ့ ဗစ္တာ ေဂ်ာ္ကီးရက္စ္နဲ႔ အူ႔စ္မန္ ဒီယိုမန္ဒီတို႔အတြက္ ေပါင္သန္း ၁၅၀ အထိ အသုံးျပဳရႏိုင္တဲ့ ႀကီးမားတဲ့ ေျပာင္းေ႐ႊ႕ေၾကးကလည္း ထိုးႏွက္ခ်က္ျဖစ္လာတာျဖစ္ပါတယ္။

ဒီကစားသမား ၂ ဦးစလုံးဟာ ေရွ႕က ေျပာခဲ့တဲ့ လွည့္ကြက္အတိုင္း လုပ္လို႔ရတဲ့သူမ်ိဳးေတြ မဟုတ္ဘဲ စာခ်ဳပ္ေလ်ာ္ေၾကးနဲ႔ ခ်ဳပ္ထားတာေၾကာင့္ စာခ်ဳပ္ေလ်ာ္ေၾကး ေပးမွ ေခၚလို႔ရမွာျဖစ္တဲ့အတြက္ ဘယ္လိုမွ အဆင္မေျပႏိုင္ပါဘူး။ ပိုက္ဆံရွိလို႔ စာခ်ဳပ္ေလ်ာ္ေၾကးေပးၿပီး ေခၚယူခဲ့မယ္ဆိုရင္ အျမတ္အစြန္းနဲ႔ ေရရွည္ရပ္တည္ႏိုင္မႈ စည္းမ်ဥ္းေတြေပၚမွာ စႀကႍေလွ်ာက္ရသလိုျဖစ္သြားမွာျဖစ္ၿပီး ၿပီးခဲ့တဲ့ရက္သတၱပတ္ေတြတုန္းက အဲဗာတန္က ဘယ္လိုျဖစ္သြားႏိုင္လဲဆိုတာကို ျပသၿပီးျဖစ္ပါတယ္။

ေတာ္ဖီေတြဟာ ပရီးမီးယားလိဂ္ရဲ႕ ဘ႑ာေရးစည္းမ်ဥ္းေတြကို ခ်ိဳးေဖာက္မႈအတြက္ ၁၀ မွတ္အေလွ်ာ့ခံခဲ့ရၿပီး မန္စီးတီးကလည္း စြဲခ်က္ေပါင္းရာခ်ီ ေျဖရွင္းရဖို႔ ရွိေနတာ ျဖစ္ပါတယ္။ ဒီလိုေျပာတာက အာဆင္နယ္အေနနဲ႔ ဇန္နဝါရီမွာ လူေခၚမရဘူးလို႔ ဆိုလိုတာမဟုတ္ဘဲ မေမွ်ာ္မွန္းထားတဲ့ ကစားသမားထြက္ခြာမႈအခ်ိဳ႕ရွိလာၿပီး ေငြေၾကးရရွိလာမယ္ဆိုရင္ ျဖစ္ႏိုင္ပါတယ္။

အဲဒီလိုျဖစ္ႏိုင္တယ္ဆိုတာကိုလည္း အားကစားဒါ႐ိုက္တာ အီဒူးက ၂၀၂၃ ခုႏွစ္ ဂိုးဒင္းဘြိဳင္းဆုေပးပြဲမွာ အေကာင္းဆုံးဒါ႐ိုက္တာဆုကို လက္ခံခ်ိန္တုန္းက အရိပ္အႁမြက္ ေျပာခဲ့ပါတယ္။

“ဒီကေန႔မွာ လူငယ္အသင္းေတြက အရမ္းကို အေရးပါတယ္။ သူတို႔ေတြက အသင္းႀကီးေတြရဲ႕ ကုန္က်စရိတ္၊ ကစားသမားေတြကို တည္ေဆာက္ဖို႔၊ စီးပြားေရးအရင္းအျမစ္ေတြကို တည္ေဆာက္ဖို႔အတြက္ အေထာက္အပံ့ေပးရာမွာ အလြန္ကို အေျခခံက်ပါတယ္။ ခင္ဗ်ား ကစားသမားေတြ မဝယ္ယူႏိုင္တဲ့အခါမွာလည္း အေထာက္အကူျဖစ္ပါတယ္။ ဒါက ကြၽန္ေတာ္ ေထာက္ပံ့ေပးထားတဲ့ မဟာဗ်ဴဟာပါ”လို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။

ကိုယ့္အားကိုယ္ကိုးတဲ့ နည္းလမ္းဟာ ပထမအသင္းၾကယ္ပြင့္ေတြနဲ႔ ကစားသမားေရာင္းခ်မႈ ႏွစ္ခုစလုံးမွာ ရွင္းလင္းေနေပမယ့္လည္း ဇန္နဝါရီအတြက္ ႀကီးမားတဲ့ အားတက္စရာျဖစ္လာႏိုင္မလားဆိုတာကိုေတာ့ ေစာင့္ၾကည့္ရဦးမွာ ျဖစ္ပါတယ္။

Arsenal Myanmar

Ref: Internet