ဆာကာနဲ့ပတ်သက်ပြီး ဆောက်ဂိတ် အမှားကြီးမှားမှာစိုးရိမ်နေတဲ့ ဝိန်း ရူနီ
မန်ချက်စတာယူနိုက်တက်ဂန္တဝင် ဝိန်း ရူနီက ဂါးရတ် ဆောက်ဂိတ်အနေနဲ့ ယူရို ၂၀၂၄ ပြိုင်ပွဲမှာ အဆာင်နယ်ကြယ်ပွင့် ဘူကာယို ဆာကာကို ချန်လှပ်ပြီး အမှား ပြုလုပ်ဖို့ ပြင်ဆင်နေတာကို စိုးရိမ်နေပါတယ်။
ဆောက်ဂိတ်ဟာ ဆားဘီးယားနဲ့ ဒိန်းမတ်တို့နဲ့ ပွဲစဉ်မှာ စိတ်ပျက်ဖွယ် စွမ်းဆောင်ရည်ကို မြင်တွေ့ခဲ့ရပြီးနောက် အင်္ဂါနေ့ည ဆလိုဗေးနီးယားနဲ့ ကစားရမယ့် အုပ်စုနောက်ဆုံးပွဲစဉ်အတွက် လူစာရင်းကို အပြောင်းအလဲတွေ ပြုလုပ်သွားမယ်လို့ မျှော်လင့်ခြင်းခံထားရတာဖြစ်ပါတယ်။
ဆာကာက ဂျာမနီမှာ အင်္ဂလန်ရဲ့ အကောင်းဆုံးကစားသမားတွေထဲက တစ်ဦးဖြစ်ခဲ့ပြီး ဆားဘီးယားနဲ့ပွဲမှာ ဘယ်လင်ဟမ်ရဲ့ တစ်လုံးတည်းသော အနိုင်ဂိုးကို ဖန်တီးပေးနိုင်ခဲ့ပေမယ့်လည်း ကွင်းလယ်အတွက် အဖြေရှာနေတဲ့ ဆောက်ဂိတ်ရဲ့ စတေးခြင်းကို ခံရဖွယ်ရှိနေတာဖြစ်ပါတယ်။
အင်္ဂလန်ဂန္တဝင်တိုက်စစ်မှူး ဝိန်း ရူနီက ဆောက်ဂိတ်အနေနဲ့ ဆာကာကို ချန်လှပ်ခဲ့ပြီး ဖိုဒန်ကို ညာတောင်ပံကို ပြောင်းကစားခိုင်းမယ်ဆိုရင် အံ့အားသင့်မှာမဟုတ်ဘူးလို့ ပြောဆိုခဲ့ပေမယ့်လည်း ဂန်းနားကြယ်ပွင့်ကို ချန်လှပ်ခဲ့မယ်ဆိုရင်အမှားလုပ်မိတာဖြစ်လိမ့်မယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။
“ဆောက်ဂိတ်က ဖိုဒန်ကို ညာတောင်ပံရွေ့ပြီး ဘယ်တောင်ပံမှာ အန်သိုနီ ဂေါ်ဒွန်ကို ထားကစားပြီး ဆာကာကို ချန်လှပ်ခဲ့မယ်ဆိုရင် ကျွန်တော် အံ့အားသင့်မိမှာမဟုတ်ပါဘူး။ ဒါပေမယ့် ကျွန်တော်ဆိုရင်တော့ အဲဒီလိုလုပ်မှာမဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ ဆာကာက တကယ်ကောင်းမွန်တဲ့ကစာသးမားလို့ ထင်လို့ပါ။ သူက ဖန်တီးမှုအားကောင်းပြီး ပင်နယ်တီဧရိယာထဲကို ကောင်းမွန်တဲ့ ဘောလုံးထောက်ပံ့မှုအချို့ လုပ်နိုင်တဲ့သူပါ။”လို့ ပြောကြားခဲ့ပါတယ်။
Arsenal Myanmar
Ref: Internet
ZAWGYI:
မန္ခ်က္စတာယူႏိုက္တက္ဂႏၲဝင္ ဝိန္း ႐ူနီက ဂါးရတ္ ေဆာက္ဂိတ္အေနနဲ႔ ယူ႐ို ၂၀၂၄ ၿပိဳင္ပြဲမွာ အဆာင္နယ္ၾကယ္ပြင့္ ဘူကာယို ဆာကာကို ခ်န္လွပ္ၿပီး အမွား ျပဳလုပ္ဖို႔ ျပင္ဆင္ေနတာကို စိုးရိမ္ေနပါတယ္။
ေဆာက္ဂိတ္ဟာ ဆားဘီးယားနဲ႔ ဒိန္းမတ္တို႔နဲ႔ ပြဲစဥ္မွာ စိတ္ပ်က္ဖြယ္ စြမ္းေဆာင္ရည္ကို ျမင္ေတြ႕ခဲ့ရၿပီးေနာက္ အဂၤါေန႔ည ဆလိုေဗးနီးယားနဲ႔ ကစားရမယ့္ အုပ္စုေနာက္ဆုံးပြဲစဥ္အတြက္ လူစာရင္းကို အေျပာင္းအလဲေတြ ျပဳလုပ္သြားမယ္လို႔ ေမွ်ာ္လင့္ျခင္းခံထားရတာျဖစ္ပါတယ္။
ဆာကာက ဂ်ာမနီမွာ အဂၤလန္ရဲ႕ အေကာင္းဆုံးကစားသမားေတြထဲက တစ္ဦးျဖစ္ခဲ့ၿပီး ဆားဘီးယားနဲ႔ပြဲမွာ ဘယ္လင္ဟမ္ရဲ႕ တစ္လုံးတည္းေသာ အႏိုင္ဂိုးကို ဖန္တီးေပးႏိုင္ခဲ့ေပမယ့္လည္း ကြင္းလယ္အတြက္ အေျဖရွာေနတဲ့ ေဆာက္ဂိတ္ရဲ႕ စေတးျခင္းကို ခံရဖြယ္ရွိေနတာျဖစ္ပါတယ္။
အဂၤလန္ဂႏၲဝင္တိုက္စစ္မႉး ဝိန္း ႐ူနီက ေဆာက္ဂိတ္အေနနဲ႔ ဆာကာကို ခ်န္လွပ္ခဲ့ၿပီး ဖိုဒန္ကို ညာေတာင္ပံကို ေျပာင္းကစားခိုင္းမယ္ဆိုရင္ အံ့အားသင့္မွာမဟုတ္ဘူးလို႔ ေျပာဆိုခဲ့ေပမယ့္လည္း ဂန္းနားၾကယ္ပြင့္ကို ခ်န္လွပ္ခဲ့မယ္ဆိုရင္အမွားလုပ္မိတာျဖစ္လိမ့္မယ္လို႔ ယုံၾကည္ေနတာျဖစ္ပါတယ္။
“ေဆာက္ဂိတ္က ဖိုဒန္ကို ညာေတာင္ပံေ႐ြ႕ၿပီး ဘယ္ေတာင္ပံမွာ အန္သိုနီ ေဂၚဒြန္ကို ထားကစားၿပီး ဆာကာကို ခ်န္လွပ္ခဲ့မယ္ဆိုရင္ ကြၽန္ေတာ္ အံ့အားသင့္မိမွာမဟုတ္ပါဘူး။ ဒါေပမယ့္ ကြၽန္ေတာ္ဆိုရင္ေတာ့ အဲဒီလိုလုပ္မွာမဟုတ္ပါဘူး။ ဘာလို႔လဲဆိုေတာ့ ဆာကာက တကယ္ေကာင္းမြန္တဲ့ကစာသးမားလို႔ ထင္လို႔ပါ။ သူက ဖန္တီးမႈအားေကာင္းၿပီး ပင္နယ္တီဧရိယာထဲကို ေကာင္းမြန္တဲ့ ေဘာလုံးေထာက္ပံ့မႈအခ်ိဳ႕ လုပ္ႏိုင္တဲ့သူပါ။”လို႔ ေျပာၾကားခဲ့ပါတယ္။
Arsenal Myanmar
Ref: Internet
- Posted In:
- Team News