ဂန်းနားကြယ်ပွင့်ထက် ချဲလ်ဆီးမှာ ခြေမပေါ်တဲ့ မာဒရစ်ခ်က ပိုကောင်းတယ်ဆိုတဲ့ ဂျိုးကိုး 1024 504 coyg

ဂန်းနားကြယ်ပွင့်ထက် ချဲလ်ဆီးမှာ ခြေမပေါ်တဲ့ မာဒရစ်ခ်က ပိုကောင်းတယ်ဆိုတဲ့ ဂျိုးကိုး

ချဲလ်ဆီးကြယ်ပွင့်ဟောင်း ဂျိုးကိုးက စတမ်းဖို့ဒ် ဘရစ်ချ်မှာ ခြေစွမ်းမပြသနိုင်တဲ့ မိုင်ခေလို မာဒရစ်ခ်က အာဆင်နယ်က ခေါ်ယူခဲ့တဲ့ လီအန်ဒရို ထရော့ဆာ့ဒ်ထက် ပိုမိုကောင်းမွန်တဲ့ ဝယ်ယူမှုဖြစ်နိုင်သေးတယ်လို့ ယုံကြည်နေပါတယ်။

မာဒရစ်ခ်ဟာ စတမ်းဖို့ဒ်ဘရစ်ချ်မှာ ပထမဆုံး ရာသီအပြည့်ကို ခက်ခက်ခဲခဲ ဖြတ်သန်းနေရတာဖြစ်ပြီး ပရီးမီးယားလိဂ် ၂၅ ပွဲမှာ ၄ ဂိုးသာ သွင်းယူထားနိုင်သေးတာ ဖြစ်ပါတယ်။ ချဲလ်ဆီးရော အာဆင်နယ်ပါ မာဒရစ်ခ်ကို ရှက်တာဒိုးနတ်ကနေ ခေါ်ယူဖို့ ကြိုးစားခဲ့ပေမယ့်လည်း ယူကရိန်းတောင်ပံကစားသမားကို တော့ဒ်ဘိုလီရဲ့အသင်းက ငွေပုံပေးပြီး ကြားဖြတ် ခေါ်ယူသွားခဲ့တာဖြစ်ပါတယ်။

မာဒရစ်ခ်ကို မရခဲ့တဲ့နောက် အာဆင်နယ်က ထရော့ဆာ့ဒ်ဘက်ကို အာရုံပြောင်းခဲ့ပြီး ဘရိုက်တန်ကနေ ဘယ်လ်ဂျီယမ်ကြယ်ပွင့်ကို ပေါင် ၂၇ သန်းနဲ့ ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။

အသက် ၂၉ နှစ်အရွယ်ကစားသမားဟာ ပြီးခဲ့တဲ့ရာသီမှာ ဂန်းနားတွေအတွက် ၂၂ ပွဲမှာ ၁ ဂိုးသာ သွင်းယူပေးနိုင်ခဲ့ပေမယ့်လည်း ဒီရာသီမှာတော့ ဘိုင်ယန်မြူးနစ်နဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်က ချေပဂိုး၊ ဝုဗ်ကို အနိုင်ရခဲ့တဲ့ စနေနေ့က အရေးကြီးတဲ့နိုင်ပွဲက အဖွင့်ဂိုးတွေ အပါအဝင် အရေးကြီးတဲ့ဂိုးအချို့ကို သွင်းယူပေးနိုင်ခဲ့တာဖြစ်ပါတယ်။

ချဲလ်ဆီးကွင်းလယ်ကစားသမားဟောင်း ဂျိုးကိုးက ထရော့ဆာ့ဒ်က အာတီတာရဲ့အသင်းအတွက် အရမ်းကောင်းတဲ့ အလုပ်ကို အလုပ်နိုင်ခဲ့တယ်လို့ ပြောဆိုခဲ့ပေမယ့်လည်း ရုန်းကန်နေရတဲ့ မာဒရစ်ခ်က ဂန်းနားကြယ်ပွင့်ကို ကျော်တက်နိုင်သေးတယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။

“ဘာကြောင့် အာဆင်နယ်ပရိသတ်တွေက သူတို့ ခေါ်ယူမှုက ပိုပြီးကောင်းမွန်တဲ့ခေါ်ယူမှုလို့ ထင်နေလဲဆိုတာကို ကျွန်တော် မြင်နိုင်ပါတယ်။ ဒါပေမယ့် အနာဂတ်မှာတော့ အဲဒီလိုဖြစ်တော့မှာမဟုတ်ပါဘူး။ ထရော့ဆာ့ဒ်က အရမ်းကောင်းတဲ့အလုပ်ကို လုပ်နိုင်ခဲ့တယ်။ သူလုပ်နေတာတွေကို လုပ်ဖို့အတွက်ပဲ ခေါ်ယူခဲ့တာပါ။ ဒါပေမယ့် မာဒရစ်ခ်က ပိုပြီးကောင်းမွန်တဲ့ ဝယ်ယူမှုဖြစ်လာနိုင်သေးတယ်။ မိုင်ခေလို လေ့လာသင်ယူတာ၊ တိုးတက်တာ၊ ပိုပြီးကောင်းမွန်လာတာက ဘယ်လောက်အထိ ဖြစ်လာမလဲဆိုတဲ့အပေါ်မှာ အများကြီး မူတည်ပါလိမ့်မယ်။ သူက တောက်ပတဲ့ခြေစွမ်းတွေကို လှစ်ခနဲ ပြသခဲ့တယ်။ ယူကရိန်းလိဂ်ကနေ ပရီးမီးယားလိဂ်လို တောင်းဆိုမှု မြင့်မားတဲ့လိဂ်ကို ကြီးမားတဲ့ ခုန်ပျံကျော်လွှားမှု လုပ်ခဲ့ရတာပါ။ ချဲလ်ဆီးအတွက် ကစားပေးဖို့က တည်ငြိမ်မှုရအောင် လုပ်ဖို့ အချိန်မရှိဘူး”လို့ ပြောဆိုခဲ့ပါတယ်။

Arsenal Myanmar

Ref: Internet

ZAWGYI:
ခ်ဲလ္ဆီးၾကယ္ပြင့္ေဟာင္း ဂ်ိဳးကိုးက စတမ္းဖို႔ဒ္ ဘရစ္ခ်္မွာ ေျခစြမ္းမျပသႏိုင္တဲ့ မိုင္ေခလို မာဒရစ္ခ္က အာဆင္နယ္က ေခၚယူခဲ့တဲ့ လီအန္ဒ႐ို ထေရာ့ဆာ့ဒ္ထက္ ပိုမိုေကာင္းမြန္တဲ့ ဝယ္ယူမႈျဖစ္ႏိုင္ေသးတယ္လို႔ ယုံၾကည္ေနပါတယ္။

မာဒရစ္ခ္ဟာ စတမ္းဖို႔ဒ္ဘရစ္ခ်္မွာ ပထမဆုံး ရာသီအျပည့္ကို ခက္ခက္ခဲခဲ ျဖတ္သန္းေနရတာျဖစ္ၿပီး ပရီးမီးယားလိဂ္ ၂၅ ပြဲမွာ ၄ ဂိုးသာ သြင္းယူထားႏိုင္ေသးတာ ျဖစ္ပါတယ္။ ခ်ဲလ္ဆီးေရာ အာဆင္နယ္ပါ မာဒရစ္ခ္ကို ရွက္တာဒိုးနတ္ကေန ေခၚယူဖို႔ ႀကိဳးစားခဲ့ေပမယ့္လည္း ယူကရိန္းေတာင္ပံကစားသမားကို ေတာ့ဒ္ဘိုလီရဲ႕အသင္းက ေငြပုံေပးၿပီး ၾကားျဖတ္ ေခၚယူသြားခဲ့တာျဖစ္ပါတယ္။

မာဒရစ္ခ္ကို မရခဲ့တဲ့ေနာက္ အာဆင္နယ္က ထေရာ့ဆာ့ဒ္ဘက္ကို အာ႐ုံေျပာင္းခဲ့ၿပီး ဘ႐ိုက္တန္ကေန ဘယ္လ္ဂ်ီယမ္ၾကယ္ပြင့္ကို ေပါင္ ၂၇ သန္းနဲ႔ ေခၚယူခဲ့တာ ျဖစ္ပါတယ္။

အသက္ ၂၉ ႏွစ္အ႐ြယ္ကစားသမားဟာ ၿပီးခဲ့တဲ့ရာသီမွာ ဂန္းနားေတြအတြက္ ၂၂ ပြဲမွာ ၁ ဂိုးသာ သြင္းယူေပးႏိုင္ခဲ့ေပမယ့္လည္း ဒီရာသီမွာေတာ့ ဘိုင္ယန္ျမဴးနစ္နဲ႔ ကစားခဲ့တဲ့ ခ်န္ပီယံလိဂ္ကြာတားဖိုင္နယ္က ေခ်ပဂိုး၊ ဝုဗ္ကို အႏိုင္ရခဲ့တဲ့ စေနေန႔က အေရးႀကီးတဲ့ႏိုင္ပြဲက အဖြင့္ဂိုးေတြ အပါအဝင္ အေရးႀကီးတဲ့ဂိုးအခ်ိဳ႕ကို သြင္းယူေပးႏိုင္ခဲ့တာျဖစ္ပါတယ္။

ခ်ဲလ္ဆီးကြင္းလယ္ကစားသမားေဟာင္း ဂ်ိဳးကိုးက ထေရာ့ဆာ့ဒ္က အာတီတာရဲ႕အသင္းအတြက္ အရမ္းေကာင္းတဲ့ အလုပ္ကို အလုပ္ႏိုင္ခဲ့တယ္လို႔ ေျပာဆိုခဲ့ေပမယ့္လည္း ႐ုန္းကန္ေနရတဲ့ မာဒရစ္ခ္က ဂန္းနားၾကယ္ပြင့္ကို ေက်ာ္တက္ႏိုင္ေသးတယ္လို႔ ယုံၾကည္ေနတာျဖစ္ပါတယ္။

“ဘာေၾကာင့္ အာဆင္နယ္ပရိသတ္ေတြက သူတို႔ ေခၚယူမႈက ပိုၿပီးေကာင္းမြန္တဲ့ေခၚယူမႈလို႔ ထင္ေနလဲဆိုတာကို ကြၽန္ေတာ္ ျမင္ႏိုင္ပါတယ္။ ဒါေပမယ့္ အနာဂတ္မွာေတာ့ အဲဒီလိုျဖစ္ေတာ့မွာမဟုတ္ပါဘူး။ ထေရာ့ဆာ့ဒ္က အရမ္းေကာင္းတဲ့အလုပ္ကို လုပ္ႏိုင္ခဲ့တယ္။ သူလုပ္ေနတာေတြကို လုပ္ဖို႔အတြက္ပဲ ေခၚယူခဲ့တာပါ။ ဒါေပမယ့္ မာဒရစ္ခ္က ပိုၿပီးေကာင္းမြန္တဲ့ ဝယ္ယူမႈျဖစ္လာႏိုင္ေသးတယ္။ မိုင္ေခလို ေလ့လာသင္ယူတာ၊ တိုးတက္တာ၊ ပိုၿပီးေကာင္းမြန္လာတာက ဘယ္ေလာက္အထိ ျဖစ္လာမလဲဆိုတဲ့အေပၚမွာ အမ်ားႀကီး မူတည္ပါလိမ့္မယ္။ သူက ေတာက္ပတဲ့ေျခစြမ္းေတြကို လွစ္ခနဲ ျပသခဲ့တယ္။ ယူကရိန္းလိဂ္ကေန ပရီးမီးယားလိဂ္လို ေတာင္းဆိုမႈ ျမင့္မားတဲ့လိဂ္ကို ႀကီးမားတဲ့ ခုန္ပ်ံေက်ာ္လႊားမႈ လုပ္ခဲ့ရတာပါ။ ခ်ဲလ္ဆီးအတြက္ ကစားေပးဖို႔က တည္ၿငိမ္မႈရေအာင္ လုပ္ဖို႔ အခ်ိန္မရွိဘူး”လို႔ ေျပာဆိုခဲ့ပါတယ္။

Arsenal Myanmar

Ref: Internet