ချဲလ်ဆီးနဲ့ပွဲက ဂိုးဟာ သရဲနီဂန္တဝင်ကို အတုခိုးခဲ့တာလို့ ဝန်ခံခဲ့တဲ့ ဒီကလန် ရိုက် 1024 576 coyg

ချဲလ်ဆီးနဲ့ပွဲက ဂိုးဟာ သရဲနီဂန္တဝင်ကို အတုခိုးခဲ့တာလို့ ဝန်ခံခဲ့တဲ့ ဒီကလန် ရိုက်

ဒီကလန် ရိုက်က ချဲလ်ဆီးနဲ့ ၂-၂ သရေကျခဲ့တဲ့ပွဲစဉ်အတွင်း အံ့အားသင့်ဖွယ် ပြန်လာနိုင်ခဲ့စေတဲ့ ကိုက် ၃၀ အကွာကနေ သွင်းဂိုးကို သွင်းယူခဲ့ချိန်မှာ ဒေးဗစ် ဘက်ဟမ်းကို အတုခိုးခဲ့တာဖြစ်တယ်လို့ ဝန်ခံခဲ့ပါတယ်။

အာဆင်နယ်ကွင်းလယ်ကြယ်ပွင့်ဟာ ပွဲကစားချိန်ပြည့်ဖို့ ၁၃ မိနစ်သာ လိုတော့တဲ့အချိန်မှာ ချဲလ်ဆီးဂိုးသမား ရောဘတ် ဆန်းချက်ဇ်ရဲ့ ဘောလုံးပေးပို့မှု ညံ့ဖျင်းမှုကို အခွင့်ကောင်းယူပြီး ဂိုးပေါက်ထဲကို ကန်သွင်းယူခဲ့တာဖြစ်ပါတယ်။

အဲဒီချေပဂိုးကြောင့် နောက်ထပ် ၆ မိနစ်အကြာမှာ လီအန်ဒရို ထရော့ဆာ့ဒ် သွင်းယူခဲ့တဲ့ သွင်းဂိုးဟာ ဂန်းနားတွေအတွက် စတမ်းဖို့ဒ် ဘရစ်ချ်မှာ အရေးကြီးတဲ့ သရေ တစ်မှတ် ဖြစ်လာခဲ့တာဖြစ်ပြီး ဒီကလန် ရိုက်က ဒီလို ထူးခြားဆန်းကြယ်တဲ့ကန်ချက်မျိုးနဲ့ ဂိုးသွင်းယူနိုင်ခဲ့တာက အရင်ညတွေတုန်းက မန်ယူနိုက်တက်ကြယ်ပွင့်ဟောင်း ကစားပုံတွေကို ကြည့်ရှုခဲ့တာက တစ်စိတ်တပိုင်း ပါဝင်ခဲ့တာဖြစ်နိုင်တယ်လို့ ယုံကြည်နေပါတယ်။

“အားလုံးက ဒေးဗစ် ဘက်ဟမ်းရဲ့ မှတ်တမ်းရုပ်ရှင်အကြောင်း ပြောခဲ့ကြပြီး ကျွန်တော် မနေ့ညက အဲဒါကို ပထမဆုံးအကြိမ် ကြည့်ခဲ့တယ်။ ပထမဆုံး ဗီဒီယိုဖိုင်တွေက ဝင်ဘလေဒန်နဲ့ပွဲမှာ သူ ကွင်းလယ်စည်းကနေ ဂိုးသွင်းယူခဲ့တဲ့အကြောင်းအရာဖြစ်ပြီး ကျွန်တော် အဲဒီဗီဒီယိုကနေ ယုံကြည်မှုအများကြီး ရခဲ့တယ်။ ကျွန်တော် မနေ့ညက အဲဒါကို ကြည့်ခဲ့တဲ့အချိန်မှာ ထူးဆန်းလိုက်တာဆိုပြီး တွေးမိခဲ့တယ်။ ပြီးတော့ ဒီနေ့မှာ အဲဒီလို ကန်ချက်ကို ပထမဆုံးအကြိမ် ကန်ပြီး ဂိုးသွင်းယူနိုင်ခဲ့တယ်။ ကျွန်တော်တို့ ပြန်လာနိုင်မှုရဲ့ အစဖြစ်ခဲ့တဲ့ ထူးခြားတဲ့သွင်းဂိုးဖြစ်ခဲ့ပြီး ခင်ဗျား ဆက်ပြီး ကန်သွင်းနေရမယ်။ ခင်ဗျား ကန်သွင်းရင် ခင်ဗျား ဂိုးသွင်းယူနိုင်မှာပဲ။ ကစားသမားတစ်ယောက်ရဲ့ စိတ်ထဲမှာ ဆုံးဖြတ်ချက်ကို ချဖို့ စက္ကန့်ဝက်လောက်ပဲ ရတယ်။ အဲဒါက ခင်ဗျား လုပ်ရမယ့် အလျင်မြန်ဆုံးအရာပဲ။ ခင်ဗျား ဘောလုံးကို ပေးမလားဆိုတာကို စဉ်းစားရတယ်။ လီယိုက ကျွန်တော့်ရှေ့မှာ လွတ်နေတယ်။ ဒါမှမဟုတ် ကျွန်တော့်ဘာသာပဲ ကန်လိုက်ရမလား။ ကျွန်တော် အဲဒီဂိုးကို ပြန်ကြည့်ခဲ့တယ်။ အဲဒါက အရမ်းကောင်းတဲ့အဆုံးသတ်ဖြစ်ခဲ့တယ်။ အဲဒီတော့ ကျွန်တော် ပျော်ရွှင်မိခဲ့ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

ဒါပေမယ့်လည်း သရေရလဒ်နဲ့ပတ်သက်ပြီး ဒီကလန် ရိုက်က သိပ်မကျေနပ်ခဲ့ဘဲ ဂန်းနားတွေအနေနဲ့ ပထမပိုင်း ၄၅ မိနစ်အတွင်း ၂ ဂိုးမပေးရအောင် အများကြီး ပိုကောင်းအောင် ကစားနိုင်ခဲ့သင့်တယ်လို့ ခံစားနေရပေမယ့်လည်း စတမ်းဖို့ဒ် ဘရစ်ချ်လို နေရာမှာ သရေ ၁ မှတ် ရယူနိုင်ခဲ့ပြီး ၉ ပွဲဆက် ရှုံးပွဲမရှိစံချိန်ပိုင်ဆိုင်နိုင်ခဲ့တာက အသင်းလူစာရင်းရဲ့ မှန်ကန်တဲ့ စိတ်ဓာတ်ပိုင်းကို နောက်ထပ်တစ်ကြိမ် မီးမောင်းထိုးပြခဲ့တာလို့ ထင်မြင်နေပါတယ်။

“ပွင့်ပွင့်လင်းလင်း ပြောရရင် ခါးသီးတဲ့ ခံစားချက်ပါ။ ဘာလို့လဲဆိုတော့ ဒုတိယပိုင်းမှာ ကျွန်တော်တို့ ပထမပိုင်းတုန်းကသာ ဒီလို ကစားနိုင်ခဲ့ရင် အနိုင်ရခဲ့မယ်ဆိုတာ သိခဲ့ကြလို့ပါ။ ဘောလုံးမှာက အရာအားလုံးက အံ့အားသင့်စရာတွေ ဖြစ်လာနိုင်ပါတယ်။ ပထမပိုင်းတုန်းက ကျွန်တော်တို့ ကောင်းချင်သလောက် မကောင်းခဲ့ဘူး။ ဒုတိယပိုင်းမှာ ကျွန်တော်တို့ မန်စီးတီးနဲ့ပွဲမှာ လုပ်ခဲ့တဲ့အတိုင်း နောက်ထပ်တစ်ကြိမ် ဂန်းနားစိတ်ဓာတ်ပြသနိုင်ခဲ့တယ်လို့ ခံစားရပါတယ်။ အဆုံးမှာ ရမှတ်တစ်မှတ် ရတာက တကယ်အရေးကြီးတဲ့ ရလဒ်ဖြစ်ခဲ့ပါတယ်။ ၂-၀ နဲ့ ဦးဆောင်ခံခဲ့ရတာ ခက်ခဲပါတယ်။ အဲဒါက တကယ်ကို ခက်ခဲပါတယ်။ ခင်ဗျား အနိုင် ၃ မှတ်ရမယ်ဆိုတဲ့အတွေးနဲ့ ပွဲစဉ်တွေကို အမြဲတမ်း ယှဉ်ပြိုင်သွားချင်မယ်လို့ ထင်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ အဝေးကွင်းမှာ ချဲလ်ဆီးပရိသတ်တွေနဲ့ ကစားသမားတွေ ရှေ့မှာ ၂-၀ နဲ့ နောက်ကနေ လိုက်ကစားခဲ့တဲ့ပုံစံက တိုက်ပွဲဝင်စိတ်ဓာတ်ကို ပြသနိုင်ခဲ့တာပါ။ ကျွန်တော်တို့ အနိုင်မရခဲ့တာတောင်မှပဲ အဲဒီပွဲကနေ ယူစရာ အပေါင်းလက္ခဏာတွေ အများကြီးရှိနေပါတယ်။ အဲဒီမှာ အနိုင်ယူမခံချင်ဘူးဆိုတဲ့ ယုံကြည်မှုနဲ့ စိတ်ဓာတ်က ရှိခဲ့တယ်။ ကျွန်တော်တို့ လုပ်နိုင်တဲ့ အကောင်းဆုံးကို လုပ်နိုင်ခဲ့တယ်။ ”လို့ ပြောကြားခဲ့ပါတယ်။

Arsenal Myanmar

Ref: Internet

ZAWGYI: ဒီကလန္ ႐ိုက္က ခ်ဲလ္ဆီးနဲ႔ ၂-၂ သေရက်ခဲ့တဲ့ပြဲစဥ္အတြင္း အံ့အားသင့္ဖြယ္ ျပန္လာႏိုင္ခဲ့ေစတဲ့ ကိုက္ ၃၀ အကြာကေန သြင္းဂိုးကို သြင္းယူခဲ့ခ်ိန္မွာ ေဒးဗစ္ ဘက္ဟမ္းကို အတုခိုးခဲ့တာျဖစ္တယ္လို႔ ဝန္ခံခဲ့ပါတယ္။

အာဆင္နယ္ကြင္းလယ္ၾကယ္ပြင့္ဟာ ပြဲကစားခ်ိန္ျပည့္ဖို႔ ၁၃ မိနစ္သာ လိုေတာ့တဲ့အခ်ိန္မွာ ခ်ဲလ္ဆီးဂိုးသမား ေရာဘတ္ ဆန္းခ်က္ဇ္ရဲ႕ ေဘာလုံးေပးပို႔မႈ ညံ့ဖ်င္းမႈကို အခြင့္ေကာင္းယူၿပီး ဂိုးေပါက္ထဲကို ကန္သြင္းယူခဲ့တာျဖစ္ပါတယ္။

အဲဒီေခ်ပဂိုးေၾကာင့္ ေနာက္ထပ္ ၆ မိနစ္အၾကာမွာ လီအန္ဒ႐ို ထေရာ့ဆာ့ဒ္ သြင္းယူခဲ့တဲ့ သြင္းဂိုးဟာ ဂန္းနားေတြအတြက္ စတမ္းဖို႔ဒ္ ဘရစ္ခ်္မွာ အေရးႀကီးတဲ့ သေရ တစ္မွတ္ ျဖစ္လာခဲ့တာျဖစ္ၿပီး ဒီကလန္ ႐ိုက္က ဒီလို ထူးျခားဆန္းၾကယ္တဲ့ကန္ခ်က္မ်ိဳးနဲ႔ ဂိုးသြင္းယူႏိုင္ခဲ့တာက အရင္ညေတြတုန္းက မန္ယူႏိုက္တက္ၾကယ္ပြင့္ေဟာင္း ကစားပုံေတြကို ၾကည့္ရႈခဲ့တာက တစ္စိတ္တပိုင္း ပါဝင္ခဲ့တာျဖစ္ႏိုင္တယ္လို႔ ယုံၾကည္ေနပါတယ္။

“အားလုံးက ေဒးဗစ္ ဘက္ဟမ္းရဲ႕ မွတ္တမ္း႐ုပ္ရွင္အေၾကာင္း ေျပာခဲ့ၾကၿပီး ကြၽန္ေတာ္ မေန႔ညက အဲဒါကို ပထမဆုံးအႀကိမ္ ၾကည့္ခဲ့တယ္။ ပထမဆုံး ဗီဒီယိုဖိုင္ေတြက ဝင္ဘေလဒန္နဲ႔ပြဲမွာ သူ ကြင္းလယ္စည္းကေန ဂိုးသြင္းယူခဲ့တဲ့အေၾကာင္းအရာျဖစ္ၿပီး ကြၽန္ေတာ္ အဲဒီဗီဒီယိုကေန ယုံၾကည္မႈအမ်ားႀကီး ရခဲ့တယ္။ ကြၽန္ေတာ္ မေန႔ညက အဲဒါကို ၾကည့္ခဲ့တဲ့အခ်ိန္မွာ ထူးဆန္းလိုက္တာဆိုၿပီး ေတြးမိခဲ့တယ္။ ၿပီးေတာ့ ဒီေန႔မွာ အဲဒီလို ကန္ခ်က္ကို ပထမဆုံးအႀကိမ္ ကန္ၿပီး ဂိုးသြင္းယူႏိုင္ခဲ့တယ္။ ကြၽန္ေတာ္တို႔ ျပန္လာႏိုင္မႈရဲ႕ အစျဖစ္ခဲ့တဲ့ ထူးျခားတဲ့သြင္းဂိုးျဖစ္ခဲ့ၿပီး ခင္ဗ်ား ဆက္ၿပီး ကန္သြင္းေနရမယ္။ ခင္ဗ်ား ကန္သြင္းရင္ ခင္ဗ်ား ဂိုးသြင္းယူႏိုင္မွာပဲ။ ကစားသမားတစ္ေယာက္ရဲ႕ စိတ္ထဲမွာ ဆုံးျဖတ္ခ်က္ကို ခ်ဖို႔ စကၠန႔္ဝက္ေလာက္ပဲ ရတယ္။ အဲဒါက ခင္ဗ်ား လုပ္ရမယ့္ အလ်င္ျမန္ဆုံးအရာပဲ။ ခင္ဗ်ား ေဘာလုံးကို ေပးမလားဆိုတာကို စဥ္းစားရတယ္။ လီယိုက ကြၽန္ေတာ့္ေရွ႕မွာ လြတ္ေနတယ္။ ဒါမွမဟုတ္ ကြၽန္ေတာ့္ဘာသာပဲ ကန္လိုက္ရမလား။ ကြၽန္ေတာ္ အဲဒီဂိုးကို ျပန္ၾကည့္ခဲ့တယ္။ အဲဒါက အရမ္းေကာင္းတဲ့အဆုံးသတ္ျဖစ္ခဲ့တယ္။ အဲဒီေတာ့ ကြၽန္ေတာ္ ေပ်ာ္႐ႊင္မိခဲ့ပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

ဒါေပမယ့္လည္း သေရရလဒ္နဲ႔ပတ္သက္ၿပီး ဒီကလန္ ႐ိုက္က သိပ္မေက်နပ္ခဲ့ဘဲ ဂန္းနားေတြအေနနဲ႔ ပထမပိုင္း ၄၅ မိနစ္အတြင္း ၂ ဂိုးမေပးရေအာင္ အမ်ားႀကီး ပိုေကာင္းေအာင္ ကစားႏိုင္ခဲ့သင့္တယ္လို႔ ခံစားေနရေပမယ့္လည္း စတမ္းဖို႔ဒ္ ဘရစ္ခ်္လို ေနရာမွာ သေရ ၁ မွတ္ ရယူႏိုင္ခဲ့ၿပီး ၉ ပြဲဆက္ ရႈံးပြဲမရွိစံခ်ိန္ပိုင္ဆိုင္ႏိုင္ခဲ့တာက အသင္းလူစာရင္းရဲ႕ မွန္ကန္တဲ့ စိတ္ဓာတ္ပိုင္းကို ေနာက္ထပ္တစ္ႀကိမ္ မီးေမာင္းထိုးျပခဲ့တာလို႔ ထင္ျမင္ေနပါတယ္။

“ပြင့္ပြင့္လင္းလင္း ေျပာရရင္ ခါးသီးတဲ့ ခံစားခ်က္ပါ။ ဘာလို႔လဲဆိုေတာ့ ဒုတိယပိုင္းမွာ ကြၽန္ေတာ္တို႔ ပထမပိုင္းတုန္းကသာ ဒီလို ကစားႏိုင္ခဲ့ရင္ အႏိုင္ရခဲ့မယ္ဆိုတာ သိခဲ့ၾကလို႔ပါ။ ေဘာလုံးမွာက အရာအားလုံးက အံ့အားသင့္စရာေတြ ျဖစ္လာႏိုင္ပါတယ္။ ပထမပိုင္းတုန္းက ကြၽန္ေတာ္တို႔ ေကာင္းခ်င္သေလာက္ မေကာင္းခဲ့ဘူး။ ဒုတိယပိုင္းမွာ ကြၽန္ေတာ္တို႔ မန္စီးတီးနဲ႔ပြဲမွာ လုပ္ခဲ့တဲ့အတိုင္း ေနာက္ထပ္တစ္ႀကိမ္ ဂန္းနားစိတ္ဓာတ္ျပသႏိုင္ခဲ့တယ္လို႔ ခံစားရပါတယ္။ အဆုံးမွာ ရမွတ္တစ္မွတ္ ရတာက တကယ္အေရးႀကီးတဲ့ ရလဒ္ျဖစ္ခဲ့ပါတယ္။ ၂-၀ နဲ႔ ဦးေဆာင္ခံခဲ့ရတာ ခက္ခဲပါတယ္။ အဲဒါက တကယ္ကို ခက္ခဲပါတယ္။ ခင္ဗ်ား အႏိုင္ ၃ မွတ္ရမယ္ဆိုတဲ့အေတြးနဲ႔ ပြဲစဥ္ေတြကို အၿမဲတမ္း ယွဥ္ၿပိဳင္သြားခ်င္မယ္လို႔ ထင္ပါတယ္။ ဒါေပမယ့္ ကြၽန္ေတာ္တို႔ အေဝးကြင္းမွာ ခ်ဲလ္ဆီးပရိသတ္ေတြနဲ႔ ကစားသမားေတြ ေရွ႕မွာ ၂-၀ နဲ႔ ေနာက္ကေန လိုက္ကစားခဲ့တဲ့ပုံစံက တိုက္ပြဲဝင္စိတ္ဓာတ္ကို ျပသႏိုင္ခဲ့တာပါ။ ကြၽန္ေတာ္တို႔ အႏိုင္မရခဲ့တာေတာင္မွပဲ အဲဒီပြဲကေန ယူစရာ အေပါင္းလကၡဏာေတြ အမ်ားႀကီးရွိေနပါတယ္။ အဲဒီမွာ အႏိုင္ယူမခံခ်င္ဘူးဆိုတဲ့ ယုံၾကည္မႈနဲ႔ စိတ္ဓာတ္က ရွိခဲ့တယ္။ ကြၽန္ေတာ္တို႔ လုပ္ႏိုင္တဲ့ အေကာင္းဆုံးကို လုပ္ႏိုင္ခဲ့တယ္။ ”လို႔ ေျပာၾကားခဲ့ပါတယ္။

Arsenal Myanmar

Ref: Internet