ချဲလ်ဆီးနဲ့ပွဲမတိုင်ခင် မာဒရစ်ခ်ကို သတိပေးစကားပြောလိုက်တဲ့ ဇင်ချန်ကို
အိုလက်ဇန်းဒါး ဇင်ချန်ကိုက ချဲလ်ဆီးနဲ့ ယှဉ်ပြိုင်ကစားရမယ့် လန်ဒန်ဒါဘီပွဲစဉ်မတိုင်ခင် လက်ရွေးစင်အသင်းဖော် မိုင်ခေလို မာဒရစ်ခ်ကို သတိပေးစကား ပြောကြားခဲ့ပါတယ်။
ဇင်ချန်ကိုနဲ့ မာဒရစ်ခ်တို့ ၂ ဦးစလုံးဟာ အင်္ဂါနေ့ညနေက မော်လ်တာကို ၃-၁ နဲ့ အနိုင်ရရှိခဲ့တဲ့ ယူရို ၂၀၂၄ ခြေစစ်ပွဲမှာ ယူကရိန်းအတွက် ပါဝင်ကစားပေးခဲ့ကြသူတွေဖြစ်ပြီး ချဲလ်ဆီးကြယ်ပွင့်က ပွဲပြီးခါနီးမှာ တကိုယ်တော်အစွမ်းနဲ့ ပင်နယ်တီဧရိယာအပြင်ဘက်ကနေ ဂိုးကန်သွင်းယူပေးခဲ့တာဖြစ်ပါတယ်။
ဒီနိုင်ပွဲကြောင့် ယူကရိန်းဟာ လာမယ့် နွေရာသီ ယူရို ၂၀၂၄ ဝင်ခွင့်ရဖို့အတွက် ပိုမို နီးစပ်လာခဲ့ပြီဖြစ်ပြီး အသက် ၂၂ နှစ်အရွယ် ကစားသမားဟာ လက်ရှိမှာတော့ စနေနေ့ အာဆင်နယ်နဲ့ စတမ်းဖို့ဒ် ဘရစ်ချ်မှာ ကစားရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်အတွက် ပွဲထွက်လူစာရင်းထဲမှာ တစ်နေရာရဖို့ကိုပဲ အာရုံစိုက်နေပြီဖြစ်ပါတယ်။
ဇင်ချန်ကိုက ၎င်းရဲ့ ယူကရိန်းလက်ရွေးစင်အသင်းဖော်ကို အာဆင်နယ်က စတမ်းဖို့ဒ် ဘရစ်ချ်ကို လာရောက်ယှဉ်ပြိုင်တဲ့ပွဲစဉ်မှာ မော်လ်တာနဲ့ပွဲက သွင်းဂိုးလိုမျိုး ထပ်မံသွင်းယူခွင့် ပြုသွားမှာမဟုတ်ဘူးလို့ သတိပေးလိုက်တာဖြစ်ပါတယ်။
မော်လ်တာနဲ့ပွဲက မာဒရစ်ခ်ရဲ့ သွင်းဂိုးနဲ့ပတ်သက်ပြီး မေးမြန်းခြင်းခံခဲ့ရချိန်မှာ ဇင်ချန်ကိုက “ကျွန်တော် သူ့ကို ပြောခဲ့တယ်။ စနေနေ့မှာ မင်း အဲဒီလို လုပ်ခဲ့ရင် ဒါမှမဟုတ် လုပ်ဖို့ ကြိုးစားလို့ကတော့ မင်း ယဥတွေ စုတ်ပြတ်သပ်သွားအောင် လုပ်ပစ်မယ်လို့ ပြောခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့အတွက် အရေးကြီးဆုံးအရာက ၃ မှတ်ရယူဖို့ပါ။ ကျွန်တော် သူ့အတွက် အရမ်းပျော်ရွှင်မိပြီး နိုင်ငံအသင်းအတွက် တကယ်ပျော်ရွှင်မိပါတယ်။ မာဒရစ်ခ်ရဲ့ ဂိုးက အရေးပါခဲ့တယ်။ ဘာလို့လဲဆိုတော့ သူက ပွဲကို နည်းနည်း ငြိမ်သက်သွားစေခဲ့လို့ပါ”
“ကျွန်တော်တို့ ၂-၁ နဲ့ ဦးဆောင်နိုင်ခဲ့ပြီးမှ နောက်ဆုံးမိနစ်တွေမှာ ရမှတ်တွေ ဆုံးရှုံးရတာမျိုး ကြုံခဲ့ဖူးပါတယ်။ ကာဇက်စတန်နဲ့ပွဲတုန်းက အဲဒီလိုဖြစ်ခဲ့တာပါ။ အဲဒီတော့ ဒီဂိုးက ကျွန်တော်တို့အတွက် အများကြီး အဓိပ္ပာယ်ရှိပြီး ယုံကြည်မှု ပေးပါတယ်။ ဒါပေမယ့် အခု ကျွန်တော်တို့အားလုံး ကလပ်အသင်းဆီ ပြန်ကြတော့မှာဖြစ်ပြီး စနေနေ့မှာ ကျွန်တော့်အတွက် လန်ဒန်မှာ အရမ်းအရေးကြီးတဲ့ပွဲက စောင့်နေနှင့်ပါပြီ။ အဲဒီတော့ မိုင်ခေလို မင်းကို ငါထပ်ပြောလိုက်မယ်နော်။”လို့ ပြောကြားခဲ့ပါတယ်။
Arsenal Myanmar
Ref: Internet
ZAWGYI: အိုလက္ဇန္းဒါး ဇင္ခ်န္ကိုက ခ်ဲလ္ဆီးနဲ႔ ယွဥ္ၿပိဳင္ကစားရမယ့္ လန္ဒန္ဒါဘီပြဲစဥ္မတိုင္ခင္ လက္ေ႐ြးစင္အသင္းေဖာ္ မိုင္ေခလို မာဒရစ္ခ္ကို သတိေပးစကား ေျပာၾကားခဲ့ပါတယ္။
ဇင္ခ်န္ကိုနဲ႔ မာဒရစ္ခ္တို႔ ၂ ဦးစလုံးဟာ အဂၤါေန႔ညေနက ေမာ္လ္တာကို ၃-၁ နဲ႔ အႏိုင္ရရွိခဲ့တဲ့ ယူ႐ို ၂၀၂၄ ေျခစစ္ပြဲမွာ ယူကရိန္းအတြက္ ပါဝင္ကစားေပးခဲ့ၾကသူေတြျဖစ္ၿပီး ခ်ဲလ္ဆီးၾကယ္ပြင့္က ပြဲၿပီးခါနီးမွာ တကိုယ္ေတာ္အစြမ္းနဲ႔ ပင္နယ္တီဧရိယာအျပင္ဘက္ကေန ဂိုးကန္သြင္းယူေပးခဲ့တာျဖစ္ပါတယ္။
ဒီႏိုင္ပြဲေၾကာင့္ ယူကရိန္းဟာ လာမယ့္ ေႏြရာသီ ယူ႐ို ၂၀၂၄ ဝင္ခြင့္ရဖို႔အတြက္ ပိုမို နီးစပ္လာခဲ့ၿပီျဖစ္ၿပီး အသက္ ၂၂ ႏွစ္အ႐ြယ္ ကစားသမားဟာ လက္ရွိမွာေတာ့ စေနေန႔ အာဆင္နယ္နဲ႔ စတမ္းဖို႔ဒ္ ဘရစ္ခ်္မွာ ကစားရမယ့္ ပရီးမီးယားလိဂ္ပြဲစဥ္အတြက္ ပြဲထြက္လူစာရင္းထဲမွာ တစ္ေနရာရဖို႔ကိုပဲ အာ႐ုံစိုက္ေနၿပီျဖစ္ပါတယ္။
ဇင္ခ်န္ကိုက ၎ရဲ႕ ယူကရိန္းလက္ေ႐ြးစင္အသင္းေဖာ္ကို အာဆင္နယ္က စတမ္းဖို႔ဒ္ ဘရစ္ခ်္ကို လာေရာက္ယွဥ္ၿပိဳင္တဲ့ပြဲစဥ္မွာ ေမာ္လ္တာနဲ႔ပြဲက သြင္းဂိုးလိုမ်ိဳး ထပ္မံသြင္းယူခြင့္ ျပဳသြားမွာမဟုတ္ဘူးလို႔ သတိေပးလိုက္တာျဖစ္ပါတယ္။
ေမာ္လ္တာနဲ႔ပြဲက မာဒရစ္ခ္ရဲ႕ သြင္းဂိုးနဲ႔ပတ္သက္ၿပီး ေမးျမန္းျခင္းခံခဲ့ရခ်ိန္မွာ ဇင္ခ်န္ကိုက “ကြၽန္ေတာ္ သူ႔ကို ေျပာခဲ့တယ္။ စေနေန႔မွာ မင္း အဲဒီလို လုပ္ခဲ့ရင္ ဒါမွမဟုတ္ လုပ္ဖို႔ ႀကိဳးစားလို႔ကေတာ့ မင္း ယဥေတြ စုတ္ျပတ္သပ္သြားေအာင္ လုပ္ပစ္မယ္လို႔ ေျပာခဲ့ပါတယ္။ ဒါေပမယ့္ ကြၽန္ေတာ္တို႔အတြက္ အေရးႀကီးဆုံးအရာက ၃ မွတ္ရယူဖို႔ပါ။ ကြၽန္ေတာ္ သူ႔အတြက္ အရမ္းေပ်ာ္႐ႊင္မိၿပီး ႏိုင္ငံအသင္းအတြက္ တကယ္ေပ်ာ္႐ႊင္မိပါတယ္။ မာဒရစ္ခ္ရဲ႕ ဂိုးက အေရးပါခဲ့တယ္။ ဘာလို႔လဲဆိုေတာ့ သူက ပြဲကို နည္းနည္း ၿငိမ္သက္သြားေစခဲ့လို႔ပါ”
“ကြၽန္ေတာ္တို႔ ၂-၁ နဲ႔ ဦးေဆာင္ႏိုင္ခဲ့ၿပီးမွ ေနာက္ဆုံးမိနစ္ေတြမွာ ရမွတ္ေတြ ဆုံးရႈံးရတာမ်ိဳး ႀကဳံခဲ့ဖူးပါတယ္။ ကာဇက္စတန္နဲ႔ပြဲတုန္းက အဲဒီလိုျဖစ္ခဲ့တာပါ။ အဲဒီေတာ့ ဒီဂိုးက ကြၽန္ေတာ္တို႔အတြက္ အမ်ားႀကီး အဓိပၸာယ္ရွိၿပီး ယုံၾကည္မႈ ေပးပါတယ္။ ဒါေပမယ့္ အခု ကြၽန္ေတာ္တို႔အားလုံး ကလပ္အသင္းဆီ ျပန္ၾကေတာ့မွာျဖစ္ၿပီး စေနေန႔မွာ ကြၽန္ေတာ့္အတြက္ လန္ဒန္မွာ အရမ္းအေရးႀကီးတဲ့ပြဲက ေစာင့္ေနႏွင့္ပါၿပီ။ အဲဒီေတာ့ မိုင္ေခလို မင္းကို ငါထပ္ေျပာလိုက္မယ္ေနာ္။”လို႔ ေျပာၾကားခဲ့ပါတယ္။
Arsenal Myanmar
Ref: Internet
- Posted In:
- Players' Talk
- Team News