ဇန်နဝါရီအဓိကပစ်မှတ်တွေထဲက တစ်ဦးအတွက် အဖြေရလိုက်ရပြီဖြစ်တဲ့ အာဆင်နယ်
ဂျူဗင်တပ်ဟာ ကာလရှည် ပစ်မှတ်တွေထဲက တစ်ဦးကို စိတ်ဝင်စားမှု ပြန်လည်အသက်သွင်းခဲ့တဲ့ ဂန်းနားတွေကို ပြင်းထန်တဲ့ သတိပေးစကား ပေးပို့လိုက်ပါတယ်။
ဂန်းနားတွေဟာ ယခုရာသီ သွင်းဂိုးတွေ နည်းပါးနေခဲ့ပြီး ဆုဖလားစိန်ခေါ်မှုကို ခံစစ်ပိုင်း ကောင်းမွန်မှုနဲ့ ကြံ့ကြံ့ခံထားရတာကြောင့် အင်အား မဖြစ်မနေ ဖြည့်တင်းဖို့ လိုအပ်နေတဲ့ တိုက်စစ်အတွက် ခေါ်ယူနိုင်ခြေရှိတဲ့ ကစားသမားတွေကို ပစ်မှတ်ထားနေတာဖြစ်ပါတယ်။
ဘရာဇီးလ်တိုက်စစ်မှူးတွေဖြစ်တဲ့ ဂါဘရီယဲလ် မာတီနယ်လီနဲ့ ဂျေးဇုတို့ ၂ ဦးစလုံးဟာ ပြီးခဲ့တဲ့ရာသီကနဲ့ နှိုင်းယှဉ်ရင် ဒီရာသီမှာ တော်တော်လေး ရုန်းကန်နေရပြီး အန်ကီးတီးယားကတော့ သွင်းဂိုး ၅ ဂိုးအထိ သွင်းယူထားနိုင်ပေမယ့် အဲဒီထဲက ၃ ဂိုးဟာ တန်းဆင်းဇုန်ထဲမှာ ရုန်းကန်နေရတဲ့ ရှက်ဖီးကို ၅ ဂိုးပြတ်အနိုင်ရခဲ့တဲ့ပွဲမှာ သွင်းယူခဲ့တာပါ။
အသက် ၂၄ နှစ်အရွယ် တိုက်စစ်မှူးကို ခရစ္စတယ် ပဲလေ့စ်က ခေါ်ယူဖို့ စိတ်ဝင်စားနေပေမယ့်လည်း အာတီတာက ဟေးအမ်း အကယ်ဒမီထွက်ကစားသမားအတွက် စျေးကောင်းရပြီး အစားထိုးစရာ တိုက်စစ်မှူးလည်း ရှိနေမှ ရောင်းထုတ်သွားမှာဖြစ်ပါတယ်။
အာဆင်နယ်ဟာ အိုင်ဗန် တိုနီကို ဘရန့်တ်ဖို့ဒ်ကို ကြမ်းခင်းစျေး ပေါင်သန်း ၁၀၀ သတ်မှတ်ထားတာကြောင့် ခေါ်ယူမယ့် ပြိုင်ပွဲထဲကနေ ထွက်ခွာဖွယ်ရှိနေပြီး နောက်ထပ်ရွေးချယ်စရာဖြစ်တဲ့ အိုဆီမန်ကလည်း နာပိုလီနဲ့ ပြီးခဲ့တဲ့အပတ်က စာချုပ်လျော်ကြေး ပေါင် ၁၃၀ သန်းပါဝင်တဲ့ စာချုပ်သစ် ချုပ်ဆိုသွားခဲ့တာဖြစ်ပါတယ်။
ဒါကြောင့် အာဆင်နယ်ဟာ အရင်တုန်းက ခေါ်ယူဖို့ ပစ်မှတ်ထားခဲ့ဖူးတဲ့ ပစ်မှတ်ဟောင်း ဒူဆန် ဗလာဟိုဗစ်ချ်ဘက်ကို မြှားဦးပြန်လှည့်ခဲ့တာဖြစ်ပြီး အဲဒီအချိန်တုန်းက ဆားဘီးယားတိုက်စစ်မှူးဟာ ချန်ပီယံလိဂ်ကစားရတဲ့အသင်းကို ပြောင်းရွှေ့ဖို့သာ စိတ်ဝင်စားခဲ့တာဖြစ်ပါတယ်။
ဆားဘီးယားတိုက်စစ်မှူးဟာ ဖီအိုရင်တီးနားကနေ စီးရီးအေထိပ်သီးကလပ်ဖြစ်တဲ့ ဂျူဗင်တပ်ကို ပေါင် ၆၃ သန်းနဲ့ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့ပြီး ယခုရာသီမှာ သွင်းဂိုး ၆ ဂိုးသာ သွင်းယူထားနိုင်သေးတာ ဖြစ်ပါတယ်။
ဗလာဟိုဗစ်ချ်ရဲ့ ရုပ်ပိုင်းဆိုင်ရာအားကောင်းမှုနဲ့ ကြံ့ခိုင်မှုတို့ဟာ အာဆင်နယ်ရဲ့ တိုက်စစ်ကို မတူညီတဲ့ ရှုထောင့်တစ်ခုကို ထပ်မံဖြည့်စွက်ပေးနိုင်ပေမယ့်လည်း ဂျူဗင်တပ်က အသက် ၂၃ နှစ်အရွယ် တိုက်စစ်မှူးက ရောင်းမယ့်သူမဟုတ်ဘူးလို့ တုံ့ပြန်လိုက်တာဖြစ်ပါတယ်။
အာဆင်နယ်က ဗလာဟိုဗစ်ချ်ကို စိတ်ဝင်စားနေတဲ့အကြောင်း မေးမြန်းခြင်းခံခဲ့ရချိန်မှာ ဂျူဗင်တပ် ဒါရိုက်တာ ခရစ္စတီယာနို ဂီအန်တိုလီက “အာဆင်နယ်ဆီက ကမ်းလှမ်းမှုရခဲ့တယ်ဟုတ်လား။ ကျွန်တော်တို့ အဲဒီအကြောင်း ဘာတစ်ခုမှ မသိခဲ့ပါဘူး။ ဘာကမ်းလှမ်းမှုမှ မရှိပါဘူး။ ဗလာဟိုဗစ်ချ်ကလည်း ရောင်းဖို့မဟုတ်ဘူး”လို့ တုံ့ပြန်ခဲ့တာဖြစ်ပါတယ်။
အာဆင်နယ်ဟာ ဇန်နဝါရီအဓိကပစ်မှတ်တွေထဲက တစ်ဦးအတွက် တိကျတဲ့အဖြေရခဲ့ပြီဖြစ်တာကြောင့် အခြားရွေးချယ်စရာတွေဖြစ်တဲ့ ဖီယင်နု တိုက်စစ်မှူး ဆန်တီယာဂို ဂျီမီနက်ဇ်နဲ့ လေဗာကူဆင် တိုက်စစ်မှူး ဗစ်တာ ဘိုနီဖေ့စ်တို့ကို ဆက်လက်ကြိုးပမ်းသွားဖွယ်ရှိပါတယ်။
Arsenal Myanmar
Ref: Internet
ZAWGYI: ဂျူဗင်တပ်ဟာ ကာလရှည် ပစ်မှတ်တွေထဲက တစ်ဦးကို စိတ်ဝင်စားမှု ပြန်လည်အသက်သွင်းခဲ့တဲ့ ဂန်းနားတွေကို ပြင်းထန်တဲ့ သတိပေးစကား ပေးပို့လိုက်ပါတယ်။
အသက် ၂၄ နှစ်အရွယ် တိုက်စစ်မှူးကို ခရစ္စတယ် ပဲလေ့စ်က ခေါ်ယူဖို့ စိတ်ဝင်စားနေပေမယ့်လည်း အာတီတာက ဟေးအမ်း အကယ်ဒမီထွက်ကစားသမားအတွက် ဈေးကောင်းရပြီး အစားထိုးစရာ တိုက်စစ်မှူးလည်း ရှိနေမှ ရောင်းထုတ်သွားမှာဖြစ်ပါတယ်။
အာဆင်နယ်ဟာ အိုင်ဗန် တိုနီကို ဘရန့်တ်ဖို့ဒ်ကို ကြမ်းခင်းဈေး ပေါင်သန်း ၁၀၀ သတ်မှတ်ထားတာကြောင့် ခေါ်ယူမယ့် ပြိုင်ပွဲထဲကနေ ထွက်ခွာဖွယ်ရှိနေပြီး နောက်ထပ်ရွေးချယ်စရာဖြစ်တဲ့ အိုဆီမန်ကလည်း နာပိုလီနဲ့ ပြီးခဲ့တဲ့အပတ်က စာချုပ်လျော်ကြေး ပေါင် ၁၃၀ သန်းပါဝင်တဲ့ စာချုပ်သစ် ချုပ်ဆိုသွားခဲ့တာဖြစ်ပါတယ်။
ဒါကြောင့် အာဆင်နယ်ဟာ အရင်တုန်းက ခေါ်ယူဖို့ ပစ်မှတ်ထားခဲ့ဖူးတဲ့ ပစ်မှတ်ဟောင်း ဒူဆန် ဗလာဟိုဗစ်ခ်ျဘက်ကို မြှားဦးပြန်လှည့်ခဲ့တာဖြစ်ပြီး အဲဒီအချိန်တုန်းက ဆားဘီးယားတိုက်စစ်မှူးဟာ ချန်ပီယံလိဂ်ကစားရတဲ့အသင်းကို ပြောင်းရွှေ့ဖို့သာ စိတ်ဝင်စားခဲ့တာဖြစ်ပါတယ်။
ဗလာဟိုဗစ်ခ်ျရဲ့ ရုပ်ပိုင်းဆိုင်ရာအားကောင်းမှုနဲ့ ကြံ့ခိုင်မှုတို့ဟာ အာဆင်နယ်ရဲ့ တိုက်စစ်ကို မတူညီတဲ့ ရှုထောင့်တစ်ခုကို ထပ်မံဖြည့်စွက်ပေးနိုင်ပေမယ့်လည်း ဂျူဗင်တပ်က အသက် ၂၃ နှစ်အရွယ် တိုက်စစ်မှူးက ရောင်းမယ့်သူမဟုတ်ဘူးလို့ တုံ့ပြန်လိုက်တာဖြစ်ပါတယ်။
Arsenal Myanmar
Ref: Internet
- Posted In:
- Team News
- Transfer News