ဆီဗီလာနဲ့ပွဲက ဂန်းနားကြယ်ပွင့်ရဲ့စွမ်းဆောင်ရည်ကြောင့် လက်ဖျားခါခဲ့ရတဲ့ အွန်နရီ 1024 504 coyg

ဆီဗီလာနဲ့ပွဲက ဂန်းနားကြယ်ပွင့်ရဲ့စွမ်းဆောင်ရည်ကြောင့် လက်ဖျားခါခဲ့ရတဲ့ အွန်နရီ

သီယာရီ အွန်နရီဟာ ဗုဒ္ဓဟူးနေ့ညက ဆီဗီလာကို ၂-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်က ဘူကာယို ဆာကာရဲ့ စွမ်းဆောင်ရည်ကြောင့် အထင်ကြီးခဲ့ပါတယ်။

ဆာကာဟာ အာဆင်နယ်အတွက် နောက်ထပ် အမှတ်ရဖွယ်ညတစ်ည ပိုင်ဆိုင်နိုင်အောင် သွင်းဂိုးရော ဂိုးဖန်တီးမှုပါ ပြုလုပ်ပေးခဲ့တာဖြစ်ပြီး ဂန်းနားဂန္တဝင် သီယာရီ အွန်နရီက လူငယ်ကြယ်ပွင့်ရဲ့ စွမ်းဆောင်ရည်ကို ချီးကျူးခဲ့တာဖြစ်ပါတယ်။

သီယာရီ အွန်နရီက အသက် ၂၂ နှစ်အရွယ်ကစားသမားရဲ့ စွမ်းဆောင်ရည်ဟာ ၎င်းတို့တုန်းက ကစားပုံမျိုးနဲ့ နည်းနည်းတူတယ်လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

“ကျွန်တော် ဆီဗီလာနဲ့ပတ်သက်ပြီး နည်းနည်း စိတ်ပျက်မိခဲ့ပါတယ်။ ဒါပေမယ့် အဲဒါက မလွယ်ကူဘူးဆိုတာ ကျွန်တော် သိပါတယ်။ အခုအချိန်မှာ အမ်းမရိတ်စ်ကို သွားပြီး ကစားဖို့က မလွယ်ပါဘူး။ အာဆင်နယ်က အရမ်းကို အံ့မခန်းဖြစ်ခဲ့တယ်လို့ တွေးမိခဲ့ပါတယ်။ အထူးသဖြင့် ဘူကာယို ဆာကာပေါ့။ သူက သွင်းဂိုး ၂ ဂိုးမှာ ပါဝင်ပတ်သက်ခဲ့ပြီး သွင်းဂိုးရော ဂိုးဖန်တီးမှုပါ ပြုလုပ်နိုင်ခဲ့တယ်။ ဆာကာက ငယ်ရွယ်သေးတဲ့ ကောင်လေးဆိုပေမယ့်လည်း အဲဒါက အရင်တုန်းက ကစားပုံမျိုးပဲလို့ ကျွန်တော်တို့ ပြောရမှာပါ။”လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

သီယာရီ အွန်နရီက ထရော့ဆာ့ဒ်ရဲ့ သွင်းဂိုးမှာ ဆာကာရဲ့ နေရာယူ ပြေးထွက်ပုံကိုလည်း အထင်ကြီးမိခဲ့ပြီး ပြိုင်ဘက်နောက်ခံလူတွေကို ဒီလိုမျိုး စပရိုက်တိုက်ဖို့လည်း လိုအပ်တယ်လို့ ပြောကြားခဲ့ပါတယ်။

“ဂျော်ဂျင်ညိုရဲ့ အရမ်းကောင်းတဲ့ပေးပို့မှုဖြစ်ပြီး ခင်ဗျား ဘူကာယို ဆာကာ ပြေးသွားတာကို မြင်မှာပါ။ ပြီးတော့ ထရော့ဆာ့ဒ်က တစ်ချက်ထိ ပိတ်သွင်းခဲ့တယ်။ ဒါပေမယ့် ကျွန်တော်ကတော့ နောက်ကနေ ပြေးထွက်သွားတာကို သဘောကျခဲ့တယ်။ တစ်ခါတလေ ခင်ဗျား နောက်ခံလူတွေကို ဒီလိုမျိုး အံ့အားသင့်အောင် လုပ်ဖို့ လိုပါတယ်။ ခင်ဗျား ခြေထောက်ထဲမှာ ဘောလုံးရဖို့ အမြဲတမ်း တောင်းဆိုမနေပါနဲ့။ ပြေးထွက်သွားတာက အရမ်းကောင်းတယ်”

“သူ့ရဲ့ဂိုးကလည်း အရမ်းကောင်းတဲ့ အဆုံးသတ်ပဲ။ ခင်ဗျား သူ့ရဲ့ ညာခြေကို မကန်နိုင်အောင် ထိန်းထားမှာလား။ ခင်ဗျား ကြိုးစားခဲ့ပါတယ်(ဘယ်ခြေနဲ့ကန်သွားတာကိုဆိုလို)။ အဲဒါက အရမ်းအရမ်းကောင်းမွန်တဲ့ အဆုံးသတ်ပဲ။ ဒါပေမယ့် ခင်ဗျား ဘာကြောင့် မတားနိုင်တာကို တားဖို့ လုပ်နေမှာလဲ။ ဘူကာယိုဆီက အရမ်းကောင်းတဲ့ အဆုံးသတ်ပဲ”လို့ ပြောကြားခဲ့ပါတယ်။

Arsenal Myanmar

Ref: Internet

ZAWGYI: သီယာရီ အြန္နရီဟာ ဗုဒၶဟူးေန႔ညက ဆီဗီလာကို ၂-၀ နဲ႔ အႏိုင္ရရွိခဲ့တဲ့ပြဲစဥ္က ဘူကာယို ဆာကာရဲ႕ စြမ္းေဆာင္ရည္ေၾကာင့္ အထင္ႀကီးခဲ့ပါတယ္။

ဆာကာဟာ အာဆင္နယ္အတြက္ ေနာက္ထပ္ အမွတ္ရဖြယ္ညတစ္ည ပိုင္ဆိုင္ႏိုင္ေအာင္ သြင္းဂိုးေရာ ဂိုးဖန္တီးမႈပါ ျပဳလုပ္ေပးခဲ့တာျဖစ္ၿပီး ဂန္းနားဂႏၲဝင္ သီယာရီ အြန္နရီက လူငယ္ၾကယ္ပြင့္ရဲ႕ စြမ္းေဆာင္ရည္ကို ခ်ီးက်ဴးခဲ့တာျဖစ္ပါတယ္။

သီယာရီ အြန္နရီက အသက္ ၂၂ ႏွစ္အ႐ြယ္ကစားသမားရဲ႕ စြမ္းေဆာင္ရည္ဟာ ၎တို႔တုန္းက ကစားပုံမ်ိဳးနဲ႔ နည္းနည္းတူတယ္လို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။

“ကြၽန္ေတာ္ ဆီဗီလာနဲ႔ပတ္သက္ၿပီး နည္းနည္း စိတ္ပ်က္မိခဲ့ပါတယ္။ ဒါေပမယ့္ အဲဒါက မလြယ္ကူဘူးဆိုတာ ကြၽန္ေတာ္ သိပါတယ္။ အခုအခ်ိန္မွာ အမ္းမရိတ္စ္ကို သြားၿပီး ကစားဖို႔က မလြယ္ပါဘူး။ အာဆင္နယ္က အရမ္းကို အံ့မခန္းျဖစ္ခဲ့တယ္လို႔ ေတြးမိခဲ့ပါတယ္။ အထူးသျဖင့္ ဘူကာယို ဆာကာေပါ့။ သူက သြင္းဂိုး ၂ ဂိုးမွာ ပါဝင္ပတ္သက္ခဲ့ၿပီး သြင္းဂိုးေရာ ဂိုးဖန္တီးမႈပါ ျပဳလုပ္ႏိုင္ခဲ့တယ္။ ဆာကာက ငယ္႐ြယ္ေသးတဲ့ ေကာင္ေလးဆိုေပမယ့္လည္း အဲဒါက အရင္တုန္းက ကစားပုံမ်ိဳးပဲလို႔ ကြၽန္ေတာ္တို႔ ေျပာရမွာပါ။”လို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။

သီယာရီ အြန္နရီက ထေရာ့ဆာ့ဒ္ရဲ႕ သြင္းဂိုးမွာ ဆာကာရဲ႕ ေနရာယူ ေျပးထြက္ပုံကိုလည္း အထင္ႀကီးမိခဲ့ၿပီး ၿပိဳင္ဘက္ေနာက္ခံလူေတြကို ဒီလိုမ်ိဳး စပ႐ိုက္တိုက္ဖို႔လည္း လိုအပ္တယ္လို႔ ေျပာၾကားခဲ့ပါတယ္။

“ေဂ်ာ္ဂ်င္ညိဳရဲ႕ အရမ္းေကာင္းတဲ့ေပးပို႔မႈျဖစ္ၿပီး ခင္ဗ်ား ဘူကာယို ဆာကာ ေျပးသြားတာကို ျမင္မွာပါ။ ၿပီးေတာ့ ထေရာ့ဆာ့ဒ္က တစ္ခ်က္ထိ ပိတ္သြင္းခဲ့တယ္။ ဒါေပမယ့္ ကြၽန္ေတာ္ကေတာ့ ေနာက္ကေန ေျပးထြက္သြားတာကို သေဘာက်ခဲ့တယ္။ တစ္ခါတေလ ခင္ဗ်ား ေနာက္ခံလူေတြကို ဒီလိုမ်ိဳး အံ့အားသင့္ေအာင္ လုပ္ဖို႔ လိုပါတယ္။ ခင္ဗ်ား ေျခေထာက္ထဲမွာ ေဘာလုံးရဖို႔ အၿမဲတမ္း ေတာင္းဆိုမေနပါနဲ႔။ ေျပးထြက္သြားတာက အရမ္းေကာင္းတယ္”

“သူ႔ရဲ႕ဂိုးကလည္း အရမ္းေကာင္းတဲ့ အဆုံးသတ္ပဲ။ ခင္ဗ်ား သူ႔ရဲ႕ ညာေျခကို မကန္ႏိုင္ေအာင္ ထိန္းထားမွာလား။ ခင္ဗ်ား ႀကိဳးစားခဲ့ပါတယ္(ဘယ္ေျခနဲ႔ကန္သြားတာကိုဆိုလို)။ အဲဒါက အရမ္းအရမ္းေကာင္းမြန္တဲ့ အဆုံးသတ္ပဲ။ ဒါေပမယ့္ ခင္ဗ်ား ဘာေၾကာင့္ မတားႏိုင္တာကို တားဖို႔ လုပ္ေနမွာလဲ။ ဘူကာယိုဆီက အရမ္းေကာင္းတဲ့ အဆုံးသတ္ပဲ”လို႔ ေျပာၾကားခဲ့ပါတယ္။

Arsenal Myanmar

Ref: Internet