ဂန်းနားတွေရဲ့ ဇန်နဝါရီပစ်မှတ် ချန်ပီယံလိဂ်လူငယ်ကြယ်ပွင့်ကြောင့် အံ့ဩခဲ့ရတဲ့ အွန်နရီ
သီယာရီ အွန်နရီဟာ ယခုနှစ်အစောပိုင်းမှာ အာဆင်နယ်က ခေါ်ယူချင်ခဲ့တဲ့ ပီအက်စ်ဂျီလူငယ်ကြယ်ပွင့် ဝါရန် ဇဲ-အမ်မရီကြောင့် အံ့အားသင့်တုန်လှုပ်ခဲ့ရပါတယ်။
အသက် ၁၇ နှစ်အရွယ် ကွင်းလယ်ကစားသမားဟာ ဗုဒ္ဓဟူးနေ့က အေစီမီလန်ကို ၃-၀ နဲ့ အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ တော်တော်လေးအထင်ကြီးစရာကောင်းခဲ့ပြီး ဂိုးဖန်တီးမှု ၂ ကြိမ် ပြုလုပ်နိုင်ခဲ့တာကြောင့် ကွင်းထဲမှာ အကောင်းဆုံးကစားသမားဖြစ်ခဲ့တာဖြစ်ပါတယ်။
အာဆင်နယ်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ ဇဲ-အမ်မရီကို ခေါ်ယူဖို့ စိတ်ဝင်စားခဲ့တာဖြစ်ပေမယ့်လည်း ပြင်သစ်လူငယ်ကြယ်ပွင့်ကို ခေါ်ယူနိုင်ခြင်း မရှိခဲ့တာ ဖြစ်ပါတယ်။ လက်ရှိ ပြင်သစ်ယူ-၂၁ အသင်းရဲ့ နည်းပြအဖြစ် တာဝန်ယူကိုင်တွယ်နေတဲ့ ဂန်းနားဂန္တဝင် သီယာရီ အွန်နရီက ဇဲ-အမ်မရီကို ကောင်းကောင်းသိနေပြီး ယခုရာသီ ချန်ပီယံလိဂ်က စွမ်းဆောင်ရည်ကို ချီးကျူးပြောဆိုခဲ့တာဖြစ်ပါတယ်။
အာဆင်နယ်ဂန္တဝင်တိုက်စစ်မှူးက ပီအက်စ်ဂျီကြယ်ပွင့်ဟာ ဘောလုံးမှာ ရရှိနိုင်တဲ့အောင်မြင်မှုက အကန့်အသတ်မရှိဘူးလို့ ပြောကြားခဲ့တာဖြစ်ပါတယ်။
“ဝါရန် ဇဲ-အမ်မရီ ကစားနေတဲ့ပုံစံက အသက် ၁၇ နှစ်အရွယ်ကစားသမားအတွက်တောင်မှ ဒီလိုအဆင့်အတန်းမှာ ကစားနေရတာက သာမန်ပါပဲဆိုတဲ့ပုံစံမျိုး။ သူက စိန့်ဂျိမ်းစ်ပါ့ခ်မှာ အစွမ်းပြနိုင်ခဲ့တဲ့ တစ်ဦးတည်းသော ကစားသမားဖြစ်ခဲ့ပါတယ်။ သူက အခုအချိန်မှာ အံ့မခန်းဖြစ်နေပါတယ်။ ကောင်းကင်ကြီးက အကန့်အသတ်ရှိတယ်။ ကျွန်တော် ဘယ်တုန်းကမှ ငယ်ငယ်ရွယ်ရွယ်နဲ့ ဒီလောက်ရင့်ကျက်နေတဲ့ ကစားသမားမျိုး မမြင်ခဲ့ဖူးပါဘူး။ ဒီကောင်လေးက အကန့်အသတ်မရှိပါဘူး။ ကျွန်တော့်အတွက်ပေါ့။”လို့ ပြောကြားခဲ့ပါတယ်။
ဇဲ-အမ်မရီဟာ ပီအက်စ်ဂျီ စီနီယာအသင်းထဲမှာ ပါဝင်ကစားခွင့်ရရှိခဲ့ပြီးနောက် ပြီးခဲ့တဲ့ ရာသီမှာ လီဂူးဝမ်း ၂၆ ပွဲပါဝင်ကစားပေးခဲ့ပြီး ဂန်းနားတွေက ရာသီအလယ်လောက်မှာ ခေါ်ယူနိုင်မယ်လို့ မျှော်လင့်ခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့်လည်း သဘောတူညီမှုမရှိခဲ့ဘဲ ပီအက်စ်ဂျီက ပြင်သစ်လူငယ်ကြယ်ပွင့်ကို ၂၀၂၄-၂၀၂၅ ရာသီကုန်ထိ စာချုပ်သစ် ချုပ်ဆိုနိုင်ခဲ့တာဖြစ်ပြီး ဇဲ-အမ်မရီဟာ ယခုရာသီ ၁၁ ပွဲမှာ ဂိုးဖန်တီးမှု ၅ ကြိမ်အထိ ပြုလုပ်ထားပြီး ကမ္ဘာ့အကောင်းဆုံးကစားသမားတွေထဲက တစ်ဦး ဖြစ်လာနိုင်တဲ့ အလားအလာရှိတဲ့သူဆိုတာကို ပြသထားပြီးဖြစ်ပါတယ်။
Arsenal Myanmar
Ref: Internet
ZAWGYI: သီယာရီ အြန္နရီဟာ ယခုႏွစ္အေစာပိုင္းမွာ အာဆင္နယ္က ေခၚယူခ်င္ခဲ့တဲ့ ပီအက္စ္ဂ်ီလူငယ္ၾကယ္ပြင့္ ဝါရန္ ဇဲ-အမ္မရီေၾကာင့္ အံ့အားသင့္တုန္လႈပ္ခဲ့ရပါတယ္။
အသက္ ၁၇ ႏွစ္အ႐ြယ္ ကြင္းလယ္ကစားသမားဟာ ဗုဒၶဟူးေန႔က ေအစီမီလန္ကို ၃-၀ နဲ႔ အႏိုင္ရခဲ့တဲ့ ခ်န္ပီယံလိဂ္ပြဲစဥ္မွာ ေတာ္ေတာ္ေလးအထင္ႀကီးစရာေကာင္းခဲ့ၿပီး ဂိုးဖန္တီးမႈ ၂ ႀကိမ္ ျပဳလုပ္ႏိုင္ခဲ့တာေၾကာင့္ ကြင္းထဲမွာ အေကာင္းဆုံးကစားသမားျဖစ္ခဲ့တာျဖစ္ပါတယ္။
အာဆင္နယ္ဟာ ၿပီးခဲ့တဲ့ ဇန္နဝါရီအေျပာင္းအေ႐ႊ႕ကာလမွာ ဇဲ-အမ္မရီကို ေခၚယူဖို႔ စိတ္ဝင္စားခဲ့တာျဖစ္ေပမယ့္လည္း ျပင္သစ္လူငယ္ၾကယ္ပြင့္ကို ေခၚယူႏိုင္ျခင္း မရွိခဲ့တာ ျဖစ္ပါတယ္။ လက္ရွိ ျပင္သစ္ယူ-၂၁ အသင္းရဲ႕ နည္းျပအျဖစ္ တာဝန္ယူကိုင္တြယ္ေနတဲ့ ဂန္းနားဂႏၲဝင္ သီယာရီ အြန္နရီက ဇဲ-အမ္မရီကို ေကာင္းေကာင္းသိေနၿပီး ယခုရာသီ ခ်န္ပီယံလိဂ္က စြမ္းေဆာင္ရည္ကို ခ်ီးက်ဴးေျပာဆိုခဲ့တာျဖစ္ပါတယ္။
အာဆင္နယ္ဂႏၲဝင္တိုက္စစ္မႉးက ပီအက္စ္ဂ်ီၾကယ္ပြင့္ဟာ ေဘာလုံးမွာ ရရွိႏိုင္တဲ့ေအာင္ျမင္မႈက အကန႔္အသတ္မရွိဘူးလို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။
“ဝါရန္ ဇဲ-အမ္မရီ ကစားေနတဲ့ပုံစံက အသက္ ၁၇ ႏွစ္အ႐ြယ္ကစားသမားအတြက္ေတာင္မွ ဒီလိုအဆင့္အတန္းမွာ ကစားေနရတာက သာမန္ပါပဲဆိုတဲ့ပုံစံမ်ိဳး။ သူက စိန႔္ဂ်ိမ္းစ္ပါ့ခ္မွာ အစြမ္းျပႏိုင္ခဲ့တဲ့ တစ္ဦးတည္းေသာ ကစားသမားျဖစ္ခဲ့ပါတယ္။ သူက အခုအခ်ိန္မွာ အံ့မခန္းျဖစ္ေနပါတယ္။ ေကာင္းကင္ႀကီးက အကန႔္အသတ္ရွိတယ္။ ကြၽန္ေတာ္ ဘယ္တုန္းကမွ ငယ္ငယ္႐ြယ္႐ြယ္နဲ႔ ဒီေလာက္ရင့္က်က္ေနတဲ့ ကစားသမားမ်ိဳး မျမင္ခဲ့ဖူးပါဘူး။ ဒီေကာင္ေလးက အကန႔္အသတ္မရွိပါဘူး။ ကြၽန္ေတာ့္အတြက္ေပါ့။”လို႔ ေျပာၾကားခဲ့ပါတယ္။
ဇဲ-အမ္မရီဟာ ပီအက္စ္ဂ်ီ စီနီယာအသင္းထဲမွာ ပါဝင္ကစားခြင့္ရရွိခဲ့ၿပီးေနာက္ ၿပီးခဲ့တဲ့ ရာသီမွာ လီဂူးဝမ္း ၂၆ ပြဲပါဝင္ကစားေပးခဲ့ၿပီး ဂန္းနားေတြက ရာသီအလယ္ေလာက္မွာ ေခၚယူႏိုင္မယ္လို႔ ေမွ်ာ္လင့္ခဲ့တာျဖစ္ပါတယ္။
ဒါေပမယ့္လည္း သေဘာတူညီမႈမရွိခဲ့ဘဲ ပီအက္စ္ဂ်ီက ျပင္သစ္လူငယ္ၾကယ္ပြင့္ကို ၂၀၂၄-၂၀၂၅ ရာသီကုန္ထိ စာခ်ဳပ္သစ္ ခ်ဳပ္ဆိုႏိုင္ခဲ့တာျဖစ္ၿပီး ဇဲ-အမ္မရီဟာ ယခုရာသီ ၁၁ ပြဲမွာ ဂိုးဖန္တီးမႈ ၅ ႀကိမ္အထိ ျပဳလုပ္ထားၿပီး ကမာၻ႔အေကာင္းဆုံးကစားသမားေတြထဲက တစ္ဦး ျဖစ္လာႏိုင္တဲ့ အလားအလာရွိတဲ့သူဆိုတာကို ျပသထားၿပီးျဖစ္ပါတယ္။
Arsenal Myanmar
Ref: Internet
- Posted In:
- Legends' Talk
- Team News