စာချုပ်လျော်ကြေးအသက်ဝင်လာတော့မယ့် ကစားသမားကိုခေါ်ယူချင်နေတဲ့ အာဆင်နယ် 650 366 coyg

စာချုပ်လျော်ကြေးအသက်ဝင်လာတော့မယ့် ကစားသမားကိုခေါ်ယူချင်နေတဲ့ အာဆင်နယ်

အာဆင်နယ်ဟာ လာမယ့်နွေရာသီမှာ လေဗာကူဆင်ကြယ်ပွင့် ဂျယ်ရမီး ဖရင်းပေါင်ကို ခေါ်ယူဖို့ ကြိုးပမ်းနေတာကြောင့် ယခုလမှာ နောက်ခံတောင်ပံလူသစ် ခေါ်ယူဖို့ကိစ္စကို ဆိုင်းငံ့ထားနိုင်တယ်လို့ ဂျာမနီက သတင်းတွေက ဖော်ပြခဲ့ပါတယ်။

ဂန်းနားနည်းပြ အာတီတာဟာ ယခုလမှာ အသင်းကို အင်အားဖြည့်တင်းချင်နေတာဖြစ်ပြီး အထူးသဖြင့် ၂ ပွဲဆက်တိုက် ရှုံးပွဲတွေ့တဲ့အထိ ခြေစွမ်းပိုင်း မတည်မငြိမ်ဖြစ်ခဲ့ပြီးနောက် အမှတ်ပေးဇယား အဆင့် ၄ နေရာအထိ ကျဆင်းသွားခဲ့တာကြောင့်ဖြစ်ပါတယ်။

တိုက်စစ်မှူးသစ်နဲ့ ကွင်းလယ်ကစားသမားသစ် ၂ နေရာကို ခေါ်ယူဖို့ အစီအစဉ်ထဲမှာ ထည့်သွင်းထားပေမယ့်လည်း အာတီတာဟာ နောက်ခံတောင်ပံနေရာကိုလည်း အင်အား ဖြည့်တင်းချင်နေတာ ဖြစ်ပါတယ်။

ဒီရာသီမစတင်ခင် ပထမဆုံး ပွဲစဉ်အဖြစ် ကစားခဲ့တဲ့ ကွန်မြူနတီဒိုင်းလုပွဲမှာ နွေရာသီကစားသမားခေါ်ယူမှုအသစ်ဖြစ်တဲ့ ယူရီယန် တင်းဘား ပြင်းထန်တဲ့ ဒဏ်ရာရရှိသွားခဲ့မှုက ဒီရာသီအတွက် အာတီတာရဲ့ အစီအစဉ်တွေကို တလွဲတချော်ဖြစ်စေခဲ့တာဖြစ်ပါတယ်။

တိုမိယဆုကလည်း လက်ရှိမှာ အာရှဖလားအတွက် ဂျပန်နဲ့ သွားရောက်ပူးပေါင်းနေပြီဖြစ်သလို ဇင်ချန်ကိုကလည်း ခြေသလုံးဒဏ်ရာကြောင့် နှစ်သစ်ကူးအကြိုနေ့က ဖူလ်ဟမ်ကို ရှုံးနိမ့်ခဲ့တဲ့ပွဲကို လွဲချော်ခဲ့တာဖြစ်ပါတယ်။

ဒါကြောင့် အာဆင်နယ်ရဲ့ နောက်ခံတောင်ပံကစားသမားလိုအပ်မှုက ပြင်းထန်လာခဲ့ပေမယ့်လည်း အာတီတာက အလျင်စလို ကြုံရာလူခေါ်သွားမှာမဟုတ်ဘဲ လိုချင်တဲ့ပစ်မှတ်ကို ခေါ်ယူနိုင်ဖို့ လာမယ့်နွေရာသီအထိတောင် စောင့်ဆိုင်းဖွယ်ရှိပါတယ်။

ဂျာမန်သတင်းစာ Bild ရဲ့ ဖော်ပြချက်အရ အာတီတာ ခေါ်ယူချင်တဲ့ ကစားသမားဟာ ဥရောပမှာ အကောင်းဆုံး တိုက်စစ် နောက်ခံတောင်ပံကစားသမားတွေထဲက တစ်ဦးဖြစ်ကြောင်း သက်သေပြသထားပြီးဖြစ်တဲ့ လေဗာကူဆင် နောက်ခံတောင်ပံကစားသမား ဖရင်းပေါင်ဖြစ်တယ်လို့ သိရပါတယ်။

အသက် ၂၃ နှစ်အရွယ် နောက်ခံတောင်ပံ့စားသမားဟာ ယခုရာသီ ဘွန်ဒက်စ်လီဂါမှာ သွင်းဂိုး ၅ ဂိုးနဲ့ ဂိုးဖန်တီးမှု ၆ ကြိမ်အထိ ပြုလုပ်ထားပြီး နောက်ခံကစားသမားဖြစ်ပေမယ့်လည်း ပျမ်းမျှ မိနစ် ၁၂၀ တိုင်းမှာ ဂိုးပါဝင်ပတ်သက်မှု ပြုလုပ်ထားနိုင်ခဲ့သူဖြစ်ပါတယ်။

ဖရင်းပေါင်ဟာ အာတီတာ ပုံမှန်အားဖြင့် လိုချင်တဲ့ နောက်ခံတောင်ပံကစားသမားမျိုးမဟုတ်ဘဲ ကွင်းလယ်ကို ဝင်ပြီး နောက်ထပ် အပိုကွင်းလယ်လူအဖြစ် တိုက်စစ်စတင်မှုမှာ ကူညီပေးတဲ့သူမျိုးထက် တောင်ပံတလွှားမှာ ပြေးတက်၊ ပြေးဆင်း ကစားတတ်တဲ့ နောက်ခံတောင်ပံကစားသမားစစ်စစ်ပုံစံပိုပေါ်တဲ့သူဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဖရင်းပေါင်ဟာ အာဆင်နယ်ရဲ့ အလွန်သဘောကျခြင်းကို ခံနေရသူဖြစ်ပြီး မြောက်လန်ဒန်ကလပ်က ၎င်းရဲ့ စာချုပ်ထဲက စာချုပ်လျော်ကြေးဟာ ယူရိုသန်း ၄၀ လောက် ရှိလိမ့်မယ်ဆိုတာကို သတိထားမိနေတာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း အဲဒီစာချုပ်ပါအချက်ဟာ လာမယ့်နွေရာသီမှသာ အသက်ဝင်လာမှာဖြစ်ပြီး လေဗာကူဆင်ရော ဖရင်းပေါင်ပါ ဇန်နဝါရီမှာ အပြောင်းအရွှေ့လုပ်ဖို့ မစဉ်းစားထားဘဲ ယခုရာသီ ဘွန်ဒက်စ်လီဂါဖလားပြိုင်ပွဲမှာ အနိုင်ရဖို့ကိုသာ အာရုံစိုက်နေကြတာဖြစ်ပါတယ်။

ဖရင်းပေါင်ဟာ အာဆင်နယ်က အနီးကပ်စောင့်ကြည့်နေတဲ့ တစ်ဦးတည်းသော ဒတ်ချ်နောက်ခံလူတော့မဟုတ်ဘဲ ဂန်းနားတွေဟာ အိုင်းယက်စ်ဆယ်ကျော်သက် ဂျော်ရဲလ် ဟာတိုကိုလည်း စိတ်ဝင်စားနေတာဖြစ်ပါတယ်။

အသက် ၁၇ နှစ်အရွယ် ကစားသမားဟာ အမ်စတာဒမ်မှာ အကောင်းဆုံး ပွဲဦးထွက်ရာသီကို ပိုင်ဆိုင်နေသူဖြစ်ပြီး ဗဟိုခံစစ်ဘယ်ခြမ်းရော ဘယ်နောက်ခံလူအဖြစ်ပါ ကစားနိုင်တာကြောင့် တင်းဘားနေရာမှာ ပြီးပြည့်စုံတဲ့အစားထိုးခေါ်ယူမှုအဖြစ် အာတီတာရဲ့ ရှုမြင်ခြင်းကို ခံထားရတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဟာတိုကို စျေးပေါပေါနဲ့ ခေါ်ယူလို့ ရနိုင်မှာမဟုတ်ဘဲ အထူးသဖြင့် ဇန်နဝါရီမှာ ခေါ်ယူဖို့က မဖြစ်နိုင်တာဖြစ်ပြီး ယခုလမှာ အာဆင်နယ်ရဲ့ အကန့်အသတ်ရှိတဲ့ အသုံးစရိတ်ကြောင့် တိုက်စစ်မှူးသစ်တစ်ဦးကို ခေါ်ယူဖို့ကိုပဲ အာရုံစိုက်သွားဖို့ များပါတယ်။

Arsenal Myanmar

Ref: Internet

ZAWGYI: အာဆင္နယ္ဟာ လာမယ့္ေႏြရာသီမွာ ေလဗာကူဆင္ၾကယ္ပြင့္ ဂ်ယ္ရမီး ဖရင္းေပါင္ကို ေခၚယူဖို႔ ႀကိဳးပမ္းေနတာေၾကာင့္ ယခုလမွာ ေနာက္ခံေတာင္ပံလူသစ္ ေခၚယူဖို႔ကိစၥကို ဆိုင္းငံ့ထားႏိုင္တယ္လို႔ ဂ်ာမနီက သတင္းေတြက ေဖာ္ျပခဲ့ပါတယ္။

ဂန္းနားနည္းျပ အာတီတာဟာ ယခုလမွာ အသင္းကို အင္အားျဖည့္တင္းခ်င္ေနတာျဖစ္ၿပီး အထူးသျဖင့္ ၂ ပြဲဆက္တိုက္ ရႈံးပြဲေတြ႕တဲ့အထိ ေျခစြမ္းပိုင္း မတည္မၿငိမ္ျဖစ္ခဲ့ၿပီးေနာက္ အမွတ္ေပးဇယား အဆင့္ ၄ ေနရာအထိ က်ဆင္းသြားခဲ့တာေၾကာင့္ျဖစ္ပါတယ္။

တိုက္စစ္မႉးသစ္နဲ႔ ကြင္းလယ္ကစားသမားသစ္ ၂ ေနရာကို ေခၚယူဖို႔ အစီအစဥ္ထဲမွာ ထည့္သြင္းထားေပမယ့္လည္း အာတီတာဟာ ေနာက္ခံေတာင္ပံေနရာကိုလည္း အင္အား ျဖည့္တင္းခ်င္ေနတာ ျဖစ္ပါတယ္။

ဒီရာသီမစတင္ခင္ ပထမဆုံး ပြဲစဥ္အျဖစ္ ကစားခဲ့တဲ့ ကြန္ျမဴနတီဒိုင္းလုပြဲမွာ ေႏြရာသီကစားသမားေခၚယူမႈအသစ္ျဖစ္တဲ့ ယူရီယန္ တင္းဘား ျပင္းထန္တဲ့ ဒဏ္ရာရရွိသြားခဲ့မႈက ဒီရာသီအတြက္ အာတီတာရဲ႕ အစီအစဥ္ေတြကို တလြဲတေခ်ာ္ျဖစ္ေစခဲ့တာျဖစ္ပါတယ္။

တိုမိယဆုကလည္း လက္ရွိမွာ အာရွဖလားအတြက္ ဂ်ပန္နဲ႔ သြားေရာက္ပူးေပါင္းေနၿပီျဖစ္သလို ဇင္ခ်န္ကိုကလည္း ေျခသလုံးဒဏ္ရာေၾကာင့္ ႏွစ္သစ္ကူးအႀကိဳေန႔က ဖူလ္ဟမ္ကို ရႈံးနိမ့္ခဲ့တဲ့ပြဲကို လြဲေခ်ာ္ခဲ့တာျဖစ္ပါတယ္။

ဒါေၾကာင့္ အာဆင္နယ္ရဲ႕ ေနာက္ခံေတာင္ပံကစားသမားလိုအပ္မႈက ျပင္းထန္လာခဲ့ေပမယ့္လည္း အာတီတာက အလ်င္စလို ႀကဳံရာလူေခၚသြားမွာမဟုတ္ဘဲ လိုခ်င္တဲ့ပစ္မွတ္ကို ေခၚယူႏိုင္ဖို႔ လာမယ့္ေႏြရာသီအထိေတာင္ ေစာင့္ဆိုင္းဖြယ္ရွိပါတယ္။

ဂ်ာမန္သတင္းစာ Bild ရဲ႕ ေဖာ္ျပခ်က္အရ အာတီတာ ေခၚယူခ်င္တဲ့ ကစားသမားဟာ ဥေရာပမွာ အေကာင္းဆုံး တိုက္စစ္ ေနာက္ခံေတာင္ပံကစားသမားေတြထဲက တစ္ဦးျဖစ္ေၾကာင္း သက္ေသျပသထားၿပီးျဖစ္တဲ့ ေလဗာကူဆင္ ေနာက္ခံေတာင္ပံကစားသမား ဖရင္းေပါင္ျဖစ္တယ္လို႔ သိရပါတယ္။

အသက္ ၂၃ ႏွစ္အ႐ြယ္ ေနာက္ခံေတာင္ပံ့စားသမားဟာ ယခုရာသီ ဘြန္ဒက္စ္လီဂါမွာ သြင္းဂိုး ၅ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၆ ႀကိမ္အထိ ျပဳလုပ္ထားၿပီး ေနာက္ခံကစားသမားျဖစ္ေပမယ့္လည္း ပ်မ္းမွ် မိနစ္ ၁၂၀ တိုင္းမွာ ဂိုးပါဝင္ပတ္သက္မႈ ျပဳလုပ္ထားႏိုင္ခဲ့သူျဖစ္ပါတယ္။

ဖရင္းေပါင္ဟာ အာတီတာ ပုံမွန္အားျဖင့္ လိုခ်င္တဲ့ ေနာက္ခံေတာင္ပံကစားသမားမ်ိဳးမဟုတ္ဘဲ ကြင္းလယ္ကို ဝင္ၿပီး ေနာက္ထပ္ အပိုကြင္းလယ္လူအျဖစ္ တိုက္စစ္စတင္မႈမွာ ကူညီေပးတဲ့သူမ်ိဳးထက္ ေတာင္ပံတလႊားမွာ ေျပးတက္၊ ေျပးဆင္း ကစားတတ္တဲ့ ေနာက္ခံေတာင္ပံကစားသမားစစ္စစ္ပုံစံပိုေပၚတဲ့သူျဖစ္ပါတယ္။

ဒါေပမယ့္လည္း ဖရင္းေပါင္ဟာ အာဆင္နယ္ရဲ႕ အလြန္သေဘာက်ျခင္းကို ခံေနရသူျဖစ္ၿပီး ေျမာက္လန္ဒန္ကလပ္က ၎ရဲ႕ စာခ်ဳပ္ထဲက စာခ်ဳပ္ေလ်ာ္ေၾကးဟာ ယူ႐ိုသန္း ၄၀ ေလာက္ ရွိလိမ့္မယ္ဆိုတာကို သတိထားမိေနတာ ျဖစ္ပါတယ္။

ဒါေပမယ့္လည္း အဲဒီစာခ်ဳပ္ပါအခ်က္ဟာ လာမယ့္ေႏြရာသီမွသာ အသက္ဝင္လာမွာျဖစ္ၿပီး ေလဗာကူဆင္ေရာ ဖရင္းေပါင္ပါ ဇန္နဝါရီမွာ အေျပာင္းအေ႐ႊ႕လုပ္ဖို႔ မစဥ္းစားထားဘဲ ယခုရာသီ ဘြန္ဒက္စ္လီဂါဖလားၿပိဳင္ပြဲမွာ အႏိုင္ရဖို႔ကိုသာ အာ႐ုံစိုက္ေနၾကတာျဖစ္ပါတယ္။

ဖရင္းေပါင္ဟာ အာဆင္နယ္က အနီးကပ္ေစာင့္ၾကည့္ေနတဲ့ တစ္ဦးတည္းေသာ ဒတ္ခ်္ေနာက္ခံလူေတာ့မဟုတ္ဘဲ ဂန္းနားေတြဟာ အိုင္းယက္စ္ဆယ္ေက်ာ္သက္ ေဂ်ာ္ရဲလ္ ဟာတိုကိုလည္း စိတ္ဝင္စားေနတာျဖစ္ပါတယ္။

အသက္ ၁၇ ႏွစ္အ႐ြယ္ ကစားသမားဟာ အမ္စတာဒမ္မွာ အေကာင္းဆုံး ပြဲဦးထြက္ရာသီကို ပိုင္ဆိုင္ေနသူျဖစ္ၿပီး ဗဟိုခံစစ္ဘယ္ျခမ္းေရာ ဘယ္ေနာက္ခံလူအျဖစ္ပါ ကစားႏိုင္တာေၾကာင့္ တင္းဘားေနရာမွာ ၿပီးျပည့္စုံတဲ့အစားထိုးေခၚယူမႈအျဖစ္ အာတီတာရဲ႕ ရႈျမင္ျခင္းကို ခံထားရတာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ဟာတိုကို ေစ်းေပါေပါနဲ႔ ေခၚယူလို႔ ရႏိုင္မွာမဟုတ္ဘဲ အထူးသျဖင့္ ဇန္နဝါရီမွာ ေခၚယူဖို႔က မျဖစ္ႏိုင္တာျဖစ္ၿပီး ယခုလမွာ အာဆင္နယ္ရဲ႕ အကန႔္အသတ္ရွိတဲ့ အသုံးစရိတ္ေၾကာင့္ တိုက္စစ္မႉးသစ္တစ္ဦးကို ေခၚယူဖို႔ကိုပဲ အာ႐ုံစိုက္သြားဖို႔ မ်ားပါတယ္။

Arsenal Myanmar

Ref: Internet