ဂျာမန်တွေ နာမည်မပျက်စေဖို့ ကင်းကိုင်ကို အကြံကောင်းပေးလိုက်တဲ့ ဘားလက်ခ် 1024 504 coyg

ဂျာမန်တွေ နာမည်မပျက်စေဖို့ ကင်းကိုင်ကို အကြံကောင်းပေးလိုက်တဲ့ ဘားလက်ခ်

အာဆင်နယ်ဟာ ယခုနွေရာသီမှာ ချဲလ်ဆီးကနေ ကိုင် ဟာဗတ်ဇ်ကို ပေါင် ၆၅ သန်းနဲ့ ခေါ်ယူခဲ့ပေမယ့်လည်း ဂျာမနီကြယ်ပွင့်ဟာ အမ်းမရိတ်စ်မှာ ခြေစွမ်းပြသနိုင်ဖို့ ရုန်းကန်နေရတာ ဖြစ်ပါတယ်။

ဂျာမနီနဲ့ ချဲလ်ဆီးဂန္တဝင် မိုက်ကယ် ဘားလက်ခ်က အာဆင်နယ်ကြယ်ပွင့် ကိုင် ဟာဗတ်ဇ်အတွက် အဖိုးတန်အကြံဉာဏ်အချို့ မျှဝေပေးခဲ့ပြီး နည်းပြ အာတီတာလက်အောက်မှာ အောင်မြင်မှု ရရှိလိမ့်မယ်လို့ မျှော်လင့်နေတာဖြစ်ပါတယ်။

ကိုင် ဟာဗတ်ဇ်ရဲ့ အကောင်းဆုံးပုံစံဟာ ဂျာမနီမှာ လေဗာကူဆင်အတွက် ကစားပေးခဲ့တဲ့အချိန်တုန်းက ဖြစ်ပြီး ၂၀၂၀ ခုနှစ်မှာ ချဲလ်ဆီးကို ပြောင်းရွှေ့ပြီးကတည်းက အကောင်းဆုံးပုံစံ ပြန်ရဖို့ ရုန်းကန်ခဲ့ရတာဖြစ်ပါတယ်။ ဂျာမနီလက်ရွေးစင်ကွင်းလယ်ကစားသမားဟာ စတမ်းဖို့ဒ် ဘရစ်ချ်ကို မပြောင်းရွှေ့မီ ဘွန်ဒက်စ်လီဂါမှာ နောက်ဆုံးကစားခဲ့တဲ့ ၂ ရာသီအတွင်း သွင်းဂိုး ၁၇ ဂိုးနဲ့ ဂိုးဖန်တီးမှု ၁၂ ကြိမ်အထိ ပြုလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ချဲလ်ဆီးကို ပြောင်းရွှေ့ခဲ့ပြီးနောက် ယခုနွေရာသီမှာ အမ်းမရိတ်စ်ကို မထွက်ခွာခင် လိဂ်သွင်းဂိုး ၈ ဂိုးကျော်အောင် သွင်းယူနိုင်ဖို့ ရုန်းကန်ခဲ့ရပြီး လက်ရှိအချိန်အထိ အာဆင်နယ်နည်းပြ အာတီတာက ဂျာမန်ကြယ်ပွင့်ကို ပင်နယ်တီဧရိယာထဲ ချိန်သားကိုက် ပြေးဝင်နိုင်မယ့် ကွင်းလယ်နေရာမှာ အသုံးပြုနေတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ကိုင် ဟာဗတ်ဇ်ဟာ နောက်ဆုံး ၃ နှစ်စလုံးကို ချဲလ်ဆီးမှာ တိုက်စစ်မှူးအဖြစ် ကစားပေးခဲ့ပြီးနောက် အဲဒီအခန်းကဏ္ဍမှာ အသားကျအောင် ကစားဖို့ အချိန်ယူရမယ့်ပုံပေါ်ပါတယ်။ ဂျာမနီလက်ရွေးစင်ကွင်းလယ်ကြယ်ပွင့်ဟောင်း မိုက်ကယ် ဘားလက်ခ်က အသင်းသစ်နဲ့ ခက်ခက်ခဲခဲ စတင်နေရတဲ့ ကိုင်ဟာဗတ်ဇ်အနေနဲ့ အမ်းမရိတ်စ်မှာ ထိပ်တန်းခြေစွမ်း ပြန်လည်ရရှိလိမ့်မယ်လို့ ထောက်ခံပြောဆိုခဲ့တာဖြစ်ပါတယ်။

“ကိုင် ဟာဗတ်ဇ်မှာ ထူးချွန်တဲ့ အရည်အချင်းတွေရှိပါတယ်။ ဒါပေမယ့် ပြောခဲ့ပြီးတဲ့အတိုင်းပဲ သူက ကျွန်တော့်အတွက်တော့ နည်းနည်း တိတ်ဆိတ်ငြိမ်သက်နေပုံပေါ်ပါတယ်။ ခင်ဗျား ခက်ခဲတဲ့အခြေအနေတွေမှာ ကိုယ့်ကိုကိုယ် အခိုင်အမာရပ်တည်နိုင်ဖို့၊ အထူးသဖြင့် ပြည်ပမှာ ရပ်တည်နိုင်ဖို့က ကြံ့ခိုင်မှုနဲ့ စိတ်ဓာတ်ခိုင်မာဖို့ လိုအပ်တယ်။ သူ အဲဒါတွေကို လုပ်နိုင်မယ်လို့ မျှော်လင့်ပါတယ်။ ကျွန်တော့်အမြင်မှာတော့ အသင်းကနေ ထွက်ခွာဖို့က စောလွန်းပါသေးတယ်။ သူ ဖြစ်နိုင်သမျှ နည်းလမ်းအားလုံးနဲ့ အာဆင်နယ်မှာ ကိုယ့်ဘာသာ ရပ်တည်နိုင်အောင် လုပ်သင့်ပါတယ်။”လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

Arsenal Myanmar

Ref: Internet

ZAWGYI: အာဆင္နယ္ဟာ ယခုေႏြရာသီမွာ ခ်ဲလ္ဆီးကေန ကိုင္ ဟာဗတ္ဇ္ကို ေပါင္ ၆၅ သန္းနဲ႔ ေခၚယူခဲ့ေပမယ့္လည္း ဂ်ာမနီၾကယ္ပြင့္ဟာ အမ္းမရိတ္စ္မွာ ေျခစြမ္းျပသႏိုင္ဖို႔ ႐ုန္းကန္ေနရတာ ျဖစ္ပါတယ္။

ဂ်ာမနီနဲ႔ ခ်ဲလ္ဆီးဂႏၲဝင္ မိုက္ကယ္ ဘားလက္ခ္က အာဆင္နယ္ၾကယ္ပြင့္ ကိုင္ ဟာဗတ္ဇ္အတြက္ အဖိုးတန္အႀကံဉာဏ္အခ်ိဳ႕ မွ်ေဝေပးခဲ့ၿပီး နည္းျပ အာတီတာလက္ေအာက္မွာ ေအာင္ျမင္မႈ ရရွိလိမ့္မယ္လို႔ ေမွ်ာ္လင့္ေနတာျဖစ္ပါတယ္။

ကိုင္ ဟာဗတ္ဇ္ရဲ႕ အေကာင္းဆုံးပုံစံဟာ ဂ်ာမနီမွာ ေလဗာကူဆင္အတြက္ ကစားေပးခဲ့တဲ့အခ်ိန္တုန္းက ျဖစ္ၿပီး ၂၀၂၀ ခုႏွစ္မွာ ခ်ဲလ္ဆီးကို ေျပာင္းေ႐ႊ႕ၿပီးကတည္းက အေကာင္းဆုံးပုံစံ ျပန္ရဖို႔ ႐ုန္းကန္ခဲ့ရတာျဖစ္ပါတယ္။ ဂ်ာမနီလက္ေ႐ြးစင္ကြင္းလယ္ကစားသမားဟာ စတမ္းဖို႔ဒ္ ဘရစ္ခ်္ကို မေျပာင္းေ႐ႊ႕မီ ဘြန္ဒက္စ္လီဂါမွာ ေနာက္ဆုံးကစားခဲ့တဲ့ ၂ ရာသီအတြင္း သြင္းဂိုး ၁၇ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၁၂ ႀကိမ္အထိ ျပဳလုပ္ႏိုင္ခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ခ်ဲလ္ဆီးကို ေျပာင္းေ႐ႊ႕ခဲ့ၿပီးေနာက္ ယခုေႏြရာသီမွာ အမ္းမရိတ္စ္ကို မထြက္ခြာခင္ လိဂ္သြင္းဂိုး ၈ ဂိုးေက်ာ္ေအာင္ သြင္းယူႏိုင္ဖို႔ ႐ုန္းကန္ခဲ့ရၿပီး လက္ရွိအခ်ိန္အထိ အာဆင္နယ္နည္းျပ အာတီတာက ဂ်ာမန္ၾကယ္ပြင့္ကို ပင္နယ္တီဧရိယာထဲ ခ်ိန္သားကိုက္ ေျပးဝင္ႏိုင္မယ့္ ကြင္းလယ္ေနရာမွာ အသုံးျပဳေနတာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ကိုင္ ဟာဗတ္ဇ္ဟာ ေနာက္ဆုံး ၃ ႏွစ္စလုံးကို ခ်ဲလ္ဆီးမွာ တိုက္စစ္မႉးအျဖစ္ ကစားေပးခဲ့ၿပီးေနာက္ အဲဒီအခန္းက႑မွာ အသားက်ေအာင္ ကစားဖို႔ အခ်ိန္ယူရမယ့္ပုံေပၚပါတယ္။ ဂ်ာမနီလက္ေ႐ြးစင္ကြင္းလယ္ၾကယ္ပြင့္ေဟာင္း မိုက္ကယ္ ဘားလက္ခ္က အသင္းသစ္နဲ႔ ခက္ခက္ခဲခဲ စတင္ေနရတဲ့ ကိုင္ဟာဗတ္ဇ္အေနနဲ႔ အမ္းမရိတ္စ္မွာ ထိပ္တန္းေျခစြမ္း ျပန္လည္ရရွိလိမ့္မယ္လို႔ ေထာက္ခံေျပာဆိုခဲ့တာျဖစ္ပါတယ္။

“ကိုင္ ဟာဗတ္ဇ္မွာ ထူးခြၽန္တဲ့ အရည္အခ်င္းေတြရွိပါတယ္။ ဒါေပမယ့္ ေျပာခဲ့ၿပီးတဲ့အတိုင္းပဲ သူက ကြၽန္ေတာ့္အတြက္ေတာ့ နည္းနည္း တိတ္ဆိတ္ၿငိမ္သက္ေနပုံေပၚပါတယ္။ ခင္ဗ်ား ခက္ခဲတဲ့အေျခအေနေတြမွာ ကိုယ့္ကိုကိုယ္ အခိုင္အမာရပ္တည္ႏိုင္ဖို႔၊ အထူးသျဖင့္ ျပည္ပမွာ ရပ္တည္ႏိုင္ဖို႔က ႀကံ့ခိုင္မႈနဲ႔ စိတ္ဓာတ္ခိုင္မာဖို႔ လိုအပ္တယ္။ သူ အဲဒါေတြကို လုပ္ႏိုင္မယ္လို႔ ေမွ်ာ္လင့္ပါတယ္။ ကြၽန္ေတာ့္အျမင္မွာေတာ့ အသင္းကေန ထြက္ခြာဖို႔က ေစာလြန္းပါေသးတယ္။ သူ ျဖစ္ႏိုင္သမွ် နည္းလမ္းအားလုံးနဲ႔ အာဆင္နယ္မွာ ကိုယ့္ဘာသာ ရပ္တည္ႏိုင္ေအာင္ လုပ္သင့္ပါတယ္။”လို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။

Arsenal Myanmar

Ref: Internet