ဇန်နဝါရီမှာ ဂန်းနားတို့ ခေါ်သင့်တဲ့ ၃ ဦးကိုပြောပြခဲ့တဲ့ ပီတစ်
အာဆင်နယ်ဂန္တဝင် အီမန်နျူရယ် ပီတစ်က ဇန်နဝါရီလမှာ အာဆင်နယ်တို့ ပစ်မှတ်ထားသင့်တဲ့ ကစားသမား ၃ ဦးကို ပြောပြခဲ့ပြီး အဲဒီကစားသမားတွေထဲမှာ နယူးကာဆယ်ကြယ်ပွင့်ဟောင်း အလန် စိန့်-မက်ဆီမင်လည်း အပါအဝင်ဖြစ်ပါတယ်။
အာဆင်နယ်ဟာ ခရစ္စမတ်ကာလမှာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်ဆုံးနေရာမှာ ဦးဆောင်နိုင်ခဲ့ပေမယ့်လည်း ဒီဇင်ဘာလနှောင်းပိုင်းမှာ ၂ ပွဲဆက်ရှုံးပွဲကြောင့် အဆင့် ၄ နေရာအထိ ဆင်းပေးခဲ့ရပြီး အက်ဖ်အေဖလား တတိယအဆင့်မှာလည်း လီဗာပူးလ်ကို ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။
အာတီတာရဲ့အသင်းဟာ လက်ရှိမှာ လာမယ့်အပတ် ခရစ္စတယ်ပဲလေ့စ်နဲ့ ကစားရမယ့် ပရီးမီးယားလိဂ်ပွဲမတိုင်ခင် ဒူဘိုင်းမှာ ဆောင်းရာသီ အားလပ်ရက်ကို စခန်းသွင်း လေ့ကျင့်ရေးတွေ ပြုလုပ်ပြီး အချိန်ကုန်ဆုံးနေတာဖြစ်ပါတယ်။
အာဆင်နယ်ဂန္တဝင်ကွင်းလယ်ကစားသမားဟောင်း ပီတစ်က ဂန်းနားတွေကို အပြောင်းအရွှေ့စျေးကွက်မှာ တက်ကြွလှုပ်ရှားနေတာကို မြင်ချင်နေပြီး ဂျင်း-ကလဲ တိုဒီဘို၊ စိန့်-မက်ဆီမင်နဲ့ မိုက်ကယ် အိုလစ်ဆေးတို့ကို ခေါ်ယူဖို့ ကြိုးပမ်းသင့်တယ်လို့ တိုက်တွန်းခဲ့တာဖြစ်ပါတယ်။
“နိစ်က လီဂူးဝမ်းမှာ အကောင်းဆုံးခံစစ်ကို ပိုင်ဆိုင်ထားပြီး တိုဒီဘိုက အခုဆိုရင် လက်ရွေးစင်အသင်းထဲတောင် ရောက်ရှိခဲ့ပါပြီ။ သူက ဗဟိုခံစစ်နေရာမှာ ကစားပြီး တော်တော်ကောင်းကောင်း ကစားနိုင်နေပါတယ်။ သူက ပြီးခဲ့တဲ့ ၂ နှစ်အတွင်း အများကြီး တိုးတက်လာခဲ့တယ်လို့ ကျွန်တော်ထင်တယ်။ ဆာလီဘာလည်း မာဆေးလ်မှာ အငှားကစားသမားအဖြစ်နဲ့ ကစားခဲ့ပြီး အားကောင်းတဲ့ပုံစံနဲ့ ပြန်လာနိုင်ခဲ့တယ်။ အခုဆိုရင် သူက ဘယ်လိုနောက်ခံလူလဲဆိုတာ ကျွန်တော်တို့အားလုံး သိနေပါပြီ။ အဲဒီအပြောင်းအရွှေ့က အာဆင်နယ်အတွက် အရမ်းစိတ်ဝင်စားစရာကောင်းတဲ့ အပြောင်းအရွှေ့တစ်ခုဖြစ်ပါလိမ့်မယ်။”
“ခင်ဗျား ကျွန်တော် ရူးသွားပြီလို့ တွေးမိရင် တွေးမိမှာပါ။ ဒါပေမယ့် အလန် စိန့်-မက်ဆီမင်ကို ခေါ်သင့်တယ်လို့ ကျွန်တော်ထင်တယ်။ ကျွန်တော် အပတ်တိုင်း ဆော်ဒီလိဂ်ကို ကြည့်ခဲ့ပြီး အဆင့်အတန်းကတော့ အရမ်းကြီးမကောင်းဘူး။ ကစားသမားတွေက ပိုက်ဆံကြောင့်သာ ပျော်ရွှင်နေကြတယ်ဆိုတာ သေချာပေမယ့် အရမ်းစိတ်လှုပ်ရှားစရာမကောင်းဘူး။ စိန့်-မက်ဆီမင်က အာဆင်နယ်အတွက်တော့ အရမ်းကောင်းနိုင်တယ်လို့ ကျွန်တော် ထင်တယ်။ အိုလစ်ဆေးလည်း ခရစ္စတယ်ပဲလေ့စ်မှာ အခုအချိန်အထိ ကောင်းကောင်း ကစားနေတယ်လို့ ထင်တယ်။ ဒီရာသီက သူ့ရဲ့အကောင်းဆုံးရာသီဖြစ်နိုင်တယ်။ သူက ယုံကြည်ချက်နဲ့ ကစားနေပြီး နောက်ခံလူတွေအတွက် အိပ်မက်ဆိုးဖြစ်လာနေပါပြီ။ သူ့အသက်က ၂၂ နှစ်ပဲရှိသေးပြီး အာဆင်နယ်က အရမ်းငယ်ရွယ်တဲ့အသင်းပါ။ သူက ကွက်တိအံဝင်နိုင်ပြီး ဆာကာနဲ့ အလှည့်ကျ ပွဲထုတ်လို့ရတယ်။ အာဆင်နယ်သာ သူ့ကိုရခဲ့ရင် ကျွန်တော် အရမ်းပျော်မိမှာပါ”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။
Arsenal Myanmar
Ref: Internet
ZAWGYI: အာဆင္နယ္ဂႏၲဝင္ အီမန္န်ဴရယ္ ပီတစ္က ဇန္နဝါရီလမွာ အာဆင္နယ္တို႔ ပစ္မွတ္ထားသင့္တဲ့ ကစားသမား ၃ ဦးကို ေျပာျပခဲ့ၿပီး အဲဒီကစားသမားေတြထဲမွာ နယူးကာဆယ္ၾကယ္ပြင့္ေဟာင္း အလန္ စိန႔္-မက္ဆီမင္လည္း အပါအဝင္ျဖစ္ပါတယ္။
အာဆင္နယ္ဟာ ခရစၥမတ္ကာလမွာ ပရီးမီးယားလိဂ္အမွတ္ေပးဇယားထိပ္ဆုံးေနရာမွာ ဦးေဆာင္ႏိုင္ခဲ့ေပမယ့္လည္း ဒီဇင္ဘာလေႏွာင္းပိုင္းမွာ ၂ ပြဲဆက္ရႈံးပြဲေၾကာင့္ အဆင့္ ၄ ေနရာအထိ ဆင္းေပးခဲ့ရၿပီး အက္ဖ္ေအဖလား တတိယအဆင့္မွာလည္း လီဗာပူးလ္ကို ရႈံးနိမ့္ခဲ့တာျဖစ္ပါတယ္။
အာတီတာရဲ႕အသင္းဟာ လက္ရွိမွာ လာမယ့္အပတ္ ခရစၥတယ္ပဲေလ့စ္နဲ႔ ကစားရမယ့္ ပရီးမီးယားလိဂ္ပြဲမတိုင္ခင္ ဒူဘိုင္းမွာ ေဆာင္းရာသီ အားလပ္ရက္ကို စခန္းသြင္း ေလ့က်င့္ေရးေတြ ျပဳလုပ္ၿပီး အခ်ိန္ကုန္ဆုံးေနတာျဖစ္ပါတယ္။
အာဆင္နယ္ဂႏၲဝင္ကြင္းလယ္ကစားသမားေဟာင္း ပီတစ္က ဂန္းနားေတြကို အေျပာင္းအေ႐ႊ႕ေစ်းကြက္မွာ တက္ႂကြလႈပ္ရွားေနတာကို ျမင္ခ်င္ေနၿပီး ဂ်င္း-ကလဲ တိုဒီဘို၊ စိန႔္-မက္ဆီမင္နဲ႔ မိုက္ကယ္ အိုလစ္ေဆးတို႔ကို ေခၚယူဖို႔ ႀကိဳးပမ္းသင့္တယ္လို႔ တိုက္တြန္းခဲ့တာျဖစ္ပါတယ္။
“နိစ္က လီဂူးဝမ္းမွာ အေကာင္းဆုံးခံစစ္ကို ပိုင္ဆိုင္ထားၿပီး တိုဒီဘိုက အခုဆိုရင္ လက္ေ႐ြးစင္အသင္းထဲေတာင္ ေရာက္ရွိခဲ့ပါၿပီ။ သူက ဗဟိုခံစစ္ေနရာမွာ ကစားၿပီး ေတာ္ေတာ္ေကာင္းေကာင္း ကစားႏိုင္ေနပါတယ္။ သူက ၿပီးခဲ့တဲ့ ၂ ႏွစ္အတြင္း အမ်ားႀကီး တိုးတက္လာခဲ့တယ္လို႔ ကြၽန္ေတာ္ထင္တယ္။ ဆာလီဘာလည္း မာေဆးလ္မွာ အငွားကစားသမားအျဖစ္နဲ႔ ကစားခဲ့ၿပီး အားေကာင္းတဲ့ပုံစံနဲ႔ ျပန္လာႏိုင္ခဲ့တယ္။ အခုဆိုရင္ သူက ဘယ္လိုေနာက္ခံလူလဲဆိုတာ ကြၽန္ေတာ္တို႔အားလုံး သိေနပါၿပီ။ အဲဒီအေျပာင္းအေ႐ႊ႕က အာဆင္နယ္အတြက္ အရမ္းစိတ္ဝင္စားစရာေကာင္းတဲ့ အေျပာင္းအေ႐ႊ႕တစ္ခုျဖစ္ပါလိမ့္မယ္။”
“ခင္ဗ်ား ကြၽန္ေတာ္ ႐ူးသြားၿပီလို႔ ေတြးမိရင္ ေတြးမိမွာပါ။ ဒါေပမယ့္ အလန္ စိန႔္-မက္ဆီမင္ကို ေခၚသင့္တယ္လို႔ ကြၽန္ေတာ္ထင္တယ္။ ကြၽန္ေတာ္ အပတ္တိုင္း ေဆာ္ဒီလိဂ္ကို ၾကည့္ခဲ့ၿပီး အဆင့္အတန္းကေတာ့ အရမ္းႀကီးမေကာင္းဘူး။ ကစားသမားေတြက ပိုက္ဆံေၾကာင့္သာ ေပ်ာ္႐ႊင္ေနၾကတယ္ဆိုတာ ေသခ်ာေပမယ့္ အရမ္းစိတ္လႈပ္ရွားစရာမေကာင္းဘူး။ စိန႔္-မက္ဆီမင္က အာဆင္နယ္အတြက္ေတာ့ အရမ္းေကာင္းႏိုင္တယ္လို႔ ကြၽန္ေတာ္ ထင္တယ္။ အိုလစ္ေဆးလည္း ခရစၥတယ္ပဲေလ့စ္မွာ အခုအခ်ိန္အထိ ေကာင္းေကာင္း ကစားေနတယ္လို႔ ထင္တယ္။ ဒီရာသီက သူ႔ရဲ႕အေကာင္းဆုံးရာသီျဖစ္ႏိုင္တယ္။ သူက ယုံၾကည္ခ်က္နဲ႔ ကစားေနၿပီး ေနာက္ခံလူေတြအတြက္ အိပ္မက္ဆိုးျဖစ္လာေနပါၿပီ။ သူ႔အသက္က ၂၂ ႏွစ္ပဲရွိေသးၿပီး အာဆင္နယ္က အရမ္းငယ္႐ြယ္တဲ့အသင္းပါ။ သူက ကြက္တိအံဝင္ႏိုင္ၿပီး ဆာကာနဲ႔ အလွည့္က် ပြဲထုတ္လို႔ရတယ္။ အာဆင္နယ္သာ သူ႔ကိုရခဲ့ရင္ ကြၽန္ေတာ္ အရမ္းေပ်ာ္မိမွာပါ”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။
Arsenal Myanmar
Ref: Internet
- Posted In:
- Team News
- Transfer News