တိုက်စစ်မှူးသစ် ခေါ်မယ့် အာတီတာနဲ့ အီဒူးကို သတင်းစကားပါးခဲ့တဲ့ မာတီနယ်လီ
၂၀၂၄ ခုနှစ် နွေရာသီအပြောင်းအရွှေ့စျေးကွက်ဟာ ပြီးခဲ့တဲ့အပတ်မှာ ဖွင့်လှစ်ခဲ့တာဖြစ်ပြီး အာဆင်နယ်ဟာ ဒီမတိုင်ခင်ကတည်းက ခေါ်ယူမယ့်ကစားသမားတွေအားလုံးကို ချိတ်ဆက်ထားပြီးသားဖြစ်ပါတယ်။
အာတီတာဟာ ဒီနွေရာသီမှာ ကွင်းလယ်၊ တောင်ပံကစားသမားနဲ့ တိုက်စစ်မှူးတွေကို ခေါ်ယူသွားဖို့ ဦးစားပေးသတ်မှတ်ထားပြီး ပစ်မှတ်ကစားသမားတွေကိုလည်း အမ်းမရိတ်စ်ကို ပြောင်းရွှေ့လာအောင် လုပ်ဆောင်နေခဲ့တာဖြစ်ပါတယ်။
PSR ကြောင့် ဂန်းနားတွေဟာ ကစားသမားသစ်တွေ မခေါ်ယူခင်မှာ လက်ရှိ အသင်းမှာ ရှိနေတဲ့ ကြယ်ပွင့်ကစားသမားအနည်းငယ်ကို မဖြစ်မနေ ရောင်းထုတ်ဖို့လိုအပ်နေပြီး မာတီနယ်လီက တိုက်စစ်မှူးသစ် ခေါ်ယူဖို့ ကြိုးပမ်းနေတဲ့အသင်းအပေါ် ဘယ်လိုသဘောထားလဲဆိုတာကို ထုတ်ဖော်ပြောဆိုခဲ့တာဖြစ်ပါတယ်။
ဘရာဇီးလ်တိုက်စစ်မှူးက အာဆင်နယ်က ဒီနွေရာသီမှာ တိုက်စစ်မှူးသစ် ခေါ်ယူဖို့ ကြိုးပမ်းနေပေမယ့်လည်း အာတီတာနဲ့ အီဒူးအပေါ်မှာ ယုံကြည်မှုရှိတယ်လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။
“အာဆင်နယ်မှာ ကစားနေတဲ့ ကစားသမားတွေက အရမ်းကောင်းတဲ့သူတွေပါ။ အသင်းက ချန်ပီယံဖြစ်ဖို့ အခွင့်အရေးရှိလာဖို့အတွက် အကောင်းဆုံးကစားသမားတွေ ရှိရပါမယ်။ ကျွန်တော်တို့မှာ အရမ်းထူးချွန်တဲ့အသင်းရှိပါတယ်။ မယုံနိုင်စရာအရည်အသွေးတွေ အများကြီးရှိတဲ့ကစားသမားတွေ အများကြီးပါပဲ။ ကစားသမားခေါ်ယူမှုကိစ္စတွေကို သတ်မှတ်မယ့်သူက အီဒူး ဂက်စ်ပါနဲ့ အာတီတာတို့ပါ။ အဲဒါက သူတို့အပေါ်မှာပဲ မူတည်တယ်။ ကျွန်တော်တို့ကတော့ ကွင်းထဲမှာ အလုပ်လုပ်ရမှာဖြစ်ပြီး အဲဒီအပိုင်းကတော့ သူတို့ပဲ လုပ်သွားမှာပါ”လို့ ပြောဆိုခဲ့ပါတယ်။
Arsenal Myanmar
Ref: Internet
ZAWGYI:
၂၀၂၄ ခုႏွစ္ ေႏြရာသီအေျပာင္းအေ႐ႊ႕ေစ်းကြက္ဟာ ၿပီးခဲ့တဲ့အပတ္မွာ ဖြင့္လွစ္ခဲ့တာျဖစ္ၿပီး အာဆင္နယ္ဟာ ဒီမတိုင္ခင္ကတည္းက ေခၚယူမယ့္ကစားသမားေတြအားလုံးကို ခ်ိတ္ဆက္ထားၿပီးသားျဖစ္ပါတယ္။
အာတီတာဟာ ဒီေႏြရာသီမွာ ကြင္းလယ္၊ ေတာင္ပံကစားသမားနဲ႔ တိုက္စစ္မႉးေတြကို ေခၚယူသြားဖို႔ ဦးစားေပးသတ္မွတ္ထားၿပီး ပစ္မွတ္ကစားသမားေတြကိုလည္း အမ္းမရိတ္စ္ကို ေျပာင္းေ႐ႊ႕လာေအာင္ လုပ္ေဆာင္ေနခဲ့တာျဖစ္ပါတယ္။
PSR ေၾကာင့္ ဂန္းနားေတြဟာ ကစားသမားသစ္ေတြ မေခၚယူခင္မွာ လက္ရွိ အသင္းမွာ ရွိေနတဲ့ ၾကယ္ပြင့္ကစားသမားအနည္းငယ္ကို မျဖစ္မေန ေရာင္းထုတ္ဖို႔လိုအပ္ေနၿပီး မာတီနယ္လီက တိုက္စစ္မႉးသစ္ ေခၚယူဖို႔ ႀကိဳးပမ္းေနတဲ့အသင္းအေပၚ ဘယ္လိုသေဘာထားလဲဆိုတာကို ထုတ္ေဖာ္ေျပာဆိုခဲ့တာျဖစ္ပါတယ္။
ဘရာဇီးလ္တိုက္စစ္မႉးက အာဆင္နယ္က ဒီေႏြရာသီမွာ တိုက္စစ္မႉးသစ္ ေခၚယူဖို႔ ႀကိဳးပမ္းေနေပမယ့္လည္း အာတီတာနဲ႔ အီဒူးအေပၚမွာ ယုံၾကည္မႈရွိတယ္လို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။
“အာဆင္နယ္မွာ ကစားေနတဲ့ ကစားသမားေတြက အရမ္းေကာင္းတဲ့သူေတြပါ။ အသင္းက ခ်န္ပီယံျဖစ္ဖို႔ အခြင့္အေရးရွိလာဖို႔အတြက္ အေကာင္းဆုံးကစားသမားေတြ ရွိရပါမယ္။ ကြၽန္ေတာ္တို႔မွာ အရမ္းထူးခြၽန္တဲ့အသင္းရွိပါတယ္။ မယုံႏိုင္စရာအရည္အေသြးေတြ အမ်ားႀကီးရွိတဲ့ကစားသမားေတြ အမ်ားႀကီးပါပဲ။ ကစားသမားေခၚယူမႈကိစၥေတြကို သတ္မွတ္မယ့္သူက အီဒူး ဂက္စ္ပါနဲ႔ အာတီတာတို႔ပါ။ အဲဒါက သူတို႔အေပၚမွာပဲ မူတည္တယ္။ ကြၽန္ေတာ္တို႔ကေတာ့ ကြင္းထဲမွာ အလုပ္လုပ္ရမွာျဖစ္ၿပီး အဲဒီအပိုင္းကေတာ့ သူတို႔ပဲ လုပ္သြားမွာပါ”လို႔ ေျပာဆိုခဲ့ပါတယ္။
Arsenal Myanmar
Ref: Internet
- Posted In:
- Team News