ဇန်နဝါရီပစ်မှတ်အတွက် အဖြေရခဲ့ပြီဖြစ်တဲ့ အာဆင်နယ်
အာဆင်နယ်ဟာ လာမယ့် ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ အက်စတန် ဗီလာကြယ်ပွင့် ဒေါက်ဂလပ်စ် လူးဝီးဇ်ကို ခေါ်ယူဖို့ ထပ်မံ ကြိုးပမ်းသွားမှာဖြစ်ပေမယ့်လည်း အူနိုင်း အမ်မရီရဲ့အသင်းက ဂန်းနားတွေဆီက ဘယ်လိုကမ်းလှမ်းမှုမျိုးကိုမဆို ပယ်ချသွားမှာဖြစ်တယ်လို့ သိရပါတယ်။
ဘရာဇီးလ်ကွင်းလယ်လူဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလတုန်းကလည်း ဂန်းနားတွေဆီကနေ ကမ်းလှမ်းမှု ၃ ကြိမ်အထိ ရရှိခဲ့သူဖြစ်ပြီး အဲဒီအချိန်တုန်းက အက်စတန် ဗီလာနဲ့ စာချုပ်သက်တမ်း ၁ နှစ်တောင်မကျန်တော့ဘဲ ဆုဖလားစိန်ခေါ်နေတဲ့ အာဆင်နယ်ကို ပြောင်းရွှေ့ချင်ခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့်လည်း အက်စတန် ဗီလာက အာဆင်နယ်ရဲ့ ကမ်းလှမ်းမှု ၃ ကြိမ်စလုံးကို ပယ်ချခဲ့ပြီး နောက်ဆုံးကမ်းလှမ်းမှုဟာ ပေါင် ၂၅ သန်းဝန်းကျင် တန်ကြေးရှိတဲ့ ကမ်းလှမ်းမှုဖြစ်တယ်လို့ သိရပါတယ်။
အဲဒီအချိန်ကတည်းက လူးဝီးဇ်ဟာ အက်စတန် ဗီလာနဲ့ ၂၀၂၆ ခုနှစ်အထိ ရှိနေစေမယ့် စာချုပ်သစ်ကို ချုပ်ဆိုခဲ့တာဖြစ်ပြီး အူနိုင်း အမ်မရီကို နည်းပြအဖြစ် ခန့်အပ်ခဲ့မှုကလည်း ဘရာဇီးလ်ကွင်းလယ်လူကို အသက်ပြန်သွင်းပေးသလိုဖြစ်ခဲ့တာဖြစ်ပါတယ်။
အာတီတာဟာ လူးဝီးဇ်ကို မခေါ်နိုင်ခဲ့တာကြောင့် ချဲလ်ဆီးကနေ ဂျော်ဂျင်ညိုကို ခေါ်ယူခဲ့တာဖြစ်ပေမယ့် ပါတေးရဲ့ ဒီရာသီ ဒဏ်ရာပြဿနာကြောင့် စပိန်လူမျိုးနည်းပြဟာ ကွင်းလယ်ကို အင်အားဖြည့်တင်းဖို့လိုတယ်လို့ ယုံကြည်နေတာ ဖြစ်ပါတယ်။
ဒါပေမယ့်လည်း Evening Standard ရဲ့ ဖော်ပြချက်အရ အာတီတာရဲ့ ဒေါက်ဂလပ်စ် လူးဝီးဇ်အတွက် ကမ်းလှမ်းမှုဟာ မစခင်ကတည်း ကျရှုံးနေပြီးသားဖြစ်ပုံပေါ်ပြီး အက်စတန် ဗီလာက ဘရာဇီးလ်ကွင်းလယ်လူအတွက် ဘယ်လိုကမ်းလှမ်းမှုမျိုးကိုမှ နားထောင်လိုတဲ့ဆန္ဒမရှိဘူးလို့ သိရပါတယ်။
အာဆင်နယ်အနေနဲ့ ဒေါက်ဂလပ်စ် လူးဝီးဇ်ကို ခေါ်ယူဖို့ ကမ်းလှမ်းမယ်ဆိုရင်တော့ ပြီးခဲ့တဲ့ ဇန်နဝါရီလတုန်းက ကမ်းလှမ်းခဲ့တဲ့ ပေါင် ၂၅ သန်းထက် သိသိသာသာ ပိုမိုများပြားတဲ့ပမာဏနဲ့ ကမ်းလှမ်းသွားရမှာဖြစ်ပြီး အက်စတန် ဗီလာဟာ ကြယ်ပွင့်ကစားသမားကို ရောင်းထုတ်ရလောက်အောင်လည်း ဘဏ္ဍာရေးအကြပ်အတည်းမျိုးရှိမနေတာဖြစ်ပါတယ်။
Arsenal Myanmar
Ref: Internet
ZAWGYI: အာဆင္နယ္ဟာ လာမယ့္ ဇန္နဝါရီအေျပာင္းအေ႐ႊ႕ကာလမွာ အက္စတန္ ဗီလာၾကယ္ပြင့္ ေဒါက္ဂလပ္စ္ လူးဝီးဇ္ကို ေခၚယူဖို႔ ထပ္မံ ႀကိဳးပမ္းသြားမွာျဖစ္ေပမယ့္လည္း အူႏိုင္း အမ္မရီရဲ႕အသင္းက ဂန္းနားေတြဆီက ဘယ္လိုကမ္းလွမ္းမႈမ်ိဳးကိုမဆို ပယ္ခ်သြားမွာျဖစ္တယ္လို႔ သိရပါတယ္။
ဘရာဇီးလ္ကြင္းလယ္လူဟာ ၿပီးခဲ့တဲ့ ဇန္နဝါရီလတုန္းကလည္း ဂန္းနားေတြဆီကေန ကမ္းလွမ္းမႈ ၃ ႀကိမ္အထိ ရရွိခဲ့သူျဖစ္ၿပီး အဲဒီအခ်ိန္တုန္းက အက္စတန္ ဗီလာနဲ႔ စာခ်ဳပ္သက္တမ္း ၁ ႏွစ္ေတာင္မက်န္ေတာ့ဘဲ ဆုဖလားစိန္ေခၚေနတဲ့ အာဆင္နယ္ကို ေျပာင္းေ႐ႊ႕ခ်င္ခဲ့တာျဖစ္ပါတယ္။
ဒါေပမယ့္လည္း အက္စတန္ ဗီလာက အာဆင္နယ္ရဲ႕ ကမ္းလွမ္းမႈ ၃ ႀကိမ္စလုံးကို ပယ္ခ်ခဲ့ၿပီး ေနာက္ဆုံးကမ္းလွမ္းမႈဟာ ေပါင္ ၂၅ သန္းဝန္းက်င္ တန္ေၾကးရွိတဲ့ ကမ္းလွမ္းမႈျဖစ္တယ္လို႔ သိရပါတယ္။
အဲဒီအခ်ိန္ကတည္းက လူးဝီးဇ္ဟာ အက္စတန္ ဗီလာနဲ႔ ၂၀၂၆ ခုႏွစ္အထိ ရွိေနေစမယ့္ စာခ်ဳပ္သစ္ကို ခ်ဳပ္ဆိုခဲ့တာျဖစ္ၿပီး အူႏိုင္း အမ္မရီကို နည္းျပအျဖစ္ ခန႔္အပ္ခဲ့မႈကလည္း ဘရာဇီးလ္ကြင္းလယ္လူကို အသက္ျပန္သြင္းေပးသလိုျဖစ္ခဲ့တာျဖစ္ပါတယ္။
အာတီတာဟာ လူးဝီးဇ္ကို မေခၚႏိုင္ခဲ့တာေၾကာင့္ ခ်ဲလ္ဆီးကေန ေဂ်ာ္ဂ်င္ညိဳကို ေခၚယူခဲ့တာျဖစ္ေပမယ့္ ပါေတးရဲ႕ ဒီရာသီ ဒဏ္ရာျပႆနာေၾကာင့္ စပိန္လူမ်ိဳးနည္းျပဟာ ကြင္းလယ္ကို အင္အားျဖည့္တင္းဖို႔လိုတယ္လို႔ ယုံၾကည္ေနတာ ျဖစ္ပါတယ္။
ဒါေပမယ့္လည္း Evening Standard ရဲ႕ ေဖာ္ျပခ်က္အရ အာတီတာရဲ႕ ေဒါက္ဂလပ္စ္ လူးဝီးဇ္အတြက္ ကမ္းလွမ္းမႈဟာ မစခင္ကတည္း က်ရႈံးေနၿပီးသားျဖစ္ပုံေပၚၿပီး အက္စတန္ ဗီလာက ဘရာဇီးလ္ကြင္းလယ္လူအတြက္ ဘယ္လိုကမ္းလွမ္းမႈမ်ိဳးကိုမွ နားေထာင္လိုတဲ့ဆႏၵမရွိဘူးလို႔ သိရပါတယ္။
အာဆင္နယ္အေနနဲ႔ ေဒါက္ဂလပ္စ္ လူးဝီးဇ္ကို ေခၚယူဖို႔ ကမ္းလွမ္းမယ္ဆိုရင္ေတာ့ ၿပီးခဲ့တဲ့ ဇန္နဝါရီလတုန္းက ကမ္းလွမ္းခဲ့တဲ့ ေပါင္ ၂၅ သန္းထက္ သိသိသာသာ ပိုမိုမ်ားျပားတဲ့ပမာဏနဲ႔ ကမ္းလွမ္းသြားရမွာျဖစ္ၿပီး အက္စတန္ ဗီလာဟာ ၾကယ္ပြင့္ကစားသမားကို ေရာင္းထုတ္ရေလာက္ေအာင္လည္း ဘ႑ာေရးအၾကပ္အတည္းမ်ိဳးရွိမေနတာျဖစ္ပါတယ္။
Arsenal Myanmar
Ref: Internet
- Posted In:
- Team News