ဂျေးဇုနဲ့ ပါတေးနောက်ဆုံးဒဏ်ရာအခြေအနေနဲ့ ရှက်ဖီးပွဲမတိုင်ခင် အာတီတာ ပြောခဲ့သမျှ
အာဆင်နယ်ဟာ စနေနေ့မှာ ရှက်ဖီးယူနိုက်တက်ကို အမ်းမရိတ်စ်မှာ လက်ခံယှဉ်ပြိုင်သွားရမှာဖြစ်ပြီး ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ အာတီတာက ပါတေးနဲ့ ဂျေးဇုတို့ရဲ့ ဒဏ်ရာအခြေအနေ၊ ဟာဗတ်ဇ်ရဲ့အခန်းကဏ္ဍတို့ကို အဖြေပေးခဲ့ပါတယ်။
မေး-ပါတေးရဲ့ ဒဏ်ရာအခြေအနေက ဘယ်လိုရှိလဲ။
ဖြေ-သူ ကြွက်သားဒဏ်ရာရခဲ့ပြီး သူ ရက်သတ္တပတ်အနည်းငယ်လောက် လွဲချော်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ထားပါတယ်။ ဘယ်လောက်အတိုင်းအတာအထိ ကြာမလဲ ကျွန်တော်တို့ မသိဘူး။ သူ ဒီနေ့မှာ နောက်ထပ် ဓာတ်မှန်ရိုက်တာတွေ လုပ်ရမယ်။ သူ လေ့ကျင့်ရေးမှာ ဒဏ်ရာရခဲ့တယ်။ နောက်ဆုံး ဘောလုံးကန်ချက်မှာ ရသွားတာပါ။ အရမ်းကို ကံဆိုးပါတယ်။
မေး- အော်ဒီဂွါဒ်နဲ့ပတ်သက်ပြီးတော့ရော။
ဖြေ-ကျွန်တော်တို့ အဲဒါကို ဆွေးနွေးခဲ့တယ်။ ကျွန်တော်တို့ တိုက်စစ်ကစားသမားတွေစွမ်းဆောင်နိုင်တဲ့ အဆင့်အတန်းကို ရောက်တာ မြင်တွေ့ရဖို့ အရမ်းခက်ခဲပါတယ်။ အဲဒါက ခြေစွမ်းအခြေအနေနဲ့ အရေးကြီးတဲ့ နေရာတွေမှာ အရာအားလုံးကို ပိုကောင်းအောင် လုပ်နိုင်လားဆိုတာနဲ့ ဆိုင်ပါတယ်။
မေး- ပွဲစဉ်တွေ တိုးလာတာရယ်၊ ခရစ္စမတ်အကြိုပွဲစဉ်အပေါ်မှာရော။
ဖြေ- ကျွန်တော်တို့ ကစားသမားတွေ ပိုပြီးလိုအပ်ပါလိမ့်မယ်။ ကစားသမားတွေက အင်အားအတိုင်းအတာရှိပါတယ်။ ဘက်ထရီက အကြာကြီး ခံတယ်ဆိုပြီး သုံးရင် လောင်သွားလိမ့်မယ်။ ကျွန်တော်တို့ အသားကျအောင် လုပ်ရပါမယ်။
မေး- ပွဲအရေအတွက်များလာတာက ဘောလုံးအရည်အသွေးပိုင်းမှာ အကျိုးသက်ရောက်မှုတွေ ရှိလာနိုင်လား။
ဖြေ- အန္တရာယ်အနည်းငယ်တော့ ရှိပါတယ်။ ကျွန်တော်တို့ အဲဒီလို မလုပ်ဖို့ ကြိုးစားရမှာ သိသာပါတယ်။ ကျွန်တော်တို့ လူစာရင်းထဲမှာ ရှိတဲ့ လူတွေက ဘယ်လိုလူမျိုးတွေလဲဆိုတဲ့အပေါ်မှာ မူတည်မယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့ အရည်အတွက်ထက် အရည်အသွေးပိုင်းကို ပိုပြီးတော့ အများကြီး အာရုံစိုက်ရမယ်လို့ ထင်ပါတယ်။
မေး- ဟာဗတ်ဇ်ကို တိုက်စစ်မှာ ကစားခိုင်းမှာလား။
ဖြေ- ကျွန်တော်တို့မှာ မတူညီတဲ့ ပရိုဖိုင်တွေရှိပါတယ်။ ကိုင်က အဲဒီနေရာမှာ တကယ်ကောင်းမွန်ခဲ့ပါတယ်။
မေး-ပါတေးရဲ့ ဒဏ်ရာက ဂါနာအတွက် ကစားပေးတာကြောင့် ရခဲ့တာလား။
ဖြေ-ကျွန်တော်တော့ အဲဒီလို မထင်ပါဘူး။ သူ အချိန်ကာလတစ်ခုအထိ မကစားနိုင်ခဲ့ရာကနေ ပြန်လာတာဖြစ်ပြီး သူ အချိန်လိုပါတယ်။ သူ လက်ရွေးစင်အသင်းနဲ့ ကစားခဲ့တယ်။ ကျွန်တော်တို့ သူတို့(ဂါနာလက်ရွေးစင်အသင်း)နဲ့ အဆက်အသွယ်မပြတ်ရှိနေဖို့ ကြိုးစားပါတယ်။ ပြီးတော့ ကျွန်တော်တို့ ချဲလ်ဆီး၊ ဆီးဗီး ၂ ပွဲက အရမ်းကပ်နေတယ်။ ကျွန်တော်တို့ ချဲလ်ဆီးနဲ့ပွဲမှာ သူ့ကို မသုံးဖို့ ဆုံးဖြတ်ခဲ့ပြီး ဆီဗီလာနဲ့ပွဲမှာ သူ့ကို ကစားစေခဲ့တယ်။ ပြီးတော့ လေ့ကျင့်ရေးမှာ ဒဏ်ရာရသွားတာပဲ။ အဲဒီတော့ တစ်ခါတလေ အဲဒါက ခက်ခဲပါတယ်။ ကျွန်တော်တို့ ဒဏ်ရာမရအောင် ကာကွယ်ဖို့ ကြိုးစားပါတယ်။ သူ ချဲလ်ဆီး သို့မဟုတ် စီးတီးနဲ့ပွဲမှာ ဒဏ်ရာရခဲ့တယ်ဆိုရင် ခင်ဗျားက ကျွန်တော်တို့ သူ့ကို အလျင်စလို သုံးခဲ့တယ်လို့ ပြောပါလိမ့်မယ်။ အဲဒီတုန်းက ကျွန်တော်တို့ မသုံးခဲ့ပေမယ့် သူ ဒဏ်ရာရခဲ့တယ်။ အဲဒီလိုပဲ ဖြစ်သွားတာပါ။ ဒါက ဘောလုံးပဲ။
မေး- ဂျေးဇုရဲ့ ဒဏ်ရာကရော။
ဖြေ- ဓာတ်မှန်တွေအရတော့ ကြွက်သားဒဏ်ရာပဲ။ ကျွန်တော်တို့ သူ့ကို နောက်ထပ်တစ်ကြိမ် ရက်သတ္တပတ်အနည်းငယ် လက်လွှတ်ရမှာပါ။
မေး- ဂျေးဇု ဘယ်အချိန်လောက် ပြန်ကစားနိုင်မလဲ။
ဖြေ-ဂါဘီနဲ့ပတ်သက်ပြီး ခင်ဗျားကို ဘယ်အချိန်ဆိုတာ မပြောနိုင်ဘူး။ ဘာလို့လဲဆိုတော့ သူက အမြဲတမ်း ကျွန်တော်တို့ကို စပရိုက်လုပ်တယ်။ သူ ကြွက်သားမှာ တစ်စုံတခုကို ခံစားခဲ့ရတယ်။ အဲဒါက တကယ်ကို ကသိကအောင့်ဖြစ်စရာ လုပ်ဆောင်မှုဖြစ်ခဲ့ပါတယ်။ သူ လက်ရွေးစင်နဲ့ ကစားခဲ့တဲ့ ပွဲစဉ်တွေမှာ တော်တော်လေး ဝန်ပိခဲ့တယ်ဆိုတာ အမှန်ပါပဲ။ ကျွန်တော်တို့နဲ့တော့ သူ မကစားပေးတာ တော်တော်လေး ကြာခဲ့ပါပြီ။ ဒါက ကျွန်တော်တို့အတွက် တကယ့်သတင်းဆိုးပါပဲ။
Arsenal Myanmar
Ref: Internet
ZAWGYI: အာဆင္နယ္ဟာ စေနေန႔မွာ ရွက္ဖီးယူႏိုက္တက္ကို အမ္းမရိတ္စ္မွာ လက္ခံယွဥ္ၿပိဳင္သြားရမွာျဖစ္ၿပီး ပြဲႀကိဳသတင္းစာရွင္းလင္းပြဲမွာ အာတီတာက ပါေတးနဲ႔ ေဂ်းဇုတို႔ရဲ႕ ဒဏ္ရာအေျခအေန၊ ဟာဗတ္ဇ္ရဲ႕အခန္းက႑တို႔ကို အေျဖေပးခဲ့ပါတယ္။
ေမး-ပါေတးရဲ႕ ဒဏ္ရာအေျခအေနက ဘယ္လိုရွိလဲ။
ေျဖ-သူ ႂကြက္သားဒဏ္ရာရခဲ့ၿပီး သူ ရက္သတၱပတ္အနည္းငယ္ေလာက္ လြဲေခ်ာ္မယ္လို႔ ကြၽန္ေတာ္တို႔ ေမွ်ာ္လင့္ထားပါတယ္။ ဘယ္ေလာက္အတိုင္းအတာအထိ ၾကာမလဲ ကြၽန္ေတာ္တို႔ မသိဘူး။ သူ ဒီေန႔မွာ ေနာက္ထပ္ ဓာတ္မွန္႐ိုက္တာေတြ လုပ္ရမယ္။ သူ ေလ့က်င့္ေရးမွာ ဒဏ္ရာရခဲ့တယ္။ ေနာက္ဆုံး ေဘာလုံးကန္ခ်က္မွာ ရသြားတာပါ။ အရမ္းကို ကံဆိုးပါတယ္။
ေမး- ေအာ္ဒီဂြါဒ္နဲ႔ပတ္သက္ၿပီးေတာ့ေရာ။
ေျဖ-ကြၽန္ေတာ္တို႔ အဲဒါကို ေဆြးေႏြးခဲ့တယ္။ ကြၽန္ေတာ္တို႔ တိုက္စစ္ကစားသမားေတြစြမ္းေဆာင္ႏိုင္တဲ့ အဆင့္အတန္းကို ေရာက္တာ ျမင္ေတြ႕ရဖို႔ အရမ္းခက္ခဲပါတယ္။ အဲဒါက ေျခစြမ္းအေျခအေနနဲ႔ အေရးႀကီးတဲ့ ေနရာေတြမွာ အရာအားလုံးကို ပိုေကာင္းေအာင္ လုပ္ႏိုင္လားဆိုတာနဲ႔ ဆိုင္ပါတယ္။
ေမး- ပြဲစဥ္ေတြ တိုးလာတာရယ္၊ ခရစၥမတ္အႀကိဳပြဲစဥ္အေပၚမွာေရာ။
ေျဖ- ကြၽန္ေတာ္တို႔ ကစားသမားေတြ ပိုၿပီးလိုအပ္ပါလိမ့္မယ္။ ကစားသမားေတြက အင္အားအတိုင္းအတာရွိပါတယ္။ ဘက္ထရီက အၾကာႀကီး ခံတယ္ဆိုၿပီး သုံးရင္ ေလာင္သြားလိမ့္မယ္။ ကြၽန္ေတာ္တို႔ အသားက်ေအာင္ လုပ္ရပါမယ္။
ေမး- ပြဲအေရအတြက္မ်ားလာတာက ေဘာလုံးအရည္အေသြးပိုင္းမွာ အက်ိဳးသက္ေရာက္မႈေတြ ရွိလာႏိုင္လား။
ေျဖ- အႏၲရာယ္အနည္းငယ္ေတာ့ ရွိပါတယ္။ ကြၽန္ေတာ္တို႔ အဲဒီလို မလုပ္ဖို႔ ႀကိဳးစားရမွာ သိသာပါတယ္။ ကြၽန္ေတာ္တို႔ လူစာရင္းထဲမွာ ရွိတဲ့ လူေတြက ဘယ္လိုလူမ်ိဳးေတြလဲဆိုတဲ့အေပၚမွာ မူတည္မယ္လို႔ ထင္ပါတယ္။ ကြၽန္ေတာ္တို႔ အရည္အတြက္ထက္ အရည္အေသြးပိုင္းကို ပိုၿပီးေတာ့ အမ်ားႀကီး အာ႐ုံစိုက္ရမယ္လို႔ ထင္ပါတယ္။
ေမး- ဟာဗတ္ဇ္ကို တိုက္စစ္မွာ ကစားခိုင္းမွာလား။
ေျဖ- ကြၽန္ေတာ္တို႔မွာ မတူညီတဲ့ ပ႐ိုဖိုင္ေတြရွိပါတယ္။ ကိုင္က အဲဒီေနရာမွာ တကယ္ေကာင္းမြန္ခဲ့ပါတယ္။
ေမး-ပါေတးရဲ႕ ဒဏ္ရာက ဂါနာအတြက္ ကစားေပးတာေၾကာင့္ ရခဲ့တာလား။
ေျဖ-ကြၽန္ေတာ္ေတာ့ အဲဒီလို မထင္ပါဘူး။ သူ အခ်ိန္ကာလတစ္ခုအထိ မကစားႏိုင္ခဲ့ရာကေန ျပန္လာတာျဖစ္ၿပီး သူ အခ်ိန္လိုပါတယ္။ သူ လက္ေ႐ြးစင္အသင္းနဲ႔ ကစားခဲ့တယ္။ ကြၽန္ေတာ္တို႔ သူတို႔(ဂါနာလက္ေ႐ြးစင္အသင္း)နဲ႔ အဆက္အသြယ္မျပတ္ရွိေနဖို႔ ႀကိဳးစားပါတယ္။ ၿပီးေတာ့ ကြၽန္ေတာ္တို႔ ခ်ဲလ္ဆီး၊ ဆီးဗီး ၂ ပြဲက အရမ္းကပ္ေနတယ္။ ကြၽန္ေတာ္တို႔ ခ်ဲလ္ဆီးနဲ႔ပြဲမွာ သူ႔ကို မသုံးဖို႔ ဆုံးျဖတ္ခဲ့ၿပီး ဆီဗီလာနဲ႔ပြဲမွာ သူ႔ကို ကစားေစခဲ့တယ္။ ၿပီးေတာ့ ေလ့က်င့္ေရးမွာ ဒဏ္ရာရသြားတာပဲ။ အဲဒီေတာ့ တစ္ခါတေလ အဲဒါက ခက္ခဲပါတယ္။ ကြၽန္ေတာ္တို႔ ဒဏ္ရာမရေအာင္ ကာကြယ္ဖို႔ ႀကိဳးစားပါတယ္။ သူ ခ်ဲလ္ဆီး သို႔မဟုတ္ စီးတီးနဲ႔ပြဲမွာ ဒဏ္ရာရခဲ့တယ္ဆိုရင္ ခင္ဗ်ားက ကြၽန္ေတာ္တို႔ သူ႔ကို အလ်င္စလို သုံးခဲ့တယ္လို႔ ေျပာပါလိမ့္မယ္။ အဲဒီတုန္းက ကြၽန္ေတာ္တို႔ မသုံးခဲ့ေပမယ့္ သူ ဒဏ္ရာရခဲ့တယ္။ အဲဒီလိုပဲ ျဖစ္သြားတာပါ။ ဒါက ေဘာလုံးပဲ။
ေမး- ေဂ်းဇုရဲ႕ ဒဏ္ရာကေရာ။
ေျဖ- ဓာတ္မွန္ေတြအရေတာ့ ႂကြက္သားဒဏ္ရာပဲ။ ကြၽန္ေတာ္တို႔ သူ႔ကို ေနာက္ထပ္တစ္ႀကိမ္ ရက္သတၱပတ္အနည္းငယ္ လက္လႊတ္ရမွာပါ။
ေမး- ေဂ်းဇု ဘယ္အခ်ိန္ေလာက္ ျပန္ကစားႏိုင္မလဲ။
ေျဖ-ဂါဘီနဲ႔ပတ္သက္ၿပီး ခင္ဗ်ားကို ဘယ္အခ်ိန္ဆိုတာ မေျပာႏိုင္ဘူး။ ဘာလို႔လဲဆိုေတာ့ သူက အၿမဲတမ္း ကြၽန္ေတာ္တို႔ကို စပ႐ိုက္လုပ္တယ္။ သူ ႂကြက္သားမွာ တစ္စုံတခုကို ခံစားခဲ့ရတယ္။ အဲဒါက တကယ္ကို ကသိကေအာင့္ျဖစ္စရာ လုပ္ေဆာင္မႈျဖစ္ခဲ့ပါတယ္။ သူ လက္ေ႐ြးစင္နဲ႔ ကစားခဲ့တဲ့ ပြဲစဥ္ေတြမွာ ေတာ္ေတာ္ေလး ဝန္ပိခဲ့တယ္ဆိုတာ အမွန္ပါပဲ။ ကြၽန္ေတာ္တို႔နဲ႔ေတာ့ သူ မကစားေပးတာ ေတာ္ေတာ္ေလး ၾကာခဲ့ပါၿပီ။ ဒါက ကြၽန္ေတာ္တို႔အတြက္ တကယ့္သတင္းဆိုးပါပဲ။
Arsenal Myanmar
Ref: Internet
- Posted In:
- Exclusive Interview
- Team News